မာရ်နတ်

ဝီကီပီးဒီးယား မှ

မာရ်နတ်[ပြင်ဆင်ရန်]

မာရ်နတ်ဆိုသည်မှာ ဂေါတမ မြတ်စွာဘုရားအား ဘုရားအဖြစ်သို့ မရအောင် အမျိုးမျိုး အနှောက်အယှက် ပေးသော ပရနိမ္မိတဝသဝတ္တီ နတ်ပြည်မှ နတ်သားတစ်ဦး ဖြစ်သည်။

မာရ်နတ်ဟူသော ဝေါဟာရသည် `ဒေဝပုတ္တ မာရ´ဟူသော ပါဠိစကားနှင့် အဓိပ္ပာယ်အရ တူသည်။ ဒေဝပုတ္တ(နတ်သား) + မာရ် (သေအောင် သတ်တတ်တဲ့) = သေအောင် သတ်တတ်တဲ့ နတ်သားဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် `မာရ်နတ်´ဟူသောစကားနှင့် `ဒေဝပုတ္တ မာရ်´ဟူသောစကားသည် အတူတူပင် ဖြစ်ကြောင်း ထင်ရှားသည်။

မာရ်နတ်နေသော နေရာ[ပြင်ဆင်ရန်]

မာရ်နတ်သည် ဝသဝတ္တီ နတ်မင်းကြီး အုပ်ချုပ်သော ပရနိမ္မိတ ၀သဝတ္တီ နတ်ပြည် (ကာမဂုဏ်ကို အလိုရှိတိုင်း ပြီးစေသောဘုံ )ရှိ နတ်ဆိုးတစ်ပါး ဖြစ်သည်။ သူ့တွင် အရင်က ဗေဠုဝအမည်ရှိ နတ်စောင်း ရှိသည်။ နောင်တွင် ပဉ္စသီခနတ်သား လက်ထဲ ရောက်ရှိသွားသည်။

မာရ်နတ်မျိုးရိုး[ပြင်ဆင်ရန်]

မာရ်နတ်မျိုးရိုးသည် မြတ်စွာဘုရား၏ လက်ဝဲတော်ရံ တန်ခိုးတော်အရာ ဧတဒင်္ဂ ရသည့် ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်ကြီးနှင့် ဆွေမျိုးတော်စပ်သည်။ ဤကမ္ဘာတွင် ကကုသန်အမည်ရှိ ဘုရားတစ်ဆူ ပွင့်ခဲ့ဘူးသည်။ ထို ကကုသန်ဘုရား လက်ထက်၌ ဘုရားကို အနှောက်အယှက်ပေးသူ `ဒုဿီမာရ် နတ်´ရှိခဲ့သည်။ `ဒုဿီမာရ် နတ်´တွင် `ကာလီ´အမည်ရှိ နှမတစ်ယောက်ရှိသည်။ ထို ကာလီ က မာရ်နတ်ကို မွေးခဲ့သည်ဟု ဆိုသည်။ `ဒုဿီမာရ် နတ်´သည် အခြားသူမဟုတ် ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်ကြီး ပင်ဖြစ်သည်။ ထို့ကြောင့် ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်ကြီး၏ တူအရီး တော်စပ် ဘူးသည်။

သတ္တဝါ အမျိုးအစား[ပြင်ဆင်ရန်]

မာရ်နတ်သည် “နတ်”ဟူသော သတ္တဝါ အမျိုးအစားမှ ဖြစ်သည်။ လူကဲ့သို့ အမိဝမ်းတွင်း ပဋိသန္ဓေ မနေခဲ့ရ၊ ၁၆-နှစ်သားအရွယ် တခါတည်း ဘွားကနဲ ဖြစ်လာရ၏။ ဥပပတ် ပဋိသန္ဓေ ဆိုတာမျိုးဖြစ်သည်။ မိခင် ကာလီနတ်သမီးက သားသန္ဓေ လွယ်ရသော ဒုက္ခ မရှိပေ။ [၁]

မာရ်နတ်နိုင်ငံ[ပြင်ဆင်ရန်]

“ပရနိမ္မိတဝသဝတ္တီ နတ်ပြည်”နိုင်ငံ၊ အဓိပ္ပာယ် အပြည့်အစုံမှာ သူတစ်ပါးက ဖန်တီးစီစဉ်ပေးသော အဝတ်အစား၊ အသုံးအဆောင်၊ နေရာဗိမ္မာန် ရတနာ မှန်သမျှတွေကို မိမိအလိုကျ သုံးနိုင်၊ စားနိုင်၊ နေနိုင်၊ ဆင်မြန်းနိုင်သော နေရာကြီး ဖြစ်ပေသည်။ မိမိကုသိုလ်ကြောင့် လိုသမျှကို သူများက အဆင်သင့် စီစဉ်ပေးရသည်။ ၀သဝတ္တိ နတ်ပြည်”နိုင်ငံကို ၀သဝတ္တိ နတ်မင်းကြီးက အုပ်ချုပ်သည်။

မာရ်နတ်အရည်အချင်း[ပြင်ဆင်ရန်]

မာရ်နတ်၏စွမ်းရည်[ပြင်ဆင်ရန်]

မာရ်နတ်အင်အား[ပြင်ဆင်ရန်]

အနုပညာသမား မာရ်နတ်[ပြင်ဆင်ရန်]

မာရ်နတ်ဝါဒ[ပြင်ဆင်ရန်]

မာရ်နတ်၏ တိုက်ပွဲအဆင့်ဆင့်[ပြင်ဆင်ရန်]

[၂]


  • သို့သော် အချို့သော အနောက်တိုင်းမှ ဘာသာရေးနှင့် ဒဿနပညာရှင်များက `မာရ်´သည် အကောင်အထည် သဘောမျိုးမဟုတ်ပဲ စွဲလမ်းစိတ်ကို အခြေပြုကာ စွန့်လွှတ်လိုသည့်စိတ်အား အနှောက်အယှက်ပေးသည့် စိတ်ပိုင်းဆိုင်ရာ ခံစားချက်သဘောဟုလည်း ဖွင့်ဆိုကြပေသည်။ သို့သော် မည်သို့ဆိုစေကာမူ မာရ်(သို့) မာရ်နတ် သည်မကောင်းမှုကို အားပေးသည့်သဘော၊ ကောင်းမှုကုသိုလ်ကို ဖျက်ဆီးလိုသည့် သဘောရှိပေသည်။
Relief fragment of Mara in Gandhara style, found in Swat Valley
The demons of mara. Palm leaf manuscript. Nalanda, Bihar, India
Mara's assault on the Buddha (an aniconic representation: the Buddha is only symbolized by his throne), 2nd century, Amaravati, India
Mara, his lusty daughters, and demonic army, attempting to tempt Buddha, on a 10th-century icon from Mogao Caves

မူလပဏ္ဏာသ အဋ္ဌကထာ၌ မာရ်နတ်ဟူသည် ပရနိမ္မိတဝသဝတ္တိဘုံ၌ လူ့ပြည်တွင် နိုင်ငံအစွန်အဖျားကို ဓားမြတိုက်နေည့်မင်းသားကဲ့သို့ ဆိုးသွမ်း နေသော နတ်သားဖြစ်သည် ဟု ဆိုထားသည်။ ဂေါတမမြတ်စွာဘုရားလောင်း တောထွက်တော်မူသည်မှစ၍ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုသည်အထိ ကိုယ်တော်မြတ်အား မာရ်န်တ်သည် မိမိတန်ခိုးဖြင့် အမျိုမျိုသော အနှောင့်အရှက် အဖျက်အဆီးများကို စွမ်းအားရှိသမျှ ပြုသော်လည်း အောင်မြင်မှု မရှိခဲ့ပေ။ ဘုရားလောင်း တောထွက်တော်မူစဉ်က ဘုရားဖြစ်မည့် အရေးကို တွေးမိတိုင်း ရန်သူပမာ စိတ်ထာသော မာရ်နတ်သည်ဘုရားလာင်း တောမထွက်ဖြစ်အောင် မြစ်တားခဲ့၏။ သို့သော်လည်း မအောင်မြင်ခဲ့ပေ။ တစ်ဖန် ဘုရားလောင်းသည် ဗောဓိပင်၏ အောက်အပြင် ရွှေပလ္လင်ထက်၌ မလျော့သော လုံ့လဝီရိယဖြင့် ဘုရားအဖြစ် ကို အရယူရန် ကြိုးစားတော်မူစဉ်က မာရ်နတ်သည် ယူဇနာ တစ်ရာ့ငါးဆယ်ရှိသော ဂိရိမေခလာ ဆင်ပြောင်ကို စီးကာ နတ်စစ်သည် ပေါင်း မြောက်မြားစွာ ခြံရံလျက် လက်နက်အမျိုးစုံတို့ဖြင့် ဘုရားလောင်းကို တိုက်ခိုက်လာ၏။ ဘုရားဖြစ်မည့် ဆဲဆဲ ဖြစ်သော အလောင်းတော်အား ခစားဆည်းကပ်လျက်ရှိကြသော နတ်သိကြား အပေါင်းတို့သည် မာရ်နတ်၏ ရန်ကိုခံရန် မစွမ်းနိုင်တော့ဘဲ မိမိတို့ မျက်နှာမူရာ အရပ်သို့သာ ရှေးရှူ ပြေးကြကုန်၏။


သဟမ္ပတိဗြဟ္မာကြီးသည် ဗြဟ္မာ့ပြည်သို့ ပြေးလေ၏။ ဘုရားလောင်းကား လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဆည်းပူးခဲ့သော ဆယ်ချက်သော ပါရမီတော်ကို လက်နက်ပြုကာ မြင့်မြတ်သော နှလုံးရည်ဖြင့် တည်ငြိမ်စွာ နေလေသည်။ နောက်ဆုံး၌ မာရ်နတ်သည် စစ်ရှုံးကာထွက်ပြေးရလေသည်။ တစ်ဖန် မာရ်နတ်သည် မိမိ၏ သမီးတော်သုံးပါးဖြင့် မြတ်စွာဘုရားအား ဖျက်ဆီးပြန်သော်လည်း မအောင်မြင်ဘဲ အရှုံးပေးရပြန်သည်။ တစ်ဖန် ဗုဒ္ဓမြတ်စွာသည် တရားတော် ဒေသနာများကို ၄၅ ဝါ ပတ်လုံး ကောင်းစွာ ဟောကြားတော်မူပြီးသည့်နောက်တွင်မာရ်နတ်သည် မကောင်းသော နှလုံးသွင်းဖြင့် မြတ်စွာဘုရားအား ပရိနိဗ္ဗာန်ဝင်စံဖို့ သင့်ပြီဖြစ်ကြောင်း သုံးကြိမ်တိုင်တိုင် လျှောက်ထားသောကြောင့် ပရိနိဗ္ဗာန် ဝင်စံပေတော့အံ့ဟု ဝန်ခံတော်မူလိုက်လေသည်။ တစ်ဖန် သာသနာ့ ဒါယကာဖြစ်သော သီရိဓမ္မာသောကမင်းကြီး၏ ခုနစ်လ ခုနစ်ရက်တိုင်အောင် ပြုလုပ်သော စေတီပူဇော်ပွဲကြီး၌ လည်း မာရ်နတ်သည် အမျိုးမျိုးဖျက်ဆီးရာ ဥပဂုတ္တတိဿနာဂထေရ် (ရှင်ဥပဂုတ်) နှိမ်နင်းတော်မူမှ ပူဇော်ပွဲအောင်မြင်ခြင်းသို့ရောက်ခဲ့ရလေသည်။ ဤသို့လျှင် မာရ်နတ်သည် မြတ်စွာဘုရားနှင့် ဘုရား သာသနာတော်တွင် ရန်သူသဖွယ် ဖြစ်ခဲ့လေသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ဇိနာလင်္ကာရဋိကာ ကျမ်း
  2. ဦးကျော်လွင်(နှစ်ဖက်လှ) ရေး ဗုဒ္ဓနှင့် မာရ်နတ် အတွင်းရေး ပဋိပက္ခများ
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)