နတ်လှောင်ကျောင်း
| နတ်လှောင်ကျောင်း(သို့)အိပ်မက်လှောင်ကျောင်း | |
|---|---|
| အချက်အလက်များ | |
| တည်နေရာ | ပုဂံ |
| ဘာသာရေး နှီးနွယ်မှု | ဟိန္ဒူဘာသာ |
| နိုင်ငံ | မြန်မာနိုင်ငံ |
- စေတီပုထိုးအမှတ်=၁၆၀၀/၉၀၈
နတ်လှောင်ကျောင်းသည် သဗ္ဗညုလိုဏ်ဂူ၏ အနောက်ဘက်၊ ပုထိုးသားများ လိုဏ်ဂူ၏ အရှေ့ဘက်တွင် တည်ရှိသည်။ ထို အဆောင်အအုံသည် ပုဂံရှိ ဗြဟ္မဏဟိန္နူဝါဒ၊ ဗိဿနိုးဂိုဏ်းဝင် အိန္ဒိယတိုင်းရင်းသားများ ဝတ်ပြုရာ ဘုရားကျောင်းပင်ဖြစ်သည်။ ထိုကျောင်းမျိုးသည် မြင်းကပါဘက်၌လည်း ရှိခဲ့ဖူးသည်။ ထို့ပြင် မြင်းကပါဘက်တွင် တွေ့ရသော တမီလ်ဘာသာထိုး ကျောက်စာတစ်ခုတွင်လည်း အိန္ဒိယတောင်ပိုင်း မလေမဏ္ဍအရပ်သားတစ်ဦးသည် ဗိဿနိုးဘုရားကျောင်းအတွက် အာရုံခံ (မဏ္ဍပ)၊ တံခါးဆီမီးတိုင်၊ ဝတ္တုပစ္စည်း ၁၉ ခု လှူဒါန်းခဲ့ကြောင်း ပါရှိလေသည်။ ဤသည်ကို ထောက်ထား၍ ပုဂံခေတ်၌ ဗုဒ္ဓဘာသာအပြင် ဗြာဟ္မဏဟိန္နူဝါဒ ဗိဿနိုးဂိုဏ်း လည်း ရှိခဲ့ဖူးကြောင်း သိရလေသည်။ ဗိဿနိုးဂိုဏ်းဆိုင်ရာ ထုံးတမ်းစဉ်လာများကို ပုဂံခေတ် ဗုဒ္ဓဘာသာဝင်များကလည်း လေးစားကြသည်။ ကျန်စစ်သားမင်း၏ နန်းတည် အခမ်းအနားတွင် ကြံ၊ ငှက်ပျော်၊ သင်ပုတ်၊ ဒေါင်းလန်း၊ ဆီမီးတိုင်တို့ဖြင့် ဗိဿနိုးနတ်မင်းကို ပူဇော်ကြောင်း ပါရှိသည်။ မင်းများ ဘိသိတ်ခံခြင်း၊ သင်္ကြန်တော် ခေါ်ခြင်း၊ အမှုများတွင်လည်း ဗိဿနိုးဂိုဏ်း ထုံးတမ်းအရ ဆောက်ရွက်ကြသည်။
ဗိသုကာလက်ရာများ
[ပြင်ဆင်ရန်]နတ်လှောင်ကျောင်း အဆောက်အအုံသည် နှစ်ကာလ ကြာညောင်းခဲ့သည်နှင့်အမျှ ဟောင်းမြင်းယိုယွင်းနေ၏။ မူလအာရုံခံ (မဏ္ဍပ) နှင့် အဝင်မှာ မရှိတော့ပြီ။ ကျန်ရှိနေသည်မှာ အတွင်းဆောင်နှင့် ကွမ်းတောင်စသော အပေါ်အလုပ် အဆောင်တို့ပင် ဖြစ်သည်။ အဆောက်အအုံ၏ အပြင်နံရံမှာ မူလက အတွင်း၌ ရှိခဲ့ဟန်တူ၏။ ထိုနံရံမုခ်ကပ်များတွင် ဗိဿနိုးနတ်မင်း၏ (ဖြစ်တော်ပေါင်း အဝတာရ) ကိုယ်ပွားရုပ်တုအချို့သည် ယခုတိုင် ရှိနေသေး၏။ ထိုရုပ်တုများသည် မစ္ဆ(ငါးမင်း)၊ ကုရ်မ(လိပ်မင်း)၊ ဝါရဟ(ဝက်မင်း)၊ နရသီဟ(လူခြင်္သေ့မင်း) စသည်တို့ ဖြစ်ကြသည်။ လူသတ္တဝါတို့ကို ကယ်ဆယ်စောင့်ရှောက်ရန် မိမိဘဝကို အခါအားလျော်စွာ စွန့်၍ လူ့အသွင် တိရစ္ဆာန်အသွင် ယူခဲ့ခြင်းသဘောပေ။
နတ်လှောင်ကျောင်းအတွင်းသို့ ဝင်လိုက်လျှင် စင်္ကြပတ်လမ်းကို တွေ့ရမည်။ အတွင်းဆောင်၌ အလယ်မဏ္ဍိုင်ရှိသည်။ အလယ်မဏ္ဍိုင် ပတ်လည် မုခ်ကပ်များအတွင်း၌ ကြာပလ္လင်ထက် (ပဒုမာသန) တင်ပျဉ်ခွေထိုင်နေသော သီဝနတ်ရုပ်နှင့် စက်(စကြာ)၊ ခရုသင်း(သင်္ခ)၊ ချွန်းတောင်း(ဂဒါ) စသည်များကို ကိုင်ဆောင်ထားသော မတ်ရပ်ဗိဿနိုးနတ်ရုပ်များကို တွေ့နိုင်သည်။ ထို့ပြင် ဂဠုန်ငှက်ပေါ်၌ ထိုင်နေသော ဗိဿနိုးနတ်ရုပ် နှစ်ခုအနက် တစ်ခုကိုလည်း တွေ့နိုင်လေသည်။ ဤတွင် အဓိကနတ်ရုပ်ကို တစ်စိတ်တပိုင်းသာ တွေ့နိုင်တော့မည် ဖြစ်သည်။ ထိုပုံမှာ ကမ္ဘာလောကကို ဗိဿနိုးနတ်မင်းကြီး အသစ်ဖန်ဆင်းပုံ သရုပ်ဖော်ခြင်း ဖြစ်လေသည်။ ထိုပုံကို အပြည်အစုံပုံဖော်ရလျှင် သမုဒ္ဒရာရေပြင်၌ ထာဝရတည်နေသော ကာလနဂါး(သေသျှ) အပေါ်၌ ဗိဿနိုးနတ်မင်းကြီး လဲလျောင်းနေသည်။ ထိုနတ်မင်းကြီး၏ ချက်မှ ကြာပေါက်ကာ (ဗြဟ္မာ၊ ဗိဿနိုး၊ သီဝ) နတ်သုံးပါး ပွားလာခဲ့လေသည်။ ထိုပုံတွင် ကျန်နေသော အစိတ်အပိုင်းသည် ကာလနဂါး၏ တွန့်လိမ်နေသော အမြီးပင် ဖြစ်သည်။
လျှို့ဝှက်စွာ တိမ်မြုပ်နေခဲ့သော နတ်လှောင်ကျောင်း၏အစစ်အမှန်သမိုင်း(Mr.108)27/1/26
နတ်လှောင်ကျောင်း (သို့မဟုတ်) အိပ်မက်လှောင်ကျောင်း
[ပြင်ဆင်ရန်]နတ်လှောင်ကျောင်း (စေတီပုထိုးအမှတ်-၁၆၀၀/၉၀၈) သည် ပုဂံမြို့ဟောင်း၊ သဗ္ဗညုလိုဏ်ဂူ၏ အနောက်ဘက်တွင် တည်ရှိသည်။ လက်ရှိ သမိုင်းမှတ်တမ်းများတွင် ဗိဿနိုးဂိုဏ်းဝင် အိန္ဒိယနွယ်ဖွားများ ဝတ်ပြုရာနေရာဟု ဖော်ပြကြသော်လည်း၊ မူလသမိုင်းရင်းမြစ်အရ ဤကျောင်းတော်သည် ပုဂံမင်းဆက် ကွမ်းဆော် ကြောင်ဖြူမင်း ၏ ထူးခြားသော အိပ်မက်နိမိတ်များကို သိမ်းဆည်းရန် တည်ဆောက်ခဲ့သည့် အိပ်မက်လှောင်ကျောင်း ဖြစ်သည်။
မူလသမိုင်းကြောင်းနှင့် တည်ဆောက်မှု
[ပြင်ဆင်ရန်]၁၀ ရာစုအတွင်း ကွမ်းဆော်ကြောင်ဖြူမင်းသည် ဝါဆိုလပြည့်နေ့တစ်ရက်တွင် ဗိဿနိုးနတ်မင်းကြီး၏ အဝတာ (၁၀) ပါးအကြောင်းကို ထူးခြားသော အိပ်မက်အဖြစ် မြင်မက်ခဲ့သည်။ မင်းကြီး၏ ပုဏ္ဏားတော် တူရာဘီး (ဟိန္ဒူနွယ်ဖွား ပညာရှိ) က ၎င်းအိပ်မက်များကို နတ်ဘုရားတို့၏ အချက်ပြမှုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခဲ့သဖြင့် မင်းကြီးသည် အိပ်မက်ထဲမှ ပုံရိပ်များကို သိမ်းဆည်းရန် အဆောက်အအုံတစ်ခု တည်ဆောက်စေခဲ့ပြီး "အိပ်မက်လှောင်ကျောင်း" ဟု အမည်ပေးခဲ့သည်။
ဗိသုကာနှင့် သင်္ကေတများ
[ပြင်ဆင်ရန်]ကျောင်းတော်အတွင်း ယနေ့တိုင် တွေ့မြင်နေရသော ရုပ်တုများသည် ကွမ်းဆော်ကြောင်ဖြူမင်း အိပ်မက်ပါအတိုင်း ထုလုပ်ထားခြင်းဖြစ်သည်။
- အဝတာရ (၁၀) ပါး: မစ္ဆ (ငါး)၊ ကုရ်မ (လိပ်)၊ ဝါရဟ (ဝက်) စသည့် ရုပ်တုများသည် မင်းကြီး မြင်မက်ခဲ့သော အိပ်မက်ထဲမှ ဗိဿနိုးနတ်မင်း၏ ဖြစ်တော်ပေါင်းများဖြစ်သည်။
- ကာလနဂါး (သေသျှ): အလယ်မဏ္ဍိုင်ရှိ ကာလနဂါးပုံစံသည် အိပ်မက်နိမိတ်နှင့် နက္ခတ်ဗေဒဆိုင်ရာ ချိတ်ဆက်မှုကို ဖော်ညွှန်းသည်။
အမည်နာမ ပြောင်းလဲလာပုံ
[ပြင်ဆင်ရန်]အမည်ပြောင်းလဲမှုမှာ အဆင့်ဆင့်ဖြစ်ပေါ်ခဲ့သည်-
- အိပ်မက်လှောင်ကျောင်း: မူလအမည် (အိပ်မက်ပုံရိပ်များကို သိမ်းဆည်းခြင်း)။
- ဘုရားလျောင်း/နတ်လျောင်းကျောင်း: ဗိဿနိုးနတ်မင်း ကာလနဂါးပေါ်တွင် လဲလျောင်းနေသည်ကို အစွဲပြု၍ ခေါ်ဆိုခြင်း။
- နတ်လှောင်ကျောင်း: ကွမ်းဆော်ကြောင်ဖြူမင်း၏ အဓိဋ္ဌာန်တော်အရ မသန့်စင်သောစိတ်ဖြင့် လာရောက်သူများ ဘေးဒုက္ခရောက်ကြသဖြင့် "နတ်ဆိုးလှောင်ကျောင်း" ဟု အမည်ဖျက်ခံရရာမှ နတ်လှောင်ကျောင်း ဖြစ်လာခဲ့သည်။
အဓိဋ္ဌာန်နှင့် နက္ခတ်တော်
[ပြင်ဆင်ရန်]ကျောင်းတော်ပြီးစီးခါနီးတွင် ကွမ်းဆော်ကြောင်ဖြူမင်းသည် နတ်ရွာစံမည်ကို နက္ခတ်အရ သိရှိသော်လည်း တည်ဆောက်မှုကို ရပ်တန့်ခြင်းမပြုဘဲ "စိတ်ထားဖြူစင်သူများ ဆန္ဒပြည့်ဝ၍၊ မသန့်စင်သူများ ဒုက္ခရောက်စေရမည်" ဟု အဓိဋ္ဌာန်ပြုခဲ့သည်။ ထိုအဓိဋ္ဌာန်ကို အနော်ရထာမင်းကြီးက ဆက်လက်လေးစားသဖြင့် ကျောင်းတော်အား အပြီးသတ် စောင့်ရှောက်ခဲ့သည်။
Historical Origins: Eit-Met Hlaung Kyaung
[ပြင်ဆင်ရန်]The Nat Hlaung Kyaung (Temple No. 1600/908) is traditionally recognized as a Hindu temple in Bagan. However, esoteric historical sources and oral traditions suggest its original identity as Eit-Met Hlaung Kyaung (The Temple of Bound Dreams), commissioned by King Kunhsaw Kyaunghpyu of the Bagan Dynasty to preserve sacred visions.
Founding and Royal Vision
[ပြင်ဆင်ရန်]In the 10th century, King Kunhsaw Kyaunghpyu reportedly experienced a profound dream involving the ten avatars of Lord Vishnu on a full moon day of Waso. His Brahmin advisor, Tu Yar Bee, interpreted these visions as divine manifestations. To honor this spiritual experience, the King ordered the construction of a sanctuary to house images representing these visions, naming it "Eit-Met Hlaung Kyaung."
Architecture and Symbolism
[ပြင်ဆင်ရန်]The existing iconography within the temple aligns with the King's recorded visions:
- Ten Avatars (Dashavatara): The sandstone figures of the Matsya (fish), Kurma (turtle), and Varaha (boar) represent the specific manifestations witnessed in the King's dream.
- Shesha (The Cosmic Serpent): The central pillar featuring the reclining Vishnu on the serpent Shesha serves as a symbolic link between the King's dream and astrological alignments.
Etymological Evolution
[ပြင်ဆင်ရန်]The name "Nat Hlaung Kyaung" evolved through several stages:
- Eit-Met Hlaung Kyaung: The original name, meaning the preservation of royal dreams.
- Nat Lyaung Kyaung: Referencing the "Reclining Vishnu" (Nat Lyaung) within the inner sanctum.
- Nat Hlaung Kyaung: Following a royal decree by King Kunhsaw Kyaunghpyu, it was believed that those with impure intentions who entered the temple met with misfortune. This led to a popular misconception of the site as a place where "evil spirits are bound" (Nat Hlaung), eventually becoming its common name.
The Royal Decree and Completion
[ပြင်ဆင်ရန်]Astrological readings by Tu Yar Bee predicted the King's passing near the temple's completion. King Kunhsaw Kyaunghpyu proceeded regardless, issuing a decree that the temple would grant wishes to the pure-hearted but bring hardship to the impure. This legacy was respected by his successor, King Anawrahta, who ensured the final completion of the structure.
အိပ်မက်လှောင်ကျောင်း (သို့) နတ်လှောင်ကျောင်း ခေါ် နတ်လျောင်းကျောင်းရဲ့ အစစ်မှန်သမိုင်း ဖြစ်ရပ်
ကွမ်းဆော်ကြောင်ဖြူမင်းမှာ တူရာဘီးဆိုတဲ့ သစ္စာရှိတဲ့ပုဏ္ဏားတဦး ရှိခဲ့ပါတယ်
တူရာဘီးရဲ့မိဘတွေက ဟိန္ဒူတွေပါ
ဝါဆိုလပြည့်နေ့တခုမှာ ကွမ်းဆော်ကြောင်ဖြူမင်းက ဗိဿနိုးနတ်မင်းကြီးရဲ့ဆယ်ဘဝ အကြောင်းတွေကို အိပ်မက်အဖြစ် မြင်မက်ခဲ့ပါတယ်
ဝါဆိုလပြည့်နေ့ပီး နောက်ရက်မှာ ကွမ်းဆော်ကြောင်ဖြူမင်းက သူမြင်မက်တဲ့အိမ်မက်တွေကို ပုဏ္ဏားတွေကိုပြောပြတဲ့အချိန်မှာ တူရာဘီးက ကွမ်းဆော်ကြောင်ဖြူမင်းကို နတ်ဘုရားတွေ နတ်ဝိဇ္ဇာတွေအကြောင်းပြောခဲ့ပါတယ်
ကွမ်းဆော်ကြောင်ဖြူမင်းက သူမက်ခဲ့တဲ့အိပ်မက်တွေထဲက ပုံရိပ်တွေကို အဆောက်အဦးဆောက်ပီး အဆောက်အဦးထဲမှာ သူ့အိပ်မက်ထဲကပုံရိပ်တွေကို သိမ်းဆည်း ထားမယ်ဆိုပြီး အိပ်မက်လှောင်ကျောင်း နာမည်နဲ့အဆောက်အဦး ဆောက်ခဲ့ပါတယ်
အိပ်မက်လှောင်ကျောင်း စတင်ဆောက်တဲ့အချိန်မှာ တူရာဘီး က ကွမ်းဆော်ကြောင်ဖြူမင်းအတွက် နက္ခတ်တွက်ကြည့်တဲ့အချိန်မှာ ကွမ်းဆော်ကြောင်ဖြူမင်းက သူမက်ခဲ့တဲ့အိပ်မက်တွေထဲက ပုံရိပ်ကို အဆောက်အဦးဆောက်တာပီးဆုံးခါနီး အချိန်မှာ သေဆုံးရမယ်ဆိုတာကို သိခဲ့တာကြောင့် ကွမ်းဆော်ကြောင်ဖြူမင်းကိုပြောပြပီး သတိပေးခဲ့တယ်
တူရာဘီးသတိပေးခဲ့ပေမဲ့ ကွမ်းဆော်ကြောင်ဖြူမင်းက သူရဲ့ အိပ်မက်လှောင်ကျောင်းပီးဖို့ကိုသာ စိတ်အားထက်သန်နေခဲ့ပါတယ်
ကွမ်းဆော်ကြောင်ဖြူမင်းက သူသေဆုံးခါနီးအချိန်မှာ တူရာဘီးဆိုတဲ့ပုဏ္ဏားကို သူဆောက်နေဆဲဖစ်တဲ့ အိပ်မက်လှောင်ကျောင်းကြီးကို ပြီးစီးစေဖို့အတွက်ကို ဆက်လက်ဆောင်ရွက်ပေးပါဆိုပီး ပြောခဲ့တဲ့အပြင် အိပ်မက်လှောင်ကျောင်းကြီးပြီးစီးတဲ့အခါ အိပ်မက်လှောင်ကျောင်းကို ရောက်လာတဲ့
မသန့်စင်တဲ့စိတ်ရှိတဲ့သူတွေ နဲ့ သူတပါးရဲ့ပစ္စည်းကိုဖျက်စီးချင်တဲ့စိတ်ရှိတဲ့သူတွေအားလုံးမှာ ဆင်းရဲဒုက္ခတွေရောက်ကြပီး အိပ်မက်လှောင်ကျောင်းကို ရောက်လာတဲ့ ဖြူစင်သန့်စင်တဲ့သူတွေအားလုံးရဲ့ လိုအင်ဆန္ဒတွေအားလုံးပြည့်ဝကြပါစေ ဆိုပီး ပြောခဲ့ပါတယ်
ကွမ်းဆော်ကြောင်ဖြူမင်း အိပ်မက်လှောင်ကျောင်းကြီး ပြီးစီးတဲ့အခါ အိပ်မက်လှောင်ကျောင်းကို ရောက်လာတဲ့ မသန့်စင်တဲ့စိတ်ရှိတဲ့တွေ နဲ့ သူတပါးရဲ့ပစ္စည်းကိုဖျက်စီးချင်တဲ့စိတ်ရှိတဲ့သူတွေအားလုံးမှာ ဆင်းရဲဒုက္ခတွေရောက်ကြပြီးအိပ်မက်လှောင်ကျောင်းကို ရောက်လာတဲ့ ဖြူစင်သန့်စင်တဲ့သူတွေအားလုံးရဲ့ လိုအင်ဆန္ဒတွေအားလုံးပြည့်ဝကြပါစေ ဆိုပီး ပြောတဲ့အချိန်မှာ ပြောသမျှစကားအတိုင်းဖစ်စေတဲ့ နက္ခတ်ဖစ်တည်နေခဲ့ပါတယ်
ကွမ်ဆော်ကြောင်ဖြူမင်း သေဆုံးပီးတဲ့အချိန်မှာ တူရာဘီးဆိုတဲ့ပုဏ္ဏားက အိပ်မက်လှောင်ကျောင်းကြီး ပြီးစီးဖို့အတွက်ကို တတ်နိုင်သမျှဆောင်ရွက်နေခဲ့ပါတယ်
အနော်ရထာမင်းကြီးက တူရာဘီးဆိုတဲ့ပုဏ္ဏား ဆောင်ရွက်နေတဲ့ အိပ်မက်လှောင်ကျောင်းကြီးပြီးစီးဖို့အတွက်က ကွမ်းဆော်ကြောင်ဖြူမင်းကြီးဖြစ်ချင်တဲ့ ဆန္ဒမှန်းသိခဲ့တဲ့အချိန်မှာ အိပ်မက်လှောင်ကျောင်းကြီးပြီးစီးစေဖို့အတွက်ကို အနော်ရထာမင်းကြီးက သေချာစွာဆောင်ရွက်ခဲ့ပါတယ်
အိပ်မက်လှောင်ကျောင်းကြီးပြီးဆုံးတဲ့အခါမှာ အိပ်မက်လှောင်ကျောင်းကိုလာတဲ့ သူအများစုမှာ မသန့်စင်တဲ့စိတ်တွေရှိနေခဲ့တဲ့ အတွက်ကြောင့် ဆင်းရဲဒုက္ခတွေ ရောက်ကြပြီး ဆင်းရဲဒုက္ခတွေရောက်ကြတဲ့သူတွေက နတ်ဆိုးလှောင်ကျောင်းလို့ နာမည်တပ်ပီးပြောခဲ့ကြရင်းကနေ နတ်လှောင်ကျောင်းဆိုပီး နာမည်ဖစ်ခဲ့ပါတယ်
ဓာတ်ပုံများ
[ပြင်ဆင်ရန်]- နတ်လှောင်ကျောင်းမုခ်ဦးဝင်ပေါက်ရှိ ဟိန္ဒူနတ်ဘုရားများ
- နတ်လှောင်ကျောင်းရှိ ဗိဿနိုးနတ်ဘုရား
- နတ်လှောင်ကျောင်း
- နတ်လှောင်ကျောင်းရှိ ကျောက်စာ