မာတိကာသို့ ခုန်သွားရန်

ကျန်းမာရေး ဝန်ကြီးဌာန

ဝီကီပီးဒီးယား မှ
(ကျန်းမာရေးဝန်ကြီးဌာန မှ ပြန်ညွှန်းထားသည်)
ကျန်းမာရေးဝန်ကြီးဌာန
မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရအဖွဲ့အစည်း
Ministry of Health
ဝန်ကြီးဌာန အကျဉ်းချုပ်
ဖွဲ့စည်းခြင်း
  • ၁၉၄၇
  • ၁ ဩဂုတ် ၂၀၂၁
ယခင်အဖွဲ့အစည်းကျန်းမာရေးဌာန
ဖျက်သိမ်းခြင်း
  • မေ ၂၅၊ ၂၀၁၆ (၂၀၁၆-၀၅-၂၅) (ပထမအကြိမ်)
ဌာနချုပ်နေပြည်တော်
ဝန်ကြီးများဒေါက်တာသက်ခိုင်ဝင်း
မိခင်အဖွဲ့အစည်းပြည်ထောင်စုအစိုးရအဖွဲ့
ဌာနခွဲများပြည်သူ့ကျန်းမာရေးဦးစီးဌာန
ကုသရေးဦးစီးဌာန
ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာန
ဆေးသုတေသနဦးစီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
ဝက်ဘ်ဆိုက်moh.gov.mm

ကျန်းမာရေးဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Health) သည် မြန်မာနိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်သည့် ဝန်ကြီးဌာန ဖြစ်သည်။ သမ္မတဦးထင်ကျော် အစိုးရလက်ထက်တွင် ကျန်းမာရေး ဝန်ကြီးဌာနှင့် အားကစား ဝန်ကြီးဌာန နှစ်ခုကို ပေါင်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းခဲ့သည်။ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် နစကမှ ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနဟူ၍ ပြန်လည်ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

ကျန်းမာရေး ဝန်ကြီးဌာန၏ လက်အောက်တွင်အောက်ပါ ဦးစီးဌာနများကို ထပ်မံခွဲထားသည်။ ၎င်းဦးစီးဌာနများမှာ-

  1. ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ယခင် ကျန်းမာရေး ဦးစီးဌာန)
  2. ကုသရေးဦးစီးဌာန (ယခင် ကျန်းမာရေး ဦးစီးဌာန)
  3. ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန
  4. ဆေးသုတေသနဦးစီးဌာန
  5. တိုင်းရင်းဆေးပညာဦးစီးဌာန
  6. အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တို့ဖြစ်သည်။

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန လုပ်ငန်းများကို ယခင်က ပြည်သူ့ဝန်ထမ်းဝန်ကြီးဌာန၌ တွဲဖက်ထားရှိသည်။ ၁၉၅၃ ခုနှစ် မတ်လတွင် ကျန်းမာရေး ဝန်ကြီးဌာန သီးခြားဖွဲ့စည်း၍ ကျန်းမာရေးလုပ်ငန်းဆိုင်ရာများကို တိုးချဲ့ကာ ဆောင်ရွက်လျက်ရှိသည်။

ဤဝန်ကြီးဌာနရှိ အတွင်းဝန်များအောက်တွင် ညွှန်ကြားရေးဝန် တစ်ဦးရှိသည်။ ထိုညွှန်ကြားရေးဝန်ကို ကူညီရန် ဒုတိယညွှန်ကြားရေးမှူးဝန် ၄ ဦး၊ အုပ်ချုပ်ရေးအရာရှိတစ်ဦးနှင့် လက်ထောက်ညွှန်ကြားရေးဝန်များ ထားရှိသည်။ မြို့နယ်တစ်ခုလျှင် ဆေးရုံတစ်ခုရှိရမည်ဆိုသော ပြည်တော်သာဆောင်ပုဒ်အရ နိုင်ငံတော်အစိုးရသည် ခရိုင်ဆေးရုံကြီးများ၊ မြို့နယ်ဆေးရုံများ၊ ဆေးပေးခန်းများကို အနှံ့အပြား ဖွင့်လှစ်လျက်ရှိသည်။ ၁၉၅၂ ခုနှစ်တွင် ဆေးရုံပေါင်း ၂၁၄ ရုံရှိ၍ ဆေးပေးခန်းပေါင်း ၁၂၁ ခန်း ရှိလေသည်။ ထိုဆေးရုံများအပြင် စိတ်ကျန်းမာရေးဆေးရုံ၊ ခွေးရူးကိုက်ရောဂါကုဆေးရုံ၊ ကုဋ္ဌနူနာဆိုင်ရာ ရောဂါကုဆေးရုံ၊ ကာလသားရောဂါကုဆေးရုံနှင့် တီဘီရောဂါကု ဆေးရုံများလည်း ရှိသည်။ ၁၉၅၃ ခုနှစ်တွင် ပေါ်လီကလင်းနစ် ကျန်းမာရေးအဖွဲ့ ဆေးပေးဌာနများကိုလည်း ဖွင့်လှစ်ခဲ့သည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]
ဝန်ကြီးဌာန အစိုးရသက်တမ်း
၁။ ကျန်းမာရေးဌာန ၁၉၄၇ - ၁၉၅၃
၂။ ကျန်းမာရေး ဝန်ကြီးဌာန ၁၉၅၃ -၂၀၁၆
၃။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ၂၀၁၆ -၂၀၂၁
၄။ ကျန်းမာရေး ဝန်ကြီးဌာန ၂၀၂၁- ယနေ့အထိ

ဝန်ကြီးများ

[ပြင်ဆင်ရန်]
လွတ်လပ်ရေးမရမီကာလ
စဉ် ဝန်ကြီး စတင်ခြင်း ပြီးဆုံးခြင်း ဒုတိယဝန်ကြီး အစိုးရ ရင်းမြစ်
- ဦးလှမင်း ၁၉၄၃-၁၉၄၅ -
- ပုဂံ ဦးဗဂျမ်း ၁၉၄၅-၁၉၄၇ -
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
၁။ ဦးအောင်ဇံဝေ - ဖဆပလအစိုးရ
၂။ ဦးခင်မောင်လတ် -
၃။ ဒေါက်တာစိန်ဘန်း -
၄။ ဦးဘစော -
၅။ ဦးလှမင်း -
၆။ ဦးထွန်းတင် နိုဝင်ဘာ ၁၉၅၈ - ၆ ဖေဖော်ဝါရီလ ၁၉၆၀ အိမ်စောင့်အစိုးရ
၇။ မစ္စတာစူလတန်မာမွတ် ၁၉၆၀-၁၉၆၂ ပြည်ထောင်စုပါတီ ဦးနုအစိုးရ
၈။ ဗိုလ်မှူးချုပ် သန်းဖေ ၁၉၆၂ တော်လှန်ရေးကောင်စီအစိုးရ
၉။ ဗိုလ်မှူးကြီး လှဟန် ၁၉၆၄-၁၉၇၄
၁၀။ ဒေါက်တာ လှဟန် ၁၉၇၄ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ
၁၁။ ဦးကြည်မောင် ၁၉၇၄-၁၉၇၈
၁၂။ ဦးဝင်မောင် ၁၉၇၈ - ၁၉၈၁
၁၃။ ဦးထွန်းဝေ ၁၉၈၁ - ၁၉၈၈ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အစိုးရ
၁၄။ ဗိုလ်မှူးကြီး ဖေသိန်း ၁၉၈၈ - ၁၉၉၃
၁၅။ ဒုတိယဗိုလ်ချုပ်ကြီး သန်းညွန့် ၁၉၉၃-၁၉၉၆ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
၁၆။ ဦးစောထွန်း ၁၉၉၆-၁၉၉၇
၁၇။ ဗိုလ်ချုပ် ကတ်စိန် ၁၉၉၇-၂၀၀၃
၁၈။ ပါမောက္ခဒေါက်တာ ကျော်မြင့် ၂၀၀၃ ၂၀၁၁[]
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကျန်းမာရေး ဝန်ကြီးဌာန
၁၉။ ပါမောက္ခဒေါက်တာ ဖေသက်ခင် ၃၀ မတ် ၂၀၁၁ ၂၉ ဇူလိုင် ၂၀၁၄ ဦးသိန်းစိန်အစိုးရ
၂၀။ ဒေါက်တာ သန်းအောင် ၁ ဩဂုတ် ၂၀၁၄ ၃၀ မတ် ၂၀၁၆
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
၂၁။ ဒေါက်တာ မြင့်ထွေး ၃၁ မတ် ၂၀၁၆ ၁ ဖေဖော်ဝါရီ ၂၀၂၁ ဦးထင်ကျော်အစိုးရ

ဦးဝင်မြင့်အစိုးရ

၂၂။ ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း ၁ ဖေဖော်ဝါရီ ၂၀၂၁[] ၁ ဩဂုတ် ၂၀၂၁ ဒေါက်တာအေးထွန်း မင်းအောင်လှိုင်အစိုးရ
ကျန်းမာရေး ဝန်ကြီးဌာန
၂၂။ ပါမောက္ခဒေါက်တာ

သက်ခိုင်ဝင်း

၁ ဩဂုတ် ၂၀၂၁ ၃၁ ဇူလိုင် ၂၀၂၅ ဒေါက်တာအေးထွန်း မင်းအောင်လှိုင်အစိုးရ
၃၁ ဇူလိုင် ၂၀၂၅ ၁၀ ဧပြီ ၂၀၂၆ ဒေါက်တာအေးထွန်း ဦးညိုစောအစိုးရ
၁၀ ဧပြီ ၂၀၂၆ ယနေ့အထိ ဒေါက်တာအေးထွန်း ဦးမင်းအောင်လှိုင်အစိုးရ

ဒုတိယဝန်ကြီးများ

[ပြင်ဆင်ရန်]


ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  2. Who's Who in Health and Medicine in Myanmar: a biographical dictionary of men and women who have contributed to the development of health and medicine in Myanmar since independence (1948)။ ရန်ကုန်: Department of Health Planning, Ministry of Health, Myanmar။ ၂၀၀၃။ p. စာမျက်နှာ ၄။
  3. ပြည်ထောင်စု ဝန်ကြီးသစ်တွေ စစ်အစိုးရ ခန့်အပ် VOA


ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]