အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (စက်တင်ဘာ ၂၀၂၁) |
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် | |
---|---|
နပခ | |
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | မြန်မာ |
တပ်မတော် အမျိုးအစား | တပ်မတော် (ကြည်း) |
တပ် အမျိုးအစား | တိုင်းစစ်ဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း |
အမည်ပြောင် | ကိုးမြှောင့်ကြယ်၊ ရခိုင်သား |
အုပ်ချုပ်သူများ | |
တိုင်းမှူး | ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ကျော်စွာဦး |
ဒုတိယတိုင်းမှူး | ဗိုလ်မှူးချုပ် အောင်ကျော်မင်း |
အဆောင်အယောင်များ | |
အလံတော် |
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် နပခ) သည် အမ်းမြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် တောင်ဘက်ရှိ ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံ တပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ကျော်စွာဦး (ကြည်း - ၂၆၇၅၃) (တေဇ - ၂၂) ဖြစ်သည်။[၁]
သမိုင်း
[ပြင်ဆင်ရန်]အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ၁၉၇၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ရခိုင်ပြည်နယ်၊ အမ်းမြို့ သို့ ၂၀၀၀ ပြည့်နှစ်တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ကွပ်ကဲမှုနယ်မြေများမှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဘင်္ဂလားပင်လယ်အော်ရှိ မြန်မာနိုင်ငံပိုင် ရေပိုင်နက်များ အထိ ပါဝင်သည်။[ကိုးကားချက်လိုသည်] လက်အောက်ခံ တပ်ရင်း/တပ်ဖွဲ့များကို ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် ဖြန့်ခွဲထားရှိသည်။
ပထမဆုံးတိုင်းမှူးအဖြစ် ကြည်း-၅၄၉၇၊ ဗိုလ်မှူးကြီးလှထွန်း(ဗိုလ်လောင်းသင်တန်းအပတ်စဉ်-၁)မှ တာဝန်ယူခဲ့သည်။
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်](ကွပ်ကဲမှုဌာနချုပ် ၆ခု.ခြေလျင် ခြေမြန် ၄၃ခု.လက်ရုံးဝန်ထမ်း ၂၆ခု.ကက(ရေ) ၁၂ခု.စုစုပေါင်း ၈၇တပ် အကြမ်းဖျင်းအနည်းဆုံးရှိသည်။)
နပခ နယ်မြေအတွင်း တည်ရှိသော စစ်ဌာနချုပ်များ၊ ၎င်း၏ကွပ်ကဲမှုအောက်ရှိ စစ်ဌာနချုပ်၊ စစ်ဗျူဟာများနှင့် လက်အောက်ခံ ခြေလျင်/ခြေမြန်တပ်ရင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။
စစ်ဗျူဟာများ
[ပြင်ဆင်ရန်]အခြေချစစ်ဗျူဟာ (၁) ခု၊ လှုပ်ရှားစစ်ဗျူဟာ (၃) ခု နှင့် ခြေလျင်/ခြေမြန်တပ်ရင်း (ဒကစ-စစ်တွေလက်အောက်ခံ တပ်ရင်းများအပါအဝင်) ရှိသည်။[ကိုးကားချက်လိုသည်]
ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ
[ပြင်ဆင်ရန်]- အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
- အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
- အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ
[ပြင်ဆင်ရန်]- ဗိုလ်မှူးကြီး လှထွန်း (ကြည်း - ၅၄၉၇) (ဗသက - ၁) (၁၁-၇-၁၉၇၂ မှ ၁၈-၃-၁၉၇၅)
- ဗိုလ်မှူးချုပ် မင်းဂေါင် (ကြည်း - ၆၃၁၅) (၁၈-၃-၁၉၇၅ မှ ၂၃-၃-၁၉၇၉)
- ဗိုလ်မှူးချုပ် ဝမ်းတင် (ကြည်း - ၆၁၃၈) (၂၃-၃-၁၉၇၉ မှ ၁၄-၁-၁၉၈၀)
- ဗိုလ်မှူးချုပ် စိုးမြင့် (ကြည်း - ၅၄၈၂) (၁၄-၁-၁၉၈၀ မှ ၂၂-၇-၁၉၈၃)
- ဗိုလ်ချုပ် မြသင်း (ကြည်း - ၆၆၀၅) (ဗသက - ၉) (၂၂-၇-၁၉၈၃ မှ )
- ဗိုလ်ချုပ် ဝင်းမြင့် (ကြည်း - ၈၈၀၉) (ဗသက - ၂၈)
- ဗိုလ်ချုပ် အောင်ထွေး (ကြည်း - ၉၇၅၂) (ဗသက - ၂၉)
- ဗိုလ်ချုပ် မောင်ဦး (စတသ - ၁၃)
- ဗိုလ်မှူးချုပ် မင်းအောင်လှိုင်[၂] (ကြည်း - ၁၄၂၃၂) (စတသ - ၁၉)
- ဗိုလ်ချုပ် မောင်ရှိန် (ကြည်း - ၁၄၇၅၆) (စတသ - ၂၀)
- ဗိုလ်ချုပ် သောင်းအေး (ကြည်း - ၁၄၇၈၈) (စတသ - ၂၀)
- ဗိုလ်ချုပ် စိုးသိန်း
- ဗိုလ်ချုပ် ထွန်းနေလင်း (ကြည်း - ၁၆၃၅၄) (ဗသက - ၆၁)
- ဗိုလ်ချုပ် ကိုကိုနိုင် (ကြည်း ၁၉၀၀၀) (စတသ - ၂၆)
- ဗိုလ်ချုပ် မောင်မောင်စိုး [၃]
- ဗိုလ်မှူးချုပ် စိုးတင့်နိုင် [၄] ( ယခင် ထောက်ပံ့ပို့ဆောင်ရေးဌာန ညွှန်ကြားရေးမှူး)
- ဗိုလ်ချုပ်ဖုန်းမြတ် [၅] (ကြည်း - ၂၀၃၂၄) (ဗသက - ၇၃) (နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး) [၆]
- ဗိုလ်ချုပ် ထင်လတ်ဦး [၇] (ကြည်း - ၂၅၀၉၉) (ဗသက - ၇၃) (ယခင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး)
- ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ကျော်စွာဦး (ကြည်း - ၂၆၇၅၃) (တေဇ - ၂၂)(ယခင် တိုက်ခိုက်ရေး ဗထူး ကျောင်းအုပ်ကြီး) ၂၀၂၄ - လက်ရှိ [၈]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူ များအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်"။ Archived from the original on 9 June 2021။
- ↑ မြန်မာ့အလင်းသတင်းစာ (၁၉.၄.၂၀၀၅)။ 8 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 November 2022 တွင် ပြန်စစ်ပြီး။
- ↑ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးအပေါ် ကန် အရေးယူပိတ်ဆို့။ VOA Burmese (၂၁ ဒီဇင်ဘာ ၂၀၁၇)။ 3 December 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရခိုင်အခြေစိုက် အနောက်ပိုင်းတိုင်း တိုင်းမှူး အစားထိုးခန့်။ BBC Burmese (၁၃ နိုဝင်ဘာ ၂၀၁၇)။ 30 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော် စစ်တိုင်းမှူး ၂ ဦးကို အပြောင်းအလဲပြုလုပ်။ The Irrawaddy (၂၈ မေ ၂၀၁၉)။ 30 January 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရခိုင် စစ်တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ် နယ်စပ်ရေးရာ ဒု-ဝန်ကြီး ဖြစ်လာ။ The Irrawaddy (၂၈ ဇူလိုင် ၂၀၂၀)။ 17 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်။ MWD Webportal (၃၀ မေ ၂၀၂၁)။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီ၏ ရခိုင် အနောက်ပိုင်းတိုင်းမှူးမှာ ဗိုလ်မှူးချုပ်ကျော်စွာဦးဖြစ်ကြောင်းဖော်ပြ။ narinjara (၂၆ မတ် ၂၀၂၄)။ ၂၆ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။