မာတိကာသို့ ခုန်သွားရန်

သိန်းအောင် (ကလေးအထူးကုဆရာဝန်)

ဝီကီပီးဒီးယား မှ

ပါမောက္ခဒေါက်တာ သိန်းအောင် သည် မြန်မာ ကလေးအထူးကုဆရာဝန်ကြီးဖြစ်သည်။[၁]

ငယ်ဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

အဘ ဦးကရင်၊ အမိ ဒေါ်မိုးတို့က ၁၉၄၃ ခုနှစ် ဧပြီ ၈ ရက်နေ့တွင် ပျော်ဘွယ်မြို့၌ မွေးဖွားခဲ့သည်။၁၉၅၉ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ဆေးပညာဘွဲ့ ကို ၁၉၆၇ ခုနှစ် တွင် ရရှိခဲ့သည်။၁၉၇၄ ခုနှစ် တွင် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ Royal College of Physicians မှ DCH ဘွဲ့နှင့် MRCP (UK) ဘွဲ့ တို့ကို လည်းကောင်း၊၁၉၈၃ ခုနှစ် တွင် Royal College of Physicians, Edinburgh မှ FRCP ဘွဲ့ နှင့် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ဆေးလက်တွေ့ပါရဂူဘွဲ့ (ကလေးကျန်းမာပညာ) တို့ကို ရရှိခဲ့သည်။

ဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]

ပါမောက္ခ၊ ဌာနမှူး (ကလေးကျန်းမာပညာဌာန) တာဝန်ကို ဆေးတက္ကသိုလ် (၁)၊ ရန်ကုန် နှင့် ဆေးတက္ကသိုလ် (၂)၊ ရန်ကုန် တို့တွင် ထမ်းဆောင်ခဲ့သည်။ [၂]သူသည် မြန်မာနိုင်ငံဆရာဝန်အသင်း၊ ကလေးကျန်းမာပညာအဖွဲ့ နာယကလည်း ဖြစ်သည်။[၃]

ထင်ရှားသည့်လုပ်ဆောင်ချက်

[ပြင်ဆင်ရန်]

ဒေါက်တာ သိန်းအောင် သည် ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်း ရှိ ပါရမီဆေးရုံကို တည်ထောင်သူလည်းဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ Who's Who in Health and Medicine in Myanmar: a biographical dictionary of men and women who have contributed to the development of health and medicine in Myanmar since independence (1948)။ ရန်ကုန်: Department of Health Planning, Ministry of Health, Myanmar။ ၂၀၀၃။ p. စာမျက်နှာ ၆၁၆။
  2. ↑ ဆေးတက္ကသိုလ် (၂) ရန်ကုန်
  3. ↑ Myanmar Pediatric Society | Myanmar Medical Association (MMA)။ 2026-07-24 တွင် ပြန်စစ်ပြီး။