ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) | |
---|---|
ဒကစ(လောက်ကိုင်) | |
![]() အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | ![]() |
တပ်မတော် အမျိုးအစား | ![]() |
တပ် အမျိုးအစား | ဒေသကွပ်ကဲမှုစစ်ဌာနချုပ် |
အစိတ်အပိုင်း | အရှေ့မြောက်တိုင်းစစ်ဌာနချုပ် |
စစ်ဌာနချုပ် အခြေစိုက် | လောက်ကိုင်မြို့၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ |
အုပ်ချုပ်သူများ | |
ဒေသကွပ်ကဲရေးမှူး | ဗိုလ်မှူးချုပ် မိုးကျော်သူ |
ဒုတိယ ဒေသကွပ်ကဲရေးမှူး | ဗိုလ်မှူးကြီး |
အဆောင်အယောင်များ | |
အလံတော် | ![]() |
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) (အတိုကောက် ဒကစ(လောက်ကိုင်)) သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲအောက်တွင်ရှိသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တစ်ခုဖြစ်ပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် အခြေစိုက်သည်။ ဒကစ(လောက်ကိုင်)၏ အဓိကတာဝန်မှာ ရမခ ကွပ်ကဲမှုအောက်ရှိ ဝေးလံသောဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား တာဝန်ယူဆောင်ရွက်ရန်၊ အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့်ထိစပ်နေသော နယ်နိမိတ်မျဉ်းရှိသဖြင့် မဟာဗျူဟာအရ အရေးပါသည့်ဒေသကို ထိန်းချုပ်ရန်၊ နယ်မြေအတွင်းရှိ လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ (စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်)ဆိုင်ရာ လုပ်ငန်းများကို ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် စစ်ရုံးမှ အထက်ဌာနများ၏ အမိန့်နှင့် ညွှန်ကြားချက်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား ထပ်ဆင့်ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရန်ဖြစ်သည်။ ထို့ပြင် လက်ရှိတွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားဆဲဖြစ်သဖြင့် အရပ်ဘက်အုပ်ချုပ်ရေးပိုင်းကိုပါ ဝင်ရောက်ကူညီလျက်ရှိသည်။ လက်ရှိ ဒကစ(လောက်ကိုင်)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် မိုးကျော်််သူ ဖြစ်သည်။
သမိုင်း[ပြင်ဆင်ရန်]
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
ကိုးကန့်အရေးအခင်း ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဗိုလ်မှူးချုပ် ဝင်းမောင် မှာ ရာထူးမှဖယ်ရှားခံလိုက်ရပြီးနောက် ဗိုလ်မှူးချုပ် လှမြင့် အား ခန့်အပ်ခဲ့လေသည်။
ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည် -
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး[ပြင်ဆင်ရန်]
- ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးရုံး
- ဒုတိယဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးရုံး
- စစ်ဦးစီးမှူး(ပထမတန်း) ရုံး
- စစ်ဦးစီးမှူး(ဒုတိယတန်း) ရုံး
- ဦးစီးအရာရှိ(ဒုတိယတန်း) (စစ်ရေးဌာန) ရုံး
- ဦးစီးအရာရှိ(ဒုတိယတန်း) (စစ်ထောက်ဌာန) ရုံး
- အုပ်ချုပ်မှုတပ်ခွဲရုံး
ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်းများ[ပြင်ဆင်ရန်]
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၏ တိုက်ရိုက်ကွပ်ကဲလက်အောက်ခံ တပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
- အမှတ်(၁၂၅) ခြေလျင်တပ်ရင်း (ကုန်းကြမ်း)
- အမှတ်(၁၂၇) ခြေလျင်တပ်ရင်း (ကောင်းကော်-ကွမ်းလုံ)
- အမှတ်(၁၂၈) ခြေလျင်တပ်ရင်း (ပါစင်ကျော်)
- အမှတ်(၁၂၉) ခြေလျင်တပ်ရင်း (ဉာဏ်ကွမ်း-ချင်းရွှေဟော်)
- အမှတ်(၂၃၉) ခြေလျင်တပ်ရင်း (နားလီ-လောက်ကိုင်)
- အမှတ်(၃၁၂) ခြေလျင်တပ်ရင်း (ကွမ်းလုံ)
- အမှတ်(၃၂၂) ခြေလျင်တပ်ရင်း (လောက်ကိုင်)
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးတာဝန်ထမ်းဆောင်ခဲ့သူများ[ပြင်ဆင်ရန်]
![]() | ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |