ဒေသကွပ်ကဲမှုစစ်ဌာနချုပ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (အတိုကောက် ဒကစ) ဆိုသည်မှာ တိုင်းစစ်ဌာနချုပ် တစ်ခု၏ ကွပ်ကဲမှုအောက်တွင်ရှိပြီး ၎င်းတိုင်းစစ်ဌာနချုပ်မှ အလှမ်းဝေးသော ဝေးလံခေါင်ဖျားသည့် နယ်မြေဒေသ၌ တိုင်းစစ်ဌာနချုပ် ကိုယ်စား ၎င်းနယ်မြေဒေသ၏ ကာကွယ်ရေး၊ လုံခြုံရေး နှင့် စစ်ဆင်ရေးကိစ္စရပ်များအား ကွပ်ကဲရန်၊ နယ်မြေအတွင်း၌ရှိသော လက်အောက်ခံ ခြေလျင်/ခြေမြန်တပ်များ နှင့် တွဲဖက်ထားသည့် အကူလက်ရုံး/ ဝန်ထမ်းတပ်များ အားလုံး၏ (စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်)ဆိုင်ရာ လုပ်ငန်းများအား စစ်ဆေးခြင်း၊ လမ်းညွှန်ပေးခြင်း နှင့် ဖြေရှင်းဆောင်ရွက်ပေးခြင်းတို့အပြင် တိုင်းစစ်ဌာနချုပ်မှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့်ထုတ်ပြန်ခြင်း စသည့် ကွပ်ကဲမှုပိုင်းဆိုင်ရာ လုပ်ငန်းတာဝန်များအား ထမ်းဆောင်ရသော "တိုင်းစစ်ဌာနချုပ် အလတ်စား" ဖြစ်သည်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ၏ အမြင့်ဆုံး ရာထူးတာဝန်မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး (အတိုကောက် ဒကစမှူး) ဖြစ်ပြီး အဆင့်မှာ “ ဗိုလ်မှူးချုပ် ” ဖြစ်သည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် သည် တိုင်းစစ်ဌာနချုပ် အလတ်စား ဖြစ်ပြီး အခြေချ စစ်ဗျူဟာအဖွဲ့ သည် တိုင်းစစ်ဌာနချုပ် အငယ်စား ဖြစ်သည်။ ”

စစ်ဘက်အုပ်ချုပ်ရေးတာဝန်[ပြင်ဆင်ရန်]

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး ဖွဲ့စည်းပုံသည် တိုင်းစစ်ဌာနချုပ်ရုံး ဖွဲ့စည်းပုံအတိုင်း ဌာနများခွဲ၍ ဖွဲ့စည်းထားသည်။ ထို့ကြောင့် ၎င်း၏ ကွပ်ကဲမှုအောက်တွင်ရှိသော လက်အောက်ခံတပ်များနှင့် အခြား လက်ရုံး/ ဝန်ထမ်းတပ်များသည် အုပ်ချုပ်ရေးယန္တရားဖြစ်သော ဦး/ ရေး/ ထောက် လုပ်ငန်းများအား တိုင်းစစ်ဌာနချုပ်သို့ တိုက်ရိုက် အစီရင်ခံခြင်း၊ တင်ပြခြင်းနှင့် တောင်းခံခြင်းများ ပြုလုပ်စရာမလိုဘဲ ဒကစ သို့ အစီရင်ခံခြင်း၊ တင်ပြခြင်းနှင့် တောင်းခံခြင်းများ ပြုလုပ်နိုင်သဖြင့် အုပ်ချုပ်ရေးပိုင်း၌ ပိုမိုလျင်မြန်ထိရောက်စေသည်။ ထို့ပြင် ဒကစ များအား စစ်ဘက်တရားစီရင်ခွင့် အာဏာ ကိုပါ အပ်နှင်းထားသည်။

အရပ်ဘက်အုပ်ချုပ်ရေးတာဝန်[ပြင်ဆင်ရန်]

ဒကစများအား စစ်ဘက်အုပ်ချုပ်ရေးသာမက အရပ်ဘက်အုပ်ချုပ်ရေးပိုင်း၌ ဝင်ရောက်ကူညီပေးနိုင်ရန်အထိလည်း ရည်ရွယ်ဖွဲ့စည်းထားသည်။ ထို့ကြောင့် ဒကစ များသည် စစ်ဘက်အုပ်ချုပ်ရေးအပြင် ၎င်းတို့အခြေစိုက်ရာနေရာဒေသ၏ အရပ်ဘက်အုပ်ချုပ်ရေးပိုင်းကိုပါ ဝင်ရောက်ဆောင်ရွက်ရလေ့ရှိသည်။ ထို့ပြင် စစ်အုပ်ချုပ်ရေးကြေညာထားသော ဒေသများ၌ ဒကစ သည် တရားစီရင်ခွင့်အာဏာပါ ရရှိလေသည်။

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တစ်ခု၏ ယေဘူယျ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည် -

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး[ပြင်ဆင်ရန်]

ဒကစရုံးတွင် အောက်ပါအတိုင်း လုပ်ငန်းအလိုက် ဌာနများ ခွဲ၍ ဖွဲ့စည်းထားသည် -

  • ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး ရုံး
    1. ကိုယ်ရေးအရာရှိရုံး။
    2. ရုံးအဖွဲ့။
  • ဒုတိယ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး ရုံး
    1. ကိုယ်ရေးအရာရှိရုံး။
    2. ရုံးအဖွဲ့။
  • စစ်ဦးစီးမှူး(ပထမတန်း)၊ (ဦး / ရေး / ထောက်) ရုံး
    1. စစ်ဦးစီးမှူး(ဒုတိယတန်း)
      1. စစ်ဦးစီးမှူး(တတိယတန်း)၊ (စစ်ဆင်ရေး / ပြည်သူ့စစ်) ရုံး။
      2. စစ်ဦးစီးမှူး(တတိယတန်း)၊ (တာဝန် / လေ့ကျင့်ရေး) ရုံး။
      3. စစ်ဦးစီးမှူး(တတိယတန်း)၊ (စစ်ဘက်ရေးရာလုံခြုံရေး) ရုံး။
    2. ဦးစီးအရာရှိ(ဒုတိယတန်း) - (စစ်ရေးဌာန)
      1. ဦးစီးအရာရှိ(တတိယတန်း)၊ (အင်အား / စစ်ဥပဒေ) ရုံး။
      2. ဦးစီးအရာရှိ(တတိယတန်း)၊ (လစာ / ဆုကြေး) ရုံး။
      3. ဦးစီးအရာရှိ(တတိယတန်း)၊ (ငွေစာရင်း / မှတ်တမ်း) ရုံး။
    3. ဦးစီးအရာရှိ(ဒုတိယတန်း) - (စစ်ထောက်ဌာန)
      1. ဦးစီးအရာရှိ(တတိယတန်း)၊ (စစ်ဝတ် / ရိက္ခာ) ရုံး။
      2. ဦးစီးအရာရှိ(တတိယတန်း)၊ (စက်သုံးဆီ / အဆောက်အဦ) ရုံး။
      3. ဦးစီးအရာရှိ(တတိယတန်း)၊ (ဖြည့်တင်း / ထိန်းသိမ်း) ရုံး။
  • အုပ်ချုပ်ရေး တပ်ခွဲရုံး
    1. အုပ်ချုပ်မှုရုံး။
    2. လုံခြုံရေး တပ်စု။
    3. မော်တော်ယာဉ် တပ်စု။

လက်အောက်ခံ ခြေလျင်/ ခြေမြန်တပ်များ[ပြင်ဆင်ရန်]

  • ခြေလျင်တပ်ရင်း (သို့) ခြေမြန်တပ်ရင်း (၄ ~ ၈)ရင်း

ကွပ်ကဲမှုအောက် အကူလက်ရုံး/ ဝန်ထမ်း တပ်များ[ပြင်ဆင်ရန်]

  • အမြောက် တပ်ခွဲ - (၁)ခွဲ
  • သံချပ်ကာ တပ်ခွဲ - (၁)ခွဲ
  • စစ်ဆေးရုံ (ကုတင်-၁၀၀) - (၁)ရုံ
  • ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ခွဲ - (၁)ခွဲ
  • စစ်လက်နက်ပစ္စည်း တပ်ခွဲ - (၁)ခွဲ
  • လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ တပ်ခွဲ - (၁)ခွဲ
  • စစ်မြေပြင် အင်ဂျင်နီယာ တပ်စု - (၁)စု
  • ဆက်သွယ်ရေး တပ်စု - (၁)စု
  • ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်စု - (၁)စု
  • တပ်ထိန်း တပ်ဆွယ် - (၁)ဆွယ်

ဖွဲ့စည်းထားပြီးသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ်များ[ပြင်ဆင်ရန်]

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်များ နှင့် တည်နေရာများ
စဉ် တံဆိပ် ဒကစ တည်နေရာ တိုင်းစစ်ဌာနချုပ်
၁။ Mm-north-western-rmc.svg ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)

ဒကစ(ကလေး)

စစ်ကိုင်းတိုင်းဒေသကြီး

ကလေးမြို့

နမခ
၂။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်.jpg ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)

ဒကစ(စစ်တွေ)

ရခိုင်ပြည်နယ်

စစ်တွေမြို့

နပခ
၃။ Mm-northern-rmc.svg ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)

ဒကစ(တနိုင်း)

ကချင်ပြည်နယ်

တနိုင်းမြို့

မပခ
၄။ Mm-southern-rmc.svg ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)

ဒကစ(ပြည်)

ပဲခူးတိုင်းဒေသကြီး

ပြည်မြို့

တပခ
၅။ Mm-north-eastern-rmc.svg ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)

ဒကစ(လောက်ကိုင်)

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

လောက်ကိုင်မြို့

ရမခ
၆။ Mm-eastern-rmc.svg ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)

ဒကစ(လွိုင်ကော်)

ကယားပြည်နယ်

လွိုင်ကော်မြို့

ရပခ

ကိုးကား[ပြင်ဆင်ရန်]

နောက်ထပ်ကြည့်ရန်[ပြင်ဆင်ရန်]