အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (ဒီဇင်ဘာ ၂၀၂၁) |
အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် | |
---|---|
တမခ(၇၇) | |
![]() အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၏ တံဆိပ် | |
တည်ထောင် | ၁၉၆၆ ခုနှစ် |
နိုင်ငံ | မြန်မာနိုင်ငံ |
တပ်မတော် အမျိုးအစား | တပ်မတော် (ကြည်း) |
တပ် အမျိုးအစား | ခြေမြန်တပ်မဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေလုံခြုံရေး၊ ပင်မတိုက်ခိုက်ရေး၊ အကူတိုက်ခိုက်ရေး၊ ရွေ့လျားတိုက်ခိုက်ရေး၊ စစ်ကစားခြင်း |
တပ် အရွယ်အစား | တပ်မ |
အမည်ပြောင် | ခွန် ခွန် |
အရောင်များ | |
အုပ်ချုပ်သူများ | |
တပ်မမှူး | ဗိုလ်မှူးကြီး ထွန်းသန်း |
အဆောင်အယောင်များ | |
အလံတော်ပုံ | ![]() |
အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် (အတိုကောက် တမခ (၇၇))သည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည့် ခြေမြန်တပ်မဌာနချုပ် တစ်ခု ဖြစ်သည်။ တမခ များ နှင့် စကခ များသည် ကက(ကြည်း) (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ပြီး စစ်နယ်ဝန်းပုံသေမရှိဘဲ ရန်သူ၏ အင်အားအပေါ် မူတည်၍ လိုအပ်သလို စစ်ကစားနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လက်ရှိ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၏ တပ်မမှူးတာဝန်ထမ်းဆောင်နေသူမှာ ကြည်း ၁၇၄၅၄၊ ဗိုလ်မှူးကြီး ထွန်းသန်း ဖြစ်သည်။
တပ်မ ၇၇ သည် ကွမ်းလုံ တိုက်ပွဲတွင် ဗမာပြည် ကွန်မြူနစ်ပါတီတပ်များကို နိုင်အောင်တိုက်သောတပ်မ လည်းဖြစ်သည်။
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူများကို ရက်စက်စွာ ဖြိုခွင်းခဲ့သောကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။[၁]
သမိုင်းကြောင်း[ပြင်ဆင်ရန်]
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
တပ်မ ၇၇ ကို ၁၉၆၆ ခုနှစ်က ဖွဲ့စည်းသည်။
ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]
အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ၏ ကွပ်ကဲမှုအောက်တွင် အောက်ပါအတိုင်းဖွဲ့စည်းထားသည်။
အမှတ်(၇၇၁)နည်းဗျူဟာအဖွဲ့[ပြင်ဆင်ရန်]
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
အမှတ်(၇၇၂)နည်းဗျူဟာအဖွဲ့[ပြင်ဆင်ရန်]
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
အမှတ်(၇၇၃)နည်းဗျူဟာအဖွဲ့[ပြင်ဆင်ရန်]
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
ခြေမြန်တပ်ရင်းများ[ပြင်ဆင်ရန်]
အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၏ လက်အောက်ခံတပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
- ခြေမြန်တပ်ရင်းအမှတ် (၈) ပဲခူးအခြေစိုက်၊
- ခြေလျင်တပ်ရင်းအမှတ် (၁၁) ဝါးယားချောင်းအခြေစိုက်၊
- ခြေမြန်တပ်ရင်းအမှတ် (၁၀၅) အင်းတကော်ခြေစိုက်၊
- ခြေမြန်တပ်ရင်းအမှတ် (၁၀၆) ထောက်ကြံ့ - မင်္ဂလာဒုံအခြေစိုက်၊
- ခြေမြန်တပ်ရင်းအမှတ် (၃၀၃) တိုးကြောင်ကလေး အခြေစိုက်၊
- ခြေမြန်တပ်ရင်းအမှတ် (၃၁၃) မှော်ဘီအခြေစိုက်၊
- ခြေမြန်တပ်ရင်းအမှတ် (၇၀၁) မှော်ဘီအခြေစိုက်၊
- ခြေမြန်တပ်ရင်းအမှတ် (၇၀၂) မှော်ဘီအခြေစိုက်၊
- ခြေမြန်တပ်ရင်းအမှတ် (၇၀၃) မှော်ဘီအခြေစိုက်၊
- ခြေမြန်တပ်ရင်းအမှတ် (၇၀၄) ဖူးကြီးအခြေစိုက်၊
- ခြေမြန်တပ်ရင်းအမှတ် (၇၀၉) တိုက်ကြီးအခြေစိုက်၊
- ခြေမြန်တပ်ရင်းအမှတ် (၇၁၀) တိုက်ကြီးအခြေစိုက်] တို့ဖြစ်သည်။
တပ်မမှူးတာဝန်ထမ်းဆောင်ခဲ့သူများ[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
- ↑ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ခြေမြန်တပ်မများ (in en)။ ၈ ဒီဇင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
![]() | ဤ တပ်မတော်နှင့် သက်ဆိုင်သည့် ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |