သိန်းသိန်းမြင့်

ဝီကီပီးဒီးယား မှ
ပါမောက္ခ ဒေါက်တာ

သိန်းသိန်းမြင့်
ပါမောက္ခ၊ ဌာနမှူး၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်
တာဝန်သက်တမ်း
၁၉၈၈ – ၂၀၀၃
ယခင်လူမျိုးမင်း (ပါမောက္ခ)
ဆက်ခံသူသိန်းအောင်
ပါမောက္ခ၊ ဌာနမှူး၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်
တာဝန်သက်တမ်း
၁၉၈၇ – ၁၉၈၈
ယခင်လူစိန်ရီ (ပါမောက္ခ)
ဆက်ခံသူမျိုးမင်းအောင် (ပါမောက္ခ)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1940-11-29) ၂၉ နိုဝင်ဘာ၊ ၁၉၄၀ (အသက် ၈၃)
ရန်ကုန်မြို့
ကြင်ဖော်(များ)ပါမောက္ခဒေါက်တာရဲမြင့်
သားသမီး
နေထိုင်ရာဗဟန်းမြို့နယ်ရန်ကုန်တိုင်းဒေသကြီး
မိခင်ကျောင်းဆေးတက္ကသိုလ် (၁)၊ ရန်ကုန်

ပါမောက္ခဒေါက်တာသိန်းသိန်းမြင့်သည် မြန်မာ ကလေးအထူးကုဆရာဝန်ကြီးဖြစ်ပြီး မြန်မာနိုင်ငံဆရာဝန်အသင်းကလေးကျန်းမာပညာအဖွဲ့ နာယက ဖြစ်သည်။ [၁] မြန်မာနိုင်ငံဆရာဝန်အသင်း၊​ သက်ကြီးဆရာဝန်များထောက်ကူအဖွဲ့၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ [၂] သူမကို အဖ ဦးကျော်မြင့်၊ အမိ ဒေါ်မြစိန်တို့က ၁၉၄၀ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း ၇ ဦးအနက် ဒုတိယမြောက်ဖြစ်သည်။[၃]

ပညာရေး[ပြင်ဆင်ရန်]

၁၉၅၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို မိန်းကလေးအထက်တန်းကျောင်း၊​ ကြည့်မြင်တိုင် (ABM) မှ သင်္ချာဂုဏ်ထူးဖြင့် ပထမဆင့်မှ အောင်မြင်ခဲ့သည်။ [၃] ဆေးပညာဘွဲ့ကို ရန်ကုန်တက္ကသိုလ်၊​ ဆေးပညာမဟာဌာနကြီးမှ ၁၉၆၃ ခုနှစ်တွင်လည်းကောင်း၊ DCH (London) ဘွဲ့ကို ၁၉၇၂ ခုနှစ်တွင်လည်းကောင်း၊ MRCP (UK) ဘွဲ့ကို ၁၉၇၃ ခုနှစ်တွင်လည်းကောင်း၊ FRCP (Edin) ဘွဲ့၊ FRCP (London) ဘွဲ့ နှင့် FRCPCH ဘွဲ့တို့ကို ၁၉၈၄၊ ၁၉၉၃ နှင့် ၁၉၉၉ ခုနှစ်များတွင်လည်းကောင်း ရရှိခဲ့သည်။ ဆေးလက်တွေ့ပါရဂူဘွဲ့ (ကလေးကျန်းမာပညာ) ကို ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်မှ ၁၉၉၉ တွင် ရရှိခဲ့သည်။[၃]

ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

အစိုးရဝန်ထမ်းဘဝသို့ ၁၉၆၄ ခုနှစ် ဇွန်လတွင် သရုပ်ပြ၊ ရောဂါဗေဒဌာန၊​ ဆေးတက္ကသိုလ်၊ မန္တလေးရာထူးဖြင့် စတင်ဝင်ရောက်ခဲ့သည်။ ၁၉၆၅ ခုနှစ် သရုပ်ပြရာထူးဖြင့် မတ်လတွင် ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ်၊ မန္တလေးသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ဆေးတက္ကသိုလ် (၂) ရန်ကုန်တို့တွင် သရုပ်ပြ၊ လက်ထောက်ကထိကကထိကပါမောက္ခ၊ ဌာနမှူး၊ ကလေးအထူးကုဆရာဝန်ကြီးရာထူးများဖြင့် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၃ ခုနှစ် မတ်လတွင် အငြိမ်းစားယူခဲ့သည်။ ၁၉၉၃ ခုနှစ် ဇူလိုင်မှ အောက်တိုဘာလအထိ ဆေးရုံအုပ်ကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။[၃][၄][၅]

ရရှိခဲ့သော ဆုတံဆိပ်များ[ပြင်ဆင်ရန်]

  1. နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ် (၁၉၉၂)[၅]
  2. ပြည်သူ့ဝန်ထမ်းတံဆိပ် (၁၉၉၃)[၅]
  3. စီမံထူးချွန်ဆု (၁၉၉၄)[၅]
  4. ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ် (၁၉၉၇)[၅]
  5. Outstanding Asian Paediatrician Award (၂၀၁၈) (Asia Pacific Pediatric Association က ချီးမြှင့်သည်)

ပညာရပ်ဆိုင်ရာ သုတေသနများ[ပြင်ဆင်ရန်]

ကလေးကျန်းမာပညာရပ်ဆိုင်ရာ သုတေသနများပြုလုပ်ခြင်း၊​ ကြီးကြပ်ခြင်းများ ပြုလုပ်ခဲ့သည်။ [၆] နိုင်ငံတကာ သုတေသနစာစောင်များတွင် ပုံနှိပ်ဖော်ပြပြီးသော သုတေသနစာတမ်းအချို့မှာ -

  1. Common alpha-thalassemia deletions in transfusion-dependent thalassemia patients in the Southeast Asia region of Myanmar [၇]
  2. Active surveillance for congenital rubella syndrome in Yangon, Myanmar [၈]
  3. Myanmar Dengue Outbreak Associated with Displacement of Serotypes 2, 3, and 4 by Dengue 1 [၉]
  4. Dengue Hemorrhagic Fever in Infants: Research Opportunities Ignored [၁၀]
  5. A wider molecular spectrum of beta-thalassaemia in Myanmar [၁၁]
  6. Investigation of small-intestinal transit time in normal and malnourished children [၁၂]
  7. Serum Cortisol Levels in Children with Dengue Haemorrhagic Fever [၁၃]
  8. High-calorie, rice-derived, short-chain, glucose polymer-based oral rehydration solution in acute watery diarrhea [၁၄]
  9. Thermophilic Amylase-Digested Rice-Electrolyte Solution in the Treatment of Acute Diarrhea in Children [၁၅]
  10. A prospective study on defecation frequency, stool weight, and consistency [၁၆]
  11. The effect of intramuscular loading dose of quinine on Myanmar patients (children and adults) with falciparum malaria [၁၇]
  12. Scenario of the twins with suspected congenital rubella syndrome (CRS) in Yangon, Myanmar [၁၈]

ကိုးကား[ပြင်ဆင်ရန်]

  1. https://www.mmacentral.org/societies/myanmar-pediatric-society/
  2. YouTube ပေါ်ရှိ သက်ကြီးဆရာဝန်များ ထောက်ကူအဖွဲ့၏ လစဉ်ဟောပြောပွဲ
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ မျိုးဆက်သွေး မျိုးဆက်ကလေး၊ ပါမောက္ခဒေါက်တာဒေါ်သိန်းသိန်းမြင့်အား ဂုဏ်ပြုခြင်း။ ရန်ကုန်: MMA Publishing House။ ၂၀၁၇။
  4. https://um2ygn.edu.mm/pediatrics/
  5. ၅.၀ ၅.၁ ၅.၂ ၅.၃ ၅.၄ Who's Who in Health and Medicine in Myanmar: a biographical dictionary of men and women who have contributed to the development of health and medicine in Myanmar since independence (1948)။ ရန်ကုန်: Department of Health Planning, Ministry of Health, Myanmar။ ၂၀၀၃။ p. စာမျက်နှာ ၆၃၅။
  6. Thein Thein Myint at PubMed.gov
  7. "Common alpha-thalassemia deletions in transfusion-dependent thalassemia patients in the Southeast Asia region of Myanmar" (2006). Lab Hematol 12 (3): 139-142. doi:10.1532/LH96.06017. 
  8. "Active surveillance for congenital rubella syndrome in Yangon, Myanmar" (2006). Bull World Health Organ 84 (1): 12-20. doi:10.2471/blt.05.022814. 
  9. "Myanmar Dengue Outbreak Associated with Displacement of Serotypes 2, 3, and 4 by Dengue 1" (2004). Emerg Infect Dis 10 (4): 593-597. doi:10.3201/eid1004.030216. 
  10. "Dengue Hemorrhagic Fever in Infants: Research Opportunities Ignored" (2002). Emerg Infect Dis 8 (12): 1474–1479. doi:10.3201/eid0812.020170. 
  11. "A wider molecular spectrum of beta-thalassaemia in Myanmar" (2002). Br J Haematol 117 (4): 988-992. doi:10.1046/j.1365-2141.2002.03539.x. 
  12. "Investigation of small-intestinal transit time in normal and malnourished children" (1999). Journal of Gastroenterology 34: 675–679. doi:10.1007/s005350050318. 
  13. "Serum Cortisol Levels in Children with Dengue Haemorrhagic Fever" (1995). Journal of Tropical Pediatrics 41 (5): 295–297. doi:10.1093/tropej/41.5.295. 
  14. "High-calorie, rice-derived, short-chain, glucose polymer-based oral rehydration solution in acute watery diarrhea" (1995). Acta Paediatr 84 (2): 165–172. doi:10.1111/j.1651-2227.1995.tb13603.x. 
  15. "Thermophilic Amylase-Digested Rice-Electrolyte Solution in the Treatment of Acute Diarrhea in Children" (1995). Pediatrics 95 (2): 198–202. 
  16. "A prospective study on defecation frequency, stool weight, and consistency" (1994). Arch Dis Child 74 (1): 311–313. doi:10.1136/adc.71.4.311. 
  17. "The effect of intramuscular loading dose of quinine on Myanmar patients (children and adults) with falciparum malaria" (1994). Myanmar Health Sciences Research Journal 6 (2): 78-81.  Archived 7 February 2021 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 7 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 January 2022 တွင် ပြန်စစ်ပြီး။
  18. "Scenario of the twins with suspected congenital rubella syndrome (CRS) in Yangon, Myanmar" (2007). Tropical Medicine and Health 35 (3). doi:10.2149/tmh.35.271.