အောင်ကြီး

ဝီကီပီးဒီးယား မှ
ဗိုလ်မှူးချုပ်ဟောင်း
မဟာသရေစည်သူ ဦးအောင်ကြီး
Aung Gyi
陈旺枝
၁၆ ဖေဖော်ဝါရီ ၁၉၁၉ - ၂၅ အောက်တိုဘာ ၂၀၁၂(အသက် ၉၃)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
တည်ထောင်သူ
၁၆ ဒီဇင်ဘာ ၁၉၈၈ -
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌ
၂၇ စက်တင်ဘာ ၁၉၈၈ - ၃ ဒီဇင်ဘာ ၁၉၈၈
ပြည်ထောင်စုတော်လှန်ရေး ကောင်စီ အဖွဲ့
အဖွဲ့ဝင်
၂ မတ် ၁၉၆၂ - ၈ ဖေဖော်ဝါရီ ၁၉၆၃
ကိုယ်ရေး အချက်အလက်
အမည်ရင်း အောင်ကြီး
အမည်ကွဲ သခင်အောင်ကြီး (ပေါင်းတည်)
မွေးရက် ၁၆ ဖေဖော်ဝါရီ ၁၉၁၉
မွေးရပ်ဇာတိ ပေါင်းတဲ၊ ဗြိတိသျှမြန်မာ
လူမျိုး မြန်မာတရုတ်လူမျိုး
အလုပ်အကိုင် စစ်ဝန်ထမ်း၊ နိုင်ငံရေး၊ စီးပွားရေး လုပ်ငန်းရှင်၊ စာရေးဆရာ
တည်ထောင်ခဲ့သည့် အဖွဲ့အစည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော် မူမူသိန်း
သားသမီး
ကွယ်လွန်ရက် ၂၅ အောက်တိုဘာ ၂၀၁၂(အသက် ၉၃)
ရရှိခဲ့သော အထူးဆုများ လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်)
မဟာသရေစည်သူဘွဲ့
စစ်မှုထမ်း အချက်အလက်
ဌာန တပ်မတော် (ကြည်း)
ရာထူး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)

ဦးအောင်ကြီး (၁၉၁၉ - ၂၀၁၂) သည် လွတ်လပ်ရေး မော်ကွန်းဝင် တပ်မတော် အရာရှိဟောင်းတစ်ဦးနှင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ ဗြိတိသျှဆန့်ကျင်ရေး နှင့် ဂျပန်ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့သူ ဖြစ်သည်။ တပ်မတော်၌ ဗိုလ်မှူးချုပ် ရာထူးနဲ့ ကာကွယ်ရေး ဦးစီးချုပ်( ကြည်း) နှင့် ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို စတင်တည်ထောင်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်ကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌတာဝန်ကို ၂၇ စက်တင်ဘာ ၁၉၈၈ မှ ၃ ဒီဇင်ဘာ ၁၉၈၈ ခုနှစ် အထိ ထမ်းဆောင်ခဲ့သည်။ သခင်အောင်ကြီး၊ ဗိုလ်အောင်ကြီး၊ ဗိုလ်မှူးချုပ် အောင်ကြီး၊ NLD ဥက္ကဋ္ဌ ဦးအောင်ကြီး အစရှိသဖြင့် လူသိများသူ ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၆ ဖေ‌‌ေဖာ်ဝါရီ ၁၉၁၉ ရက်တွင် ဖွားမြင်သည်။ ငယ်စဉ်ကတည်းက တို့ဗမာအစည်းအရုံးနဲ့ ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သည်။

လွတ်လပ်ရေးကြိုးပမ်းမှု[ပြင်ဆင်ရန်]

သခင်အောင်ကြီးသည် သခင်ကိုယ်တော်မှိုင်း ဦးစီးသည့် တို့ဗမာအစည်းအရုံးဝင် တဦးဖြစ်သည်။ ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) တွင်ထမ်းဆောင်ခဲ့ပြီး ဗိုလ်မောင်မောင်နဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းရုံးမှာ လုပ်ခဲ့သည်။

၁၉၄၅ ဂျပန်တော်လှန်ရေးအပြီး အင်္ဂလိပ်တို့ပြန်ဝင်လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းမှ နိုင်ငံရေးဘက်သို့ ကူးပြောင်းသွားပြီး ဗမာ့တပ်မတော်တွင် အမာခံကျောရိုးအဖြစ် ဒုဗိုလ်မှူးကြီး နေဝင်း၊ ဒုဗိုလ်မှူးကြီး ဇေယျ၊ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်တို့ကိုထားခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး မီးကျိုးမောင်းပြတ်သာသာ ဖရိုဖရဲဖြစ်နေသော တပ်မတော်ကို စနစ်တကျပြန်လည်ဖွဲ့စည်း ပြီး အဆင့်မီ၍ တိုက်ရည်ခိုက်ရည်ရှိသော တပ်မတော်ကြီးတစ်ရပ်ဖြစ်အောင် အဓိက စီမံကွပ်ကဲခဲ့သော တပ်မတော်ခေါင်း ဆောင်တစ်ဦးဖြစ်သည့် ဗိုလ်အောင်ကြီးမှာ သခင်အောင်ဆန်း၊ သခင်နုတို့နှင့်ရင်းနှီး၍ တပ်မတော်အတွက် လိုအပ်သော ဘတ်ဂျက်ကို ရှာဖွေပေးနိုင်ခဲ့သည်။[၁]

စစ်ပြီးခေတ်မှာ တပ်ကထွက်ပြီး ဆိုရှယ်လစ်ပါတီ အတွင်းရေးမှူးဖြစ်လာသလို တိုင်းပြည်ပြုလွှတ်တော်အမတ်၊ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲရေး ကော်မတီဝင်နဲ့ ပါလီမန်အတွင်းဝန် ဖြစ်ခဲ့သည်။

လွတ်လပ်ရေး ရပြီးခေတ်[ပြင်ဆင်ရန်]

ပြည်တွင်းစစ်[ပြင်ဆင်ရန်]

၁၉၄၉ ပြည်တွင်းစစ် ပြင်းထန်လာချိန်မှာတော့ သခင်အောင်ကြီး တပ်ထဲပြန်ဝင်ပြီး သောင်းကျန်းမှု နှိမ်နင်းရေးတပ်ဖွဲ့တွေ စုခဲ့သည်။

မဟာသရေစည်သူဘွဲ့

စစ်ပြီးခေတ် ပြန်လည်ထူထောင်သည့် မြန်မာ့တပ်မတော်၌ ပါဝင်ခဲ့ရာ ပြည်တွင်းစစ် အစပိုင်းတွင် ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီး ရာ ထူးဖြင့် စစ်သားစုဆောင်းခြင်းနှင့် ထောက်ပံ့ရေးကိစ္စများကို တာဝန်ယူခဲ့ပြီး နောက်ပိုင်းမှာတော့ ဗိုလ်မှူးချုပ် ရာထူးနဲ့ ကာကွယ်ရေး ဦးစီးချုပ်( ကြည်း) ဖြစ်လာသလို မဟာသရေစည်သူဘွဲ့ ရခဲ့သည်။ လစ်လပ်နေသည့် ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဗိုလ်မှူးချုပ် အောင်ကြီးအား ခန့်အပ်ခြင်း ခံခဲ့ရသည်။[၂]

အိမ်စောင့်အစိုးရ[ပြင်ဆင်ရန်]

"မူဂျာဟစ်"သူပုန်တဦး တပ်မတော်၏ ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်ကြီးထံ လက်နက်ချစဉ် (၁၉၆၁ ခုနှစ်)

၁၉၅၈ -ခုနှစ်တွင် အရပ်သားအစိုးရက စစ်တပ်ကို အာဏာလွှဲပေးရာတွင် ဗိုလ်ချုပ်နေဝင်း၏ အိမ်စောင့်အစိုးရတွင် ဒုတိယနေရာ တာဝန်ယူ ထမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ်နေဝင်းက မကြာခဏ နိုင်ငံခြား သွားလေ့ရှိပြီး သူက တိုင်းပြည်ခေါင်းဆောင်အဖြစ် လပေါင်းများစွာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။ ၁၉၆၀ ခုနှစ် ဒီမိုကရေစီ ရွေးကောင်ပွဲ အပြီးတွင် အနိုင်ရပါတီအား အာဏာလက်ပြောင်းလွှဲပြီး အိမ်စောင့်အစိုးရ ဖျက်သိမ်းခဲ့သည်။

တော်လှန်ရေးကောင်စီ ဒုဥက္ကဋ္ဌ[ပြင်ဆင်ရန်]

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း၏ အာဏသိမ်းယူမှုတွင် ပါဝင်ခြင်းမရှိဘဲ အသစ်ဖွဲ့စည်းသည့် တော် လှန်ရေး ကောင်စီ တွင် ဒု ဥက္ကဋ္ဌအဖြစ် တာဝန်ပေးမှသာ ဦးအောင်ကြီးအနေဖြင့် သိရှိရသည်ဟု စာရေးဆရာ ကိုကိုမောင်ကြီး( အညမည ဦးချစ်လှိုင်) ၏ တရံရောအခါများ စာအုပ်တွင် ရေးသားထားသည်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီအဖွဲ့တွင် ဒုတိယ နေရာတာဝန် ပေးခံရသူဖြစ်သည်။ ဗိုလ်ချုပ်နေဝင်း နိုင်ငံခြားခရီးသွားလျှင် တိုင်းပြည်ခေါင်းဆောင်နေရာတွင် တာဝန်ယူထမ်းဆောင်ရသည်။ ၁၉၆၃-ခုနှစ် ဂျပန်ပြည်တွင် စစ်လျော်ကြေးနှင့် ပြန်လည်ဆွေးနွေးမှုလုပ်စဉ် သတင်းစာရှင်းလင်းပွဲမှာ အရပ်သားအစိုးရကို ပြန်လည်အာဏာပေးအပ်ဖို့ အစီအစဉ် ရှိသည်လို့ ဖြေကြားခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်နေဝင်း၏ အရမ်းကာ စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင် သိမ်းဆီးမှုများ လုပ်ပြီးကာစဖြစ်၍ ဂျပန်-မြန်မာစီးပွားရေးလုပ်ငန်းရှင်များအတွက် သတင်းကောင်းတခု ဖြစ်သွားသလို သူအားမလိုလားသော ရာထူးပြိုင်ဖက် တင်ဖေ၊စန်းယုအဖွဲ့က ဗိုလ်ချုပ်နေဝင်းအား ခြေထိုးယုတ်မာကြတော့သည်။ ထိုအဖြစ်အပျက်များ မတိုင်ခင်ကလည်း သူ၏ ပွင့်ပွင့်လင်းလင်း ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်မှုများလည်း ရှိသည်။ ဗိုလ်ချုပ်နေဝင်းရဲ့ သူ့ထက်သာသူ၊ သူ့ခြေရာနင်း၊ သူ့ထက်လူကြိုက်များသူတို့အား ဖြုတ်ထုတ်မှု လုပ်လေ့ရှိသောကြောင့် သူ့အားရာထူးမှ ဖယ်ရှားထောင်ချခြင်း ခံခဲ့ရသည်။ တိုင်းပြည်မှ ပညာတတ်များ၊ စီးပွားလုပ်ငန်းရှင်များက ဆိုရှယ်လစ်၏ တိုင်းပြည်ဖျက်ဆီးမှုကို ပာန်တားနိုင်သူ တယောက် ဆုံးရှုံးသည်ဟု သုံးသပ်ခဲ့ကြသည်။

၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူပိုင် သိမ်းတာကို သူဆန့်ကျင်ခဲ့သလို စစ်ကောင်စီကနေ နုတ်ထွက်ခဲ့သည်။ ၁၉၆၃ မှာ တပ်ကထွက်ပြီး မချမ်းဘောမှာ သွားနေခဲ့ပေမယ့် ၁၉၆၅ မှာ အထိန်းသိမ်းခံခဲ့ရသည်။

ထောင်က ပြန်လွတ်လာပြီးနောက် သူ့မိတ်ဆွေ ဂါးဒီးယန်း သတင်းထောက် ဦးစိန်ဝင်းဆီမှာ လာနေခဲ့သည်။ နောက်မှ မေမြို့မှာ အခြေချနေပြီး ရန်ကုန်ကို လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ ပြန်လာခဲ့သည်။ မဂ္ဂဇင်းတွေမှာလည်း နိုင်ငံရေးအတွေ့အကြုံ ဆောင်းပါးတွေ ရေးခဲ့သည်။[၃]၁၉၈၇တွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် နိုင်ငံတော်၏ထောက်ပံ့မှုဖြင့် အင်္ဂလန်ပြည်တွင် မျက်စိခွဲဖို့ သူ ဦးနေဝင်းဆီ ပြောပေးခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌ[ပြင်ဆင်ရန်]

၁၉၈၈ ခုနှစ် - သူ၏ ဗိုလ်ချုပ်ထံ အိတ်ဖွင့်ပေးစာကို ဗိုလ်ချုပ်နေဝင်းက အစိုးရပိုင် သတင်းစာဆောင်တို့တွင် ထည့်သွင်းဖော်ပြ စေသောကြောင့် အများက စိတ်ဆန္ဒအလိုရ တိုင်းပြည်စီးပွားရေးတွေ ပျက်စီးနေမှုကြောင့် ဗိုလ်ချုပ်နေဝင်း ကိုယ်တိုင် သူ့ဆိုရှယ်လစ် အစိုးရကို ပြောင်းလဲချင်ဟန် ရှိနေပြီး ယူဆကြ၏။ ထို ၄၁ မျက်နှာစာတမ်း သည် တစ်တိုင်းပြည်လုံးအနှံ့ ပျံ့နှံ့ ခဲ့သလို ဗိုလ်နေဝင်းနှင့် မဆလ စနစ်ကို တိုင်းသိပြည်သိ အာခံရဲ သူတစ်ဦးအဖြစ် ဦးအောင်ကြီး၏ နာမည်မှာလည်း တစ်တိုင်းပြည် လုံးအနှံ့ ကျော်ကြားခဲ့သည်။

ဦးအောင်ကြီး သည် အောင်စုတင် ဟု ၈၈၈၈ ကာလတွင် နာမည်ကြီးခဲ့သော ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဦးအောင်ကြီး သည် သီရိပျံချီ ဦးကြည်မောင် (အငြိမ်းစားဗိုလ်မှူးကြီး)၊ သရေစည်သူ ဦးအောင်ရွှေ(အငြိမ်းစားဗိုလ်မှူးချုပ်)၊ သူရ ဦးတင်ဦး(အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့သည်။[၄]၂၇ စက်တင်ဘာ ၁၉၈၈ မှ ၃ ဒီဇင်ဘာ ၁၉၈၈ အထိ NLD ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်သည်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တွင် ကွန်မြူနစ်များကို လက်ခံထားမှုကို မကြိုက်ခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်နားမှာ ကွန်မြူနစ်တွေဝိုင်းနေတယ်ဆိုတဲ့ ဦးအောင်ကြီးရဲ့ စွပ်စွဲချက်ကြောင့် ပါတီထဲ မဲခွဲရာမှာ သူရှုံးနိမ့်ပြီး ဦးအောင်ကြီး တွဲဖက်ပါတီခေါင်းဆောင် အဖြစ်မှထွက်သွားခဲ့ရသည်။ သို့သော် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု အမျိုးသား ဒီမိုကရေစီပါတီ(UNDP)ကို တည်ထောင်၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း အပြတ်အသတ်ရှုံးနိမ့်ကာ နိုင်ငံရေးလောကမှ ထွက်ခွာခဲ့ရသည်။

မကွယ်လွန်ခင်မှာ ဩစတြေးလျမီဒီယာတခုနဲ့ တွေ့ဆုံခန်းမှာတော့ ဦးအောင်ကြီးက မြန်မာပြည်မှာ စီးပွားရေးကောင်းဖို့ လူလတ်တန်းစား အားကောင်းဖို့လိုပြီး စီးပွားရေးလုပ်ငန်းငယ်တွေကို အားပေးဖို့လိုတယ်လို့ ပြောခဲ့သည်။[၃]

ဘဝနိဂုံး[ပြင်ဆင်ရန်]

၂၀၁၂ အောက်တိုဘာ ၂၅ ရက် နံနက် ၈ နာရီ ၂၀ မိနစ်တွင် နှလုံးရောဂါဖြင့် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ရွှေနှင်းဆီကျောင်းလမ်းနှင့် မောရဝတီလမ်းရှိ နေအိမ်၌ ကွယ်လွန်ခဲ့သည်။ [၅]

ကိုးကား[ပြင်ဆင်ရန်]

2. BEDC 2017 Irrawaddy Article