စိုင်းမောက်ခမ်း
စိုင်းမောက်ခမ်း | |
---|---|
မြန်မာနိုင်ငံ၏ ဒုတိယမြောက်ဒုတိယသမ္မတ (၁) | |
တာဝန်သက်တမ်း ၁ ဇူလိုင် ၂၀၁၂ – ၃၀ မတ် ၂၀၁၆ | |
သမ္မတ | ဦးသိန်းစိန် |
ယခင်လူ | ဦးတင်အောင်မြင့်ဦး |
ဆက်ခံသူ | ဦးမြင့်ဆွေ |
မြန်မာနိုင်ငံ၏ ပထမမြောက် ဒုတိယသမ္မတ (၂) | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၁ ဇူလိုင် ၂၀၁၂ | |
သမ္မတ | ဦးသိန်းစိန် |
ယခင်လူ | ရာထူးစတင် |
ဆက်ခံသူ | ဦးဉာဏ်ထွန်း |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၅၀ (အသက် ၇၃–၇၄) မူဆယ်မြို့၊ မြန်မာနိုင်ငံ |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
ကြင်ဖော်(များ) | ဒေါ်ရွှေမှုန် |
မိခင်ကျောင်း | ဆေးတက္ကသိုလ် (မန္တလေး) |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
ဒေါက်တာ စိုင်းမောက်ခမ်း ( ရှမ်း: ၸၢႆးမွၵ်ႇၶမ်း ) (၁၉၅၀ မွေးဖွား) သည် ရှမ်းလူမျိုး နိုင်ငံရေးသမားဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၁][၂]
ငယ်စဉ်ကာလ
[ပြင်ဆင်ရန်]၁၉၅ဝ ခုနှစ်တွင် မူဆယ်မြို့၌ မွေးဖွားခဲ့သည်။ အခြေခံပညာကို မူဆယ်မြို့တွင် သင်ကြားပြီး မန္တလေး ဆေးတက္ကသိုလ်သို့ ၁၉၆၈ ခုနှစ်တွင် တက်ရောက်သင်ကြားကာ မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။ နန်းရွှေမှုန်နှင့် အိမ်ထောင်ကျခဲ့ပြီး (၁) နန်းအေနွမ် (၂) နန်းမွန်းမွန်ခမ်း (၃) စိုင်းစည်တွမ်ခမ်း ဟူ၍ သားသမီး သုံးယောက် ထွန်းကားခဲ့သည်။
အလုပ်အကိုင်
[ပြင်ဆင်ရန်]ရှမ်းပြည်နယ် လားရှိုးမြို့နယ်တွင် “ယူလီခ” အထူးကုဆေးခန်း ဖွင့်လှစ်ထားသည်။ လက်ရှိ မန်နေဂျင်း ဒါရိုက်တာအဖြစ် ဆက်လက်တာဝန်ယူထားဆဲဖြစ်သည်။
နိုင်ငံရေးလှုပ်ရှားမှုနှင့် ပါဝင်လှုပ်ရှားခဲ့သည့် အသင်းအဖွဲ့များ
[ပြင်ဆင်ရန်]ဒေါက်တာစိုင်းမောင်ခမ်းသည် ဗဟိုရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် လားရှိုးမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည်။ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာတွင် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှနေ၍ အမျိုးသားလွှတ်တော်အတွက် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)တွင် ဝင်ပြိုင်ခဲ့ရာ အမျိုးသား လွှတ်တော်အမတ်အဖြစ် အနိုင်ရခဲ့သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ ဒုတိယ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
ဒုတိယသမ္မတအဖြစ် စတင်ထမ်းဆောင်ခြင်း
[ပြင်ဆင်ရန်]ဒေါက်တာစိုင်းမောက်ခမ်း(ခ)မောင်အုန်း ၃၀.၃.၂၀၁၁ မှ ၃၀.၃.၂၀၁၆ အထိ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ
[ပြင်ဆင်ရန်]၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် လားရှိုးမြို့၌ အနိုင်ရကာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
နှစ်အလိုက် ကိုယ်ရေးအကျဉ်း
[ပြင်ဆင်ရန်]၁၉၅၀ ခုနှစ် - မွေးဖွား ။
၁၉၆၈ ခုနှစ် - မန္တလေး ဆေး တက္ကသိုလ်သို့ စတင် တက်ရောက်။
၂၀၁၁ ခုနှစ်၊ မတ်လ (၃၀) ရက်မှ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၁) ရက်အထိ - ပထမမြောက် ဒုတိယ သမ္မတ (၂)အဖြစ် တင်မြှောက်ခံရ။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Liu (February 4, 2011)။ PM U Thein Sein wins presidency of Myanmar။ Xinhua Online။ Xinhua News Agency။ July 10, 2011 တွင် ပြန်စစ်ပြီး။
- ↑ Thein Sein and Sai Mauk Kham elected as vice presidents။ Mizzima News (February 3, 2011)။ 17 February 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 10, 2011 တွင် ပြန်စစ်ပြီး။
နိုင်ငံရေးဆိုင်ရာ ရုံးများ | ||
---|---|---|
ရုံးအသစ် | မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ ၂၀၁၁-၂၀၁၂ |
ဆက်ခံသူ ဦးဉာဏ်ထွန်း |
ယခင်က ဦးတင်အောင်မြင့်ဦး |
မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ ၂၀၁၂-၂၀၁၆ |
ဆက်ခံသူ ဦးမြင့်ဆွေ |