ဖယ်ခုံမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search



ဖယ်ခုံမြို့
ဝေင်ꩻဖုဲင်ခွန်ႏ
Skyline of ဖယ်ခုံမြို့
ဖယ်ခုံမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဖယ်ခုံမြို့
ဖယ်ခုံမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 19°52′06″N 96°59′59″E / 19.86833°N 96.99972°E / 19.86833; 96.99972ကိုဩဒိနိတ်: 19°52′06″N 96°59′59″E / 19.86833°N 96.99972°E / 19.86833; 96.99972
နိုင်ငံ  မြန်မာ
ပြည်နယ် ရှမ်းပြည်နယ်
ခရိုင် တောင်ကြီးခရိုင်
မြို့နယ် ဖယ်ခုံမြို့နယ်
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+6.30)

ဖယ်ခုံမြို့ သည် ရှမ်းပြည်နယ်တောင်ကြီးခရိုင်ဖယ်ခုံမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ၊ ၅၉ မိနစ် ၁၈ စက္ကန့်နှင့် ၁၉ ဒီဂရီ ၁၇ မိနစ် ၃၄ စက္ကန့်အကြား၊ အရှေ့လောင်တီတွဒ် ၉၆ ဒီဂရီ ၃၂ မိနစ် ၅၃ စက္ကန့် နှင့် ၉၇ ဒီဂရီ ၁၁ မိနစ် ၁၀ စက္ကန့်ကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ (၈၀၇.၆) စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့မှ အနောက်သို့ (၄၀.၃၁) မိုင်ရှိပြီး တောင်မှ မြောက်သို့ (၄၇.၃၄) မိုင် ရှည်လျားသည်။ ဖယ်ခုံမြို့တွင် ကယန်း၊ ရှမ်း၊ အင်းသား၊ ပအိုဝ်း၊ ကယား၊ ဓနု၊ လီးရှေား၊ ဗမာ လူမျိုးများ နေထိုင်ကြသည်။ ၂၀၁၈ ခုနှစ်ထုတ်ပြန်ချက်အရ မြို့နယ်အတွင်း ကျား-၅၂,၄၇၄ ဦး၊ မ-၅၃,၆၄၃ ဦး၊ စုစုပေါင်း ၁၀၅,၁၁၇ ဦးနေထိုင်ကြသည်။

နယ်နိမိတ်[ပြင်ဆင်ရန်]

ဖယ်ခုံမြို့၏မြောက်ဘက်တွင် ပင်လောင်းမြို့ညောင်ရွှေမြို့ဆီဆိုင်မြို့နယ်များ၊ အရှေ့ဘက်တွင် လွိုင်ကော်နှင့်ဒီမောဆိုးမြို့နယ်များ၊ အနောက်ဘက်တွင် ပျဉ်းမနားမြို့နယ်များနှင့်ထိစပ်လျှက်ရှိပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၅၁ ပေတွင် တည်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]