မာတိကာသို့ ခုန်သွားရန်

မြန်မာ စံတော်ချိန်

ဝီကီပီးဒီးယား မှ
(မြန်မာစံတော်ချိန် မှ ပြန်ညွှန်းထားသည်)
မြန်မာစံတော်ချိန်
အချိန်ဇုန်
UTC offset
UTCUTC+06:30
လက်ရှိအချိန်
13:31, 8 March 2026 UTC+06:30 [refresh]
Central လောင်ဂျီတွဒ်
တမ်းပလိတ်:Infobox time zone/meridian-central
Date-time group
တမ်းပလိတ်:Infobox time zone/utc-dtg

မြန်မာစံတော်ချိန် ( အင်္ဂလိပ်: Myanmar Standard Time) သည် ဂရင်းနစ်စံတော်ချိန်ကို ၆ နာရီ ၃၀ မိနစ် ထပ်ပေါင်းထားသည့်အချိန်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စံတော်ချိန် ဖြစ်သည်။ တစ်နှစ်ပတ်လုံး မြန်မာတစ်နိုင်ငံလုံးတွင် တစ်သမတ်တည်း အသုံးပြုသည်။ မြန်မာစံတော်ချိန် (MMT) 97°30′E လောင်ဂျီကျူ အခြေခံဖြင့် တွက်ချက်သည်။[] မြန်မာစံတော်ချိန်သည် နေ့အလင်းရောင် ထိန်းသိမ်းသော အချိန်ကို လိုက်နာထားခြင်း မရှိသည့်အတွက် တစ်နှစ်ပတ်လုံး တစ်နိုင်ငံလုံးတွင် တစ်သမတ်တည်း အသုံးပြုသည်။ [][]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]
ရန်ကုန်မြို့ရှိ အလံပြဘုရား (၁၈၅၅ ခုနှစ်)။ အချိန်ဘောလုံးကို ဘုရားထိပ်တွင် ချိတ်ဆွဲထားသည်ကို တွေ့မြင်ရသည်။[]

ကိုလိုနီခေတ် မတိုင်မီ

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီခေတ်မတိုင်မီက စံအချိန်မရှိပေ။ မြန်မာပြက္ခဒိန် စည်းမျဉ်းအရ ဒေသတစ်ခုစီသည် နေထွက်ချိန်၊ မွန်းတည့်ချိန်၊ နေဝင်ချိန်နှင့် သန်းခေါင်ယံအချိန်တို့ကို ခွဲခြားထားသည်။ []. နေ့ကို ဗဟို ဟု ခေါ်သည့် သုံးနာရီကြာ အပိုင်းရှစ်ခု သို့မဟုတ် နာရီ ဟု ခေါ်သည့် ၂၄ မိနစ်ကြာသည့် အပိုင်း ခြောက်ဆယ် ဖြင့် ပိုင်းခြားထားသည်။ ပြက္ခဒိန်တွင် မီလီစက္ကန့်အဆင့်အထိ အချိန်ယူနစ်များ ပါဝင်သော်လည်း ဗဟို နှင့် နာရီ ကို ပိုမိုလူကြိုက်များသည်။ နာရီ တစ်ခုစီတိုင်း မောင်း တစ်ချက်တီးကာ ဗဟို တစ်ခုစီတိုင်းတွင် စည် နှင့် ခေါင်းလောင်းတို့ကို တီးခတ်သည်။ []

အမျိုးအစား အချိန် မြန်မာအမည် ဖော်ပြချက်
နေ့၁ နာရီထိုးနံနက် တစ်ချက်တီးနေထွက်ချိန်နှင့် နေ့လယ် အကြား
၂ နာရီထိုးနေ့ နှစ်ချက်တီးမွန်းတည့်
၃ နာရီထိုးနေ့ သုံးချက်တီးမွန်းတည့်နှင့် နေဝင်ချိန် အကြား
၄ နာရီထိုးနေ့ လေးချက်တီးနေဝင်ချိန်
၁ နာရီထိုးည တစ်ချက်တီးနေဝင်ချိန်နှင့် ညလည် အကြား
၂ နာရီထိုးည နှစ်ချက်တီးညလည်
၃ နာရီထိုးည သုံးချက်တီးညလည်နှင့် နေထွက်ချိန် အကြား
၄ နာရီထိုးနံနက် လေးချက်တီးနေထွက်ချိန်


အချိန်မှတ်တမ်း

[ပြင်ဆင်ရန်]
အမည် ကာလ UTC Offset မှတ်ချက်
Rangoon Mean Time၂ မေ ၁၈၇၇? – ၃၀ ဇွန် ၁၉၀၅UTC+6:24:40၁၈၉၂ ခုနှစ်မှ ၁၉၀၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ဗြိတိသျှဘားမား အတွက် စံတော်ချိန် ဖြစ်သည်။ ၁၉၂၉ ခုနှစ်အထိ ရန်ကုန်မြို့တွင် ဆက်လက်သုံးစွဲခဲ့သည်။[][]
ဗမာစံတော်ချိန်၁ ဇူလိုင် ၁၉၀၅ – ၃၀ ဧပြီ ၁၉၄၂UTC+6:30:00မီးရထားနှင့် ကြေးနန်းရုံးများက ၁၉၀၅ ခုနှစ်တွင် စတင် သုံးစွဲခဲ့သည်။[][၁၀] Internet Assigned Numbers Authority (IANA) ၏ ၂၀၂၁ ခုနှစ် အောက်တိုဘာ ဒေတာဘေ့စ်အဆိုအရ ၁၉၂၀ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည်ဟု ဆိုသော်လည်း[၁၁] ရင်းမြစ်အား ဖော်ပြထားခြင်း မရှိပေ။
ဂျပန် စံတော်ချိန်၁ မေ ၁၉၄၂ – ၂ မေ ၁၉၄၅UTC+09:00:00ဂျပန်ကိုလိုနီခေတ်အတွင်း သုံးစွဲသော စံတော်ချိန်
မြန်မာစံတော်ချိန်၃ မေ ၁၉၄၅ – လက်ရှိUTC+06:30:00

ကိုးကား

[ပြင်ဆင်ရန်]
  1. MFF 2002: 1
  2. USNAO 2013: 262
  3. Myanmar
  4. Kinns 2020: 544
  5. (Clancy 1906:57): The Burmese calendar recognizes two types of day: astronomical and civil. The mean Burmese astronomical day is from midnight to midnight, and represents 1/30th of a synodic month or 23 hours, 37 minutes and 28.08 seconds. The civil day comprises two halves, the first half beginning at sunrise and the second half at sunset
  6. Clancy 1906: 57
  7. USNI 1928: 723
  8. Kinns 2020: 545
  9. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named re-346
  10. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named usno-v
  11. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named tz