စာရင်းအင်း ပညာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စာရင်းအင်း ပညာရပ်တွင် အသုံးပြုလေ့ရှိသည့် ခေါင်းလောင်းပုံ ကောက်ကြောင်း (Bell Curve)

စာရင်းအင်း ပညာ (statistics) သည် သင်္ချာဘာသာ၏ ဘာသာကွဲတစ်ရပ်ဖြစ်ပြီး အဓိကအားဖြင့် အချက်အလက်များ (data) ကို စုဆောင်းခြင်း (collection)၊ ဆန်းစစ်ခြင်း (analysis)၊ အဓိပ္ပာယ်ဖော်ထုတ်ခြင်း (explanation) နှင် ရှင်းလင်း တင်ပြခြင်း (presentation) စသည့် ဖြစ်စဉ်များ ပါဝင်သည်။ ယင်းပညာရပ်ကို သဘာဝ နှင့် လူမှုရေး သိပ္ပံ မှသည် အစိုးရ နှင့် စီးပွားရေးလုပ်ငန်းများအထိ နယ်ပယ်များစွာတွင် ကျယ်ပြန့်စွာ အသုံးပြုနိုင်သည်။

နိဒါန်း[ပြင်​ဆင်​ရန်​]

စာရင်းအင်းပညာသည် ယခုအခါ ပညာရပ်နယ်ပယ်အသီးသီးတွင် အသုံးပြုလျက်ရှိသည်။ပညာရေးဆေးပညာအင်ဂျင်နီယာကွန်ပျူတာ စသည့်နယ်ပယ်များအပြင် အထူးသဖြင့် လူမှုရေးသုတေသန နှင့် စီးပွားရေးသုတေသန တို့တွင် အလွန် အသုံးဝင်သော ဘာသာရပ်တစ်ခုဖြစ်သည်။ လူမှုရေး နှင့် စီးပွားရေးပြဿနာအချို့ကို စာရင်းအင်းပညာဖြင့် လေ့လာ ဖြေရှင်းနိုင်သည်ကို တွေ့ရပါသည်။ ခေတ်မီသော သုတေသနတွေ့ရှိချက်များကို လေ့လာလိုလျှင်သော်လည်းကောင်း၊ တင်ပြချက်များရေးသားပြုစုရာတွင်လည်းကောင်း၊ သုတေသနလုပ်ငန်းများလုပ်ကိုင်ရာတွင် လည်းကောင်း၊ စာရင်းအင်းပညာရပ်ဆိုင်ရာ ဘာသာစကားကို အထိုက်အလျောက်နားလည် သဘောပေါက်ထားပြီး ဖြစ်ရန် အရေးကြီးပါသည်။ စာရင်းအင်းပညာရပ်သည် ပညာရပ်နယ်ပယ်အများစုတွင် သိပ္ပံနည်းကျ လေ့လာရာ၌ အသုံးကျသည့် ဘာသာရပ်တစ်ရပ်ဖြစ်သည်။ စာရင်းအင်းပညာသည် မည်သည့်နေရာတွင်မဆို ကြိုတင်ခန့်မှန်းသည့်နေရာတွင် အဓိက အသုံးပြုကြသည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

စာရင်းအင်းပညာ၏ မူရင်း အင်္ဂလိပ်စကားလုံးမှာ statistics ဖြစ်သည်။(မြန်မာလို စာရင်းအင်းပညာဆိုသော စကားလုံးကို မည်သူစတင်သည်ဟု မသိရှိပါ။) ထို statistics ဆိုသော စကားလုံးသည် အီတလီစကား `ဖေါ်ပြသည်` ကိုတိုက်ရိုက်သုံးစွဲထားခြင်းဖြစ်သည်။ စာရင်းအင်းပညာ၏အစသည် ၁၇ ရာစု အလယ်မှစတင်သည်ဟု ယူဆကြသည်။ လန်ဒန်မြို့မှ သာမန်စာအုပ်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သော ဂျွန်ဂရန့် သည် ဘုရားကျောင်းများမှ ထုတ်ပြန်သော အပါတ်စဉ်သေစာရင်း များကို စုစည်းကာ ယခု သရုပ်ဖေါ်စာရင်းအင်းဟု ခေါ်ဆိုသော နည်းဖြင့် စာအုပ်(Natural and Political Observations Made upon the Bills of Mortality.)ထုတ်ဝေခဲ့သည်။ များမကြာမီတွင်ပင် ဂျွန်ဂရန့်သည် တော်ဝင်အဖွဲ့အစည်း၏ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါသည်။ ထိုအချိန်မှစတင်၍ စာရင်းအင်းပညာသည် လူဦးရေဆိုင်ရာ အသိပညာ၊ လူမှုရေးသိပ္ပံမှ အတွေးအခေါ်များ ကိုစတင် သက်ဝင်လာခဲ့သည်။ လူတို့၏အပြုအမူများကို လေ့လာရာတွင် အသုံးပြုသည့်အတွက် စာရင်းအင်းပညာကို သဘာဝတ္ထသိပ္ပံ ၏တိကျမှုတိုင်းတာရာတွင် အသုံးမပြုသင့်ဆိုသော အယူအဆများလည်း ပေါ်ထွက်ခဲ့သည်။ အသစ်အသစ်သော ကွဲပြားသည့်နယ်ပယ်အစုံမှ စာရင်းအင်းပညာကို သုံးစွဲလာကြသော်လည်း စာရင်းအင်းပညာရပ်ဆိုင်ရာဘာသာစကားတို့သည် လူအများနှင့် ဝေဝါးဆဲပဲဖြစ်သည်။ ၂ဝရာစုအတွင်းတွင် စာရင်းအင်းပညာရပ်ဆိုင်ရာ တိုးတက်မှုများစွာ ရှိလာသကဲ့သို့ အသုံးပြုသော ပညာရပ်နယ်ပယ်များလည်း များစွာ ပေါ်ထွန်းလာခဲ့သည်။ နက္ခတ္တဗေဒရူပဗေဒပထဝီနှင့် မြေမျက်နှာသွင်ပြင် စသည့် သိမ်မွေ့သော နယ်ပယ်များအထိ အသုံးချလာကြသည်ကို တွေ့ရသည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်[ပြင်​ဆင်​ရန်​]

စာရင်းအင်းပညာရပ်သည် အချက်အလက်များကို ကောက်ယူခြင်း၊ စုစည်းခြင်း၊ အကျဉ်းချုံ့ခြင်း၊ တင်ပြခြင်းနှင့် စိစစ်ခြင်းပြုလုပ်ရန် အသုံးပြုသော သိပ္ပံနည်းကျသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ၁

အဆင့်များ[ပြင်​ဆင်​ရန်​]

စာရင်းအင်းပညာရပ်ကို အသုံးပြု၍ သိပ္ပံနည်းကျလေ့လာရာတွင် အောက်ပါ အချက်များအတိုင်း အဆင့်ဆင့် ဆောင်ရွက်ရန်လိုသည်။ (က) အချက်အလက်များစုဆောင်းခြင်း (Collection of data) (ခ) အုပ်စုအလိုက်စုစည်းခြင်း (သို့မဟုတ်) မျိုးတူစုပြုခြင်း (Classification of data) (ဂ) အချက်အလက်များကို ပေါ်လွင်အောင် သရုပ်ဖေါ်ခြင်း (Description of data) (ဃ) တွေ့ရှိချက်များအပေါ်အခြေပြု၍ အဓိပ္ပါယ်ကောက်ခြင်းနှင့် ကောက်ချက်ချခြင်း (Interpretation and generalization of the results) တို့ဖြစ်သည်။

စာရင်းအင်းအမျိုးအစားသတ်မှတ်ချက်[ပြင်​ဆင်​ရန်​]

စာရင်းအင်းပညာတွင် အဓိကအားဖြင့် ဖော်ပြစာရင်းအင်းပညာ (Descriptive Statistics)နှင့် ညွှန်ပြစာရင်းအင်းပညာ(Inferential Statistics)တို့ဖြင့် ဖွဲ့စည်းထားပါသည်။

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

  • ၁။ ပညာရေးသုတေသနပြုလုပ်နည်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၊ ပထမအကြိမ်၊ တက္ကသိုလ်များပုံနှိပ်တိုက်၊ ၂၀၀၁၊ ဇူလိုင်လ၊ ရန်ကုန်။ နှာ ၁၃၈။
  • Origin of the statistics and probability. http://www.statisticalforecasting.com/origin-statistics-probability.php