အနောက်တောင်တိုင်းစစ်ဌာနချုပ်
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (စက်တင်ဘာ ၂၀၂၁) |
အနောက်တောင်တိုင်းစစ်ဌာနချုပ် | |
---|---|
နတခ | |
![]() အနောက်တောင်တိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | ![]() |
တပ်မတော် အမျိုးအစား | ![]() |
တပ် အမျိုးအစား | တိုင်းစစ်ဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း |
အမည်ပြောင် | ဒီရေလှိုင်း |
အုပ်ချုပ်သူများ | |
တိုင်းမှူး | ဗိုလ်မှူးချုပ် ဝေလင်း |
အဆောင်အယောင်များ | |
အလံတော် | ![]() |
အနောက်တောင်တိုင်းစစ်ဌာနချုပ် (အတိုကောက် နတခ) သည် ပုသိမ်မြို့တွင် အခြေစိုက်သော တိုင်းစစ်ဌာနချုပ် တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ဧရာဝတီတိုင်းဒေသကြီးနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် ဝေလင်း ဖြစ်သည်။[၁][၂]
သမိုင်း[ပြင်ဆင်ရန်]
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်တွင် စစ်ဗျူဟာမှူး(၃)ဦး ဦးစီးသည့် စစ်ဗျူဟာအဖွဲ့ (၃)ဖွဲ့နှင့် ၎င်း စဗဟများ ကွပ်ကဲအောက်ရှိ ခြေလျင်/ခြေမြန်တပ်ရင်း (၁၀)ရင်းရှိသည်။
အမှတ်(၁)စစ်ဗျူဟာအဖွဲ့[ပြင်ဆင်ရန်]
အမှတ်(၁)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၁)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၄)ရင်းရှိသည်။
- ခလရ / ခမရ - (၄)ရင်း
အမှတ်(၂)စစ်ဗျူဟာအဖွဲ့[ပြင်ဆင်ရန်]
အမှတ်(၂)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၂)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။
- ခလရ/ ခမရ - (၃)ရင်း
အမှတ်(၃)စစ်ဗျူဟာအဖွဲ့[ပြင်ဆင်ရန်]
အမှတ်(၃)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၃)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။
- ခလရ/ ခမရ - (၃)ရင်း
အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ[ပြင်ဆင်ရန်]
- ဗိုလ်ချုပ် ကျော်ဆွေ
- ဗိုလ်မှူးချုပ် တင်မောင်ဝင်း[၃] (ယခု− ဧရာ၀တီတိုင်းဒေသကြီး ဝန်ကြီးချုပ်)
- ဗိုလ်ချုပ်တေဇကျော် (ယခု- ဒုတိယဗိုလ်ချုပ်ကြီး၊ အမှတ်−၁ စစ်ဆင်ရေးအထူးအဖွဲ့မှူး)
- ဗိုလ်ချုပ်ရဲဝင်းဦး (ယခု- ဒုတိယဗိုလ်ချုပ်ကြီး၊ နစကတွဲဖက်အတွင်းရေးမှူးနှင့် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်)
- ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ (ယခု- ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး)
- ဗိုလ်ချုပ်အောင်အောင် (ယခု- ဒုတိယဗိုလ်ချုပ်ကြီး၊ အမှတ်−၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး)
- ဗိုလ်မှူးချုပ်ကြည်ခိုင် (ယခင်− တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး)
- ဗိုလ်မှူးချုပ် ဝေလင်း
ကိုးကား[ပြင်ဆင်ရန်]
- ↑ "နေပြည်တော် စစ်တိုင်းမှူး အပြောင်းအလဲ ဖြစ်"။
- ↑ "၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ခဲတံ၊ ဘောပင်၊ COVID-19 အထောက်အကူပြုပစ္စည်းများ ပေးအပ်ပွဲပြုလုပ်"။
- ↑ မြန်မာ့အလင်းသတင်းစာ (၉.၂.၂၀၁၁)။
https://www.moi.gov.mm/news/43478