မိုင်းပန်မြို့

ဝီကီပီးဒီးယား မှ
မိုင်းပန်မြို့
မြို့
မိုင်းပန်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မိုင်းပန်မြို့
မိုင်းပန်မြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 20°19′10″N 98°21′45″E / 20.31944°N 98.36250°E / 20.31944; 98.36250ကိုဩဒိနိတ်: 20°19′10″N 98°21′45″E / 20.31944°N 98.36250°E / 20.31944; 98.36250
နိုင်ငံ မြန်မာ
ပြည်နယ်ရှမ်းပြည်နယ်
ခရိုင်လင်းခေးခရိုင်
မြို့နယ်မိုင်းပန်မြို့နယ်
ဧရိယာ
 • စုစုပေါင်း၁.၂ စတုရန်းကီလိုမီတာ (၀.၄၇ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၆၇၇ မီတာ (၂၂၂၂ ပေ)
လူဦးရေ (စက်တင်ဘာ ၂၀၁၇)[၁]
 • စုစုပေါင်း၇၃၂၈
 • သိပ်သည်းမှု၆၀၀၀/km (၁၆၀၀၀/sq mi)
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မိုင်းပန်မြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်မိုင်းပန်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ယခင်က လွိုင်လင်ခရိုင်၊ မိုင်းပန်နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ရှမ်းပြည်အရှေ့တောင်ဘက်၊ အရှေ့လောင်ဂျီတွဒ် ၈၉.၅ ဒီဂရီ နှင့် မြောက်လတ္တီတွဒ် ၂ဝ.၅ ဒီဂရီ ပေါ်တွင် တည်ရှိသည်။ ပင်လယ်မျက်နှာပြင်အထက် ၂၂၂၁ ပေမြင့်၏။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မိုင်းပန်မြို့ကို ခရစ် ၁၆၃၇ ခုနှစ်တွင် အလောင်းမင်းတရားကြီး ယိုးဒယားသို့ စစ်ချီရာမှ မိုင်းပန်ဒေသကို မိုင်းပန်မြို့ဟု သတ်မှတ်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ယခု မိုင်းပန်မြို့၏ အနောက်တောင်ထောင့်တွင် အင်းကြီးတစ်ခုရှိ၍ ထိုအင်း၏ အလယ်၌ မျောကျွန်း တစ်ကျွန်းရှိရာ ထိုကျွန်းကြီးသည် လည်နေသည်ကို အစွဲပြု၍ မြို့ကိုလည်း မိုင်းပန် (မိုင်း = မြို့ + ဖန် = လည်နေသည် = လည်သောမြို့) ဟု ခေါ်ဝေါ်ခဲ့ကြောင်း ဆိုကြလေသည်။[၂]

လူမှုပထဝီဝင်[ပြင်ဆင်ရန်]

မိုင်းပန်မြို့၏ အကျယ်အဝန်းမှာ အလျား ၁ မိုင်၊ အနံ ၂ ဖာလုံခန့် ရှိသည်။ လူဦးရေမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလအထိ ၇,၃၂၈ ယောက် ရှိ၏။[၁] လူဦးရေအများစုမှာ ရှမ်းလူမျိုးများဖြစ်ပြီးလျှင် မြန်မာ၊ တရုတ် နှင့် အိန္ဒိယလူမျိုး အနည်းငယ်သာရှိသည်။ ဗုဒ္ဓအယူဝါဒ၌ သက်ဝင်ယုံကြည်သူလည်း များလေသည်။ မြို့နေလူထု၏ အလုပ်အကိုင်များမှာ ကုန်သွယ်မှုနှင့် လယ်ယာ၊ ခြံလုပ်ငန်း များဖြစ်သည်။

စီးပွားရေး[ပြင်ဆင်ရန်]

မိုင်းပန်မြို့၏ ထွက်ကုန်များမှာ ဆန်စပါး၊ အင်တွဲ၊ ပွဲလျက်၊ ချိပ်၊ ထင်းရှူးဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နှမ်း စသည်တို့ဖြစ်၏။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

မိုင်းပန်မြို့သည် လင်းခေးမိုင်းတုံမြို့တို့နှင့် ကားလမ်း အဆက်အသွယ်များ ရှိသည်။ မိုင်းပန်မြို့၏ အရှေ့ဘက်တွင် မြစိမ်းတောင်ဟု ခေါ်ဆို သော တောင်တစ်လုံးရှိ၏။ ထိုတောင်ခြေတွင် အလောင်းဘုရား တည်ခဲ့သည်ဟုဆိုသော မြစိမ်းတောင် စေတီတစ်ဆူရှိလေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မိုင်းပန်မြို့နယ် ဒေသဆိုင်ရာအချက်အလက်များ။ မိုင်းပန်မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (စက်တင်ဘာ ၂၀၁၇)။ ၁ ဖေဖော်ဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. ၂.၀ ၂.၁ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)