တောင်ပြုန်းပွဲတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
၂၀၀၆ ခုနှစ် တောင်ပြုန်းပွဲတော်သို့ သွားရောက်ရာလမ်းမှ မြင်ကွင်းတခု
တောင်ပြုန်းပွဲ

တောင်ပြုန်းပွဲသည် မြန်မာနိုင်ငံ၏ ထင်ရှားစည်ကားသော နတ်ပွဲတစ်ပွဲဖြစ်သည်။ မန္တလေးခရိုင်မတ္တရာမြို့နယ် တောင်ပြုံးရွာတွင် တည်ရှိသည်။ တောင်ပြုန်းပွဲတော်ကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲ အတိုင်း ဝါခေါင်လဆန်း ၁ဝ ရက် မှ ၁၅ ရက် (ဩဂုတ်လ ၁၁ ရက်မှ ၁၆ ရက်)အထိ ကျင်းပမည် ဖြစ်ပါသည်။ ရိုးရာအစဉ်အလာအတိုင်း ကျင်းပမည့်ပွဲတော်အခမ်းအနားများ မှာ လဆန်း ၁ဝ ရက် ပွဲဦးကန်တော့ ပွဲတွင် ညနေ ၃ နာရီမှ စတင်ပြီး နန်းကြီးပေါ်တွင် နတ်အုပ်၊ အမတ် ချုပ်၊ သိုးဆောင်းမိဖုရားများ၊ ဗောင်း ဆောင်းအမတ်များစုံလင်စွာဖြင့် ကန်တော့ကြသည်။ ထိုသို့ကန်တော့ ခြင်းကို ညီလာခံကျင်းပခြင်း၊ အဆောင်ကိုင်တက်ခြင်း ဟုလည်းခေါ်ပါသည်။ ဝါခေါင်လဆန်း ၁၁ ရက် ချိုးရေတော်သုံးသည့် အခမ်းအနားကား မြန်မာတစ်နိုင်ငံလုံးမှ နတ်ကတော်ဟူသမျှနှင့် ရိုးရာသက်ဆိုင်သူများ၊ ကတိကဝတ်ရှိ၍ လာကြသူများ၊ အပျော်လာရောက်ကြသူများဖြင့် အစည်ကားဆုံး ဖြစ်ပါသည်။ ဝါခေါင်လဆန်း ၁၄ ရက်တွင် ယုန်ထိုးပွဲကျင်းပရာ အမရပူရမြို့နယ်မှ ရိုးရာအစဉ်အလာရှိသူများ က ယုန်ကင်အဖို၊ အမနှင့် ထန်းရည် ခါးကို ဆက်သသည်။ ဝါခေါင်လ ဆန်း ၁၅ ရက်တွင် ထိန်ခုတ်ပွဲကျင်းပရာ နတ်အုပ်က ဓားဖြင့်ပိုင်းလိုက်သော ထိန်ကိုင်းကို လာဘ်ရွှင်သည်ဟု ယုံကြည်သဖြင့် လူအများက အလုအယက်ဆောင်ကြသည်။

သမိုင်း[ပြင်ဆင်ရန်]

မင်းညီနောင် ၂ ဦး ဖြစ်သည့် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး ညီအစ်ကိုသည် ပန်းဆက်သမား ဗျတ္တ၊ ပန်းစားဘီလူးမ မယ်ဝဏ္ဏ တို့၏ သားများ ဖြစ်ကြသည်ဟု အဆိုရှိသည်။ ပုဂံခေတ် အနော်ရထာမင်းလက်ထက်က တောင်ပြုန်းအရပ်တွင် စေတီတည်စဉ် ရွှေဖျဉ်းညီနောင်က လုပ်အားပေးရန် ပျက်ကွက်သဖြင့် ကွပ်မျက်ခံရသည်၊ အနော်ရထာဘုရင်က နတ်စိမ်းဖြစ်သွားသော ရွှေဖျဉ်းညီနောင်ကို တောင်ပြုန်းအရပ်အား အပိုင်စားစေသည်ဟု ဆိုသည်။ ထိုအချိန်မှစ၍ မင်းညီနောင်တို့ကို ပူဇော်သည့် ပွဲကို ပြုလုပ်ရာမှ တောင်ပြုန်းပွဲ ဖြစ်ပေါ်လာသည်ဟု သိရသည်။

စည်ကားမှု[ပြင်ဆင်ရန်]

ပွဲတော်ကာလတွင် စည်ကားလှသဖြင့် အနယ်နယ်အရပ်ရပ်မှ ဆိုင်ခန်းကြီး ငယ်ဖွင့်လှစ်ရောင်းချသူများသည် ဝါခေါင်လဆန်းစကတည်းက စုံလင်စွာရောက် ရှိကြပါပြီ။ မတ္တရာနယ်ရှိ အုန်း၊ ငှက်ပျောခြံရှင်များမှ တောင်ပြုန်းပွဲတော်တွင် တိုက်ရိုက်လာရောက် ရောင်းချသူများပြီး တစ်ဆင့် ဖောက်သည်ယူ ရောင်းသူများလည်း စုံလင်နေ၏။ အရောင်းရဆုံး ငှက်ပျောအမျိုး အစားမှာ ရိုးရာအရ ဖီးကြမ်းနှင့် ငှက်ပျောချဉ်များ ဖြစ်သည်။ တောင်ပြုန်းလက်ဆောင်အဖြစ် ထင်ရှားသော ကရေကရာ၊ စလူမုန့် စသော အညာမုန့်များကို စစ်ကိုင်းနယ်မှ လာရောက်ရောင်းချပြီး တောင်ပြုန်း ဆွဲကြိုး၊ လက်ကောက်များကို မြောက်ဥက္ကလာပမှ ထုတ်လုပ်ရောင်းချ ကြပါသည်။


ဝါခေါင်လဆန်း ၈ ရက် တွင် စတင် ကျင်းပမည့် တောင်ပြုန်းပွဲတော်ကို မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ရိုးရာနတ် ယုံကြည်၊ ကိုးကွယ်သူ အများအပြား သွားရောက် ကြသည်။လူပေါင်း သိန်းနှင့်ချီပြီး နှစ်စဉ်သွားရောက်ကြသည့် ထိုပွဲမှာ တောင်ပြုန်းရွာ ဘုရားပွဲ ဖြစ်သော်လည်း မင်းညီနောင်တို့ကို ပူဇော်သည့်ပွဲအဖြစ် ထင်ရှားသည်။

တောင်ပြုန်းပွဲသည် မြန်မာပြည် အနှံ့ ပွဲတော်များတွင် အထင်ရှားဆုံး ပွဲတော်ကြီး ဖြစ်သည့်အပြင် အနယ်နယ်အရပ်ရပ် နတ်ပွဲများထက်လည်း ကြီးကျယ် ထင်ရှားသည့် နတ်ပွဲတော်ကြီး ဖြစ်သည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် တောင်ပြုန်းကျေးရွာတွင် နှစ်စဉ်ကျင်းပသည့် ရိုးရာနတ်ပွဲကြီးသို့ သွားရောက်ပြီး နတ်များကို ပူဇော်ပါက ဆုတောင်းပြည့်သည်ဟု ယုံကြည်ကြသည်။

ပွဲတော်တွင် ဆိုင်ခန်းကြီးငယ် ဖွင့်လှစ် ရောင်းချသူများသည်လည်း တပတ်ခန့် ကြိုတင် ရောက်ရှိနေတတ်ကြသည်။စားဝတ်နေရေး ကြပ်တည်းမှုကြောင့်လည်း တောင်ပြုန်းပွဲတော်တွင် အပြောင်းအလဲတချို့ ဖြစ်ပေါ်နေသည်။နတ်များကို ဝတ်လဲတော် ဆက်သသောအခါ ယခင်ကကဲ့သို့ နိုင်ငံခြားဖြစ် ဇာပဝါများ မဟုတ်တော့ဘဲ ဈေးသက်သာသည့် ပြည်တွင်းဖြစ် ပဝါများကိုသာ ဆက်သနေကြရသည်။မှန်စီရွှေချထားသည့် ဓားများကို ဆက်သနိုင်သူ အရေအတွက်လည်း သိသိသာသာ နည်းပါးလာသည်ဟု သိရသည်။

တောင်ပြုန်းပွဲသည် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး အရှင်၂ပါး မစ၍ စီးပွား လာဘ်လာဘ တက်သည်ဟု ယုံကြည်သူများ၊ အခက်အခဲများ အဆင်ပြေစေရန် သွားရောက် ကိုးကွယ်သူများ၊ အပျော်သဘော သွားရောက်သူများဖြင့် ကြက်ပျံမကျ စည်ကားလေ့ရှိသည်။နှစ်စဉ် တောင်ပြုန်းပွဲတော် အစီအစဉ်ကို ဝါခေါင်လဆန်း ၈ ရက်နေ့တွင် ပထမနေ့ “ကန်တော့ခံပွဲတော်” ဖြင့် အစပြုပြီး၊ ကန်တော့ခံပွဲတော်၊ ည ညီလာခံ၊ ချိုးရေတော်သုံး၊ နန်းတက်ပွဲများ၊ ယုန်ထိုး၊ ထိန်ခုတ်၊ ရွှေဘုံဆင်း စသည့် ပွဲတော်များကို ၁၅ ရက်နေ့အထိ တရက်စီ ကျင်းပပြုလုပ်လေ့ ရှိသည်။

လဆန်း ၁၄ ရက်နေ့တွင် ပြုလုပ်သည့် ထိန်ခုတ်ပွဲတွင် နတ်အုပ်ဖြစ်သူက ဓားဖြင့် ပိုင်းလိုက်သော ထိန်ကိုင်းကို လူအများက အလုအယက် သိမ်းဆည်းကြသည်။ ထိန်ကိုင်းကို ဆောင်ထားခြင်းအားဖြင့် လာဘ်ရွှင်သည်ဟု အယူရှိကြသည်။

ကိုးကား[ပြင်ဆင်ရန်]