စဉ့်ကူးမြို့
စဉ့်ကူးမြို့ | |
---|---|
မြို့ | |
စဉ့်ကူမြို့တည်နေရာ | |
ကိုဩဒိနိတ်: 22°32′N 95°59′E / 22.533°N 95.983°E | |
နိုင်ငံ | ![]() |
တိုင်းဒေသကြီး | ![]() |
ခရိုင် | သပိတ်ကျင်းခရိုင် |
မြို့နယ် | စဉ့်ကူးမြို့နယ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
စဉ့်ကူးမြို့သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်တွင် ပါဝင်သည့် မြို့တစ်မြို့ဖြစ်သည်။ မန္တလေးမြောက်ဘက် မိုင် ၄ဝ အကွာ ဧရာဝတီမြစ်ပေါ်၌ တည်ရှိ၏။ စဉ့်ကူးမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်၍၊ မြို့နယ်အကျယ်အဝန်းမှာ စတုရန်းမိုင် ၈ဝဝ မျှ ရှိလေသည်။ စကျင်တောင်မှ ကျောက်ဖြူနုများကို ရရှိနိုင်၍ ဘုရားရုပ်တုတော်များ၊ ကျောက်စာချပ်များ ပြုလုပ်ကြသည်။[၁] ယခင်က မန္တလေးခရိုင်၊ မတ္တရာမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်ခဲ့ဖူးသည်။ စဉ့်ကူသည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည့်အလျှောက် ရှေးမြန်မာမင်းများလက်ထက်ကပင် မန္တလေး-ဗန်းမော်သွား မီးသင်္ဘောများ ရပ်နားရာ ဆိပ်ကမ်းငယ်ဖြစ်ခဲ့သည်။[၂]
ကိုးကား[ပြင်ဆင်ရန်]