ရွှေယင်မျှော်စေတီတော်

ဝီကီပီးဒီးယား မှ
ရွှေယင်မျှော်စေတီတော်
ရွှေယင်မျှော်ဘုရား
ရွှေယင်မျှော်စေတီတော် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရွှေယင်မျှော်စေတီတော်
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာရွာကြီးကျေးရွာအုပ်စု၊ သာစည်မြို့မန္တလေးတိုင်းဒေသကြီးမြန်မာနိုင်ငံ
ကိုဩဒိနိတ်20°53′40″N 96°00′29″E / 20.894571°N 96.008056°E / 20.894571; 96.008056ကိုဩဒိနိတ်: 20°53′40″N 96°00′29″E / 20.894571°N 96.008056°E / 20.894571; 96.008056
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
Sectထေရဝါဒ ဗုဒ္ဓဘာသာ
ဗိသုကာ
ဗိသုကာပညာရှင်အသောကမင်း
ပြီးစီးc. ၂ ရာစု

ရွှေယင်မျှော်ဘုရားသည် မန္တလေးတိုင်းဒေသကြီးမိတ္ထီလာခရိုင်သာစည်မြို့နယ်၊ ရွာကြီးကျေးရွာတွင် တည်ရှိသည်။ သာစည်-သပြေပင်(မိတ္ထီလာမြို့)လမ်းအရှေ့ဘက် ၁၄၀ မီတာအကွာတွင် တည်ရှိသည်။ စေတီတော်မှ သာစည်မြို့သို့ ၅.၇၀ ကီလိုမီတာ ခန့် ၊ သပြေပင်(မိတ္ထီလာမြို့)သို့ ၉.၂၄ ကီလိုမီတာ ခန့် ကွာဝေးသည်။ စေတီတော်မှ ထီသုံးဆင့်ဘုရား(မိတ္ထီလာမြို့)သို့ အဖြောင့်တိုင်းတာလျှင် ၁၅.၃၁ ကီလိုမီတာခန့်၊ ရွှေမြင်တင်စေတီတော်(မိတ္ထီလာမြို့)သို့ ၁၄.၇၅ ကီလိုမီတာခန့်၊ ကုန်းတောင်းသိမ်(သာစည်မြို့)သို့ ၅.၅၇ ကီလိုမီတာခန့်၊ ငါးဆူကျာင်း(သာစည်မြို့)သို့ ၅.၇၀ ကီလိုမီတာခန့် အသီးသီး ကွာဝေးသည်။ မူလ ဘွဲ့တော်မှာ ရွှေမုဋ္ဌောစေတီတော် ဟူ၍ဖြစ်သည်။

ကောင်းမှုကုသိုလ်ပြုသောမင်းများ[ပြင်ဆင်ရန်]

ရွှေယင်မျှော်ဘုရားကြီးအား ကောင်းမှုကုသိုလ်ပြုကြသော မင်းများမှာ

  1. သီရိဓမ္မာသောကမင်း
  2. အနော်ရထာမင်း
  3. ထီးလှိုင်ရှင်ကျန်စစ်မင်း
  4. အလောင်းစည်သူမင်း
  5. နရပတိစည်သူမင်း
  6. ငါးစီးရှင်မင်း(ပင်းယ)
  7. ပထမမင်းခေါင်မင်း
  8. သီဟသူမင်း(ဆင်ဖြူရှင်)
  9. မိုးညှင်းမင်း(အင်းဝ)
  10. သီဟပတေ့မင်း
  11. သီဟသူ(စမုံချောင်းဖျားမင်း)
  12. သိင်္ခသူ(တောင်ငူဘုရင်)
  13. ညောင်ရမ်းမင်း
  14. အနောက်ဘက်လွန်မင်း
  15. ဘိုးတော်မင်း-ပဒုံမင်းတရား

သီရိဓမ္မာသောကမင်း[ပြင်ဆင်ရန်]

ရွှေယင်မျှော်ဘုရားကြီးသည် သီရိဓမ္မာသောကမင်း၏ ကောင်းမှုတော် တစ်ခုဖြစ်သည်။ သီရိဓမ္မာသောကမင်းသည် သာသနာသက္ကရာဇ် ၂၃၅ ခုနှစ်တွင် အရှင်ယောနကမထေရ်နှင့် မထေရ်ကြီးများနှင့် သာသနာထွန်းကားစေရန် တိုင်းခန်းလှည့်ခဲ့သည်။ ထို့နောက် စေတီတော်ကြီးတည်ထားရမည့်နေရာသို့ ရောက်စဉ် မင်းကြီးပင့်ဆောင်လာသော ဓာတ်တော်မွေတော်များသည် မြတ်စွာဘုရားရှင်တော်မြတ် နှစ်ဆူသဏ္ဌာန် တန်းခိုးတော်ပြတော်မူ၍ ကောင်းကင်မှ သက်ဆင်းလာသည်။ အရှေ့အရပ်သို့မျက်နှာတော်မူလျှက် လူနတ်ဗြဟ္မာတို့၏ အပူဇော်ခဲ့သည်။ မင်းကြီးသည် မြတ်စွာဘုရားညွှန်သောနေရာတွင် ရွှေယင်မျှော်ဘုရားအားတည်ခဲ့သည်။
ရွှေယင်မျှော်စေတီတော် ၏ မြန်မာပြည်အတွင်း အနှံ့အပြားမှ ပျူရှေးဟောင်းအမွေအနှစ်များတွင်တွေ့ရသော လက်ချောင်းရာအရေးအစင်းပါသော အုပ်ချပ်များကဲ့သို့
အိန္ဒိယပြည်-

  • အသောကကျောက်တိုင်-မဂဒါဝုန်၊
  • အဇာတသတ် ဓာတ်ပေါင်းစေတီ-ရာဇဂြိုဟ်၊
  • ဝေသာလီဓာတ်တော်တိုက်၊
  • ဇေတဝန်ကျောင်းတော်- သာဝတ္ထိ၊
  • ကုဿိနာရုံကျောင်းတော်၊
  • လုမ္ဗီနီကျောင်းတော်အနီး၊
  • တိလောကရုတ်_(ဂူ)နန်းတော်ရာ နှင့်

ဒေသပေါင်း(၁၁)နေရာမှ အုပ်ချပ်များ ကိုလေ့လာပြီး သာစည်မြို့ ရွှေယင်မျှော်ဘုရားအနီးဝန်းကျင်မှ တွေ့ရှိရသော အုပ်ချပ်များနှင့်နှိုင်းယှဉ်ရာ ကိုက်ညီမှုများစွာ တွေ့ရှိရသောကြောင့် အသောကမင်းကြီး၏ ကောင်းမှုတော်ဖြစ်သည်ဟု ရှေးလူကြီးများအဆိုအမိန့်များနှင့် သမိုင်းဆရာများ ကောက်ချက်များကို တွေ့ရသည်။

အနော်ရထာမင်း[ပြင်ဆင်ရန်]

ပုဂံခေတ် မြန်မာသက္ကရာဇ် (၄၀၁)ခုနှစ် အနော်ရထာမင်းတိုင်းခန်းလှည့်လည်လာစဉ် ရွှေယင်မျှော်ဘုရားအနီးတွင် တပ်တော်ရပ်နား၍ တစ်ညဉ့်နားစက်ခဲ့သည်။ မိုးသောက်ချိန်တွင်ဆင်ဖြူတော်သည် ချပ်ဝတ်တန်ဆာများ ဆင်ယင်ခြင်း အကမခံသည်ကို သမားညိုတို့အား ခေါ်လျက်မေးမြန်းခဲ့သည်။ သမားညိုတို့က မင်းကြီး၏ ဘိုးဘေးတို့၏ ကောင်းမှုတော်အား ဖူးမြော်စေလို၍ဟု လျောက်သော် ဆင်ဖြူတော်အားရှေ့မှ သွားစေလျက် မူးမတ်ဗိုလ်ပါများနှင့်တကွ နောက်မှ ထပ်ကြပ် လိုက်လေသော် ဆင်ဖြူသည် စေတီ၏ အရှေ့တောင်အရပ် ဝါးဆယ်တောင်ခန့်အကွာဝပ်နေသည်။ ဆင်၏ဦးကင်း ဝဲယာရှေ့ရှိ ခြုံနွယ်များကို ရှင်းလင်းနေစဉ် စေတီတော်အားတွေ့လေသည်။ စေတီတော်အထက်မှ ဥဒေါင်းငှက်အရွယ် ရွှေယင်ကောင်ကြီးသဏ္ဌာန် တန်ခိုးတော်ပြကာ တောင်အရပ်သို့ ကြွချီသွားသည်ကို ဖူးမြော်လိုက်ရသည်။ မင်းကြီးသည် ခြုံနွယ်များကို ပြောင်စင်အောင်ရှင်းလင်းစေပြီး ပတ္တမြားကြုတ်ဖြင့်ကိုးကွယ်ရန် ပင့်ဆောင်ထားသော မြတ်စွာဘုရား၏ နှလုံးတော်ဓာတ်အား စေတီတော်၌ ဌာပနာ၍ လှူဒါန်းခဲ့သည်။ မြတ်စွာဘုရား၏ နှလုံးတော်ဓာတ်သည် မြတ်စွာဘုရားသက်တော်ထင်ရှားရှိနေဟန် ကောင်းကင်သို့ ကြွချီကာ တန်ခိုးတော် ပြကာ ရောင်ခြည်တော် ခြောက်ပါးကွန့်မြူးလေသည်။ ထို့နောက်မြတ်စွာဘုရားရှင်သည် အနော်ရထာမင်းအား ဗျာဒိတ်တော်ပေးတော်မူလေသည်။ အနော်ရထာမင်းကြီးသည် ကျောက်ဖြူဆင်းတုတော်ရေ(၃၀) နှင့် ကျောက်ထီးစင်းရေ (၃၀) လှူဒါန်းခဲ့သည်။ ရွှေယင်မျှော်ဘုရားကြီးသည် ရှေးအစဉ်အဆက်မှ ယနေ့တိုင် တန်ခိုးတော်ကြီးမားခြင်းများ၊ အံ့ဖွယ်ကိုးပါး ဖြစ်ရပ်များစွာရှိခဲ့သည်။

အနော်ရထာမင်းကြီး အဓိဋ္ဌာန်[ပြင်ဆင်ရန်]

အနော်ရထာမင်းကြီးသည် "ကျွန်ုပ်သည် လူတွင်ထင်ရှား ဘုရားဖြစ်လတံ့မှန်ပါလျှင် ယခု စိုက်သော နဂါးပတ်ချွန်းရိုးသည် နေ့ချင်းပင် အညွန့်ရှင်လန်း ပေါက်စေသော်" ဟု အဓိဋ္ဌာန်၍စိုက်သောအခါ နေ့ချင်းပင် အညွန့်ထွက်ရှင်လာခဲ့သည်။ ထိုအညွန့်ကို "မေတ္တာပန်" မှတ်ယူကာ ခူး၍ ဦးခေါင်း၌ ပန်ဆင်ခဲ့လေသည်။ "အရှင်ဘုရား ကျွန်ုပ်ကား ပန်ဆင်ရပါပြီ နောက်လိုက်ပေါင်းတို့ ပန်ဆင်ရအောင် အညွန့်ထွက်ပါစေသား" ဟု ဆုတောင်းပြီး နောက်နေ့ တဖန်မိုးသောက်သောအခါ ထပ်မံထွက်လာသော် မင်းကြီးလက်ဖြင့် စေ့အောင့်ကမ်း၍ နောက်လိုက်အမတ် ရှစ်သောင်းစေ့အောင်ပန်ဆင်ကြရလေသည်။ "အရှင်ဘုရား ကျွန်ုပ်ဌာပနာသော ပတ္တမြားတို့သည် နောင်လာလတ္တံ့သောသူတို့ ပူဇော်လိုသော စိတ်ရှိလျှင် ဂူတွင်းကတက်၍ မျက်မှောက်ထင်ထင် မြင်ပါစေသား၊ ဤပတ္တမြားတို့ကို လိုချင်သော ဆန္ဒနှင့် တစ်ပါးသူတို့ ထုတ်ယူဆောင်သွားခဲ့သော် တံတိုင်းအပြင်သို့ရောက်လျှင် မပါပဲ ဌာပနာတိုက်သို ပြန်၍ ဝင်ရောက်သည် ဖြစ်စေသောဝ်" ဟု အဓိဋ္ဌာန်ခဲ့လေသည်။ စေတီတော်၏ အရှေ့တောင်အရပ် ဆင်ဖြူတော်ဝပ်သောနေရာ၌ ဆင်တော် ဝပ်နေဟန် ရုပ်တုပြုလုပ်ထားပြီး "ဤဆင်ရုပ်ကို တက်၍ စီးသော်လည်းကောင်း၊ မှီ၍နေသော်လည်းကောင်း၊ အုတ်ခဲ လှံတံတို့ဖြင့် ပစ်ခတ်သော်လည်းကောင်း ပြုသော် ထိုသူတို့သည် နာဖျား ယားယံလေအံ့သတည်း၊ မိမိပြုသော အပြစ်ကို ပူဇော်ကန်တော့ပြန်လျှင် ပြေပျောက်စေသတည်း" ဟု အဓိဋ္ဌာန်ခဲ့လေသည်။
ရွှေယင်မျှော်စေတီတော်ကြီး၏ အံ့ဖွယ်ကိုးပါးမှာ-

  1. အဓိဋ္ဌာန်သောကြောင့် နဂါးပတ်ချွန်းရိုး မှ တညဉ့်တည်းအညွန့်ထွက်ခြင်း၊
  2. ထပ်မံအဓိဋ္ဌာန်သောကြောင့် အညွန့်ပြန်ထွက်လာ၍ အမတ်များကို ဝေငှနိုင်ခြင်း၊
  3. ဌာပနာသော ပတ္တမြားများသည် ပူဇော်လိုသူများ အဓိဋ္ဌာန်သော် ပေါ်ထွက်လာခြင်း၊
  4. လောဘသားများ ခိုးဝှက်ယူဆောင်သော် တံတိုင်းအပြင်ရောက်သော် မူလအတိုင်းပြန်လည်တည်ရှိခြင်း၊
  5. ဆင်တော်အကပ်မခံခြင်း၊
  6. ဆင်တော်ကိုလွှတ်လျှင် စေတီတော်၏ အရှေ့တောင်အရပ်၌ ဝပ်နေခြင်း၊
  7. ခြုံနွယ်များကိုရှင်းလင်းစဉ် ဥဒေါင်းခန့် ယင်ကောင်ကြီးအား မြင်တွေ့ရခြင်း၊
  8. မြတ်စွာဘုရား၏ နှလုံးတော် ဓာတ်တော်ကို ဌာပနာလှူဒါန်းထားရှိခြင်း၊
  9. မွေတော်ဓာတ်တော်တို့သည် မြတ်စွာဘုရားရှင် သက်တော်ထင်ရှားသဏ္ဌာန် တန်းခိုးတော်ပြလျက် ဗျာဒိတ်တော်ပေးခြင်း
    တို့ဖြစ်သည်။

ကျန်စစ်မင်း(ထီးလှိုင်ရှင်မင်း)[ပြင်ဆင်ရန်]

သက္ကရာဇ် ၄၂၆ ခုနှစ်တွင် ထီးနန်းတက်ခဲ့လေသော ကျန်စစ်မင်းသည် တိုင်းခန်းလှည့်လည်လာစဉ် ရွှေယင်မျှော်ဘုရားကြီးတောင်ဘက် ၁၆ ကီလိုမီတာခန့် အကွာ ၌ ယာယီစံမြန်းနေတော်မူသည်။ ညအခါ မင်းဦးကိုးကွယ်လျက်ဆောင်ယူလာသော ဓာတ်တော်(၃)ဆူ (ဦးခွံတော်ဓာတ်၊ လကျ်ာနားသွေးဓာတ်၊ မွေရှင်တော်ဓာတ်) တို့သည် ဖျာကြီးအရွယ်မျှ တန်ခိုးရောင်ခြည်တို့သည် တဲနန်းအထက် တက်ကာ မြောက်အရပ်သို့ ပြန်တက်သွားသည်ကို မြင်တော်မူသည်။ ထိုစဉ်မင်းကြီးသည် "မီး မီး" ဟု ရောင်ရမ်းတော်မူသည်ကို အစွဲပြု၍ ထိုအရပ်ကို ရောင်ရမ်း ဟုခေါ်ဆိုခဲ့လေသည်။
ခေတ်ကာလ ကြာမြင့်လာသော် ယခု အခါ ညောင်ရမ်းဟု ခေါ်တွင်လာခဲ့သည်။
ကျန်စစ်မင်းသည် မိမိကိုးကွယ်လျက်ရှိသော ဓာတ်တော်တို့သည် ရွှေယင်မျှော်ဘုရားတွင် အနော်ရထာမင်းကြီး၏ ကောင်းမှုတော်တို့နှင့် အတူ ကိန်းဝပ်လိုသည်ဟု ယူဆကာ စေတီတော်သို့သွားရောက်ပြီး ဌာပနာတိုက်အား တူးဖောက်ကာ ဓာတ်တော်များကို ဌာပနာ၍ လှူဒါန်းခဲ့လေသည်။ ထို့အပြင် သံတိုင်ကြီးတစ်တိုင် ထောက်ကာ ရွှေစင်အတိပြီးသော ဇေတဝန်ကျောင်းတော် ပုံ ကျောင်းတော်၊ မြတ်စွာဘုရား အား မြ၊ သန္တာတို့ဖြင့် အရှေ့အရပ်သို့ မျက်နှာမူလျှက် အဘိဓမ္မာတရား ဟောလေဟန် ပူဇော်ပြီး၊ မင်းကြီးနှင့် မိဖုရား ၄ ပါး တရားနာဟန်အရုပ်တို့ကို ရွှေစင်တစ်သိန်း စီဖြင့် ပြုလုပ် ဌာပနာခဲ့လေသည်။

အလောင်းစည်သူမင်း[ပြင်ဆင်ရန်]

အလောင်းစည်သူမင်းသည် အင်းတိန်အရပ်တွင် (၄)နှစ်မှစံတော်မူပြီး အောက်ပိုင်းသို့ ဆင်းလာရာ ရွှေယင်မျှော်ဘုရားအနီးသို့ရောက်လေသော် မျက်ကွင်းတော်ဓာတ်တော်နှင့်မွေတော်ဓာတ် ၆ဆူတို့သည် ပရိက္ခရာရှစ်ပါးနှင့် ကောင်းကင်သို့ကြွမြန်း ၍ တန်ခိုးပြတော်မူလေသည်။ မင်းကြီးနှင့်နောက်လိုက်ဗိုပါ ရှစ်သောင်းတို့သည်လည် မြေ၌ ဝပ်၍ ပူဇော်ကြလေသည်။ မွန်းတဲ့ချိန်ထိ အရပ်လေးမျက်နှာရှိသူတို့သည် ဓာတ်တော် ၆ဆူမှ မိမိတို့ထံလှည့်လျက် အပူဇော်ခံသည်ဟု ထင်မှတ်ကြလေသည်။ မင်းကြီးသည် စေတီတော်၏ အရှေ့အရပ်မှ ဥမင်ကဲ့သို့ဖောက်စေကာ အလျား ၁၀ တောင် အနံ ၅ တောင် ရှိကျောက်ဖျာ ၆ချပ်ခင်းစေပြီး ကြေးပြား ၊ ရွှေပြားတို့ဖြင့်တစ်တိုင်စီ သေချာစွာ ပြုလုပ်စေသည်။ မြကျောက်ဖျာထက်တွင် မြတ်စွာဘုရားမှ ဖခမည်းတော်၊ မယ်တော်တို့ကို တရားဟောနေလေသော ရုပ်တုများ၊ မင်းကြီးနှင့် မိဖုရား၄ ဦး ပုံ နှင့် သားတော် ၄ ဦးတို့ကို ရွှေသား တစ်သိန်းစီဖြင့် ပြုလုပ်ဌာပနာပြီး ဆင်တော် ၂ စီးပုံ ကို ငွေစင် တစ်ပိဿာ ငါးဆယ်စီ ပြုလုပ်လှူဒါန်းခဲ့သည်။ လကျ်ာနားတော်ဓာတ်ကို ပတ္တမြားကြုတ်၊ လက်ဝဲနားတော်ဓာတ်ကို မြကြုတ် တို့ဖြင့် ဌာပနာပူဇော်ခဲ့လေသည်။ ဌာပနာတိုက်အတွင်း မျက်နှာကျက်တွင် ပတ္တမြားရှင်ကို တပ်၍ လည်း လှူဒါန်းခဲ့သည်။
ထို့နောက် စေတီတော်တောင်ဘက် တံတိုင်းအတွင်း အရှင်အရဟံ၊ အရှင်ဉာဏ၊ အရှင်အာနန္ဒာ၊ အရှင်သီလဗုဒ္ဓိ၊ အရှင်တပိဋကနာထ၊ အရှင်ဝိနယဓရတိဿ စသော ရဟန္တာ သံဃာတော်မြတ်များအား သိမ်တော်ကြီးကို သမုတ်စေပြီး ကောင်းမှုပြုခဲ့လေသည်။


နရပတိစည်သူမင်း[ပြင်ဆင်ရန်]

အလောင်းစည်သူမင်းကြီး၏ မြေးတော် နရပတိစည်သူမင်းကြီးသည် သက္ကရာဇ် ၅၃၆ ခုနှစ်တွင် အရိမဒ္ဒနာပေါက္ကံပြည်ကြီးတွင် နန်တက်တော်မူသည်။ သက္ကရာဇ ၅၆၈ တွင် ကုန်းရေနှစ်တန် ဗိုလ်ပါများခြံရံကာ အရပ်ရှစ်မျက်နှာသို့ တိုင်းခန်းလှည့်လည်တော်မူစဉ် ဗလဝါမုခ သို့ရောက်ပြီး နောက်ပြန်လာခဲ့သည်။ လမ်းတွင် မလ္လာယုကျွန်းသို့ တစ်ထောက်ဝင်သောအခါ မြတ်စွာဘုရား၏ လက်ျာမျက်လုံးသူလာဓာတ်တော်ကို ရလာခဲ့သည်။ ရလာသော လက်ျာမျက်လုံးသူလာဓာတ်တော်ကို ပတ္တမြားကြုတ်နှင့်ထည့်ကာ ဦးခေါင်းတော်ထက် ရွက်တော်မူ၍ ပူဇော်လျက် ကြွမြန်းလာသည်။ ရွှေယင်မျှော်စေတီတော၏ အရှေ့အရပ် တာ ၅၀၀ ခန့်တွင် လှေစကြာ မရွေ့ဘဲရှိသော သမားဖြူသမားညိုတို့အား မေးတော်မူလေသည်။ သမားဖြူ သမားညိုတို့မှ "အရှင်မင်းကြီး ဘိုးဘေးတို့၏ ကောင်းမှုတော် ဖြစ်သော ဓာတ်တော်မွေတောတို့အား နတ်ကောင်းနတ်မြတ်တို့မှ ဖူးမြင်စေလို၍ တားမြတ်တော်မူဟန် အမှန်ဖြစ်သည်ဟု" လျောက်တော်မူလေသည်။
မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များ ကိန်းအောင်းလျက်ရှိသေ ရွှေယင်မျှော် စေတီတော်အား ရှာဖွေရန် တပ်တော်ကိုပစ်၍ ရှာဖွေစေလေသည်။ ထိုအရပ်သည် တပ်ကိုပစ်၍ ရှာတော်မူလေသောကြောင့် တက်ပစ်တောင်ဟု ယနေ့တိုင် အမည်တွင်နလေသည်။

နရပတိစည်သူမင်း၏ ကောင်းမှုတော်[ပြင်ဆင်ရန်]

လှေစကြာသည်စေတီတော်၏ အရှေ့အရပ်၌ ဆိုက်သော ပထဝီမြေကြီးသည် သည်းထန်စွာလှုပ်လေသည် တဖန်သမားဖြူသမားညိုတို့မှ "အရှင်မင်းကြီး၏ ဘုန်းပါရမီကြောင့် အရောင်သေး အရောင်ငယ် ရောင်တော်ခြောက်သွယ်ပြတောမူမည်ဟု" လျောက်တော်မူလေသည်။ လျောက်ထားသည့်အတိုင်း ရောင်တော်ခြောက်သွယ်ကို ဖူးမြင်ရ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်တော်မူကာ စေတီတော်၏ အရှေ့မျက်နှာမှ ဌာပနာတိုက်ကိုဖောက်စေကာ ကျောက်ဖျာလေးချပ်ကာ၍ ကျောက်ဖျာတစ်ချပ်ကိုခင်းစေသည်။ ခင်းထားသောကျောက်ဖျာထက်၌ ငွေပြားအထုတစ်တိုင်၊ ရွှေပြားအထုတစ်တိုင် မိုးရေမဝင်အောင်စီမံစေပြီး တိုင်လေးတိုင်ထက်၌ ကြာပုံကြီး စီမံစေလေသည်။ လက်ျာမျက်လုံးတော်သူလာဓာတ်တော်ကို ပတ္တမြားကြုတ်၌ထည့်ပြီးတဖန် သင်္ဂနိတ်ရွှေစင်စေတီတော်သို့ထည့်ပြန်လေသည်။ သင်္ဂနတ်ရွှေစင်စေတီတော်ကို တဖန် ဇမ္ဗူရစ်စေတီတော်၌ ထည့်ပြီး စေတီတော၏ အထွဋ်၌ ဥဒေါင်းဥခန့်ရှိသော ပတ္တမြားကိုတပ်၍ လင်းစေပြီး ဌာပနာတော်မူလေသည်။
မြတ်စွာဘုရားသည် သုဇာတာလှုသော ဃနာနို့ဆွမ်းကို ဘုန်းပေးတော်မူပြီး နေရဉ္စရာမြစ်၌ ရွှေခွက်မျှောရာ ရပ်တော်မူသောဟန်ကို ရွှေစင်မူးချိန် ၁ သိန်း၊ နရပတိစည်သူမင်းကြီး ရုပ်တု၊ မိဖုရား ဝေဠုဝတီရုပ်တု၊ မရီးတော် ၄ ဦး ရုပ်တုတို့ကို ရွှေစင်ချည်းတစ်သိန်းဖြင့် ပြုလုပ်စေပြီး ဌာပနာတိုက်ကိုပိတ်စေလေသည်။

နရပတိစည်သူမင်း၏ အဓိဋ္ဌာန်[ပြင်ဆင်ရန်]

ဌာပနာတိုက်၏ အပြင်တွင် အရှေ့ဘက်၌ ကျားစက်နှစ်ခု၊ မြောက်ဘက်၌ ယက္ခိုက်ဘီလူးစက်နှစ်ခု၊ တောင်ဘက်၌ ဂမ္ဘာန်ဘီလူစက် နှစ်ခုစီ ထားရှိလေသည်။
ထိုသို့ပြုလုပ်ပြီးလျှင် "အာစိန္တေယျအတိုင်းမသိသော ဘုရားရှင်တို့အားဖြင့် စေတီတောအား အန္တရာပြုအံ့လျှင် လူမိစ္ဆာတို့ မတတ်အံ့တည်း"ဟု ဓိဋ္ဌာန်တော်မူခဲ့လေသည်။

ငါးစီးရှင်မင်း(ပင်းယ)[ပြင်ဆင်ရန်]

ပင်းယခေတ် သက္ကရာဇ် ၇၀၄ ခုနှစ်တွင်ထီးနန်းတက်သော ငါးစီးရှင်ကျော်စွာမင်းလက်ထက်တွင် မြတ်စွာဘုရားကိုယ်တော်ကဲ့သို့သော ကိုယ်တော် ၉ ပါး၊ သံဃာတော် ၉ သိန်း နှင့်တကွ ရွှေယင်မျှော်စေတီတော်၏ တောင်အရပ်မှ ကြွလာပြီး "ငါးစီးရှင်မင်းတရားသည် ငါ့အားမဖူးပဲ အဘယ့်ကြောင့် ကြာလေသနည်း"ဟု မိန့်တော်မူသည်ကို အိပ်မက်မြင်မက်လေသည်။ ထို့ကဲ့သို့သော အိပ်မက်မက်တော်မူ၍ ၇ ရက်အတွင်း မူးမက်တို့နှင့်တိုင်ပင်တော်မူပြီးလျှင် စစ်အင်္ဂါ ၄ပါးနှင့် ရွှေယင်မျှော်စေတီတော်အား ဖူးမြော်မည်ဟု ချီတက်တော်မူလေသည်။ ငါးစီးရှင်မင်းတရားသည် စေတီတော်သို့ဆိုက်ရောက်သော် စေတီတော်၏ မြောက်အရပ်မှ သံတောင်အလျား ၁၀ တောင်၊ အနံ ၅ တောင် တူးစေပြီး ဖန်အရောင်အဆင်းရှိသော ကျောက်ဖျာ ၁ ချပ်ကိုခင်း၍ ၄ ချပ်ကို ကာလျှက် ဌာပနာတိုက်ကို စေ့စပ်သေချာစွာ ပြုလုပ်လေသည်။ ငွေသားထုလက်လေးသစ်၊ ရွှေသားထု လက်လေးသစ် ပတ်လည်ကာလေသည်။ ဆင်ဖြူငါးစီးရုပ်ကို ငွေသား ၁၅၀ ကျပ်စီဖြင့်သွန်းလုပ်ပြီး ဆင်ဖြူအထက်၌ ဂေါတမမြတ်စွာဘုရားရှင်၏ လက်မတော်နှစ်ဆူ ကို ပတ္တမြားကြုတ်၌ထည့်လျက် မြစေတီသံတောင်နှစ်ဆူတွင်ထည့်ကာ ပူဇော်လေသည်။ ဌာပနာတိုက်အတွင်း အလင်းဓာတ်မပြတ်လပ်စေရန် ပတ္တမြားမြတ်ရှင် နှစ်လုံးကိုလည်း ထည့်သွင်းပြီး အဋ္ဌဝီသ ရုပ်တုတော်ကို ငွေစင်ချည်းထုလုပ်ကာ၊ ဗောဓိပင်နှင့်အတူ ထည့်သွင်း၍ ဌာပနာတိုက်ကို ပိတ်လေသည်။ အထက်စေတီတော်ကိုလည်း အောက်ဖိနပ်တော်မှ ငှက်မြတ်နားတော်တိုင် ရွှေပုစွန်ခွံ ထည့်တော်မူလေသည်။

ပထမမင်းခေါင်မင်း[ပြင်ဆင်ရန်]

သီဟသူမင်း(ဆင်ဖြူရှင်)[ပြင်ဆင်ရန်]

မိုးညှင်းမင်း(အင်းဝ)[ပြင်ဆင်ရန်]

သီဟပတေ့မင်း[ပြင်ဆင်ရန်]

သီဟသူ(စမုံချောင်းဖျားမင်း)[ပြင်ဆင်ရန်]

သိင်္ခသူ(တောင်ငူဘုရင်)[ပြင်ဆင်ရန်]

ညောင်ရမ်းမင်း[ပြင်ဆင်ရန်]

အနောက်ဘက်လွန်မင်း[ပြင်ဆင်ရန်]

ဘိုးတော်မင်း-ပဒုံမင်းတရား[ပြင်ဆင်ရန်]

ဝက်ကြီး[ပြင်ဆင်ရန်]

နှောင်းပိုင်းအခါက သားသက်သမားထံမှ ဝက်ကြီးတစ်ကောင် လွတ်လာပြီး ဘုရား၏ခြေရင်း၌ ဝပ်တွားနေသည့် အဖြစ်ရှိခဲ့ဖူးလေသည်။ ဘုရားဂေါပကများမှ ဝက်တန်ဖိုးအတိုင်းပေးချေ၍ အသက်အားကယ်ဆယ်ခဲ့လေသည်။ တိရစ္ဆာန်ဖြစ်သော်လည်း ဘုရား၏ အရိပ်ကိုခိုလှုံရမည်ကို သိနားလည်သည်မှာလည်း အံ့ဖွယ်ဖြစ်ရပ် တစ်ခုပင်ဖြစ်လေသည်။ ထိုဝက်ကြီး သေလွန်သော် ဘုရား၏ မြောက်အရပ်၌ ရုပ်တုတစ်ခုပြုလုပ်ထားရှိပေးထားသည်။

ဓာတ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]