ဗိဿနိုးနတ်

ဗစ်ရှ်နူးဘုရား (Vishnu, ဗိဿနိုး။ သက္ကတ ဝိၑ္ဏု) သည် ဟိန္ဒူဘာသာ၏ လောကထိန်းသိမ်းသည့် ဘုရားတစ်ပါးဖြစ်သည်။ မှတ်တမ်းများအရ များစွာသောဟိန္ဒူဘာသာဝင်တို့က ဂေါတမဗုဒ္ဓဘုရားသည် ဗစ်ရှ်နူးဘုရား (God Vishnu) ၏ အ၀တာရ (လူဝင်စားအသွင်) ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဗုဒ္ဓဘုရားရှင်သည် ပရိနိဗ္ဗာန် (Parinirvana) ပြုပြီးဖြစ်၍ သက်ရှိထင်ရှားမရှိတော့ချေ။ သို့သော် ဗစ်ရှ်နူးဘုရား(ဗိဿနိုး)သည် ယခုထက်တိုင် တည်ရှိသည်ဟု ဟိန္ဒူဘာသာဝင်များက အခိုင်အမာယုံကြည်ပြောဆိုကြသည်။ သို့သော် သမိုင်းပညာရှင်တို့နှင့် ဗုဒ္ဓဘာသာဝင်များ၊ သံဃာတော်အရှင်သူမြတ်များက ဂေါတမဗုဒ္ဓဘုရားသည် ဗိဿနိုးဘုရားကိုယ်ပွားဖြစ်သည်ဟူသောပြောကြားချက်ကို လုံးဝလက်မခံကြချေ။
သို့သော် ဟိန္ဒူကျမ်းဂန် အယူအဆအရ ဗိဿနိုးဘုရား၏ န၀မမြောက်အသွင်သည် ဗုဒ္ဓဖြစ်သည်ဟု အတိအလင်း ဖော်ပြလျက်ရှိသည်။
[၁]သို့ရာတွင် ယနေ့ခတ်ဟိန္ဒူဘာသာဝင်တို့သည် ဗိဿနိုး၏ နဝမအသွင်မှာ ဂေါတမဗုဒ္ဓ မဟုတ်ဘဲ သုဂတဗုဒ္ဓဖြစ်သည်ဟု ထောက်ပြလာကြသည်။ပုရာဏကျမ်းများတွင် သုဂတဗုဒ္ဓဖြစ်ကြောင်း ဖော်ပြသည်ဟု ထောက်ပြလာကြသည်။ ဗုဒ္ဓဟူသည့်စကားလုံး၏ အနက်မှာ နိုးကြားလာသူ / သိမြင်သူ ဟုအဓိပ္ပာယ်ရ၍ ဗိဿနိုး၏ နဝမအသွင်မှာ ဂေါတမဗုဒ္ဓမဟုတ်ဘဲ နိုးကြားသိမြင်လာသူတစ်ဦးအဖြစ် လောကသို့လူဝင်စားအဖြစ် ပေါ်ပေါက်လာမည့် သုတဂဗုဒ္ဓ ကိုရည်ညွှန်းသည်ဟုဆိုကြသည်။ ထို နဝမမြောက်အသွင်မှာ လောက ကို ဓမ္မဘက်သို့ပြန်လည်တည့်မတ်ရန်နှင့် မကောင်းမှုပြုသူတို့၏ လှည့်ကွက်များကြား ဝင်စားလိမ့်မည်ဟု ယုံကြည်ကြသည်။[ကိုးကားချက်လိုသည်]
| ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ Devdutt Pattanaik။ Is Buddha an avatar of Vishnu?။ 15 February 2017 တွင် ပြန်စစ်ပြီး။