မန္တလေးတိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး မန္တလေးတိုင်း | |||
---|---|---|---|
တိုင်းဒေသကြီး | |||
| |||
မန္တလေးတိုင်း တည်နေရာ(အနီရောင်) | |||
နိုင်ငံ | မြန်မာ | ||
မြို့တော် | မန္တလေးမြို့ | ||
အစိုးရ | |||
• ဝန်ကြီးချုပ် | ဦးမျိုးအောင် | ||
• အစိုးရအဖွဲ့ | မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ | ||
• ဥပဒေပြုလွှတ်တော် | မန္တလေးတိုင်းဒေသကြီး လွှတ်တော် | ||
• တရားလွှတ်တော် | မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် | ||
ဧရိယာ | |||
• စုစုပေါင်း | ၃၇၉၄၅.၆ စတုရန်းကီလိုမီတာ (၁၄၆၅၀.၉ စတုရန်းမိုင်) | ||
ဧရိယာအဆင့် | သတ္တမမြောက် | ||
လူဦးရေ (၂၀၁၄)[၁] | |||
• စုစုပေါင်း | ၆,၁၆၅,၇၂၃ ယောက်[၁] | ||
• အဆင့် | တတိယမြောက် | ||
လူနေမှု | |||
• လူမျိုးများ | မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ရှမ်း၊ ကရင်၊ ဂေါ်ရခါး | ||
• ကိုးကွယ်မှု | ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ | ||
အချိန်ဇုန် | MST (UTC+06:30) | ||
ဝက်ဘ်ဆိုဒ် |
မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည်။ အရှေ့ဘက်တွင် ရှမ်းပြည်နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ တောင်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မြောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တို့က အသီးသီးဝန်းရံလျက်ရှိသည်။ တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မန္တလေးမြို့၌ မြန်မာတို့၏ နောက်ဆုံးမင်းများ စိုးစံခဲ့သော မြနန်းစံကျော် ရွှေနန်းတော်တည်ရှိသည်။ ပထမမြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သော ပုဂံမြို့ဟောင်းမှာ မန္တလေးတိုင်းဒေသကြီးတွင်း၌ တည်ရှိပြီး လက်ရှိ အစိုးရအဖွဲ့များ ရုံးစိုက်ရာ နေပြည်တော် ပြည်ထောင်စုနယ်မြေကို မန္တလေးတိုင်းဒေသကြီးမှ ပတ်ပတ်လည် ဝန်းရံထားသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မန္တလေးတိုင်းကို မြန်မာမင်းများ လက်ထက်က တမ္ပဒီပတိုင်းဟု ခေါ်ခဲ့ကြသည်။ တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်တို့ ထွန်းပေါက်ဖွားရာဒေသဟု ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤတိုင်းဒေသအတွင်းရှိ အမရပူရတောင်ပိုင်း တောင်သမန်၊ ရွှေစာရံ၊ ပုပ္ပါး စသည့် ဒေသတစ်ဝိုက်တွင် ကျောက်ခေတ်ကာလမှစ၍ မြန်မာ့ယဉ်ကျေးမှု အခြေခံ အညာသားယဉ်ကျေးမှုတစ်ရပ် ထူတောင်ခဲ့ခြင်း (ထိုဒေသများတွင် ကျောက်ခေတ်ဦးပိုင်း လူသားများ အသုံးပြုခဲ့သည့် အသုံးအဆောင်များ၊ ကျောက်လက်နက်များ တစ်ပုံတစ်ပင် တွေ့ရှိခဲ့ရသည်။ ထိုအသုံးပြုခဲ့သော ခေတ်ကာလကို "အညာသားယဉ်ကျေးမှု" (Anyarthian Culture)ဟု ခေါ်တွင်ခဲ့ကြသည်။ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးမြို့ဟောင်းနှင့် ခေတ်ပြိုင် မိုင်းမော၊ ဝတီး စသည့် ပျူရှေးဟောင်းမြို့များ တည်ရှိခြင်း၊ တကောင်း(ဘီစီ-၂)၊ ပုဂံ(အေဒီ- ၈၄၉)၊ အမရပူရ(အေဒီ- ၁၁၄၄)၊ ပင်းယ(အေဒီ-၁၃၁၂)၊ အင်းဝ(အေဒီ-၁၃၆၄)၊ ညောင်ရမ်း(အေဒီ-၁၅၉၇)၊ ရတနာပုံ(အေဒီ-၁၈၅၉) စသော မြန်မာမင်းနေပြည်တော်များ စတင်တည်ထောင်ခဲ့ခြင်း၊ (အေဒီ-၁၀၄၄) ပုဂံအနော်ရထာမင်းလက်ထက်တွင် ပထမမြန်မာနိုင်ငံတော် ထူထောင်ခဲ့ခြင်း၊ လယ်ကွင်း(၁၁)ခရိုင် (နောင် (၉)ခရိုင်)တွင် လယ်ယာစိုက်ပျိုးမှု ထွန်းကားခဲ့ခြင်း၊ (အေဒီ-၁၁၁၂)မှ စ၍ မြန်မာစာအရေးအသား ပေါ်ပေါက်ခဲ့ခြင်း၊ ပင်းမြို့(၄၃)မြို့ ထူထောင်၍ ကာကွယ်ရေး တည်ဆောက်နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ ဗြိတိသျှခေတ်က မန္တလေးတိုင်းဒေသကြီးကို မန္တလေးပြည်နယ်နှင့်မိတ္ထီလာပြည်နယ်ဟူ၍ ပြည်နယ်(၂)ခုအဖြစ်အုပ်ချုပ်ခဲ့ပြီး တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် မိတ္ထီလာပြည်နယ်ကိုဖျက်သိမ်း၍ မန္တလေးတိုင်းအဖြစ်ပေါင်းစည်းခဲ့သည်။ ၁၉၅၅ခုနှစ်တွင်ချောက်မြို့ကို မိတ္ထီလာပြည်နယ်၊မြင်းခြံခရိုင်၊ညောင်ဦးစီရင်စုမှ မကွေးတိုင်း၊မကွေးခရိုင် ၊ရေနံချောင်းစီရင်စုလက်အောက်သို့ပြောင်းရွှေ့ခဲ့သည်။ [၂]
တည်နေရာနှင့် အကျယ်အဝန်း
[ပြင်ဆင်ရန်]မန္တလေးတိုင်းဒေသကြီးသည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၀မိနစ် နှင့် ၂၃ ဒီဂရီ ၄၅မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၅မိနစ် နှင့် ၉၇ ဒီဂရီ အကြားတွင် တည်ရှိသည်။ ဧရိယာ စုစုပေါင်ဂးး ၁၁၉၂၅.၉၆ စတုရန်းမိုင်[၃] ကျယ်ဝန်းသည်။ လူနေသိပ်သည်းသော ဒေသလည်းဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆,၁၆၅,၇၂၃ ယောက် ရှိသည်။[၁]
ပထဝီဝင်အနေအထား
[ပြင်ဆင်ရန်]မြေမျက်နှာသွင်ပြင်
[ပြင်ဆင်ရန်]မန္တလေးတိုင်းဒေသကြီး၏ အနောက်ဘက်ပိုင်းတွင် ပုပ္ပါးမီးငြိမ်းတောင်ရှိသည်။ မန္တလေးနှင့် ကျောက်ဆည်ပတ်ဝန်းကျင်တွင် လွင်ပြင်များ တည်ရှိသည်။ တိုင်းဒေသကြီး၏ အရှေ့ဘက်တွင် ရှမ်းရိုးမတောင်တန်းများတည်ရှိသည်။ တိုင်းဒေသကြီး၏ အနောက်ခြမ်းတွင် ညောင်ဦးမြို့နယ်အထိ ဧရာဝတီမြစ်က စီးဆင်းနေသည်။ မြစ်ငယ်မြစ်၊ဇော်ဂျီမြစ်၊ပန်းလောင်မြစ်၊ စမုံမြစ်တို့မှာလည်း စီးဆင်းနေသည်။
ရာသီဥတု
[ပြင်ဆင်ရန်]ကွဲပြားခြားနားသော ရာသီဥတုများကို တွေ့ရသည်။ အရှေ့ဘက်တောင်တန်းဒေသများ (မိုးကုတ် နှင့် ပြင်ဦးလွင်)တွင် ပူနွေးစိုစွတ်သော ရာသီဥတုမျိုးတွေ့ရသည်။ ၎င်းဒေသများတွင် အပူချိန်မှာ ၇၀ ဒီဂရီ ဖာရင်ဟိုက် မှ ၇၅ ဒီဂရီ ဖာရင်ဟိုက်ထိရှိသည်။ ဆောင်းဥတုတွင် ၆၀ ဒီဂရီဖာရင်ဟိုက်သာ ရှိတတ်သည်။ မိုးရေချိန်မှာ မိုးကုတ်မြို့တွင် ၁၀ဝ လက်မ၊ ပြင်ဦးလွင်မြို့တွင် ၆၀ လက်မကျော် ထိရရှိသည်။
တောင်ပိုင်းဒေသများတွင် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုမျိုးကိုတွေ့ရသည်။ ပျှမ်းမျှအပူချိန်မှာ ၈၈ ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပြီး နေ့ခင်းဘက်အပူချိန်မှာ ၁၁၀ ဒီဂရီဖာရင်ဟိုက်ထိရှိတတ်သည်။ ဆောင်းဥတုတွင်မူ အပူချိန်မှာ ၅၀ ဒီဂရီထိ ကျဆင်းတတ်သည်။ မိုးရေချိန်မှာ မန္တလေးနှင့်ကျောက်ဆည်လွင်ပြင်တွင် ၃၂ မှ ၃၄ လက်မ၊ အလယ်ပိုင်းရှိ မြင်းခြံတွင် ၂၇ လက်မ၊ ပုပ္ပါးတောင်တစ်ဝိုက်ဒေသများတွင် ၄၀ လက်မ ထိရှိတတ်ပြီး ကျန်တောင်ပိုင်းဒေသများတွင် ၅၆ လက်မ ထိရွာသွန်းတတ်သည်။
အုပ်ချုပ်ရေး
[ပြင်ဆင်ရန်]မြို့တော်
[ပြင်ဆင်ရန်]မန္တလေးတိုင်းဒေသကြီး၏ မြို့တော်မှာ မန္တလေးမြို့ဖြစ်သည်။
အုပ်ချုပ်ရေး
[ပြင်ဆင်ရန်]မန္တလေးတိုင်းကို ယခင်က ၂၆ဘီလမ်းနှင့် ၆၆လမ်းထောင့်ရှိ တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အုပ်ချုပ်ခဲ့သည်။၂၀၁၁ခုနှစ် အစိုးရအသစ်တက်လာချိန်မှစကာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအဖြစ် ၆၄လမ်းနှင့် ၂၄လမ်းထောင့်တွင် ဖွင့်လှစ်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော တိုင်းဒေသကြီးဝန်ကြီးများမှ အုပ်ချုပ်သည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။
ဥပဒေပြုရေး
[ပြင်ဆင်ရန်]၂၀၁၁ခုနှစ် စနစ်အသစ်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များပါဝင်သော တိုင်းဒေသကြီးဥပဒေပြုလွှတ်တော် စတင်ကျင်းပခဲ့သည်။ မူလလွှတ်တော်မှာ ၆၅လမ်းနှင့် ၂၄လမ်းထောင့်ရှိ တိုင်းတရားလွှတ်တော်အဆောက်အအုံတွင် တည်ရှိခဲ့ကာ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှစ၍ ၉လမ်း လမ်း၇၀နှင့် ၇၃လမ်းကြားရှိ လွှတ်တော်အဆောက်အအုံတွင် ကျင်းပခဲ့သည်။
တရားစီရင်ရေး
[ပြင်ဆင်ရန်]မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်လက်အောက်တွင် မန္တလေး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မိတ္ထီလာ၊ ညောင်ဦး၊ ရမည်းသင်းနှင့် ဒက္ခိဏ ခရိုင်တရားရုံး (၈)ရုံးရှိသည်။ ပြည်ထောင်စုနယ်မြေအပါအဝင် မြို့နယ်တရားရုံး (၃၅)ရုံး၊ မော်တော်ယာဉ်ဆိုင်ရာတရားရုံး၊ စည်ပင်တရားရုံး၊ ကလေးသူငယ်ဆိုင်ရာတရားရုံး စသည့် အထူးတရားရုံး (၅)ရုံးရှိသည်။[၄]
ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ
[ပြင်ဆင်ရန်]မန္တလေးတိုင်းဒေသကြီးတွင် ခရိုင် (၁၁)ခု ရှိသည်။ ၂၀၁၀ပြည့်နှစ်မတိုင်မီက မန္တလေးတိုင်းတွင် ခရိုင် (၈)ခု ရှိခဲ့သည်။ နောက်ပိုင်းတွင် ပျဉ်းမနားခရိုင်မှာ ပြည်ထောင်စုနယ်မြေအတွင်း ပါဝင်သွားခဲ့သည်။ ၂၀၂၂ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ခရိုင်အသစ်များ တိုးချဲ့ဖွဲ့စည်းခဲ့ရာ မန္တလေးတိုင်းဒေသကြီးတွင် ခရိုင် (၁၁)ခရိုင်အထိ ရှိလာခဲ့သည်။
- အောင်မြေသာစံခရိုင်
- မဟာအောင်မြေခရိုင်
- အမရပူရခရိုင်
- ပြင်ဦးလွင်ခရိုင်
- သပိတ်ကျင်းခရိုင်
- ကျောက်ဆည်ခရိုင်
- တံတားဦးခရိုင်
- မြင်းခြံခရိုင်
- မိတ္ထီလာခရိုင်
- ညောင်ဦးခရိုင်
- ရမည်းသင်းခရိုင်
ခရိုင်ရှိမြို့နယ်
[ပြင်ဆင်ရန်]မြို့နယ်များရှိမြို့များ
[ပြင်ဆင်ရန်]- မန္တလေးမြို့
- ကျောက်ဆည်မြို့
- ပြင်ဦးလွင်မြို့
- မိတ္ထီလာမြို့
- မြင်းခြံမြို့
- ညောင်ဦးမြို့
- ရမည်းသင်းမြို့
- အမရပူရမြို့
- ပုသိမ်ကြီးမြို့
- မြစ်ငယ်မြို့
- စဥ့်ကိုင်မြို့
- တံတားဦးမြို့
- မြစ်သားမြို့
- မိုးကုတ်မြို့
- မတ္တရာမြို့
- စဉ့်ကူးမြို့
- သပိတ်ကျင်းမြို့
- ဝမ်းတွင်းမြို့
- သာစည်မြို့
- မလှိုင်မြို့
- ငါန်းဇွန်မြို့
- နွားထိုးကြီးမြို့
- တောင်သာမြို့
- ကျောက်ပန်းတောင်းမြို့
- ပျော်ဘွယ်မြို့
- ကူမဲမြို့
- တကောင်းမြို့
- ဆီမီးခုံမြို့
- ပုဂံမြို့
- ငါ့သရောက်မြို့
၂၀၂၁ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး၌ မြို့ပေါင်း (၃၀) မြို့၊ ရပ်ကွက်ပေါင်း (၂၈၀) ကွက်၊ ကျေးရွာအုပ်စု (၁၄၁၅) အုပ်စု၊ ရွာပေါင်း (၄၇၉၉) ရွာ ရှိသည်။[၅]
လူဦးရေ
[ပြင်ဆင်ရန်]သမိုင်းတစ်လျှောက် လူဦးရေများ | ||
---|---|---|
ခုနှစ် | လူဦးရေ | ±% |
၁၉၇၃ | ၃၆၆၈၄၉၃ | — |
၁၉၈၃ | ၄၅၇၇၇၆၂ | +24.8% |
၂၀၁၄ | ၆၁၆၅၇၂၃ | +34.7% |
Source: ၂၀၁၄ သန်းခေါင်စာရင်း[၁] |
မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မြို့တော်ဖြစ်သော မန္တလေးမြို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က တရုတ်လူမျိုးများ ဝင်ရောက်လာခဲ့ပြီး တရုတ်ယဉ်ကျေးမှုများ စီးဆင်းဝင်ရောက်လာသည်။ တရုတ်လူမျိုးများသည် မြန်မာနိုင်ငံသား စိစစ်ရေးကဒ်များကို တရားမဝင်ရကြသည်။ ယခုအခါ တရုတ်လူမျိုးများမှာ မြို့နေလူထု၏ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ရှိနေပြီ ဖြစ်သည်။ အိန္ဒိယလူမျိုးများသည်လည်း မန္တလေးမြို့တွင် နေထိုင်ကြသည်။ မြန်မာဘာသာစကားမှာ အဓိက ဘာသာစကားဖြစ်သည်။ တရုတ်ပြည်မကြီး စကားကို တရုတ်တန်း နှင့် ဈေးချိုတော် အနီးတဝိုက်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည်။ အင်္ဂလိပ်ဘာသာစကားမှာ တတိယဘာသာစကား အဖြစ် ပြောဆိုနေကြသည်။
၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ မန္တလေးတိုင်းဒေသကြီး၏ လူဦးရေသည် ၆၁၆၅၇၂၃ဦးဖြစ်ကာ ကျားဦးရေ ၂၉၂၈၃၆၇ မဦးရေမှာ ၃၂၃၇၃၅၆ဦးဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေ ၅၄သန်း၏ ၁၂ရာခိုင်နှုန်းဖြစ်ကာ ရန်ကုန်တိုင်ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးပြီးလျှင် တတိယအများဆုံးဖြစ်သည်။ မန္တလေးတိုင်းသည် ၁၉၇၃ခုနှစ် သန်းခေါင်စာရင်းတွင် ၃၆၆၈၄၉၃ဦး နှင့် ၁၉၈၃ခုနှစ် သန်းခေါင်စာရင်းတွင် ၄၅၇၇၇၆၂ဦးရှိရာ ၁၉၈၃ခုနှစ်မှ ၂၀၁၄ခုနှစ်အတွင်း ၃၅% တိုးတက်လာခဲ့သည်။ တိုင်းပြည်လူဦးရေ၏ ၁၃%ရှိခဲ့ရာမှ ၁၂%သို့ ကျဆင်းသွားသည်။ အကြောင်းမှာ ပြည်ထောင်စုနယ်မြေအား မန္တလေးတိုင်းမှခွဲထုတ်၍ ရေတွက်ထားသောကြောင့်ဖြစ်သည်။
မန္တလေးတိုင်းသည် ၁၉၇၃သန်းခေါင်စာရင်းတွင် ၃၆၆၈၄၉၃ဦးနှင့် ၁၉၈၃သန်းခေါင်စာရင်းတွင် ၄၅၇၇၇၆၂ဦးရှိရာ ၁၉၈၃ခုနှစ်မှ ၂၀၁၄ခုနှစ်အတွင်း ၃၅% တိုးတက်လာခဲ့သည်။ တိုင်းပြည်လူဦးရေ၏ ၁၃%ရှိခဲ့ရာမှ ၁၂%သို့ ကျဆင်းသွားသည်။ အကြောင်းမှာ ပြည်ထောင်စုနယ်မြေအား မန္တလေးတိုင်းမှခွဲထုတ်၍ ရေတွက်ထားသောကြောင့်ဖြစ်သည်။
မန္တလေးတိုင်းအတွင်းရှိ ခရိုင်များတွင် မန္တလေးခရိုင်မှာ လူဦးရေအများဆုံးဖြစ်ကာ ညောင်ဦးခရိုင်မှာ အနည်းဆုံးဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူစဉ်က ကျောက်ပန်းတောင်းမြို့နယ်အား ညောင်ဦးခရိုင်အတွင်း ထည့်သွင်းခြင်း မပြုရသေးပေ။
မန္တလေးတိုင်း၏ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် ၂၀၀ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ ၇၆ဦးနှင့် နှိုင်းယှဉ်ပါက အင်မတန်မြင့်မားနေသည်။ ရန်ကုန်တိုင်းပြီးလျှင် ဒုတိယမြောက် လူဦးရေအသိပ်သည်းဆုံးနယ်ပယ်ဖြစ်သည်။ ၁၉၇၃တွင် ၉၉ဦး၊ ၁၉၈၃တွင် ၁၂၄ဦးရှိခဲ့ရာမှ ၂၀၀ဦးသို့ မြင့်တက်လာခြင်းဖြစ်သည်။
တိုင်းဒေသကြီးအတွင်း လူ၁၀၀၌ ၆၅ဦးသည် ကျေးလက်၌ နေထိုင်ကြပြီး ၃၅ဦးသည် မြို့ပြတွင် နေထိုင်ကြသည်။ မြို့ပြဦးရေ ၇၀%ရှိသော ရန်ကုန်တိုင်းနှင့် ၃၆%ရှိသော ကချင်ပြည်နယ်ပြီးလျှင် တတိယအများဆုံးဖြစ်သည်။ မန္တလေးတိုင်း၏ လူဦးရေအများစုမှာ မြန်မာလူမျိုးများဖြစ်သည်။ သို့သော်မန္တလေးမြို့ပြဧရိယာတွင် ယူနန်ပြည်မှပြောင်းလာသော တရုတ်လူမျိုးများလည်းနေထိုင်ကြသည်။[၆] အိန္ဒိယလူမျိုးများလည်း နေကြသည်။ တိုင်းဒေသကြီး၏ အရှေ့ဘက်နယ်စပ်တစ်လျောက်တွင် ရှမ်းလူမျိုးများလည်းနေထိုင်ကြသည်။
ပညာရေး
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးအများစုမှာ ရန်ကုန်နှင့် မန္တလေးတွင်ရှိသည်။ အထက်မြန်မာပြည်၏ အဆင့်မြင့်တက္ကသိုလ်အများစုမှာ မန္တလေးတိုင်းတွင်ရှိသည်။ ထို့အပြင် စစ်ဖက်ဆိုင်ရာတက္ကသိုလ်များလည်းတည်ရှိသည်။
အဆင့်မြင့်ပညာ | အရေအတွက် |
---|---|
တက္ကသိုလ် | ၁၈ |
ကောလိပ် | ၂ |
သိပ္ပံကျောင်း | ၂ |
အခြေခံပညာ | အရေအတွက် |
---|---|
အထက | ၂၄၂ |
အလက | ၃၀၁ |
အမက | ၂၄၉၄ |
အထက(ခွဲ) | ၁၈၃ |
အလက(ခွဲ) | ၃၆၁ |
အမက(ခွဲ) | ၇၅ |
မူလွန် | ၅၂၉ |
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း | အရေအတွက် |
---|---|
မူလတန်း | ၂၅၂ |
အလယ်တန်း | ၇၁ |
အထက်တန်း | ၂ |
ပုဂ္ဂလိကကျောင်း | ၁၄၉ |
အဆင့်မြင့်ပညာဦးစီးဌာန
[ပြင်ဆင်ရန်]အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန
[ပြင်ဆင်ရန်]- မန္တလေးနည်းပညာတက္ကသိုလ်
- နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)
- မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်
- နည်းပညာတက္ကသိုလ်(မန္တလေး)
- နည်းပညာတက္ကသိုလ်(ကျောက်ဆည်)
- နည်းပညာတက္ကသိုလ်(ရမည်းသင်း)
- မန္တလေးကွန်ပျူတာတက္ကသိုလ်
- ကွန်ပျူတာတက္ကသိုလ်(မန္တလေး)
- မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်
- နည်းပညာတက္ကသိုလ်(မိတ္ထီလာ)
- ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)
ဆရာအတတ်သင်နှင့်လေ့ကျင့်ရေးဦးစီးဌာန
[ပြင်ဆင်ရန်]- မိတ္ထီလာပညာရေးကောလိပ်
- မန္တလေးပညာရေးကောလိပ်
စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
[ပြင်ဆင်ရန်]- အစိုးရနည်းပညာကောလိပ်(မြင်းခြံ)
- မော်တော်ယာဉ်နည်းပညာသုတေသနဌာန
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန
[ပြင်ဆင်ရန်]- နည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း)
- နည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)
- အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)
- အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန
[ပြင်ဆင်ရန်]- ဆေးတက္ကသိုလ် (မန္တလေး)
- သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)
- ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (မန္တလေး)
- သူနာပြုတက္ကသိုလ် (မန္တလေး)
- ဆေးဝါးတက္ကသိုလ် (မန္တလေး)
- သားဖွားသင်တန်းကျောင်း
- ဘက်စုံသားဖွားသင်တန်းကျောင်း(ပြင်ဦးလွင်)
- သူနာပြုသင်တန်းကျောင်း (မန္တလေး)
- သူနာပြုသင်တန်းကျောင်း(မိတ္ထီလာ)
တိုင်းရင်းဆေးပညာဦးစီးဌာန
[ပြင်ဆင်ရန်]အားကစားနှင့်ကာယပညာဦးစီးဌာန
[ပြင်ဆင်ရန်]- အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)
အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန
[ပြင်ဆင်ရန်]- ယွန်းပညာကောလိပ် (ပုဂံ)
- ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ (အမရပူရ)
သမဝါယမဦးစီးဌာန
[ပြင်ဆင်ရန်]- သမဝါယမကောလိပ် (မန္တလေး)
စိတ်ဝင်စားဖွယ်နေရာများ
[ပြင်ဆင်ရန်]- မြနန်းစံကျော်ရွှေနန်းတော်
- မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး
- ကမ္ဘာ့အကြီးဆုံးစာအုပ်၊
- သုဓမ္မာဇရပ်များ
- ပယ်ပုံတော်ဝင်း
- တဝဂူဘုရား
- မဟာသကျသီဟ ရုပ်ပွားတော်
- မဟာအတုလဝေယန်ကျောင်းတော်ကြီး
- အိမ်တော်ရာဘုရား
- ကျောက်တော်ကြီးဘုရား(မန္တလေး)၊
- ကုသိုလ်တော်၊
- စန္ဒာမုနိစေတီ၊
- ရန်ကင်းတောင်၊
- ရေတံခွန်တောင်၊
- ရွှေစာရံဘုရား၊
- မန္တလေးယဉ်ကျေးမှုပြတိုက်
- အိမ်ရှေ့မင်းထန်းတော
- ရတနာပုံ တိရစ္ဆာန်ဥယျာဉ်
- မန်းသီတာ ဥယျာဉ်
- အောင်ပင်လယ်ကန်
- တောင်ပြုန်းပွဲတော်
- သခင်မတောင်
- အမရပူရနန်းတော်
- သပြေတန်း ခံတပ်
- တောင်သမန်အင်း
- ဦးပိန်တံတား
- မယ်ဇယ်တန်း
- တောင်လေးလုံးကျောင်းတိုက်
- ဗားကရာဘုန်းကြီးကျောင်း
- ဆောင်းဒါး ရက်ကန်းကျောင်း
- ကျောက်တော်ကြီးဘုရား(အမရပူရ)
- ရတနာ့ဂူ
- ပြင်ဦးလွင်မြို့ (ခေါ်)မေမြို့
- အမျိုးသားကန်တော်ကြီးဥယျာဉ်၊ ပြင်ဦးလွင်
- ပုပ္ပါးတောင်
- ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ
- မိုးကုတ်ရတနာမြေ
-
တောင်သမန်အင်း
-
မန္တလေးတောင်မှနေဝင်ချိန်
-
ဦးပိန်တံတားမှနေဝင်ချိန်
-
ပုပ္ပါးတောင်
-
မန္တလေးတောင်နှင့်ကျုံး
-
အမျိုးသားကန်တော်ကြီးဥယျာဉ်
-
ပုဂံ
စီးပွားရေး
[ပြင်ဆင်ရန်]ဒေသထွက်ကုန်များ
[ပြင်ဆင်ရန်]ဒေသထွက်ကုန်များအနေဖြင့် မြင်းခြံဒေသမှ ကြက်သွန်၊ ငရုတ်၊ ကျောက်ပန်းတောင်းဒေသမှ အာလူး၊ စသည်တို့ထွက်ရှိသည်။ မြန်မာတို့၏ ဒြပ်ရှိယဉ်ကျေးမှုဟု သတ်မှတ်ခံထားရသော ယွန်းထည်များကို ပုဂံဒေသမှ ထွက်ရှိသည်။
တွင်းထွက်များ
[ပြင်ဆင်ရန်]တွင်းထွက်ပစ္စည်း အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်မြို့ မှ ထွက်ရှိသော ပတ္တမြားသည် မြန်မာတွင်သာမက ကမ္ဘာမှာပါ နာမည်ကြီးသော တွင်းထွက်ရတနာတစ်မျိုးဖြစ်သည်။ ကမ္ဘာတွင် အကောင်းဆုံး ပတ္တမြား သည် မိုးကုတ်မှ ထွက်သည်။ ထို့အပြင်၊ နီလာ စသော ကျောက်မျက်ရတနာများလည်း ထွက်သည်။ ဘုရားစေတီများတွင် တင်လှူပူဇော်လေ့ရှိသော စိန်ဖူးတော်များကို မိုးကုတ်မြို့တွင်သာ ထွင်းထုပြုလုပ်လေ့ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၁၇။
- ↑ တိုင်းဒေသကြီးအကြောင်း။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။ 1 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ မေ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ လူမှုရေးဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။ 20 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ "မန္တလေးတိုင်းတရားလွှတ်တော်အကြောင်း"။ Archived from the original on 24 September 2020။
- ↑ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်။ 19 May 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 March 2022 တွင် ပြန်စစ်ပြီး။
- ↑ Stephen Mansfield။ "Myanmar's Chinese connection"၊ The Japan Times၊ 1999-05-13။
- ↑ D.P.S. MYANMAR GUIDE MAP. 2000.
- ↑ မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ်
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- Official Website Archived 6 July 2020 at the Wayback Machine.