ဆေးတက္ကသိုလ် (မန္တလေး)
ဆေးတက္ကသိုလ် (မန္တလေး) | |
University of Medicine (Mandalay) | |
ဥပဌာနံ အနုကမ္မာ ဒယာ | |
Service, Sympathy, Humanity | |
upaṭhānaṃ, anukammā, dayā | |
|
|
တည်ထောင်ခုနှစ် | ၁၉၅၄ခုနှစ် |
ပါမောက္ခချုပ် | ပါမောက္ခ ဒေါက်တာခင်မောင်လွင် |
တည်နေရာ | ချမ်းအေးသာစံမြို့နယ်၊ မန္တလေး |
ပိုင်ဆိုင်မှု | ကျန်းမာရေး ဝန်ကြီးဌာန |
ဝဘ်ဆိုတ် | http://www.ummdy.gov.mm |
ဆေးတက္ကသိုလ် (မန္တလေး)သည် မြန်မာပြည်ရှိ ဆေးတက္ကသိုလ် ၅ ခုအနက် မန္တလေးမြို့တွင်ရှိသော ဆေးတက္ကသိုလ်ဖြစ်သည်။ ဆေးပညာဘွဲ့ (MBBS)နှင့် ဆေးပညာဆိုင်ရာ ဒီပလိုမာ၊ ဆေးပညာမဟာသိပ္ပံဘွဲ့ (MMedSc)၊ ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့ (PhD) နှင့် ဆေးလက်တွေ့ပါရဂူဘွဲ့ (DrMedSc) များ သင်ကြားပေးသည်။ မြန်မာပြည် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်မြင့်ကျောင်းသားများ တက်ရောက်ခွင့်ရှိသော ကျောင်းတစ်ကျောင်းဖြစ်ပြီး နှစ်စဉ် ကျောင်းသား ဦးရေ ၃ဝဝ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးသည်။၂ဝ၂၂ခုနှစ်တွင်မူ ကိုဗစ်-၁၉ရောဂါအခြေအနေထက်စစ်အာဏာသိမ်းမှု ၊ ဆန္ဒပြမှုများ နှင့် ပြည်သူ့ ခုခံတော်လှန်ရေးတို့ကြောင့် ကျောင်းသားများသည် တက္ကသိုလ်ဝင်တန်းကို ၆လလောက်သာတက်ပြီး စာမေးပွဲဖြေခဲ့ရသည်။ ထို့ကြောင့် ဆေးတက္ကသိုလ်ဝင်ခွင့်ကို ၆ဘာသာရမှတ်စုစုပေါင်းအနက် အင်္ဂလိပ်စာ၊ဓာတုဗေဒ၊ဇီဝဗေဒ၃ဘာသာရမှတ်ပေါင်းအနည်းအများကိုကြည့်၍ ဝင်ခွင့်ခေါ်ယူမည်ဟု အာဏာသိမ်း စစ်တပ်က ပြောင်းလဲခဲ့သည်။
ဆေးတက္ကသိုလ် (မန္တလေး)သည် Educational Commission for Foreign Medical Graduates က မြန်မာနိုင်ငံအတွင်း အသိအမှတ်ပြုသော ကျောင်း ၅ ကျောင်းအနက် တစ်ကျောင်းလည်းဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၁၉၅၄ ခုနှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး)သည် ရန်ကုန်တက္ကသိုလ်၏ ဆေးပညာဌာနခွဲ (Branch Medical Faculty) တစ်ခုအဖြစ် စတင်ခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် ဆေးပညာဌာန (Faculty of Medicine) အဖြစ် ပြောင်းလဲလိုက်သည်။ ၁၉၆၄ ခုနှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး)(Institute of Medicine, Mandalay) အဖြစ် သီးခြားတည်ထောင်ခဲ့ပြီး ကျောင်းသားကျောင်းသူ (၃၆)ယောက်ကို ဆေးပညာဘွဲ့ (MBBS)အတွက် စတင်သင်ကြားပေးသည်။ ဘွဲ့လွန်သင်တန်းများကို ၁၉၆၈ခုနှစ်တွင် ဇီဝကမ္မဗေဒဘွဲ့လွန်သင်တန်းဖြင့် စတင်ခဲ့သည်။ ၂၀၀၅ခုနှစ်တွင် University of Medicine, Mandalay သို့ အမည်ပြောင်းလဲခဲ့သည်။
ဦးဆောင်မှု
[ပြင်ဆင်ရန်]၁၉၅၄ခုနှစ်မှ စတင်၍ ဆေးတက္ကသိုလ် (မန္တလေး)ကို တက္ကသိုလ်ဋ္ဌာနမှူးမှ ဦးဆောင်အုပ်ချုပ်သည်။ ၁၉၆၄ တွင် Institute of Medicine, Mandalay အဖြစ်ပြောင်းလဲပြီး ပါမောက္ခချုပ် မှ ကျောင်း၏ ဦးဆောင်မှုတာဝန်ကို ထမ်းဆောင်ခဲ့ကြသည်။
တာဝန်ထမ်းဆောင်ခဲ့သော ပါမောက္ခချုပ်များမှာ-
ကာလ | အမည် |
---|---|
xx-၀၄-၁၉၅၄ မှ xx-၀၈-၁၉၆၁ | Prof. Chaudhury (တက္ကသိုလ် ဋ္ဌာနမှူး) |
၀၁-၁၂-၁၉၆၁ မှ ၃၀-၀၉-၁၉၆၄ | Prof. ဘသန်း (တက္ကသိုလ် ဋ္ဌာနမှူး) |
၀၁-၁၀-၁၉၆၄ မှ ၃၀-၀၉-၁၉၆၅ | ဒေါက်တာ မောင်ကလေး |
၀၁-၁၀-၁၉၆၅ မှ ၃၁-၀၈-၁၉၇၁ | ဒေါက်တာ မောင်မောင်ကြီး |
၀၁-၀၉-၁၉၇၁ မှ ၁၄-၀၇-၁၉၇၃ | ဒေါက်တာ ခင်မောင်ငြိမ်း |
၁၅-၀၇-၁၉၇၃ မှ ၁၂-၁၂-၁၉၈၃ | ပါမောက္ခ ဦးဖေသိန်း |
၂၆-၀၆-၁၉၈၄ မှ ၃၀-၀၄-၁၉၉၁ | ပါမောက္ခ ဦးထွန်းသင် |
၀၁-၀၅-၁၉၉၁ မှ ၁၇-၀၃-၁၉၉၆ | ပါမောက္ခ ဦးဇော်ဝင်း |
၁၈-၀၃-၁၉၉၆ မှ ၃၀-၀၃-၂၀၀၅ | ပါမောက္ခ ဦးစိုးထွန်း |
၃၁-၀၇-၂၀၀၅ မှ ၁၅-၀၁-၂၀၀၈ | ပါမောက္ခ ဦးကျော်လှ |
၁၆-၀၁-၂၀၀၈ မှ ၀၄-၀၄-၂၀၁၃ | ပါမောက္ခ ဦးသန်းဝင်း |
၂၅-၀၂-၂၀၁၃ မှ ၂၅-၀၅-၂၀၁၅ | ပါမောက္ခ ဦးတင်မောင်ဟန် |
၂၆-၀၆-၂၀၁၅ မှ ယနေ့အထိ | ပါမောက္ခ ဦးခင်မောင်လွင် |
ဆေးတက္ကသိုလ် (မန္တလေး)ရှိ ဌာနများကို တည်ထောင်ခဲ့သော ခုနှစ်များမှာ -
- ၁၉၅၄ တွင် ခန္ဓာဗေဒဌာန၊ ဇီဝကမ္မဗေဒဌာန
- ၁၉၅၆ တွင် ဆေးဝါးဗေဒဌာန၊ ရောဂါဗေဒဌာန၊ ဗက်တီးရီးယားဗေဒဌာန၊ ဆေးပညာဌာန၊ ခွဲစိတ်ပညာဌာန
- ၁၉၅၇ တွင် သားဖွားနှင့် မီးယပ်ဆေးပညာဌာန၊ မှုခင်းဆေးပညာဌာန၊ နား၊ နှာခေါင်း၊ လည်ချောင်းဌာန
- ၁၉၆၀ တွင် အဏုဇီဝဗေဒဌာန
- ၁၉၆၄ တွင် ကလေးကျန်းမာပညာဌာန၊ မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာန၊ ဓာတုဗေဒဌာန၊ ရူပဗေဒဌာန၊ သတ္တဗေဒဌာန၊ ရုက္ခဗေဒဌာန
- ၁၉၈၇ တွင် ဇီဝဓာတုဗေဒဌာန
- ၁၉၉၀ တွင် အရိုးရောဂါကုသမှု ဆေးပညာဌာန
သင်ကြားမှုကာလ
[ပြင်ဆင်ရန်]ပညာသင်နှစ် | အချိန်ကာလ |
---|---|
ပထမနှစ် | ၁ နှစ် |
ဒုတိယနှစ် | ၁ နှစ်ခွဲ |
တတိယနှစ် | ၁ နှစ် |
နောက်ဆုံးနှစ်အပိုင်း က | ၁ နှစ် |
နောက်ဆုံးနှစ်အပိုင်း ခ | ၁ နှစ်ခွဲ |
အလုပ်သင်ဆရာဝန် | ၁ နှစ် |
ပညာသင်နှစ်စုစုပေါင်း | ၇ နှစ် |
ဘာသာရပ်များ
[ပြင်ဆင်ရန်]ပထမနှစ် အမ်ဘီဘီအက်စ်
[ပြင်ဆင်ရန်]ဒုတိယနှစ် အမ်ဘီဘီအက်စ်
[ပြင်ဆင်ရန်]တတိယနှစ် အမ်ဘီဘီအက်စ်
[ပြင်ဆင်ရန်]သင်ကြားရေး ဆေးရုံများရှိ ဆေးကုသဆောင်နှင့် ခွဲစိတ်ကုသဆောင်များတွင် ဆေးပညာလက်တွေ့သင်တန်းပေးခြင်း ၁၈ပတ်
နောက်ဆုံးနှစ် အပိုင်း(က) အမ်ဘီဘီအက်စ်
[ပြင်ဆင်ရန်]- မှုခင်းဆေးပညာ
- ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ (နယ်ကွင်းဆင်းသင်တန်း ၃ပတ်)
- ရောဂါဗေဒ နှင့် သွေးပညာ
သင်ကြားရေး ဆေးရုံများတွင် ဆေးပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားနှင့် မီးယပ်ရောဂါကုပညာများနှင့် ပတ်သက်သော သင်ကြားပို့ချချက်များကို နားထောင်ပြီး လူနာဆောင်များနှင့် ဆေးခန်းများတွင် လေ့လာသင်ယူရသည်။ မြို့ပြကျန်းမာရေးဌာနများသို့လည်း ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဘာသာရပ်အတွက် သွားရောက်လေ့လာရသည်။
နောက်ဆုံးနှစ် အပိုင်း(ခ) အမ်ဘီဘီအက်စ်
[ပြင်ဆင်ရန်]အလုပ်သင်ဆရာဝန်
[ပြင်ဆင်ရန်]နောက်ဆုံးနှစ် အပိုင်း(ခ) အောင်မြင်ပြီးဆုံးသူတိုင်း မန္တလေး(သို့မဟုတ်) တိုင်းနှင့်ပြည်နယ်ရှိ သင်ကြားရေးဆေးရုံများတွင် အလုပ်သင်ဆရာဝန်အဖြစ် ၁နှစ်တာ လက်တွေ့ပညာသင်ယူရသည်။ လက်တွေ့သင်ယူရသော အချိန်ကာလများမှာ-
ဘာသာရပ် | အချိန်ကာလ |
---|---|
ကလေးကျန်းမာပညာ | ၂ လခွဲ |
ပြည်သူ့အကျိုးပြု ဆေးပညာ | ၂ ပတ် |
ဆေးပညာ(စိတ်ရောဂါကုသမှုပညာ အပါအဝင်) | ၃ လ |
သားဖွားနှင့် မီးယပ်ဆေးပညာ | ၃ လ |
ခွဲစိတ်ကုပညာ(ထိခိုက်ဒဏ်ရာ ဆေးပညာ အပါအဝင်) | ၃ လ |
- အလုပ်သင်ဆရာဝန်အဖြစ် ၁ နှစ်တာ လက်တွေ့ပညာသင်ယူပြီးသောအခါ ဆေးပညာဘွဲ့ (MBBS) အပ်နှင်းခြင်း ခံရသည်။
အလားတူလင့်ခ်များ
[ပြင်ဆင်ရန်]- ဆေးတက္ကသိုလ်(၁) ရန်ကုန်
- ဆေးတက္ကသိုလ်(၂)ရန်ကုန်
- ဆေးတက္ကသိုလ် (မကွေး)
- ပြည်သူ့ ကျန်းမာရေး တက္ကသိုလ် (ရန်ကုန်)
ကိုးကား
[ပြင်ဆင်ရန်]