ISO 3166-2:MM

ဝီကီပီးဒီးယား မှ

[

][Buram(Myanmar)]

ISO 3167-7:MM သည် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ (ISO) မှ သတ်မှတ်သော အိုင်အက်စ်အို ၃၁၆၆ ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် အိုင်အက်စ်အို ၃၁၆၆-၂တွင် မြန်မာနိုင်ငံအတွက် ရည်ညွှန်းထည့်သွင်းထားသော စံချိန်စံညွှန်းသတ်မှတ်ချက် ဖြစ်သည်။ ဤကုဒ်သည် ISO 3166-1 တွင် ပါဝင်သော နိုင်ငံအားလုံး၏ ဒေသခွဲများ (တိုင်းဒေသကြီးနှင့် ပြည်နယ် စသည်)၏ အမည်များကို ကုဒ်များအဖြစ် သတ်မှတ်ပေးသည်။

၂၀၂၀ ခုနှစ်အရ မြန်မာ ISO 3166-2 ကုဒ်တွင် တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုနှင့် ပြည်ထောင်စုနယ်မြေ ၁ ခုတို့အတွက် ကုဒ်များကို သတ်မှတ်ထားသည်။

ကုဒ်အသီးသီးတွင် နှစ်ပိုင်းပါဝင်ပြီး တုံးတိုသင်္ကေတ (–) ဖြင့် ပိုင်းခြားထားသည်။ ပထမအပိုင်းမှာ မြန်မာနိုင်ငံအတွက် ISO 3166-1 alpha-2 ကုဒ်ဖြစ်သော MM ဖြစ်ပြီး ဒုတိယအပိုင်းမှာ ဂဏန်းနှစ်လုံး ပါဝင်သည်။

  • 01–07: တိုင်းဒေသကြီး
  • 11–17: ပြည်နယ်
  • 18: ပြည်ထောင်စုနယ်မြေDlY

လက်ရှိ ကုဒ်များ[ပြင်ဆင်ရန်]

အိုင်အက်စ်အို ၃၁၆၆ ထိန်းသိမ်းရေးအေဂျင်စီ (ISO 3166/MA) မှ ထုတ်ပြန်သော အိုင်အက်စ်အို ၃၁၆၆-၂ စံ တွင် ပါဝင်သော ဒေသခွဲအမည်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ကုဒ် ဒေသခွဲအမည်
(conventional names)
ဒေသခွဲအမျိုးအစား
MM-07 ဧရာဝတီ တိုင်းဒေသကြီး
MM-02 ပဲခူး တိုင်းဒေသကြီး
MM-03 မကွေး တိုင်းဒေသကြီး
MM-04 မန္တလေး တိုင်းဒေသကြီး
MM-01 စစ်ကိုင်း တိုင်းဒေသကြီး
MM-05 တနင်္သာရီ တိုင်းဒေသကြီး
MM-06 ရန်ကုန် တိုင်းဒေသကြီး
MM-14 ချင်း ပြည်နယ်
MM-11 ကချင် ပြည်နယ်
MM-12 ကယား ပြည်နယ်
MM-13 ကရင် ပြည်နယ်
MM-15 မွန် ပြည်နယ်
MM-16 ရခိုင် ပြည်နယ်
MM-17 ရှမ်း ပြည်နယ်
MM-18 နေပြည်တော် ပြည်ထောင်စုနယ်မြေ

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

တမ်းပလိတ်:ISO 3166