နေဝင်း၊ ဦး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဦးနေဝင်း၊ ဗိုလ်ချုပ်ကြီး(ငြိမ်း)
Ne Win
(၁၉၁၁-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "�"။-၂၄)မေ ၂၄၊ ၁၉၁၁ - ဒီဇင်ဘာ ၅၊ ၂၀၀၂(၂၀၀၂-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "�"။-၀၅) (အသက် ၉၁)
နေဝင်း၊ ဗိုလ်ချုပ်ကြီး(ငြိမ်း)
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
ဦးဆောင် ဥက္ကဋ္ဌ
၄ ဇူလိုင် ၁၉၆၂ - ၂၃ ဇူလိုင် ၁၉၈၈
ယခင် ပါတီထူထောင်
ဆက်လက် စိန်လွင်
မြန်မာနိုင်ငံ၏
စတုတ္ထအကြိမ်မြောက် သမ္မတ
၂ မတ် ၁၉၆၂ - ၉ နိုဝင်ဘာ ၁၉၈၁
၂ မတ် ၁၉၇၄ခုနှစ်အထိ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌအမည်ခံဖြင့်
ယခင် ဝင်းမောင်(၁၉၆၂)
ဆက်လက် စန်းယု
မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်
တတိယမြောက် ဝန်ကြီး
၂၉ အောက်တိုဘာ ၁၉၅၈ - ၄ ဧပြီ ၁၉၆၀
ယခင် ဦးနု
ဆက်လက် ဦးနု
ကိုယ်ရေး အချက်အလက်
အမည်ရင်း ရှုမောင်
မွေးရက် (၁၉၁၁-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "�"။-၂၄)မေ ၂၄၊ ၁၉၁၁
မွေးရပ်ဇာတိ ပြည်ခရိုင်ပေါင်းတလည်မြို့
လူမျိုး ဗမာ
နိုင်ငံသား Flag of Myanmar.svg မြန်မာ
ဘာသာ ဗုဒ္ဓဘာသာ
အလုပ်အကိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နိုင်ငံတော် သမ္မတ
တည်ထောင်ခဲ့သည့် အဖွဲ့အစည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
ကြင်ဖော် ဒေါ်သန်းညွန့်
ဒေါ်တင်တင်
ဒေါ်ခင်မေသန်း
ဒေါ်နီနီမြင့်
ရတနာနတ်မယ်
ကွယ်လွန်ရက် ဒီဇင်ဘာ ၅၊ ၂၀၀၂(၂၀၀၂-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "�"။-၀၅) (အသက် ၉၁)
သင်္ဂြိုလ်ရာဒေသ ရန်ကုန်မြစ်
စစ်မှုထမ်း အချက်အလက်
ဌာန စစ်မှုထမ်း
၁၉၃၁ - ၁၉၇၄
လက်မှတ် Ne Win Signature.svg

၁၉၁၁ ခု မေလ ၂၄ ရက်နေ့ (သို့) မေလ ၁၄ရက်နေ့ (သို့) ၁၉၁၀ ခု ဇူလိုင်လ ၁၀ရက်နေ့ပဲခူးတိုင်း အနောက်ခြမ်း၊ ပေါင်းတလည်မြို့တွင် မွေးဖွားပါသည်။ ငယ်နာမည် ရှုမောင်ဖြစ်သည်။ တရုတ်ကပြား တစ်ဦးဖြစ်သည်။ ၁၉၂၉ နှစ်ဦးပိုင်းတွင် ရန်ကုန်တက္ကသိုလ်တွင် ဇီဝဗေဒ ဘာသာရပ်ကို သင်ကြားခဲ့ပါသည်။ သို့သော်လည်း ၁၉၃၁ခုနှစ်တွင် ကျောင်းမှထွက်ကာ "သခင်ရှုမောင်"အမည်ဖြင့် တို့ဗမာအစည်းအရုံးဝင် တစ်ဦးဖြစ်ခဲ့သည်။

လွတ်လပ်ရေးကြိုးပမ်းမှုကာလ[ပြင်ဆင်ရန်]

ရဲဘော်သုံးကျိပ် တွင် ပါဝင်ကာ သခင်ရှုမောင် မှ ဗိုလ်နေဝင်း ဟုအမည်ပြောင်းလဲခဲ့သည်။ ဗမာ့အမျိုးသားတပ်မတော်တွင် Commander အဖြစ်ဖြင့် ဂျပန်များနှင့် အလံနီကွန်မြူနစ် ပါတီတို့ကို ချေမှုန်းခဲ့သည်။ ၁၉၅၈ အောက်တိုဘာလ ဖဆပလ နှစ်ခြမ်းကွဲချိန်တွင် ဦးနေဝင်းသည် အိမ်စောင့်အစိုးရ အဖြစ်ဖြင့် အာဏာသိမ်းယူကာ ၁၉၆၀ ဧပြီလတွင် အနိုင်ရပါတီ ဖြစ်သော သန့်ရှင်းဖဆပလ ကို အာဏာလွှဲ ပြောင်းပေးခဲ့သည်။

အာဏာသိမ်းခြင်း[ပြင်ဆင်ရန်]

ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်သည် တော်လှန်ရေးကောင်စီ ကို ဖွဲ့စည်းကာ ဝန်ကြီးချုပ် ဦးနုဦးဆောင်သော ဖဆပလ အစိုးရထံမှ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အာဏာသိမ်းခဲ့သည်။

နိုင်ငံခေါင်းဆောင်ကာလ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ၁၉၅၈ မှ ၁၉၆၀ ခုနှစ်အထိ၎င်း၊ ၁၉၆၂မှ ၁၉၈၈အထိ နိုင်ငံတော်သမ္မတမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ တာဝန်များ ကိုထမ်းဆောင် ခဲ့ပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို ဖွဲစည်း တည်ထောင် ခဲ့သူလည်းဖြစ်ပါသည်။ ၁၉၆၂တွင် တော်လှန်ရေးကောင်စီ အာဏာရလာကာ ဗိုလ်ချုပ်ကြီးနေဝင်းသည် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သွေးမြေမကျ တော်လှန်ရေးဟု ကမ္ဘာမီဒီယာများမှ ဖော်ပြခဲ့သော်လည်း သမ္မတဟောင်း စဝ်ရွှေသိုက် ၏သားငယ်မှာ စစ်သားတစ်ဦး၏ သေနတ်ဒဏ်ကြောင့် ကွယ်လွန်ခဲ့သည်။ ၁၉၆၂-တွင် တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြကြရာ တက္ကသိုလ်ကျောင်းသား တစ်ရာကျော်မျှ ပစ်ခတ်ခံရကာ ကျောင်းသားသမဂ္ဂအဆောက်အဦးလည်း ပျက်စီးခဲ့ရသည်။ ထိုနေ့ညနေ ၈ နာရီ တွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် “ဆူပူလှုပ်ရှားမှုများ ရပ်တန့် ခြင်းမရှိပါက ဓါးကိုဓါးဖြင့် သော်၎င်း၊ ၊ လှံကိုလှံဖြင့် သော်၎င်း တုန်ပြန်မည်”ဟု ၅-မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၂၆-နှစ်အကြာ ၊ ၁၉၈၈ တွင် ဦးနေဝင်းမှ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို မိုင်းခွဲရန် စေခိုင်းသူမှာ သူမဟုတ်ရပါကြောင်း ၊ ဗိုလ်အောင်ကြီးသာ တရားခံဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်[ပြင်ဆင်ရန်]

မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ် ဆိုသည်မှာ ဦးနေဝင်းမှ ရေးဆွဲထားသော စနစ်တစ်ခုဖြစ်သည်။ ဦးနေဝင်းသည် “မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကိုတည်ထောင်ကာ တစ်ပါတီစနစ်ဖြင့် ၁၉၆၂ မှ ၁၉၈၈ အထိ အုပ်ချုပ်ခဲ့သည်။ ထိုအစိုးရသည် နိုင်ငံရေးသမားများ ထောင်သွင်း အကျဉ်းချခြင်း အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ကွန်မြူနစ်များကို စစ်တပ်ဖြင့် ချေမှုန်းခဲ့သည်။ ၁၉၇၄ မတ်လ ၂ ရက်နေ့တွင် “ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်” အဖြစ် ပြောင်းလဲဖွဲ့စည်းကာ ဗိုလ်ချုပ်စိန်ဝင်းသည် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၁၉၈၁-ခုနှစ်တွင်ဗိုလ်ချုပ်ကြီးစန်းယု သည် သမ္မတ ဖြစ်လာခဲ့သော်လည်း ၁၉၈၈-ခုနှစ်အထိ ဗိုလ်ချုပ်ကြီးနေဝင်းသည် ပါတီခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့သည်။

ဗိုလ်ချုပ်ကြီးနေဝင်း၏ မိသားစုဘဝ[ပြင်ဆင်ရန်]

ဦးနေဝင်းသည် ၎င်း၏ ဘဝတလျှောက်တွင် တရားဝင် အိမ်ထောင်ပေါင်း (၇) ကြိမ်ခန့် ကျခဲ့ပြီး ပထမဆုံး အိမ်ထောင်အဖြစ် ဒေါ်သန်းညွှန့်နှင့် ၁၉၃၁ ခုနှစ်တွင် လက်ထပ်ခဲ့သည်။ ဒေါ်သန်းညွှန့်သည် အပျိုမဟုတ်ပေ။ ပထမအိမ်ထောင်နှင့် သားတစ်ယောက်ပါခဲ့သူ ဖြစ်သည်။ ဒေါ်သန်းညွှန့်နှင့် ၁၉၃၇ ခုနှစ်အထိ ပေါင်းသင်းနေထိုင်၍ သားကိုသိန်း (တာတီး) ခေါ် ဦးကျော်သိန်းကို ဖွားမြင်ခဲ့သည်။ ဦးကျော်သိန်းသည် မြန်မာ့ရေနံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ပြည်မြို့နေ ဦးစိန်သီး၊ ဒေါ်ဆိုင်တို့၏ သမီး မကြည်ကြည်အေးနှင့် လက်ထပ်ခဲ့သည်။ ဦးကျော်သိန်းသည် အသက် ၄၅ နှစ်အရွယ် ၁၉၇၈ ၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။ ၎င်း၏ ဇနီးဒေါ်ကြည်ကြည်သိန်းသည် အသက် ၅၉ နှစ်အရွယ် ၁၉၉၇ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။

ထို့နောက် ဒေါ်တင်တင်နှင့် ၁၉၃၇ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်တွင် ရန်ကုန်မြို့၊ မောင်ဂိုမာရီလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) အိမ်အမှတ် ၁၀၆ ၌ လက်ထပ်ခဲ့သည်။ လက်ထပ်မင်္ဂလာပွဲသို့ ဦးနေဝင်း၏ ဖခင် ဦးဖိုးခပါ တက်ရောက်ခဲ့သည်။ သခင်ရှုမောင်နှင့် ဒေါ်တင်တင်တို့မှ ၁၉၃၉ ခုနှစ်ခန့်တွင် သားကြီး ငွေစိုးကို ဖွားမြင်ခဲ့သည်။ သခင်ရှုမောင် ဂျပန်ပြည် ဟိုင်နန်ကျွန်းသို့ စစ်ပညာသင် သွားရောက်စဉ်က မောင်ငွေစိုးမှာ ၂ နှစ်သား အရွယ်မျှသာ ရှိသေးသည်။ ငွေစိုးသည် နောင်တွင် U.B.A လေကြောင်းဌာနတွင် လေယာဉ်မှူး ဖြစ်လာခဲ့သည်။ ဒုတိယသား အေးအောင်ဝင်း ခေါ် ကိုအေးအောင်ကို ၁၉၄၉ ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ယင်းနောက် ၁၉၅၂ မတ်လ ၁ဝ ရက် တနင်္လာနေ့တွင် ဒေါ်ခင်မေသန်း ခေါ် ကစ်တီဘသန်းနှင့် ရန်ကုန်ဆေးရုံကြီးအတွင်းရှိ ဆေးကျောင်းအုပ်ကြီးနေအိမ်၌ လက်ထပ်ခဲ့သည်။ ဒေါ်ခင်မေသန်းမှာ ခွဲစိတ်ဆရာဝန်ကြီးနှင့် ဆေးကျောင်းအုပ်ကြီး ဒေါက်တာဘသန်းနှင့် ဒေါ်ခင်ကြည်တို့၏ သမီးဖြစ်သည်။ ဒေါ်ခင်မေသန်း၏ ငယ်မည်မှာ ကစ်တီဘသန်း ဖြစ်သည်။ ဒေါ်ခင်မေသန်းနှင့် လက်ထပ်စဉ်က ဦးနေဝင်းသည် ဒုတိယ မယားကြီး ဒေါ်တင်တင်နှင့် တရားဝင် မကွာရှင်းရသေးပေ။ ထို့ကြောင့် လက်ထပ်ပြီး ၃ ရက်အကြာတွင် မယားကြီး ဒေါ်တင်တင်က ၁၉၅၂ မတ်လ ၁၃ ရက်နေ့ထုတ် ဗမာ့ခေတ် သတင်းစာမှနေ၍ “ကျွန်မသာလျှင် ဗိုလ်ချုပ်နေဝင်း၏ မယားကြီးပါ” ဟူ၍ ခေါင်းစဉ်တပ်ကာ ကြေညာခဲ့လေသည်။ ဗမာ့ခေတ် သတင်းစာပါ ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည် ။

ဗိုလ်ချုပ်နေဝင်း၏ မယားကြီး ဒေါ်တင်တင်နှင့် သားနှစ်ယောက်တို့က တိုင်းပြည်သို့ ကြေညာခြင်း

သတို့သား ပြည်ထောင်စု မြန်မာနိုင်ငံတော် စစ်သေနာပတိချုပ် ဗိုလ်ချုပ်နေဝင်းသည် မတ်လ ၁ဝ ရက်နေ့က သတို့သမီး ကစ်တီဘသန်းနှင့် လက်ထပ်ထိန်းမြားခဲ့ပြီဖြစ်သဖြင့် သတို့သား၏ မယားကြီး ဖြစ်သူ ဒေါ်တင်တင်က အောက်ပါ မတ်လ ၁၃ ရက် နေ့စွဲ ကြေညာချက်ဖြင့် တိုင်းပြည်အား တိုင်တည် လိုက်လေသည်။ နိုင်ငံတော် သမ္မတကြီး အမှူးပြု၍ နိုင်ငံတော်ဝန်ကြီးချုပ် သခင်နုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံရေးခေါင်းဆောင်ကြီးများ ဗမာ့တပ်မတော် ရဲဘော်များ၊ ရဲဘော်ဟောင်းများနှင့်တကွ တိုင်းသူပြည်သား မြို့မိမြို့ဖ အပေါင်းတို့အား စစ်သေနာပတိချုပ် သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်ကြီး နေဝင်း၏ ဇနီးဖြစ်သူ ကျွန်မ ဒေါ်တင်တင်နှင့် သားကိုငွေစိုး၊ ကိုအေးအောင်တို့က ရိုသေလေးမြတ်စွာ မေတ္တာရပ်ခံ တိုင်ကြား အစီရင်ခံပါသည်။ ကျွန်မ၏ ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ် နေဝင်းသည် တပေါင်းလပြည့်နေ့က ရန်ကုန်ဆေးရုံကြီးဝင်း အတွင်းရှိ ဆေးကျောင်းအုပ်ကြီး ဒေါက်တာဘသန်းနှင့် ဇနီးဒေါ်ခင်ကြည်တို့၏ နေအိမ်တွင် ဆေးကျောင်းအုပ်ကြီး ဒေါက်တာဘသန်း၊ ဒေါ်ခင်ကြည်တို့၏ သမီး ကစ်တီဘသန်း နှင့် လက်ထပ်ပါသည်။ ကျွန်မနှင့် ဗိုလ်ချုပ်နေဝင်းတို့မှာ လွန်ခဲ့သော ၁၄ နှစ်ခန့် ၁၂၉၉ ခု ဒုတိယဝါဆိုလဆန်း ၁၁ ရက် (၁၉၃၇ ဇူလိုင်လ ၁၈ ရက်) တနင်္ဂနွေနေ့တွင် မောင်ဂိုမာရီလမ်း အိမ်နံပါတ် ၁ဝ၆ ၌ ဗိုလ်ချုပ်၏ ဖခင် ဦးဖိုးခ ကိုယ်တိုင် နှစ်ဦးနှစ်ယောက် မိဘများရှေ့၌အတိအလင်း လူသိရှင်ကြား ထိမ်းမြားမင်္ဂလာ လက်ထပ်ပေးခဲ့ ပါသည်။ ကျွန်မသည် ကျွန်မ၏ ခင်ပွန်းကို ယခုကဲ့သို့ ဗိုလ်ချုပ်ကြီး ဖြစ်လာလိမ့်မည်ဟုလည်း မမျှော်မှန်း မထင်မြင်မိခဲ့ပါ။ အင်္ဂလိပ်ကို ခုခံတိုက်ခိုက်သော မျိုးချစ်နိုင်ငံရေး ခေါင်းဆောင်ကြီး တစ်ဦးအဖြစ်ဖြင့် ကြည်ညိုလေးစားပြီးလျှင် ဆင်းရဲဒုက္ခ အမျိုးမျိုးကို ပျော်ရွှင်စွာ ငုံ့ခံခဲ့ပါသည်။ ထိုခံခဲ့ရသော ဒုက္ခများကို ကျွန်မ မပြောလိုတော့ပါ။ အင်္ဂလိပ်လက်ထက် နိုင်ငံရေးသမားများ၏ ဇနီးတိုင်း ကောင်းစွာ ခံစားခဲ့ဖူးကြပါသည်။ ဗိုလ်နေဝင်း ဂျပန်ပြည်သွားစဉ်အခါက ကျွန်မ၏ သားအကြီး ကိုငွေစိုးမှာ ၂ နှစ်သားမျှ ရှိပါသေးသည်။ ထို ၂ နှစ်သားကိုငွေစိုးနှင့် ကျွန်မမှာ ဆင်းရဲဒုက္ခ အမျိုးမျိုး ခံခဲ့ရပါသည်။ ဗိုလ်ချုပ် ဂျပန်ပြည်က ပြန်လာပြီးနောက် တာဝါလိန်းအိမ် (ယခု ဗိုလ်ချုပ် ပြတိုက်ဖွင့်ထားသော အဆောက်အအုံ) တွင် ကျွန်မတို့ မိသားစုတစ်စု ပျော်ရွှင်စွာ အတူနေထိုင်ကြပါတယ်။ ဂျပန်တော်လှန်ရေးတွင် ကျွန်မနှင့်သားကိုငွေစိုးတို့မှာ ဂျပန်ရန်ဘေးမှ ရတနာသုံးပါးကျေးဇူးကြောင့် လက်မတင်ကလေး လွတ်မြောက်ခဲ့ကြရပါသည်။ မြန်မာပြည်ကြီး လွတ်လပ်ရေးရပြီးနောက် ကျွန်မ၏ ခင်ပွန်းသည် ဗိုလ်ချုပ်ကြီး ဖြစ်လာပါသည်။ ကျွန်မတို့မိသားစု ဝင်ဒါမီယာ အိမ်နံပါတ် ၂၁ တွင် အတူတကွ ပျော်ရွှင်စွာ နေထိုင်ကြပါသည်။ ထိုအိမ်တွင်ပင် ၁၃၁ဝ ပြည့်နှစ် ဝါဆိုလဆုတ် ၈ ရက် (၁၉၄၉ ဇူလိုင်လ ၁၇ ရက်) တနင်္ဂနွေနေ့တွင် ဒုတိယမြောက် သားငယ် ကိုအေးအောင်ကို မွေးဖွားခဲ့ပါသည်။ ယခု ကျွန်မ၏ ယောကျ်ားသည် တပေါင်းလပြည့်နေ့ (မတ် ၁ဝ ရက်) က ဒေါက်တာဘသန်း၏ သမီး ကစ်တီဘသန်းနှင့် လက်ထပ်ကြပါသည်။ ကျွန်မ၏ ယောကျ်ားသည် မည်သည့်မိန်းမကို လက်ထပ်စေကာမူ ကျွန်မဒေါ်တင်တင်သာလျှင် မယားကြီးဖြစ်ကြောင်းကို နိုင်ငံတော် သမ္မတကြီးနှင့်တကွ နိုင်ငံတော်ဝန်ကြီးချုပ် သခင်နု၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံတော်ခေါင်းဆောင်များ၊ ဗမာ့တပ်မတော် ရဲဘော်ကြီးများ၊ ရဲဘော်ဟောင်းများနှင့်တကွ၊ မြို့မိမြို့ဖ၊ တိုင်းသူပြည်သားတို့အား ကျွန်မ ဒေါ်တင်တင်နှင့် တကွ သားကြီးကိုငွေစိုး၊ သားငယ်ကိုအေးအောင်တို့က ရိုသေလေးမြတ်စွာ မေတ္တာရပ် တိုင်ကြားအပ်ပါသည်။

မြို့မိမြို့ဖများ၏ မေတ္တာရိပ်ကို ခိုလှုံလျက်ရှိသော…

(ပုံ) ဒေါ်တင်တင်

(ပုံ) ငွေစိုး (သားကြီး)

(ပုံ) အေးအောင် (သားငယ်)

ဦးနေဝင်းနှင့် လက်ထပ်ခဲ့သော ဒေါ်ခင်မေသန်းသည် အပျို မဟုတ်ပေ။ ၎င်း၏ ပထမအိမ်ထောင်မှာ ဒေါက်တာတောင်ကြီး (ဝန်ကြီးချုပ် ဦးနု သမီး ဒေါ်စန်းစန်းနု၏ ခင်ပွန်း ဗိုလ်မှူးသက်တင်၏ အကို) ဖြစ်ပြီး ၎င်းနှင့် သမီးလီလီဝင်းနှင့် အမြွှာသမီးများ ဖြစ်ကြသော သီတာဝင်း၊ သော်တာဝင်း တို့ ထွန်းကားခဲ့သည်။ ဒေါက်တာတောင်ကြီးနှင့် တရားဝင် ပြတ်စဲခြင်း မရှိဘဲ ဒေါ်ခင်မေသန်းအား လက်ထပ်ခဲ့မှုကြောင့် တပ်မတော်အက်ဥပဒေဖြင့် ဝန်ကြီးချုပ် ဦးနုက အရေးယူရန် ပြင်ဆင်နေစဉ် ဝန်ကြီးချုပ်အား ဝိဓူရ သခင် ချစ်မောင်အပါအဝင် အခြားနိုင်ငံရေး ခေါင်းဆောင်များ ဝိုင်းဝန်းတားမြစ်ခဲ့သဖြင့် ဖြုတ်မပစ်ခဲ့ရပေ။

ဦးနေဝင်းသည် ဒေါ်ခင်မေသန်းနှင့် လက်ထပ်ပြီးနောက် သမီး စန္ဒာဝင်း၊ ဖြိုးနေဝင်း၊ ကြေးမုံဝင်းတို့ ထွန်းကားခဲ့သည်။ ထို့ကြောင့် ရင်းနှီးသူများက ဦးနေဝင်းနှင့် ဒေါ်ခင်မေသန်းတို့ သားသမီး ထွန်းခဲ့မှုအပေါ် You three, I three, plus three ဟူ၍ နောက်ပြောင်ခေါ်ဝေါ်ခဲ့ကြသည်။ သမီးစန္ဒာဝင်းကို ၁၉၅၂ တွင်ဖွားမြင်ခဲ့သည်။

ထို့နောက် ၁၉၇၂ ခုနှစ်တွင် ဒေါ်ခင်မေသန်း ကွယ်လွန်သွားပြီးနောက် နောင်တွင် တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ကမာရွတ်မြို့နေ အဖ ဦးလှ ၊ အမိ ဒေါ်အေးမြင့်တို့၏ သမီး ဒေါ်နီနီမြင့် (မဟာဝိဇ္ဇာ – သမိုင်း) နှင့် ၁၉၇၃ ခုနှစ်၊ ဧပြီလ ၄ ရက်၊ တနင်္ဂနွေနေ့တွင် လက်ထပ်ခဲ့သည်။ ဒေါ်နီနီမြင့်နှင့် သားသမီး မထွန်းကားခဲ့ပါ။ ဦးနေဝင်းနှင့် လက်ထပ်စဉ်က ဒေါ်နီနီမြင့်သည် အသက် ၃၂ နှစ်ရှိပြီး ဦးနေဝင်းသည် အသက် ၆၃ နှစ် ရှိနေပြီ ဖြစ်သည်။

ဒေါ်နီနီမြင့်နှင့် ကွာရှင်းပြီးနောက် John Rose Bellamy ခေါ် အိမ်ရှေ့စံ ကနောင်မင်းသားကြီး (၁၈၂၀ ဇန်နဝါရီ ၃၁ – ၁၈၆၆ သြဂုတ် ၂) ၏ မြစ်ရတနာနတ်မယ်နှင့် ၁၉၇၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် လက်ထပ်ခဲ့သည်။ ၂၅-၁၂-၁၉၇၆ ရက်စွဲပါ ကြေးမုံသတင်းစာ မျက်နှာဖုံးတွင် ဦးနေဝင်းနှင့် ရတနာနတ်မယ်တို့၏ လက်ထပ်မင်္ဂလာပွဲ သတင်းကို ဓါတ်ပုံနှင့်တကွ ဖော်ပြထားသည်။ ရတနာနတ်မယ်၏ မိခင်မှာ လင်းပင်ထိပ်တင်မလတ်ဖြစ်ပြီး အိမ်ရှေ့စံ ကနောင်မင်းသားနှင့် ကိုယ်လုပ်တော်ရ သခင်ကြီး ခင်ဖော့တို့၏ သားတော် လင်းပင်မင်းသားနှင့် ရေနံ့သာခင်ခင်ကြီးတို့၏ သမီးဖြစ်သည်။ သို့သော် ၅ လမျှ ပေါင်းဖြစ်လိုက်ကြသည်။ဦးနေဝင်းသည် ရတနာနတ်မယ်နှင့် အိမ်ထောင်ရေး ပြိုကွဲပြီးနောက် ဒေါ်နီနီမြင့်နှင့် ပြန်လည် ပေါင်းထုတ်ခဲ့သည်။ ထို့နောက် ၎င်းအသက် ၇၇ နှစ်၌ အသက် ၂၅ နှစ်အရွယ် ရခိုင်အမျိုးသမီး ဒေါ်ကြာစံအား လက်ထပ်ခဲ့သည်ဟု ဆိုသည်။

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ မနက် ၇ နာရီခွဲခန့်အချိန်တွင် ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း) ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ် ရှိပြီဖြစ်သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရသည် ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏ ဈာပနကို သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် လူ (၂၅) ယောက်ခန့်သာ လိုက်ပါ ပို့ဆောင်ခွင့်ပေးခဲ့သည်။ မီးသင်္ဂြိုဟ်ပြီး အရိုးပြာကို ရန်ကုန်မြစ်အတွင်း မျှောခဲ့သည်။

ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏ ဈာပနကို မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံ အရ ခုနှစ်ရက်(ရက်သတ္တ တစ်ပါတ်) ထားရှိ ခွင့်မရရှိခဲ့ပေ။ သေဆုံးသည့်နေ့ နေ့တွင်းချင်းပင် သဂြိုဟ်ခဲ့ရသည်။ ထို့အပြင် ရဲဘော်သုံးကျိပ်ဝင် ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချူပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး သော ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း) သည် သူ၏ဈာပနကို တပ်မတော်စစ်သင်္ချိုင်း (မင်္ဂလာဒုံ) ၌ စစ်အခမ်းအနားဖြင့် ကျင်းပခွင့်လည်း မရရှိခဲ့ပေ။ အဆိုးရွားဆုံးမှာ အထိမ်းအမှတ် အုတ်ဂူ ပြုလုပ်ခွင့်မရရှိဘဲ မီးသဂြိုလ်ပြီး အရိုးပြာများ ကို ရန်ကုန်မြစ်အတွင်းသို့ မျှောချခြင်းကို ခံခဲ့ရသည်။

ထင်ရှားသောလုပ်ဆောင်ချက်များ[ပြင်ဆင်ရန်]

ဓာတ်ပုံများ[ပြင်ဆင်ရန်]

နိုင်ငံရေးဆိုင်ရာ ရုံးများ
ယခင်က
ဦးနု
ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်

၁၉၅၈–၁၉၆၀
ဆက်ခံသူ
ဦးနု
ယခင်က
ဦးဝင်းမောင်
နိုင်ငံတော်သမ္မတအဖြစ်
တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ
၁၉၆၂–၁၉၇၄
ဆက်ခံသူ
သူကိုယ်တိုင် သမ္မတ
ယခင်က
ဦးနု
မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်
၁၉၆၂–၁၉၆၄
ဆက်ခံသူ
စိန်ဝင်း
ယခင်က
သူကိုယ်တိုင်ပင် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ
မြန်မာနိုင်ငံ၏ သမ္မတ
၁၉၇၄–၁၉၈၁
ဆက်ခံသူ
စန်းယု
ပါတီနိုင်ငံရေးဆိုင်ရာရုံးများ
ယခင်က
မရှိ
ဗမာပြည်ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ
၁၉၆၂–၁၉၈၈
ဆက်ခံသူ
ဦးစိန်လွင်
စစ်ဖက်ဆိုင်ရာ ရုံးများ
ယခင်က
စမစ် ဒွန်း
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
၁၉၄၉–၁၉၇၂
ဆက်ခံသူ
စန်းယု