နယူးယောက်တိုင်းစ်

ဝီကီပီးဒီးယား မှ
The New York Times
ကောင်းနိုးရာရာ စုံလင်သတင်း ပုံနှိပ်ခြင်း"
"All the News That's Fit to Print
အမျိုးအစားနေ့စဉ်သတင်းစာ
ပုံစံအချိုးအစားဆိုက်ကြီး
ပိုင်ဆိုင်သူThe New York Times Company
တည်ထောင်သူ
  • Henry Jarvis Raymond
  • George Jones
ထုတ်ဝေသူA. G. Sulzberger[၁]
အယ်ဒီတာချုပ်Dean Baquet[၁]
စီမံအယ်ဒီတာများJoseph Kahn[၁]
Opinion editorKathleen Kingsbury (လက်ရှိ)[၂]
အားကစား အယ်ဒီတာRandal C. Archibold[၃]
Staff writersသတင်းသမား ၁,၃၀၀ (၂၀၁၆)[၄]
တည်ထောင်ခြင်းစက်တင်ဘာ ၁၈၊ ၁၈၅၁; ၁၇၂ နှစ် အကြာက (၁၈၅၁-၀၉-18) ( နယူးယောက်နေ့စဉ်တိုင်းစ်အဖြစ်)
ဌာနချုပ်များအမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊
အမှတ် (၈) ရိပ်သာလမ်း၊ အမှတ် (၆၂၀)၊နယူးယောက်တိုင်းစ် အဆောက်အဦ။
စောင်ရေ
    • 5,496,000 news subscribers
    • 4,665,000 digital-only
    • 831,000 print
    • 1,398,000 games, cooking, and Audm subscribers
(as of ၂၀၂၀ နိုဝင်ဘာ[၅])
ISSN0362-4331
OCLC နံပါတ်1645522
ဝက်ဘ်ဆိုဒ်
နိုင်ငံအမေရိကန်ပြည်ထောင်စု

နယူးယောက်တိုင်းစ် (အင်္ဂလိပ်: the New York Times, N.Y.T. or N.Y. Times) သည် နယူးယောက်မြို့တွင် အခြေစိုက်သည့် အမေရိကန် နေ့စဉ်သတင်းစာဖြစ်သည်။[၇][၈] ၁၈၅၁ တွင်တည်ထောင်ခဲ့သော ဤသတင်းစာသည် ပူလစ်ဇာဆု ၁၃၀ ခုကို ရရှိထား၍ သတင်းစာလောကတွင် အများဆုံးဖြစ်သည်။[၉] သတင်းစာလုပ်ငန်း အဝန်းအဝိုင်းတွင် ယုံကြည်ခိုင်မာသော အမျိုးသားသတင်းစာအဖြစ် ကြာလရှည်ကြာသတ်မှတ်ခံရသော သတင်းစာလည်းဖြစ်သည်။[၁၀] သတင်းစာစောင်ရေအရ အမေရိကန်ပြည်ထောင်စုတွင် တတိယမြောက်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အဆင့် ၁၈ ရှိသည်။[၁၁] သတင်းစာကို အများပြည်သူပိုင်ဖြစ်သည့် နယူးယောက်တိုင်းစ် ကုမ္ပဏီမှ ပိုင်ဆိုင်၍ ရှယ်ယာများကို အများပြည်သူထံ ရောင်းချပြီးနောက် ရှယ်ယာပုံစံ နှစ်မျိုး/ဆင့် တည်ဆောက်ပုံ (dual-class share) မှတစ်ဆင့် ဆာ(လ်တ်စ်)ဘာဂါမိသားစုက ၁၈၉၆ ကတည်းက အုပ်ချုပ်စီမံခဲ့ကြသည်။[၁၂] အေ. ဂျီ ဆာ(လ်တ်စ်)ဘာဂါ နှင့် ၎င်း၏ဖခင် အာသာ အောခ်စ် ဆာ(လ်တ်စ်)ဘာဂါ ဂျူနီယာ (Ochs Sulzberger Jr.) တို့သည် ထိုမိသားစုမျိုးဆက်၏ ပဉ္စမမြောက်၊ စတုတ္ထမြောက် ထုတ်ဝေသူ၊ ကုမ္ပဏီဥက္ကဋ္ဌတို့ အသီးသီး ဖြစ်ကြသည်။[၁၃] ၁၉၇၀ ခုနှစ်များမှစ၍ သတင်းစာ၏ အပြင်အဆင်၊ အစီအစဉ်များကို တိုးချဲ့ခဲ့၍ ပုံမှန်သတင်း၊ အယ်ဒီတာအာဘော် (ခေါင်းကြီးပိုင်း)၊ အားကစား၊ အထူးအကြောင်းအရာများကို ဖြည့်စွက်အားဖြည့်ပေးနိုင်သော အမျိုးမျိုးသော အကြောင်းအရာများအပေါ် အပတ်စဉ် အထူးကဏ္ဍများကိုလည်း ထည့်သွင်းခဲ့ကြသည်။ ၂၀၀၈ မှစ၍[၁၄] နယူးယောက်တိုင်းစ်တွင် သတင်း၊ အယ်ဒီတာအာဘော်၊ ရှုထောင့်အမြင်ဆိုင်ရာ ကော်လံများ/ဆန့်ကျင်ဘက်မျက်နှာရှိ အကြောင်းအရာများ၊ နယူးယောက်မြို့တော်ဆိုင်ရာအကြောင်း၊ စီးပွားရေး၊ အားကစား၊ အနုပညာ၊ သိပ္ပံ၊ ဖက်ရှင်၊ နေအိမ်၊ ခရီးသွားနှင့် အခြားအကြောင်းအရာများကို စုစည်းစီစဉ် ဖော်ပြသည်။[၁၅] တနင်္ဂနွေနေ့များ၌ သတင်းစာကို "တနင်္ဂနွေသုံးသပ်ချက်" စာစောင်[၁၆] "စာအုပ်ရေးရာသုံးသပ်ချက်"စာစောင်၊[၁၇] နယူးယောက်တိုင်း မဂ္ဂဇင်း"အားဖြည့်စာစောင်[၁၈] တို့နှင့် အားဖြည့်၍ ထုတ်ဝေကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ "The Masthead of The New York Times"၊ The New York Times၊ January 1, 2021။ 
  2. Kathleen Kingsbury (April 11, 2019)။ July 20, 2020 တွင် ပြန်စစ်ပြီး။
  3. "Randal C. Archibold"၊ The New York Times 
  4. Rogers၊ Katie (May 25, 2016)။ New York Times Co. to Offer Buyouts to Employees
  5. Press Release
  6. The New York Times is Now Available as a Tor Onion Service (in en) (April 26, 2018)။ January 11, 2021 တွင် ပြန်စစ်ပြီး။
  7. "Is The Washington Post closing in on the Times?"၊ Politico 
  8. "News of the world"၊ The Economist၊ March 17, 2012။ 
  9. "Pulitzer Prizes"၊ The New York Times Company။ 
  10. "The New York Times"Encyclopædia BritannicaSeptember 27, 2011 တွင် ပြန်စစ်ပြီး
  11. Top 10 U.S. Daily Newspapers။ 22 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 August 2021 တွင် ပြန်စစ်ပြီး။
  12. Dash၊ Eric။ "Mexican Billionaire Invests in The New York Times Company"၊ The New York Times၊ January 19, 2009။ 
  13. Levitz၊ Eric (October 19, 2016)။ "A. G. Sulzberger Vanquishes His Cousins, Becomes Deputy Publisher of the New York Times"New York
  14. Pérez-Peña, Richard။ "Times Plans to Combine Sections of the Paper"၊ The New York Times၊ September 5, 2008။ 
  15. The New York Times Site Index။ October 23, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 25, 2017 တွင် ပြန်စစ်ပြီး။
  16. "A Letter to Our Readers About the Sunday Review"၊ June 18, 2011။ 
  17. Inside The New York Times Book Review။ January 26, 2017 တွင် ပြန်စစ်ပြီး။
  18. Silverstein၊ Jake။ "Behind the Relaunch of The New York Times Magazine"၊ February 18, 2015။