ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)

ဝီကီပီးဒီးယား မှ
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)
ဒကစ(စစ်တွေ)
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တံဆိပ်
နိုင်ငံ မြန်မာ
တပ်မတော်
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်
အစိတ်အပိုင်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
စစ်ဌာနချုပ်
အခြေစိုက်
စစ်တွေမြို့စစ်တွေခရိုင်ရခိုင်ပြည်နယ်
အုပ်ချုပ်သူများ
ဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ် ဆန်းထေးမောင်
ဒုတိယ
ဒေသကွပ်ကဲရေးမှူး
ဗိုလ်မှူးကြီး
အဆောင်အယောင်များ
အလံတော်

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) (အတိုကောက် ဒကစ(စစ်တွေ)) သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲအောက်တွင်ရှိသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်စစ်တွေမြို့တွင် အခြေစိုက်သည်။ ဒကစ(စစ်တွေ)၏ အဓိကတာဝန်မှာ နပခ နှင့်အလှမ်းဝေးသော စစ်တွေမြို့နှင့် ၎င်းအနီးတဝိုက်ဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား တာဝန်ယူဆောင်ရွက်ရန်၊ ၎င်းနယ်မြေအတွင်းရှိသော လက်အောက်ခံတပ်များ၊ အခြား လက်ရုံး/ ဝန်ထမ်းတပ်များ၏ (စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်)ဆိုင်ရာ လုပ်ငန်းများကို ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် စစ်ရုံးမှ အထက်ဌာနများ၏ အမိန့်နှင့် ညွှန်ကြားချက်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား ထပ်ဆင့်ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရန်ဖြစ်သည်။ လက်ရှိ ဒကစ(စစ်တွေ)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် ဆန်းထေးမောင် ဖြစ်သည်။

သမိုင်း[ပြင်ဆင်ရန်]

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့်အလှမ်းဝေးသော စစ်ရေးတွင် မဟာဗျူဟာအရ အရေးပါသည့် စစ်တွေမြို့နှင့် ၎င်းအနီးတဝိုက်ဒေသများကို ထိန်းချုပ်နိုင်ရန် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် လက်အောက်ခံ တပ်ရင်း (၅) ရင်းသာရှိသော်လည်း ကွပ်ကဲမှု နယ်မြေအတွင်းရှိ လက်ရုံး/ဝန်ထမ်းတပ်များ၊ စကခ(၉)စကခ(၁၅) နှင့် ၎င်းတို့၏ လက်အောက်ခံတပ်များကိုပါ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ ကြီးကြပ်ကွပ်ကဲရသည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး[ပြင်ဆင်ရန်]

ဒကစရုံးတွင် အောက်ပါအတိုင်း လုပ်ငန်းအလိုက် ဌာနများ ခွဲ၍ ဖွဲ့စည်းထားသည် -

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး ရုံး[ပြင်ဆင်ရန်]

  1. ကိုယ်ရေးအရာရှိရုံး။
  2. ရုံးအဖွဲ့။

ဒုတိယ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး ရုံး[ပြင်ဆင်ရန်]

  1. ကိုယ်ရေးအရာရှိရုံး။
  2. ရုံးအဖွဲ့။

စစ်ဦးစီးမှူး(ပထမတန်း)ရုံး[ပြင်ဆင်ရန်]

  1. စစ်ဦးစီးမှူး(ဒုတိယတန်း)ရုံး
    1. စစ်ဦးစီးမှူး(တတိယတန်း)၊ (စစ်ဆင်ရေး / ပြည်သူ့စစ်) ရုံး။
    2. စစ်ဦးစီးမှူး(တတိယတန်း)၊ (တာဝန် / လေ့ကျင့်ရေး) ရုံး။
    3. စစ်ဦးစီးမှူး(တတိယတန်း)၊ (စစ်ဘက်ရေးရာလုံခြုံရေး) ရုံး။
  2. ဦးစီးအရာရှိ(ဒုတိယတန်း)-(စစ်ရေးဌာန)ရုံး
    1. ဦးစီးအရာရှိ(တတိယတန်း)၊ (အင်အား / စစ်ဥပဒေ) ရုံး။
    2. ဦးစီးအရာရှိ(တတိယတန်း)၊ (လစာ / ဆုကြေး) ရုံး။
    3. ဦးစီးအရာရှိ(တတိယတန်း)၊ (ငွေစာရင်း / မှတ်တမ်း) ရုံး။
  3. ဦးစီးအရာရှိ(ဒုတိယတန်း)-(စစ်ထောက်ဌာန)ရုံး
    1. ဦးစီးအရာရှိ(တတိယတန်း)၊ (စစ်ဝတ် / ရိက္ခာ) ရုံး။
    2. ဦးစီးအရာရှိ(တတိယတန်း)၊ (စက်သုံးဆီ / အဆောက်အဦ) ရုံး။
    3. ဦးစီးအရာရှိ(တတိယတန်း)၊ (ဖြည့်တင်း / ထိန်းသိမ်း) ရုံး။

အုပ်ချုပ်ရေး တပ်ခွဲရုံး[ပြင်ဆင်ရန်]

  1. အုပ်ချုပ်မှုရုံး။
  2. လုံခြုံရေး တပ်စု။
  3. မော်တော်ယာဉ် တပ်စု။

လက်အောက်ခံ ခြေလျင်/ ခြေမြန်တပ်များ[ပြင်ဆင်ရန်]

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)၏ တိုက်ရိုက်ကွပ်ကဲလက်အောက်ခံ တပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-

  1. အမှတ်(၂၀) ခြေလျင်တပ်ရင်း (စစ်တွေ)
  2. အမှတ်(၃၄) ခြေလျင်တပ်ရင်း (ကျောက်ဖြူ)
  3. အမှတ်(၂၃၂) ခြေလျင်တပ်ရင်း (စစ်တွေ)
  4. အမှတ်(၂၇၀) ခြေလျင်တပ်ရင်း (စစ်တွေ)
  5. အမှတ်(၃၄၄) ခြေလျင်တပ်ရင်း (စစ်တွေ)

ကွပ်ကဲမှုအောက် အကူလက်ရုံး/ ဝန်ထမ်း တပ်များ[ပြင်ဆင်ရန်]

  • အမြောက် တပ်ခွဲ - (၁)ခွဲ
  • သံချပ်ကာ တပ်ခွဲ - (၁)ခွဲ
  • စစ်ဆေးရုံ (ကုတင်-၁၀၀) - (၁)ရုံ
  • ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ခွဲ - (၁)ခွဲ
  • စစ်လက်နက်ပစ္စည်း တပ်ခွဲ - (၁)ခွဲ
  • လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ တပ်ခွဲ - (၁)ခွဲ
  • စစ်မြေပြင် အင်ဂျင်နီယာ တပ်စု - (၁)စု
  • ဆက်သွယ်ရေး တပ်စု - (၁)စု
  • ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်စု - (၁)စု
  • တပ်ထိန်း တပ်ဆွယ် - (၁)ဆွယ်

ဒကစ(စစ်တွေ)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး တာဝန်ထမ်းဆောင်ခဲ့သူများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

နောက်ထပ်ကြည့်ရန်[ပြင်ဆင်ရန်]