ပုထိုးတော်ကြီး(အမရပူရ)

ဝီကီပီးဒီးယား မှ
ပုထိုးတော်ကြီး
ပုထိုးတော်ကြီး(အမရပူရ) သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပုထိုးတော်ကြီး(အမရပူရ)
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာအမရပူရမန္တလေးတိုင်းဒေသကြီး
ကိုဩဒိနိတ်21°54′41″N 96°03′23″E / 21.911432°N 96.056438°E / 21.911432; 96.056438ကိုဩဒိနိတ်: 21°54′41″N 96°03′23″E / 21.911432°N 96.056438°E / 21.911432; 96.056438
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
ဗိသုကာ
တည်ထောင်သူဘကြီးတော်
စတင်သည့်နှစ်၁၈၁၉; ၂၀၅ နှစ် အကြာက (၁၈၁၉)

အမရပူရ ပုထိုးတော်ကြီးသည် မန္တလေးမြို့တောင်ဘက်ရှိ အမရပူရမြို့ တောင်သမန်အင်း၏ မြောက်ဘက်၌ တည်ရှိသည်။ တောင်သမန်အင်း၏ အနောက်ဘက် ဦးပိန်တံတားထိပ်တွင် မျက်နှာတော်ကို မော်ဖူးရသည့် တောင်ကြီးပမာ ကြီးမားလှသည့် တောင်မင်းကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည်လည်း ကိန်းဝပ်တော်မူလျက်ရှိသည်။

ဘုရင်ဘကြီးတော်မင်းကြီးသည် ၁၈၈၁-ခုနှစ်၊ တန်ခူးလဆန်း (၅)ရက်နေ့တွင် ဘုရားရှင်၏ သရီရ ဓာတ်တော်များ၊ ရွှေစင်စစ်ဖြင့် သွန်းလုပ်ထားသော ရုပ်ပွားတော် များစွာတို့ကို ဌာပနာ၍ တည်ထားခဲ့ခြင်း ဖြစ်သည်။ မဟာဝိဇယရံသီ ပုထိုးတော်ကြီး ဘုရားဟုလည်း ခေါ်ဆိုကြသည်။ ပုထိုးတော်ကြီး၏ ဉာဏ်တော်မှာ သံတောင် ၁၂ဝ ရှိပြီး၊ သာယာဝတီမင်းမင်းတုန်းမင်းတရားကြီးနှင့် မြို့သူမြို့သားများက အဆက်ဆက်ပြုပြင် ခဲ့ကြသည်။ စင်္ကြန် ၅ ဆင့် သည် ပုထိုးမြတ်စံရာ ထူပါအဆင့် ဖြစ်သည်။ စင်္ကြန် ဘုံ ပျံ ၅ တန်သော အဆင့်သည် ဇာတ်တော်ပြ ရုပ်လုံးရုပ်ကြွ ပုံဖြင့် ပြွမ်းလျှက် အနီးက သလင်း ကျောက်ချပ်ပေါ်တွင် ယင်းစေတီ ပုထိုးတည်ထားရကြောင်း ကျောက်ထွင်းကမ္ဗည်းများရှိသည်။

ကိုးကား

  1. မြတ်မင်းလှိုင် (၂၀၀၃-ခု၊ ဇန်နဝါရီလ)။ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ။ ပ-တွဲ။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)