ပင်လုံမြို့

ဝီကီပီးဒီးယား မှ
ပင်လုံမြို့အနီးနားရှိရွာများ
ဝဵင်းပၢင်လူင်
ဝေင်ꩻပင်ႏလုံ
မြို့
သမိုင်းဝင် ပင်လုံကျောက်တိုင်
သမိုင်းဝင် ပင်လုံကျောက်တိုင်
ပင်လုံမြို့အနီးနားရှိရွာများ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပင်လုံမြို့အနီးနားရှိရွာများ
ပင်လုံမြို့အနီးနားရှိရွာများ
ပင်လုံမြို့တည်နေရာ
ကိုဩဒိနိတ်: 20°59′30″N 97°31′15″E / 20.99167°N 97.52083°E / 20.99167; 97.52083
နိုင်ငံ မြန်မာ
ပြည်နယ်ရှမ်းပြည်နယ်
ခရိုင်လွိုင်လင်ခရိုင်
မြို့နယ်လွိုင်လင်မြို့နယ်
ပင်လယ်ရေ မျက်နှာပြင်အမြင့်[၂]၁၃၆၆ မီတာ (၄၄၈၂ ပေ)
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၇၂,၁၈၆[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ပင်လုံမြို့ သည် မြန်မာနိုင်ငံရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်လွိုင်လင်မြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ဖြစ်သည်။ မြန်မာ့သမိုင်းဝင် ပင်လုံညီလာခံ ကျင်းပခဲ့ရာနေရာနှင့် ပင်လုံစာချုပ်တို့ ချုပ်ဆိုခဲ့သည့် မြို့ဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်]

ပင်လုံမြို့တွင် ပင်လုံတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(ပင်လုံ)ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)နှင့် တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့ တည်ရှိသည်။

နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ ) အား ၁ -၆-၂၀၀၄ ရက်နေ့တွင် ကျောင်းသား ၆၅ ဦး ဖြင့် စတင်ဖွင့်ခဲ့သည်။ ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်-ပင်လုံ-လဲချား ကားလမ်းမကြီး၏အနောက်ဘက်ဘေးတွင် တည်ၡိပြီး ၁၁.၄၄ ဧကကျယ်ဝန်းသည်။ ဖွင့်ရခြင်း၏ရည်ရွယ်ချက်

  • (က) ပြည်ထောင်စု တိုင်းရင်းသား လူငယ်များပညာရှာရင်း တိုင်းရင်းသား အချင်းချင်း ပိုမို စည်းလုံးချစ်ခင်လျက် ပြည်ထောင်စု မပြိုကွဲရေး အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေး ဟူသော ဒို့တာဝန် အရေးသုံးပါး ကို သက်ဝင်ယုံကြည်၍ ထိန်းသိမ်းစောင့်ရှောက်သော လူငယ်များ ဖြစ်လာစေရန်။
  • (ခ) ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမူ၊ ရိုးရာဓလေ့ထုံးစံကောင်းများကို သိၡိထိန်းသိမ်း သွားစေရန်။
  • (ဂ) နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လူနေမူ အဆင့်အတန်း မြင့်မားရေး အတွက် ဆောင်ရွက်လိုသည့် စိတ်ဓာတ်ထက်သန်စေရန်။
  • (ဃ) အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် အဖြစ်တည်ဆောက်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်လိုသည့် စိတ်ဓာတ်များ မွေးမြူပေးရန် ။
  • (င) ပညာရပ်များ တတ်မြောက်၍ ကျောင်းဆင်းပြီးသွားပါက မိမိဒေသတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများပြန်လည်ဆောင်ရွက်နိုင်စေရန်။

ကျောင်းသား အရည်အချင်း

  1. နယ်စပ် ဒေသ တွင် နေထိုင်သည့် တိုင်းရင်းသား မျိုးနွယ်များ ဖြစ်ပြီး မိမိတိုင်းရင်းသား ဘာသာစကားကို တတ်ကျွမ်းသူ ဖြစ်ရမည်။
  2. မိဘ မဲ့၊ မိမဲ့၊ ဘမဲ့ ဆင်းရဲနွမ်းပါးသူကျောင်းသားများကို ဖော်ပြပါ ဦးစားပေး အစီအစဉ်အတိုင်း စိစစ် လက်ခံ ပါသည်။
  3. ကူးစက်ရောဂါကင်းၡင်းသူ၊ ကိုယ်လက်အင်္ဂါချို့ယွင်းမူမၡိသူ ကျမ္မာရေး ကောင်းမွန်သူ ဖြစ်ရပါမည်။
  4. မူလတန်း၊ အလယ်တန်း(တတိယမှ သတ္တမအထိ) ကျောင်းသားများ ကို ဦးစားပေး လက်ခံသွားပါမည်။
  5. ကျောင်း၏ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရပါမည်။


တာဝန် ထမ်းဆောင်ခဲ့သော ကျောင်းအုပ်များ

  1. ဦးအောင်စိုးဝင်း (ခေတ္တ ကျောင်းအုပ်)
  2. ဦးမိုးကျော်ထင် ( ။ )
  3. ဦးသန်းဌေး ( ။ )

လက်ရှိ (၂၀၁၆-၁၇) တွင် ဦးသိန်းထွန်း ကျောင်းအုပ် တာဝန်ဝတ္တရားများကို ထမ်းဆောင်လျက်ရှိသည်။

ပင်လုံမြို့ တွင် အခြေခံပညာ မူလတန်းကျောင်း (၇) ကျောင်း အနက် အ မ က ( ၂ - ၃ ) တို့သည် မူလွန် ကျောင်း များ ဖြစ်ကြပြီးအထက်တန်းအဆင့် သုံးကျောင်း တည်ၡိသည်။ ဆင်ခြေဖုံးကျေးရွာ များပြားသည့်အတွက် လွိုင်လင်မြို့နယ်၏ အခြေခံမူလတန်းကျောင်း တစ်ရာကျော် အနက်ခြောက်ဆယ်ကျော်သည် ပင်လုံမြို့ဝန်းကျင်တွင် တည်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း။ ။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန။ မေ ၂၀၁၅။ pp. ၆၃။
  2. GoogleEarth