မြစ်ငယ်မြို့
အညွှန်းသို့ ခုန်ကူးရန်
ရှာဖွေရန် ခုန်ကူးမည်
မြစ်ငယ်မြို့ | |
---|---|
မြို့ | |
မြစ်ငယ်မြို့တည်နေရာ | |
ကိုဩဒိနိတ်: 21°51′26″N 96°04′12″E / 21.85722°N 96.07000°Eကိုဩဒိနိတ်: 21°51′26″N 96°04′12″E / 21.85722°N 96.07000°E | |
နိုင်ငံ | ![]() |
တိုင်းဒေသကြီး | မန္တလေးတိုင်းဒေသကြီး |
ခရိုင် | မန္တလေးခရိုင် |
မြို့နယ် | အမရပူရမြို့နယ် |
လူဦးရေ (၂၀၁၄)[၁] | ၈,၇၈၈ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
မြစ်ငယ်မြို့သည် မန္တလေးခရိုင်အတွင်း၌ တည်ရှိ၍ မြို့နယ်အုပ်ချုပ်ရေးအရာရှိများ ရုံးစိုက်သောမြို့မဟုတ်သော်လည်း မြန်မာနိုင်ငံတွင် အရေးပါသော မြို့တစ်မြို့ဖြစ်သည်။ မြစ်ငယ်မြစ်နှင့် မီးရထားလမ်း ဆုံသောနေရာတွင် တည်ရှိ၍ မန္တလေးမြို့မှ ၉ မိုင် ကွာဝေးသည်။ မြစ်ငယ်မြစ်ကို မြစ်ငယ်တံတားဖြင့် ဖြတ်ကူး ထားသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ထိုတံတားကို ရန်သူများက မကြာခဏ လေယာဉ်ပျံများဖြင့် ဗုံးကြဲဖျက်ဆီးခဲ့သည်။ မြစ်ငယ်မြို့တွင် မြန်မာပြည် မီးရထား လုပ်ရုံများ ရှိသောကြောင့် မီးရထား အရာရှိနှင့် အလုပ်သမားများစွာ နေထိုင်ကြသည်။[၂]
ကိုးကား[ပြင်ဆင်ရန်]
- ↑ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၇။ pp. ၆။[လင့်ခ်သေ]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)