အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်
အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ် | |
---|---|
တမခ(၈၈) | |
![]() အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်၏ တံဆိပ် | |
နိုင်ငံ | မြန်မာနိုင်ငံ |
တပ်မတော် အမျိုးအစား | တပ်မတော် (ကြည်း) |
တပ် အမျိုးအစား | ခြေမြန်တပ်မဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေလုံခြုံရေး၊ ပင်မတိုက်ခိုက်ရေး၊ အကူတိုက်ခိုက်ရေး၊ ရွေ့လျားတိုက်ခိုက်ရေး၊ စစ်ကစားခြင်း |
တပ် အရွယ်အစား | တပ်မ |
အမည်ပြောင် | ရှစ် ရှစ် |
အရောင်များ | |
အုပ်ချုပ်သူများ | |
တပ်မမှူး | ဗိုလ်မှူးကြီး စိုးထွဋ် |
အဆောင်အယောင်များ | |
အလံတော်ပုံ | ![]() |
အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ် (အတိုကောက် တမခ (၈၈))သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မကွေး−နတ်မောက် ကားလမ်းဘေးတွင် တည်ရှိသည့် ခြေမြန်တပ်မဌာနချုပ် တစ်ခု ဖြစ်သည်။ တမခ များ နှင့် စကခ များသည် ကက(ကြည်း) (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ပြီး စစ်နယ်ဝန်းပုံသေမရှိဘဲ ရန်သူ၏ အင်အားအပေါ် မူတည်၍ လိုအပ်သလို စစ်ကစားနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လက်ရှိ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်၏ တပ်မမှူးတာဝန်ထမ်းဆောင်နေသူမှာ ကြည်း ၁၇၅၄၀၊ ဗိုလ်မှူးကြီး စိုးထွဋ် ဖြစ်သည်။
သမိုင်း[ပြင်ဆင်ရန်]
စတင် တည်ထောင်ပုံ[ပြင်ဆင်ရန်]
၁၉၆၇ ခု၊ မေလ (၁) ရက်တွင် လက်အောက်ခံ တပ်ရင်း (၁၀) ခုနှင့် စသည်။ ကနဦး တာဝန်ယူသူမှာ ဗိုလ်မှူးကြီး သန်းတင် ဖြစ်သည်။ ၁၉၉၀ ပြည့်အထိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် မှ ကွပ်ကဲပြီး ၁၉၉၀ နောက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ လွှဲယူကွပ်ကဲသည်။
ပါဝင်ခဲ့သော စစ်ဆင်ရေးများ[ပြင်ဆင်ရန်]
အောက်ပါစစ်ဆင်ရေးများတွင် ပါဝင်ခဲ့သည် −
- အင်းလေးဒေသတစ်ဝိုက်ရှိ ဂဠုန်စစ်ဆင်ရေး
- မြစ်ဝကျွန်းပေါ် မိုးဟိန်းစစ်ဆင်ရေး
- ပဲခူးရိုးမ၌ မိုးကြိုးစစ်ဆင်ရေး
- သထုံ၊ ဖာပွန်၊ ဘီးလင်းတစ်ဝိုက်တွင် ဇွဲသတ္တိစစ်ဆင်ရေး
- နမခ နယ်မြေရှိ မင်းလွင်/သူရိန်စစ်ဆင်ရေး
- လားရှိုး၊ ကမ်းလုံဒေသ အောင်သီဟစစ်ဆင်ရေး
- ကွတ်ခိုင်၊ မူဆယ်၊ နမ့်ဖက်ကာ၊ မိုးနဲ၊ နမ့်ခမ်းတစ်ဝိုက်၌ ရဲမာန်ဟုန်စစ်ဆင်ရေး
- သံလွင်အရှေ့ခြမ်း မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းမ၊ မိုင်းလားတို့တွင် ရဲမာန်အောင်၊ ရဲရန်နိုင်၊ ရဲနိုင်အောင်၊ နေမင်းရောင်၊ လေးမာန်အောင်စစ်ဆင်ရေးများ
- ကျောက်မဲ၌ နီလာစစ်ဆင်ရေး
- ရွှေလီချိုင့်ဝှမ်း မိုးမိတ်တစ်ခွင်၌ သမိန်ဗရမ်းစစ်ဆင်ရေး
- ဘူဇာခီး ယွန်းစလင်း အရှေ့ခြမ်းတွင် မာန်အောင်မြင်စစ်ဆင်ရေး
- မြစ်ကြီးနား၊ လုပီ၊ ပန်ဝါ၊ ဗန်းမော်နှင့် လဂျားယန်ဒေသ၌ တိုင်းအောင်/ရွှေလင်းယုန်စစ်ဆင်ရေး
- ကယားနယ်ရှိ ငွေတောင်စစ်ဆင်ရေး
ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]
အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ် ၏ ကွပ်ကဲမှုအောက်တွင် အောက်ပါအတိုင်းဖွဲ့စည်းထားသည်။
အမှတ်(၈၈၁)နည်းဗျူဟာအဖွဲ့[ပြင်ဆင်ရန်]
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
အမှတ်(၈၈၂)နည်းဗျူဟာအဖွဲ့[ပြင်ဆင်ရန်]
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
အမှတ်(၈၈၃)နည်းဗျူဟာအဖွဲ့[ပြင်ဆင်ရန်]
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
ခြေမြန်တပ်ရင်းများ[ပြင်ဆင်ရန်]
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
တပ်မမှူးတာဝန်ထမ်းဆောင်ခဲ့သူများ[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
နောက်ထပ်ကြည့်ရန်[ပြင်ဆင်ရန်]
![]() | ဤ တပ်မတော်နှင့် သက်ဆိုင်သည့် ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |