မိုင်းနောင်မြို့

ဝီကီပီးဒီးယား မှ
မိုင်းနောင်မြို့
ဝဵင်းမိူင်းၼွင်
ထုင်ႉၵုပ်း​ယေႃး
မြို့
မိုင်းနောင်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မိုင်းနောင်မြို့
မိုင်းနောင်မြို့
မိုင်းနောင်မြို့ တည်နေရာ
ကိုဩဒိနိတ်: 21°38′42″N 98°07′23″E / 21.64500°N 98.12306°E / 21.64500; 98.12306ကိုဩဒိနိတ်: 21°38′42″N 98°07′23″E / 21.64500°N 98.12306°E / 21.64500; 98.12306
နိုင်ငံ မြန်မာ
ပြည်နယ် ရှမ်း
ခရိုင်မိုင်းရှူးခရိုင်
မြို့နယ်ကျေးသီးမြို့နယ်
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၂၉,၇၉၃ [၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မိုင်းနောင်မြို့ (ရှမ်း: ဝဵင်းမိူင်းၼွင်) သည် ရှမ်းပြည်နယ်တောင်ပိုင်း အရှေ့ဘက်တွင်တည်ရှိသော မြို့ဖြစ်သည်။ မိုင်းရှူးခရိုင်ကျေးသီးမြို့နယ်တွင် ပါဝင်သည့် မြို့ဖြစ်သည်။ နယ်နိမိတ်အား ဖြင့် အရှေ့ဘက်တွင် မိုင်းရှူးမြို့နယ်၊ တောင်ဘက်တွင် မိုးနဲမြို့နယ်၊ အနောက်ဘက်တွင် လဲချားမြို့နယ်နှင့် မိုင်းကိုင်မြို့နယ်တို့ဖြင့် ဝိုင်းပတ်လျက်ရှိသည်။ အကျယ်အဝန်းမှာ ၁၆၅၅ စတုရန်းမိုင်၊ ကျေးရွာပေါင်း ၆ဝ၆ ရွာနှင့် လူဦးရေမှာ ၁၉၅၆ ခုနှစ်တွင် ခန့်မှန်းခြေ ၄၂၉၉ဝ ယောက်ခန့် ရှိသည်။ ရှမ်းလူမျိုးမှာ အများစုဖြစ်၍ ယင်း၊ ပလောင်နှင့် အခြားတောင်တန်းသား လူမျိုးများလည်း နေထိုင်သည်။

မိုင်းနောင်မြို့သည် မြေမျက်နှာပြင်အားဖြင့် လှိုင်းတွန့် ပြေပြေထသကဲ့သို့ ဖြစ်၏။ ထုံးကျောက်တောင်များကို ထိုနေရာ တစ်လုံး၊ ဤနေရာတစ်လုံး တွေ့ရပေသည်။ မြောက်ဘက်နှင့် အနောက်ဘက်တို့တွင် ကုန်းပြင်မြက်ခင်းများရှိ၍ သစ်ပင်ဟူ၍ မရှိသလောက်ပင်။ တောင်ဘက်တွင် ဆူးချုံတောများရှိသည်။ အရှေ့ဘက်တွင် တောင်ထူထပ်သည်။ မိုင်းနောင်မြို့တွင် အရေးအပါဆုံးမြစ်မှာ နမ့်ပန်မြစ်ဖြစ်သည်။ ယင်းမြစ်ကမ်းတစ်လျှောက်တွင် စပါးစိုက်ပျိုးသောလယ်များရှိသည်။ ဤလယ်များအပြင် တောင်ယာများတွင်လည်း စိုက်ပျိုးလုပ်ကိုင်သည်။ မိုင်းနောင်နယ်၏မြို့တော် မိုင်းနောင်မြို့ တစ်ဝိုက်တွင် မြေသည် ပြန့်သဖြင့် ထိုဒေသတွင် လယ်ယာစိုက်ပျိုးသည်။

ရှေးအခါက မိုင်းနောင်နယ်သည် သိန္နီမြို့နယ်၏ လက်အောက်ခံနယ် ဖြစ်ခဲ့သည်။ ပုဂံမင်းလက်ထက် ခရစ် ၁၈၅၂ ခုနှစ်တွင် သိန္နီနယ်၏ လက်အောက်ခံအဖြစ်မှ လွတ်မြောက်ခဲ့၍ မြို့စားအုပ်ချုပ်သော နယ်ဖြစ်လာသည်။ ပထမဆုံးမြို့စားမှာ ဟိန်အောင်ဖြစ်၏။ ပါရမီ ဟုလည်းတွင်သည်။ ဤသို့ဖြင့် မြို့စား၊ စော်ဘွားအဆက်ဆက် အုပ်ချုပ်လာခဲ့ရာ ၁၉၅၉ ခုနှစ်တွင် စော်ဘွားများအုပ်ချုပ်ရေးအာဏာ စွန့်လွှတ်ပြီးနောက် ရှမ်းပြည်တွင် ပြည်မကဲ့သို့ အုပ်ချုပ်ရေးစနစ်ကို တီထွင်လိုက် သည့်အခါ၊ မိုင်းနောင်နယ်သည် ရှမ်းပြည်တောင်ပိုင်းတိုင်း လွိုင်လင်ခရိုင်တွင်ပါဝင်သော နယ်တစ်ခုဖြစ်လာသည်။ မိုင်းနောင်မြို့သည်လည်း မြို့ပိုင်ရုံးစိုက်မြို့ ဖြစ်လာလေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၃၃၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 28, 2015 တွင် ပြန်စစ်ပြီး
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)