ဂေါ်ရခါးလူမျိုး

ဝီကီပီးဒီးယား မှ
ကလောမြို့မှ ဂေါ်ရခါးလူမျိုး ကလေးငယ်တစ်ဦး

ဂေါ်ရခါးလူမျိုး(အင်္ဂလိပ်: Gurkhas; နီပေါ: गोर्खा; /ˈɡɜːrkə/ /ˈɡʊərkə/) သည် မြန်မာပြည်၌ မှီတင်နေထိုင်‌သော လူမျိုးနွယ် တစ်စုဖြစ်သည်။ ရှေးကာလကပင် ဗြိတိသျှစစ်တပ်များတွင် စုဆောင်းဖွဲ့စည်း၍ ဂေါ်ရခါးတပ်ဟူ၍ သီးခြားထူထောင်ခဲ့သည်။ ဂေါ်ရခါးများတွင် ခူကူရီးခေါ် လေးလံသော ဓားကောက်ကို ဆောင်ထားလေ့ရှိသည်။ မြန်မာနိုင်ငံအရပ်ရပ်တွင် ဂေါ်ရခါး အရပ်သားများ နေထိုင်ကြသည်။ နွားမွေးခြင်း၊ နွားနို့နှင့် ဒိန်ခဲထောပတ် ပြုလုပ်ခြင်း၊ သီးနှံစိုက်ပျိုးခြင်း၊ မုန့်ပဲသရေစာ ပြုလုပ်ခြင်းဖြင့် အသက်မွေးလေ့ရှိသည်။[၁][၂]

ခန့်မှန်းခြေ လူဦးရေ ၁ သန်းနီးပါး ရှိပြီး ယခု ဂေါ်ရခါး အများစုသည် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ မိုးကုတ်၊ တမူး၊ ကလေးမြို့၊ တောင်ကြီး နှင့် နိုင်ငံအနှံ့အပြားတွင် နေထိုင်လျက် ရှိသည်။

ဂေါ်ရခါးလူမျိုးများသည် နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း၊ လွတ်လပ်ရေးကာကွယ်စောင့်ရှောက်မှု သမိုင်းများတွင် စွန့်စွန့်စားစားပါဝင်ခဲ့သည်။ အောင်ဆန်းသူရိယဘွဲ့ ရရှိသော ဆာ့ခ်ဗဟာ ဒူးရွိုင်း (ကြည်း ၀၁၉၁၄) သည် ဂေါ်ရခါး စစ်သည်တော်တစ်ဦး ဖြစ်သည်။

ရိုးရာယဉ်ကျေးမှု နှင့် ဓလေ့ထုံးစံများ[ပြင်ဆင်ရန်]

ဂေါ်ရခါးလူမျိုးအများစုသည် ပုံမှန်အားဖြင့် နီပေါနှင့် မြန်မာဘာသာစကားများကို ပြောဆိုကြသည်။ ဂေါ်ရခါးလူမျိုး ၆၀ % သည် ဟိန္ဒူဘာသာ နှင့် ၄၀ % သည် ဗုဒ္ဓဘာသာ ကို ကိုးကွယ်ယုံကြည်ကြသည်။[၂]

ပညာရေး[ပြင်ဆင်ရန်]

ဂေါ်ရခါးလူမျိုးအများစုသည် ပညာရေးတွင် အလွန်အရေးပါပြီး မြန်မာပြည်တွင် အဆင့်မြင့် (ဆေးဘက်ဆိုင်ရာ၊ အင်ဂျင်နီယာ သို့မဟုတ် ပါရဂူဘွဲ့) ဒီဂရီရရှိသူများ၏ အချိုးအစား မြင့်မားသောဝေစုကို ကိုယ်စားပြုပါသည်။[၃]

ထင်ရှားသော ဂေါ်ရခါးလူမျိုးများ[ပြင်ဆင်ရန်]

  • အောင်ဆန်းသူရိယ ဆာ့ခ်ဗဟာဒူးရွိုင်း - မြန်မာနိုင်ငံတော်၏ အမြင့်မားဆုံးဖြစ်သော သူရဲကောင်း ဘွဲ့တံဆိပ်ရရှိသူ
  • ဗိုလ်ကြီး ဘီပီပါရ်ဒန်း
  • ဗိုလ်ကြီး ချာဘီလားသားပါး
  • ဒုဗိုလ်မှူးကြီး ဇေယျကျော်ထင် သူရ လက်ချ်မန်ရိုင်း
  • ဗဟာဒူး - မြန်မာ့လက်ရွေးစင် ဂန္ထဝင်ဘောလုံးတိုက်စစ်မှူး
  • ပါမောက္ခအတ္တာဆင်း - မန္တလေးတက္ကသိုလ် ဓာတုဗေဒဌါနကို တည်ထောင်သူတစ်ဦး
  • ချယ်ရီမြေမောင်တင်ထွန်း - စာရေးဆရာ
  • ငြိမ်းသဇင် - မြန်မာ့ဂုဏ်ဆောင် တိုက်ကွမ်ဒိုကစားသမား
  • အီစိုး - မြန်မာ့လက်ရွေးစင်ဘောလုံးတိုက်စစ်မှူး၊ လာအိုကလပ် Young Elephants ၏ တိုက်စစ်မှူး
  • သုဓမ္မသိင်္ဂီ ဒေါ်ကာလဝတီ (ခ) ဒေါ်စန်းစန်း

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ဂေါ်ရခါးလူမျိုး" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။
  2. ၂.၀ ၂.၁ မြန်မာ နိုင်ငံတွင် ဟိန္ဒူ ၊ ဂေါ်ရခါး ပထမဆုံး ဝါဆိုသင်္ကန်းကပ်ပွဲ ကျင်းပ - သပြတ္အူမီဒီယာၾကီး
  3. https://web.archive.org/web/20110123130924/http://www.irrawaddy.org/print_article.php?art_id=3795