ကူမဲမြို့

ဝီကီပီးဒီးယား မှ
ကူမဲ
မြို့
တောင်ဘက်မြို့အဝင်
တောင်ဘက်မြို့အဝင်
ကူမဲ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကူမဲ
ကူမဲ
ကိုဩဒိနိတ်: 21°21′20.19″N 96°9′38.53″E / 21.3556083°N 96.1607028°E / 21.3556083; 96.1607028
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေး
ခရိုင်ကျောက်ဆည်
မြို့နယ်မြစ်သား
လူဦးရေ (၂၀၁၉)
 • စုစုပေါင်း၁၂၂,၄၂၇
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ကူမဲမြို့သည် မန္တလေးတိုင်းဒေသကြီးမြစ်သားမြို့နယ်တွင်တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။ ယခင်က ကျေးရွာအဆင့်ဖြစ်ပြီး နောက်ပိုင်းတွင် မြို့အဖြစ် အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်သည်။ ကူမဲမြို့သည် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမပေါ်တွင် တည်ရှိသဖြင့် အတော်အသင့် စည်ကားပြီး မြို့နယ်ရုံးစိုက်ရာ မြစ်သားမြို့ထက် အချက်အချာပိုကျသည်။ ၂၀၁၉ခုနှစ် စက်တင်ဘာလတွင် ကူမဲမြို့၏ လူဦးရေမှာ ၁၂၂၄၂၇ဦးရှိသည်။

မြန်မာနိုင်ငံ၏ ဗဟိုဖြစ်သော ပြက္ခရွေ့တောင်သည် ကူမဲမြို့အနီးတွင် တည်ရှိသည်။ ရန်ကုန်-မန္တလေးလမ်းမှ ကင်းတားရေအားလျှပ်စစ်စက်ရုံသို့ လမ်းခွဲသည် ကူမဲမြို့တွင် တည်ရှိသည်။ ကူမဲမြို့တွင် အထက်တန်းကျောင်း၊ (၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံများလည်း တည်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]