မာတိကာသို့ ခုန်သွားရန်

ဇော်ဝေစိုး

ဝီကီပီးဒီးယား မှ
ဒေါက်တာ ဇော်ဝေစိုး
ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး
ဝန်ကြီး
ဝန်ကြီးချုပ်ရုံး
အမျိုးသားညီညွတ်ရေးအစိုးရ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၈ ဒီဇင်ဘာ ၂၀၂၅
ခန့်အပ်သူပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
ခေါင်းဆောင်မန်းဝင်းခိုင်သန်း
အမျိုးသားညီညွတ်ရေးအစိုးရ
ယခင်လူရာထူးစတင်
ဝန်ကြီး
ပညာရေး
ကျန်းမာရေး
အမျိုးသားညီညွတ်ရေးအစိုးရ
တာဝန်သက်တမ်း
၁၆ ဧပြီ ၂၀၂၁  ၈ ဒီဇင်ဘာ ၂၀၂၅
ခန့်အပ်သူပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
ခေါင်းဆောင်အမျိုးသားညီညွတ်ရေးအစိုးရ
ယခင်လူရာထူးစတင်
ဆက်ခံသူ
ခေတ္တဝန်ကြီး
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ပညာရေး
ကျန်းမာရေးနှင့် အားကစား
(အမျိုးသားညီညွတ်ရေးအစိုးရ)
တာဝန်သက်တမ်း
၂ မတ် ၂၀၂၁  ၁၆ ဧပြီ ၂၀၂၁
ခန့်အပ်သူCRPH
ယခင်လူရာထူးစတင်
ဆက်ခံသူရာထူးလွှဲပြောင်း
(အမျိုးသားညီညွတ်ရေးအစိုးရထံသို့)
ဆေးတက္ကသိုလ် ၁ ရန်ကုန် ပါမောက္ခချုပ်
တာဝန်သက်တမ်း
၂၀ မေ ၂၀၁၅  ဖေဖော်ဝါရီ ၂၀၂၁
ယခင်လူဒေါက်တာ သက်ခိုင်ဝင်း
ဆက်ခံသူဒေါက်တာကျော်ရွှေ[]
ဆေးတက္ကသိုလ် ၂ ရန်ကုန် ပါမောက္ခချုပ်
တာဝန်သက်တမ်း
၂၀၁၄  ၂၀၁၅
ယခင်လူဒေါက်တာ တင့်ဆွေလတ်
ဆက်ခံသူဒေါက်တာ အေးအောင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၂ (အသက် ၆၃၆၄)
ရန်ကုန်တိုင်း
မိခင်ကျောင်းဆေးတက္ကသိုလ် ၂ ရန်ကုန်


ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးသည် အရိုးအကြောဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်တစ်ဦး နှင့် ပါမောက္ခတစ်ဦးဖြစ်ပြီး၊ ဆေးတက္ကသိုလ် ၁ ရန်ကုန်၏ ပါမောက္ခချုပ်အဖြစ် ၂၀၁၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[][]

၂၀၂၁ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဒေါက်တာဇော်ဝေစိုးအား ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန စသည့်ဌာနများ၏ ခေတ္တပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။[] []

၂၀၂၅ ခုနှစ်၊ဧပြီ ၁၆ ရက် တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ပေးအပ်ခံခဲ့ရကာ၊၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်ကစပြီး ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်လျှက်ရှိသည်။[]

အလုပ်အကိုင်

[ပြင်ဆင်ရန်]

ဒေါက်တာဇော်ဝေစိုးသည် ၁၉၈၆ ခုနှစ်တွင် ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ဆေးပညာဘွဲ့ကို ရရှိခဲ့သည်။၎င်းနောက် မြင်းခြံဆေးရုံတွင် လက်ထောက်ဆရာဝန်အဖြစ် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၀ ပြည့်နှစ်တွင် ယူကေနိုင်ငံမှ ပြန်လာပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရိုးရောဂါဌာန၊ အရိုးရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်) တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဆေးတက္ကသိုလ် (၂) ရန်ကုန်၏ ပါမောက္ခချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။[] ၂၀၁၅ ခုနှစ်၊ မေလ ၂၀ရက်နေ့တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန် ပါမောက္ခချုပ်အဖြစ် ပြောင်းရွှေ့ ခန့်အပ်ခြင်း ခံခဲ့ရသည်။ ‌

ဒေါက်တာဇော်ဝေစိုးသည် မြန်မာနိုင်ငံရှိ ကျောရိုးခွဲစိတ်ပညာ နှင့် အရေးပေါ်ကုသမှုဆေးပညာတို့ကို တည်ထောင်သူများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံပါမောက္ခချုပ်များကော်မတီ၏ ဥက္ကဋ္ဌဖြစ်လာခဲ့သည်။

၂၀၂၀ ပြည့်နှစ်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် ၁၉ ရောဂါတိုက်ဖျက်ရေးတွင် ဦးဆောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

နိုင်ငံရေးဖြတ်သန်းမှုများ

[ပြင်ဆင်ရန်]

၂၀၂၁ခုနှစ် မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရပြီးနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် နှစ်နာရီကြာခန့် ထိန်းသိမ်းခံခဲ့ရပြီး ဆန္ဒပြမှုတွင် ပါဝင်ခြင်း ရှိ၊မရှိ စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရသည်။

ယင်းနောက် လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်သွားခဲ့ပြီး၊အမျိုးသားညီညွတ်ရေးအစိုးရ၏ တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း MOI Myanmar (၂၃ ဇူလိုင် ၂၀၂၂)။ ၃ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. "Rector Message"၊ www.um1ygn.edu.mm Archived from the original on 13 August 2020။
  3. "RECTORS OF UNIVERSITY OF MEDICINE 1, YANGON"၊ www.um1ygn.edu.mm Archived from the original on 13 July 2020။
  4. ခေတ္တပြည်ထောင်စုဝန်ကြီးများကို CRPH က ခန့်အပ် DVB (၂ မတ် ၂၀၂၁)။ ၁၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. ခေတ္တပြည်ထောင်စုဝန်ကြီး ၄ ဦး CRPH ခန့်အပ် VOA (၂ မတ် ၂၀၂၁)။ ၁၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  6. NUG က ဝန်ကြီးအဖွဲ့ကို ချုံ့ပြီး ဒေါက်တာဇော်ဝေစိုးကို ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ်ခန့် Myanmar Now (၉ ဒီဇင်ဘာ ၂၀၂၅)။ ၁၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  7. "RECTORS OF THE UNIVERSITY OF MEDICINE (2) YANGON"၊ www.um2ygn.edu.mm။ Archived from the original on 29 March 2019။