ယွန်းပညာကောလိပ် (ပုဂံ)

ဝီကီပီးဒီးယား မှ
ယွန်းပညာကောလိပ် (ပုဂံ)
ယွန်းကောလိပ်


တည်ထောင်ခုနှစ် ၂၀၀၃; ၂၁ နှစ် အကြာက (၂၀၀၃)
တည်နေရာ ညောင်ဦးမြို့နယ်မန္တလေးတိုင်းဒေသကြီး
ပိုင်ဆိုင်မှု သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန
ဝဘ်ဆိုတ် ltcbagan.edu.mm

ယွန်းပညာကောလိပ် (ပုဂံ) (အင်္ဂလိပ်: Lacquerware Technology College) သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ယွန်းပညာဆိုင်ရာ ကောလိပ်တစ်ခုဖြစ်သည်။ယွန်းကောလိပ်ဟုလည်း သိကြသည်။မြန်မာနိုင်ငံတွင် ယွန်းအတတ်ပညာသင်ကြားပေးနေသော တစ်ခုတည်းသော အစိုးရကောလိပ်ဖြစ်သည်။သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန လက်အောက်တွင် တည်ရှိသည်။[၁]

ယွန်းပညာ​ကောလိပ်

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ယွန်းကောလိပ်ကို ၁၉၂၄ခုနှစ်တွင် ယွန်းလုပ်ငန်း အတတ်သင်ကျောင်း၊ ၁၉၉၅ခုနှစ်တွင် မြန်မာ့ယွန်းသိပ္ပံ၊ ၂၀၀၃ခုနှစ်တွင် ယွန်းပညာကောလိပ်အဖြစ် အဆင့်အဆင့် ဖွင့်လှစ်ခဲ့သည်။ယခင်က သမဝါယမ ဝန်ကြီးဌာနစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်များတွင် တည်ရှိခဲ့ပြီး ၂၀၂၁ခုနှစ် ဇွန်လမှစ၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန လက်အောက်သို့ ရောက်ရှိခဲ့သည်။[၁][၂]

တည်နေရာ[ပြင်ဆင်ရန်]

ယွန်းကောလိပ်သည် မန္တလေးတိုင်းဒေသကြီးညောင်ဦးမြို့နယ်ပုဂံမြို့ဟောင်းရှိ ဗူးဘုရား၏ အရှေ့ဘက်တွင် တည်ရှိသည်။

သင်တန်းများ[ပြင်ဆင်ရန်]

ယွန်းကောလိပ်တွင် ယွန်းအတတ်ပညာ (၁)နှစ် ဒီပလိုမာသင်တန်း၊ ယွန်းအတတ်ပညာ (၂)နှစ် ဒီပလိုမာသင်တန်း၊ အထက်တန်းယွန်းပညာသင်တန်းများ ဖွင့်လှစ်ထားသည်။(၂)နှစ် ဒီပလိုမာသင်တန်းတွင် သမဝါယမ ပေါင်းကူးသင်တန်းများပါ ဖွင့်လှစ်ထားရှိသည်။ထိုသင်တန်းများအောင်မြင်ပြီး အဆင့်မီပါက သမဝါယမတက္ကသိုလ်များတွင် ဆက်လက် တက်ရောက်နိုင်သည်။[၃]

ဘာသာရပ်များ[ပြင်ဆင်ရန်]

ယွန်းဘာသာရပ်[ပြင်ဆင်ရန်]

  • အခြေခံထည်ဘာသာရပ်
  • အနက်ထည်ဘာသာရပ်
  • ကညစ်ယွန်းဘာသာရပ်
  • ရွှေဇဝါယွန်းဘာသာရပ်
  • သားရိုးပန်းကြွဘာသာရပ်
  • ပန်းချီ၊ ပန်းပု ဘာသာရပ်
  • နိုင်ငံတကာယွန်းဘာသာရပ်

သမဝါယမ ပေါင်းကူးဘာသာရပ်[ပြင်ဆင်ရန်]

  • သမဝါယမပညာဘာသာရပ်
  • စီမံခန့်ခွဲမှုပညာဘာသာရပ်
  • စာရင်းအင်းပညာဘာသာရပ်
  • ဝါဏိဇ္ဇဗေဒဘာသာရပ်
  • ဘောဂဗေဒဘာသာရပ်
  • မြန်မာစာဘာသာရပ်
  • အင်္ဂလိပ်စာဘာသာရပ်
  • သချာင်္ဘာသာရပ်
  • စီးပွားရေးပထဝီဘာသာရပ်
  • မြန်မာ့ရေးရာဘာသာရပ်
  • သတင်းအချက်အလက်နှင့် နည်းပညာဘာသာရပ်

ပြတိုက်နှင့်ခန်းမ[ပြင်ဆင်ရန်]

ယွန်းပြတိုက်[ပြင်ဆင်ရန်]

ကောလိပ်အတွင်းရှိ ယွန်းပြတိုက်တွင် ပုဂံခေတ်မှစ၍ ခေတ်အဆက်ဆက် အသုံးပြုခဲ့သော ယွန်းထည်ပစ္စည်းများကို ပြည်သူများ လေ့လာနိုင်ရန် ဖွင့်လှစ်ထားရှိသည်။ယွန်းပြတိုက်ကို ၁၉၇၂-၇၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ၁၉၇၃ ခုနှစ် စက်တင်ဘာလ ၃၀ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ယခင်ကယွန်းပြတိုက် အဆောက်အဦးသည် သံကူကွန်ကရစ်တစ်ထပ် အဆောက်အဦးဖြစ်သည်။ ရှေးဟောင်းယွန်းပစ္စည်းများပိုမိုစုဆောင်းလာနိုင်သည့်အတွက် ကဏ္ဍအလိုက် ခွဲခြားပြသရန် သံကူကွန်ကရစ်(၂)ထပ် အဆောက်အဦးအား ပြတိုက်အဖြစ်မွမ်းမံ၍၂၀၁၆ ခုနှစ် ဇွန်လ ၁ရက် နေ့တွင် မူလအဆောက်အဦးမှ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။[၄]

ယွန်းနည်းစဉ်ခန်းမ[ပြင်ဆင်ရန်]

ယွန်းနည်းစဉ်ခန်းမမှာ ကောလိပ်အတွင်းရှိ ယွန်းထည်ပစ္စည်းထုတ်လုပ်မှု အဆင့်ဆင့်ကို အများပြည်သူ လေ့လာနိုင်သော နေရာဖြစ်သည်။အခြေခံ ဝါးကို စတင်ပြုလုပ်ပုံမှစ၍ နောက်ဆုံးအဆင့်အထိ လေ့လာနိုင်သောနေရာဖြစ်သည်။[၅]

ကိုးကား[ပြင်ဆင်ရန်]