အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်
အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ် | |
---|---|
တမခ(၆၆) | |
![]() အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်၏ တံဆိပ် | |
နိုင်ငံ | မြန်မာနိုင်ငံ |
တပ်မတော် အမျိုးအစား | တပ်မတော် (ကြည်း) |
တပ် အမျိုးအစား | ခြေမြန်တပ်မဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေလုံခြုံရေး၊ ပင်မတိုက်ခိုက်ရေး၊ အကူတိုက်ခိုက်ရေး၊ ရွေ့လျားတိုက်ခိုက်ရေး၊ စစ်ကစားခြင်း |
တပ် အရွယ်အစား | တပ်မ |
အမည်ပြောင် | ခြောက် ခြောက် |
အရောင်များ | |
အုပ်ချုပ်သူများ | |
တပ်မမှူး | ဗိုလ်မှူးချုပ် |
အဆောင်အယောင်များ | |
အလံတော်ပုံ | ![]() |
အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ် (အတိုကောက် တမခ (၆၆))သည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၏တောင်ဘက် မိုင်(၂၀)အကွာ ရန်ကုန်-ပြည် ကားလမ်းမပေါ်ရှိ အင်းမမြို့တွင် တည်ရှိသည့် ခြေမြန်တပ်မဌာနချုပ် တစ်ခု ဖြစ်သည်။ တမခ များ နှင့် စကခ များသည် ကက(ကြည်း) (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ပြီး စစ်နယ်ဝန်းပုံသေမရှိဘဲ ရန်သူ၏ အင်အားအပေါ် မူတည်၍ လိုအပ်သလို စစ်ကစားနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လက်ရှိ အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်၏ တပ်မမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် ဖြစ်သည်။
သမိုင်း[ပြင်ဆင်ရန်]
ဤအမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်သည် မြန်မာ့တပ်မတော်၏ တပ်မများထဲတွင် နာမည် အကျော်ကြားဆုံးတပ်မများထဲမှ တစ်ခုဖြစ်ပြီး တိုက်ပွဲကြီးများတွင်လည်း ဝင်ရောက်ဆင်နွှဲခဲ့သည်။ သာဓကတစ်ခုအနေနဲ့ ပြရမည်ဆိုပါက ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သော ကိုးကန့်ဒေသတိုက်ပွဲပင်ဖြစ်သည်။ ထိုတပ်မသည် ယခင်က အင်းမဒေသတွင် အခြေမစိုက်ပါ။ ပြည်ဒေသတွင်အခြေစိုက်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင်မှ အင်းမဒေသသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ တပ်မ၏ လက်အောက်ခံတပ်ရင်း (၃)ရင်းနှင့် လက်ရုံးတပ်ဖွဲ့များမှာ တပ်မဌာနချုပ် အနီးတွင်တည်ရှိပြီး ကျန်တပ်ရင်းများမှာ အင်းမမြို့နှင့် အနည်းငယ်ဝေးသည့် မြို့များတွင် တည်ရှိသည်။ တပ်မဌာနချုပ်တည်ရှိသည့်နေရာမှာ မအူကန်ရွာရှိ ပေ ၂၀၀ ကျော်ခန့်မြင့်သော တောင်ကုန်းပေါ်တွင်ဖြစ်သည် ထို့ကြောင့်လည်း ဒေသခံများက တပ်မတည်နေပုံမှာ ကုန်းပေါ်တွင်ဖြစ်သောကြောင့် ထိုတပ်မအား ကုန်းပေါ် ဟုလည်းခေါ်လေ့ရှိသည်။
ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]
အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ် ၏ ကွပ်ကဲမှုအောက်တွင် အောက်ပါအတိုင်းဖွဲ့စည်းထားသည်။
အမှတ်(၆၆၁)နည်းဗျူဟာအဖွဲ့[ပြင်ဆင်ရန်]
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
အမှတ်(၆၆၂)နည်းဗျူဟာအဖွဲ့[ပြင်ဆင်ရန်]
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
အမှတ်(၆၆၃)နည်းဗျူဟာအဖွဲ့[ပြင်ဆင်ရန်]
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
ခြေမြန်တပ်ရင်းများ[ပြင်ဆင်ရန်]
အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ် ၏ ကွပ်ကဲမှုအောက်တွင် ခြေမြန်တပ်ရင်း (၁၀)ရင်းရှိသည်။
![]() | ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
တပ်မမှူးတာဝန်ထမ်းဆောင်ခဲ့သူများ[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
နောက်ထပ်ကြည့်ရန်[ပြင်ဆင်ရန်]
![]() | ဤ တပ်မတော်နှင့် သက်ဆိုင်သည့် ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |