ဆီမီးခုံမြို့

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဆီမီးခုံ
မြို့
ဆီမီးခုံ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဆီမီးခုံ
ဆီမီးခုံ
ကိုဩဒိနိတ်: 21°43′58.9″N 95°25′4.6″E / 21.733028°N 95.417944°E / 21.733028; 95.417944
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေး
ခရိုင်မြင်းခြံ
မြို့နယ်မြင်းခြံ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ဆီမီးခုံမြို့ သည် မန္တလေးတိုင်းဒေသကြီးမြင်းခြံခရိုင်မြင်းခြံမြို့နယ်ရှိ မြို့ဖြစ်သည်။ယခင်က ဆီမီးခုံကျေးရွာအုပ်စုရှိ ဆီမီးခုံကျေးရွာဖြစ်ပြီး ၂၀၁၈ခုနှစ် ဩဂုတ်လ ၁၀ရက်နေ့တွင် ရပ်ကွက်(၄)ခုပါဝင်သော မြို့အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။[၁]၂၀၂၀ပြည့်နှစ်တွင် ဆီမီးခုံမြို့၌ လူဦးရေ ၅,၀၅၅ဦးရှိသည်။[၂]ဆီမီးခုံဟုဆိုသော်လည်း ဒေသခံများနှင့် ပတ်ဝန်းကျင်အရပ်များကမူ ဆမိတ်ခုံဟု ခေါ်ဝေါ်ကြသည်။[၃]

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

တည်နေရာနှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

ဆီမီးခုံမြို့သည် မြင်းခြံမြို့နယ်၏ မြောက်ဘက်ပိုင်း ဧရာဝတီမြစ်ဘေးတွင် တည်ရှိသည်။

လူဦးရေ[ပြင်ဆင်ရန်]

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်စဉ်အချက်အလက်များအရ ဆီမီးခုံမြို့တွင် ၂၀၂၀ပြည့်နှစ်၌ လူဦးရေ ၅,၀၅၅ဦးရှိသည်။ဗမာလူမျိုးများ အများဆုံးနေထိုင်ကြပြီး ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။

စီးပွားရေး[ပြင်ဆင်ရန်]

မြို့သာစက်မှုဥယျာဉ်စီမံကိန်း၏ ပထမအဆင့်အဖြစ် ဆီမီးခုံတွင် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းတစ်ခုတည်ရှိသည်။မြို့သာစက်မှုဥယျာဉ် ဖွံ့ဖြိုးလာပါက ဆီမီးခုံတွင်လည်း စီးပွားရေးဖွံ့ဖြိုးလာမည်ဖြစ်သည်။[၄]

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

ဆီမီးခုံမြို့ရှိ ဆီမီးခုံဆိပ်ကမ်း (ဧရာဝတီ)မှာ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် အဆင့်မီဆိပ်ကမ်းတစ်ခုဖြစ်သည်။ရန်ကုန် သီလဝါဆိပ်ကမ်းနှင့် မန္တလေး ဆီမီးခုံဆိပ်ကမ်းတို့အကြား ရေကြောင်းသယ်ယူပို့ဆောင်မှု ရှိသည်။[၅]လက်ရှိတွင် မြင်းခြံ-ဆီမီးခုံလမ်း၊ နဘူးအိုင်-ဆီမီးခုံလမ်းတို့မှ သွားလာနိုင်သည်။[၆]မြို့သာစက်မှုဥယျာဉ်၏ အဓိကလမ်းမကြီးများအနက် တစ်ခုအပါအဝင်ဖြစ်သည့် တံတားဦး-မြို့သာ-ဆီမီးခုံဆိပ်ကမ်းလမ်းမကြီးမှာ ဖောက်လုပ်နေဆဲဖြစ်သည်။ထိုလမ်းမကြီးပြီးစီးပါက မန္တလေးမြို့ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးများနှင့် အချိန်တိုအတွင်း ဆက်သွယ်နိုင်မည်ဖြစ်သည်။[၇]

ပညာရေး[ပြင်ဆင်ရန်]

ဆီမီးခုံမြို့တွင် အထက်တန်းကျောင်း တည်ရှိသည်။အသက်(၁၅)နှစ်အထက်လူဦးရေ၏ စာတတ်မြောက်နှုန်းမှာ ၉၇.၀၈ရာခိုင်နှုန်းရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ဆီမီးခုံမြို့တွင် (၂၅)ကုတင်ဆံ့ တိုက်နယ်ဆေးရုံရှိသည်။

ထင်ရှားသောနေရာများ[ပြင်ဆင်ရန်]

ဆီမီးခုံမြို့တွင် နှစ်(၁၅၀)ကျော်သက်တမ်းရှိ ယွန်းကျောင်းဟုခေါ်သော ရှေးဟောင်းဘုန်းကြီးကျောင်းနှင့် မြို့၏ အရှေ့နှင့်အနောက်ကို ဆက်သွယ်ပေးသော ကျွန်းတံတားကြီးများ တည်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြင်းခြံ ဆီမီးခုံရှိ ရှေးဟောင်းအဆောက်အဦ ၂ ခု၊ ပြည်ထောင်စုဘတ်ဂျက် ဖြင့်ပြုပြင်ထိန်းသိမ်းမည်
  2. မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန
  3. တလုပ်မြို့သားတွေနဲ့ စစ်တပ်နဲ့ ဧပြီ ၂၀ ရက် အပြန်အလှန်ပစ်ခတ်မှု
  4. မြို့သာစက်မှု ဥယျာဉ်စီမံကိန်းမှ ဆီမီးခုံ နိုင်ငံတကာအဆင့်မီ သင်္ဘောဆိပ်ကမ်း တည်ဆောက်ပြီးစီး
  5. ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ အထက်မြန်မာပြည် ဆီမီးခုံဆိပ်ကမ်းသို့ ရေကြောင်းမှ ကုန်သေတ္တာဖြင့် သယ်ယူပို့ဆောင်နိုင်ရန် ရှေ့ပြေးလုပ်ငန်းများ စတင်
  6. မြင်းခြံမြို့နယ်၊ နဘူးအိုင်-ဆီမီးခုံလမ်း ကတ္တရာလမ်းခင်းခြင်းအား ကွင်းဆင်း ကြည့်ရူ့မှု သတင်း
  7. မန္တလေး မြို့သာစက်မှုဥယျာဉ်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို တိုက်ရိုက်ဆက်သွယ် သွားလာနိုင်မည့် တံတားဦး-မြို့သာ-ဆီမီးခုံ ဧရာဆိပ်ကမ်းလမ်းပိုင်း စတင်ဖောက်လုပ်