အီတလီဘာသာစကား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အီတလီဘာသာ (အင်္ဂလိပ်: Italian; အီတလီ: Italiano) သည် အီတလီနိုင်ငံ၏ ရုံးသုံး ဘာသာစကားဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဆန်မာရီနိုနိုင်ငံနှင့် ဗာတီကန်မြို့ပြနိုင်ငံတို့တွင်လည်း ရုံးသုံးဘာသာစကားတစ်ခုဖြစ်သည်။ ဥရောပသမဂ္ဂအတွင်း တတိယအပြောအများဆုံးဘာသာစကားဖြစ်ပြီး မိခင်ဘာသာစကားအဖြစ်ပြောဆိုသူ ၆၉သန်းခန့်ရှိသည်။