ဟိုပင်မြို့

ဝီကီပီးဒီးယား မှ
ဟိုပင်မြို့
မြို့
Skyline of ဟိုပင်မြို့
ဟိုပင်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဟိုပင်မြို့
ဟိုပင်မြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 24°59′0″N 96°31′0″E / 24.98333°N 96.51667°E / 24.98333; 96.51667ကိုဩဒိနိတ်: 24°59′0″N 96°31′0″E / 24.98333°N 96.51667°E / 24.98333; 96.51667
နိုင်ငံအမည် မြန်မာ
ပြည်နယ် ကချင်
ခရိုင်မိုးညှင်း
မြို့နယ်မိုးညှင်း
လူဦးရေ (၂၀၁၄)၄၈,၆၉၄[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ဟိုပင်မြို့ သည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ကချင်ပြည်နယ်မိုးညှင်းခရိုင်မိုးညှင်းမြို့နယ်တွင် ပါဝင်သည့် မြို့အဆင့်ရှိ မြို့တစ်မြို့ ဖြစ်သည်။ မန္တလေး - မြစ်ကြီးနား ရထားလမ်းပေါ်တွင် တည်ရှိကာ ရန်ကုန်မြို့မှ ၇၄၅ မိုင် ကွာဝေးသည်။ အင်းတော်ကြီးကန်မှ ၂၇ မိုင် ကွာဝေးသည်။[၂]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သီပေါမင်းလက်ထက်တွင် မိုးညှင်းမြို့၌အုပ်စိုးသော မိုးညှင်း‌စော်ဘွားအားမကျေနပ်ကြသဖြင့်အိမ်ထောင်စု ၆၀ ခန့်သည် မိုးညှင်းမှထွက်ခွာလာပြီး ရွာသစ်တည်ခဲ့ဟု အဆိုရှိသည်။

စီးပွားရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

အများစုမှာလယ်ယာစိုက်ပျိုးရေးဖြစ်သည်။ ရွှေတူးဖော်ခြင်း၊ သစ်တောထွက်ပစ္စည်းများထုတ်လုပ်ခြင်း၊ ဖားကန့်သွားပြီး ကျောက်တူးဖော်ခြင်းလုပ်ငန်းများလည်းလုပ်ကိုင်ကြသည်။ အစိုးရ သစ်ထုတ်လုပ်ငန်းရှိပြီး အင်းတော်ကြီးဒေသ၊ စစ်ကိုင်းတိုင်း နောင်ပိုအောင်ဒေသမှ သစ်များကို မီးရထားဖြင့်တင်ပို့ရာ သစ်ဆိပ်လည်းဖြစ်ခဲ့သည်။

လူဦးရေနှင့်လူမျိုးများ[ပြင်ဆင်ရန်]

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄၈,၆၉၄ ဦးရှိသည်။[၁] ဗမာ၊ ရှမ်းနီ၊ ရှမ်းကြီး၊ ကချင်၊ ကဒူး၊ တရုတ်လူမျိုးများ နေထိုင်ကြသည်။

ပထဝီအနေအထား[ပြင်ဆင်ရန်]

အရှေ့ဘက် ကံ့ကော်တောင်တန်းနှ င့်အနောက်ဘက် နမ့်မွန်းတောင်တန်းကြားရှိ မြေပြန့်လွင်ပြင်တွင် တည်ရှိသည်။ မြို့၏အရှေ့ဘက်တွင် နမ့်ယင်းချောင်းသည် တောင်မှမြောက်ဘက်သို့ စီးဆင်းလျက်ရှိသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

မန္တလေး-မြစ်ကြီးနားကားလမ်း၊ ရထားလမ်းပေါ်တွင် တည်ရှိသည်။ အနောက်ဘက်သို့ အင်းတော်ကြီးဒေသ လုံးတုံမှတစ်ဆင့် ဖားကန့်၊ ယင်းမှ တစ်ဆင့် ခန္တီးမြို့အထိ ကားလမ်းပေါက်သည်။ လုံးတုံမှ လမ်းခွဲပြီး ချင်းတွင်းမြစ်ကမ်းရှိ ဟုမ္မလင်းအထိ ကားလမ်းပေါက်သည်။

လည်ပတ်ရန်နေရာများ[ပြင်ဆင်ရန်]

မြို့၏အနောက်မြောက်ဘက် ၈ မိုင်ခန့်တွင် ရွာသစ်ကြီးရေပူစမ်းရှိသည်။ မြို့၏မြောက်ဘက် ၈ မိုင်ခန့်အကွာတွင် ဂလိုင်ချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁.၂၅ မဂ္ဂါဝပ်)ရှိသည်။ အင်းတော်ကြီးဘုရားသည် ဟိုပင်မြို့မှ နန့်မွန်း‌တောင် ကို ကျော်ကာသွားရပြီး မိုင် ၃၀ ခန့်ကွာဝေးသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၄၉။
  2. Indawgyi Lake Wildlife Sanctuary။ Ministry of Ecotourism။ 25 March 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-12-25 တွင် ပြန်စစ်ပြီး။