စဉ့်ကူးမြို့နယ်

ဝီကီပီးဒီးယား မှ
စဉ့်ကူးမြို့နယ်
မြို့နယ်
သပိတ်ကျင်းခရိုင်အတွင်းတည်နေရာ
သပိတ်ကျင်းခရိုင်အတွင်းတည်နေရာ
စဉ့်ကူးမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
စဉ့်ကူးမြို့နယ်
စဉ့်ကူးမြို့နယ်
သပိတ်ကျင်းခရိုင်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 22°32′N 95°59′E / 22.533°N 95.983°E / 22.533; 95.983
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေး
ခရိုင်သပိတ်ကျင်းခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့စဉ့်ကူးမြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၁၅၇,၅၈၅[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

စဉ့်ကူးမြို့နယ် သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးသပိတ်ကျင်းခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ စဉ့်ကူးမြို့ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

စဉ့်ကူးမြို့နယ်သည် အနော်ရထာမင်းတည်ထောင်ခဲ့သော ကင်းမြို့ ၄၃မြို့အနက် တစ်မြို့အပါအဝင်ဖြစ်သည်။ မြန်မာသက္ကရာဇ်၄၂၂တွင် တည်ခဲ့သည်။ ယခင်မြို့အမည်မှာ ငစဉ့်ကူးမြို့ဖြစ်ပြီး စဉ့်ကူးမင်းလက်ထက်တွင် မြို့ရိုး၊ပြအိုး၊ကျုံး၊စံနန်းတို့ဖြင့် စနစ်တကျတည်ဆောက်ခဲ့သော ရှေးဟောင်းမြို့ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၂.၁၂.၁၉၇၂ခုနှစ်တွင် ထုတ်ပြန်ချက်အရ စဉ့်ကူးမြို့ကို မြို့အဖြစ်လည်းကောင်း၊၂၈.၂.၁၉၇၃ခုနှစ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စု၊ကျေးရွာများကို ဖွဲ့စည်းခဲ့သည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကို ၁၉၅၄ခုနှစ် မတ်လ၁၁ရက်ကပင် ဖွင့်လှစ်ခဲ့သည်။[၂]

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ် ၂၂ဒီဂရီ ၁၇မိနစ်နှင့် ၂၂ဒီဂရီ ၄၉မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၅၄မိနစ်နှင့် ၉၆ဒီဂရီ ၂၀မိနစ်အကြားတွင် တည်ရှိသည်။ ၅၄၄.၀၃စတုရန်းမိုင် ကျယ်ဝန်းသည်။[၂]

နယ်နိမိတ်[ပြင်ဆင်ရန်]

စဉ့်ကူးမြို့နယ်၏ အရှေ့ဘက်တွင် ရှမ်းပြည်နယ်ရှိ နောင်ချိုမြို့နယ်၊တောင်ဘက်တွင် မတ္တရာမြို့နယ်၊အနောက်ဘက်တွင် ဧရာဝတီမြစ်ခြားကာ စစ်ကိုင်းတိုင်းရှိ ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်နှင့် မြောက်ဘက်တွင် သပိတ်ကျင်းမြို့နယ်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ပင်လယ်ရေမြေနှာပြင်အထက် ပျှမ်းမျှ ၂၇၀ပေအထက်တွင်တည်ရှိသည်။ အမြင့်ဆုံးတောင်မှာ ဗောင်းတော်ကျတောင်ဖြစ်ကာ ၃၅၃၁ပေမြင့်သည်။ မြို့နယ်၏အရှေ့ဘက်သည် ရှမ်းပြည်နယ်နှင့် ဆက်စပ်နေ၍ တောင်ကုန်းတောင်တန်း ထူထပ်သောဒေသဖြစ်ကာ အနောက်ဘက်သည် ဧရာဝတီမြစ်ဖြစ်၍ မြေပြန့်လွင်ပြင်ဒေသဖြစ်သည်။ မြို့နယ်အတွင်းတွင် ဧရာဝတီမြစ်၊ ချောင်းတာရှည်ချောင်း၊ ကျောက်အိုးချောင်း၊ မာလဲချောင်းတို့စီးဆင်းနေသည်။ ရေချိုအင်း ၃၈အင်းရှိသည်။

လူဦးရေ[ပြင်ဆင်ရန်]

စဉ့်ကူးမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ချင်း၊ကရင်၊ကချင်၊ရခိုင်၊မွန်နှင့် ကယားလူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်နှင့် ခရစ်ယာန်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။[၂]

စီးပွားရေး[ပြင်ဆင်ရန်]

စဉ့်ကူးမြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးသော မြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ စပါး၊ မြေပဲနှင့် ပဲမျိုးစုံဖြစ်ကာ မန္တလေးမြို့သို့ အများဆုံး တင်ပို့ရောင်းချသည်။ မန္တလေးနှင့် ရွှေဘိုမြို့တို့မှ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို အဓိကတင်သွင်းသည်။ ပုဂ္ဂလိကစက်ရုံ ၁၆ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၅၁ခုရှိသည်။ မြို့နယ်အတွင်း ရွှေအနည်းငယ်တူးဖော်သည်။

ဈေးများ[ပြင်ဆင်ရန်]

  • စဉ့်ကူးမြို့မဈေး
  • လက်ပန်လှဈေး

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

စဉ့်ကူးမြို့နယ်အတွင်းတွင် ဧရာဝတီမြစ်ကြောင်းသွားလာရေးရှိသည်။ မန္တလေး၊ မိုးကုတ်နှင့် ရွှေဘိုမြို့များသို့ ကားလမ်းများရှိသည်။ ရွှေဘိုမြို့နယ်နှင့် စဉ့်ကူးမြို့နယ်ကို ဧရာဝတီတံတား (ရတနာသိင်္ဃ)နှင့် ဆက်သွယ်ထားသည်။

ပညာရေး[ပြင်ဆင်ရန်]

အခြေခံပညာ[ပြင်ဆင်ရန်]

အထက[ပြင်ဆင်ရန်]

အထက်တန်းကျောင်း ၇ကျောင်းရှိသည်။

  • အထက စဉ့်ကူး
  • အထက လက်ပန်လှ
  • အထက ဆည်သည်
  • အထက သဲအင်း
  • အထက ရွှေပြည်
  • အထက ကျဉ်တောက်ပေါက်
  • အထက ထုံးကြီး

အထက(ခွဲ)/အလက[ပြင်ဆင်ရန်]

  • အလက (ထ(ခွဲ)) ခက်သင်
  • အလက (ထ(ခွဲ)) မြစိမ်း
  • အလက (ထ(ခွဲ)) ဟင်္သာဖို
  • အလက (ထ(ခွဲ)) ဆင်သေ
  • အလက (ထ(ခွဲ)) ရေတော်
  • အလက (ထ(ခွဲ))နွယ်ရုံ
  • အလက (ထ(ခွဲ))ညောင်ဝန်း
  • အလက (ထ(ခွဲ))ကံတောင်
  • အလက ရွှေဂုံတိုင်
  • အလက (ထ(ခွဲ))ငါးပြားပေး

အမက[ပြင်ဆင်ရန်]

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၀၁ကျောင်းရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ဆေးရုံများ[ပြင်ဆင်ရန်]

  • စဉ့်ကူးမြို့နယ်ဆေးရုံ
  • ထုံးကြီး တိုက်နယ်ဆေးရုံ
  • ကျည်တောက်ပေါက် တိုက်နယ်ဆေးရုံ
  • သဲအင်း တိုက်နယ်ဆေးရုံ

ထင်ရှားသောနေရာများ[ပြင်ဆင်ရန်]

  • ရွှေမုဌောဘုရား
  • ရွှေမာလဲဘုရား

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၈။
  2. ၂.၀ ၂.၁ ၂.၂ စဉ့်ကူးမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။[လင့်ခ်သေ]