မာတိကာသို့ ခုန်သွားရန်

သိန်းစိုး

ဝီကီပီးဒီးယား မှ
စည်သူ၊ ဦး

သိန်းစိုး
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂ ဖေဖော်ဝါရီ ၂၀၂၁  ၃၁ ဇန်နဝါရီ ၂၀၂၄
သမ္မတဦးမြင့်ဆွေ (ယာယီ)
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးလှသိန်း
ဆက်ခံသူဦးကိုကို []
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၃၀မတ် ၂၀၁၁  ၆ စက်တင်ဘာ ၂၀၁၂
ခန့်အပ်သူဦးသိန်းစိန်
သမ္မတဦးသိန်းစိန်
ယခင်လူရာထူးစတင်
ဆက်ခံသူဦးမြသိန်း
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁၁ မတ်၂၀၁၀  ၃၀ မတ်၂၀၁၁
ဆက်ခံသူဦးတင်အေး
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1952-01-23) ၂၃ ဇန်နဝါရီ၊ ၁၉၅၂ (အသက် ၇၃)
ကနီမြို့နယ်၊ စစ်ကိုင်းတိုင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံ
လူမျိုးမြန်မာ
ဆုတံဆိပ်များစည်သူဘွဲ့ (၂၀၂၄)

ဦးသိန်းစိုး (၂၃ ဇန်နဝါရီ ၁၉၅၂ မွေးဖွား) သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ခန့်အပ်ခဲ့သော မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ထိုတာဝန်မှနေ၍ ကျန်းမာရေးအကြောင်းပြချက်ဖြင့် အနားယူသည်။[] [] []သူသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ပထမဆုံးသော ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ဖူးသည်။[]

ငယ်ဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

ဦးသိန်းစိုးကို ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အဘ ဦးဘသူ၊ အမိ ဒေါ်တင်အေးတို့မှ စစ်ကိုင်းတိုင်းကနီမြို့၌ ဖွားမြင်ခဲ့သည်။ စစ်တက္ကသိုလ်အမှတ်စဉ် ၁၆ တွင် တက်ရောက်ခဲ့ပြီး ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြန်တမ်းဝင်အရာရှိအဖြစ် စတင် ထမ်းဆောင်ခဲ့သည်။

တာဝန်အဆင့်ဆင့်ထမ်းဆောင်ခဲ့မှုများ

[ပြင်ဆင်ရန်]

တပ်မတော်အရာရှိအဖြစ် အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ဥပဒေချုပ်(ဗိုလ်ချုပ်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ဒုတိယတရားသူကြီးချုပ်အဖြစ် ပြောင်းလဲထမ်းဆောင်ခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ၂၀၁၀ ခုနှစ်၊ မတ်လ ၁၁ မှ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[][] မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဥက္ကဋ္ဌ အဖြစ် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် စတင် ထမ်းဆောင်ခဲ့သည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဥက္ကဋ္ဌ အဖြစ်မှ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခဲ့သည်။[] လွှတ်တော် ကော်မတီများနှင့်  ကော်မရှင်များသည် ပြည်ထောင်စုအဆင့်မဟုတ်ဘူးဆိုသည့်   ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏  ဆုံးဖြတ်လိုက်မှု နောက်ဆက်တွဲ အနေဖြင့် နုတ်ထွက်သွားရခြင်းလည်းဖြစ်သည်။ []

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ်များ

[ပြင်ဆင်ရန်]

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ်ခန့်အပ်ခံရပြီးနောက်  “၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်း တွေ့ရှိချက်”ဆိုသည့် အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့သည်။[၁၀] ယင်းနှင့် ပတ်သတ်ပြီး မေးခွန်းပေါင်းများစွာဖြင့် ဝေဖန်မှုအကြီးအကျယ်ခံခဲ့ရသည်။ အငြင်းပွားဖွယ်ရာ အစီရင်ခံစာဟုလည်း ထောက်ပြကြသည်။ NLD ကို ဖျက်သိမ်းသင့်မသင့် စဉ်းစားမည်ဟု ပြောဆိုမှုလည်းရှိခဲ့သည်။ [၁၁]၂၀၂၁ခုနှစ် မေလ ၁၇ရက်တွင် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးဌာန (အိုအက်ဖ်အေစီ) က ၎င်းအား ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု စာရင်းထဲ ထည့်သွင်းခဲ့သည်။ [၁၂]

ဦးသိန်းစိုးခေါင်းဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အကြီးအကဲနှင့်အဖွဲ့ဝင်များ၊အဖွဲ့ခွဲများ အစရှိသည်တို့အား ရွေးကောက်ပွဲဆိုင်ရာအမှုများဖြင့် တရားလိုလုပ်ကာ တရားစွဲဆိုမှုအများအပြားကိုလည်း ပြုလုပ်ခဲ့သည်။ [၁၃] [၁၄] [၁၅] နိုင်သူအကုန်ရစနစ်အစား အချိုးကျကိုယ်စားပြု ပီအာစနစ် ကို ကျင့်သုံးနိုင်ရေးအတွက်ပါ ကြိုးပမ်းသည်။ [၁၆] ယင်းနောက် တည်ဆဲနိုင်ငံရေးပါတီများအားလုံး ရက်ပေါင်း(၆၀)အတွင်း ပါတီမှတ်ပုံ ပြန်တင်ခိုင်းသည့် နည်းဥပဒေကို ထုတ်ပြန်သည်။ [၁၇]

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၄ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သော စည်သူဘွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။ [၁၈]

ကိုးကား

[ပြင်ဆင်ရန်]
  1. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း MOI Myanmar (၃၁ ဇန်နဝါရီ ၂၀၂၄)။ ၃၁ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. တာဝန်မှအနားယူခွင့်ပြုခြင်း MOI Myanmar (၃၁ ဇန်နဝါရီ ၂၀၂၄)။ ၃၁ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. မော်ကွန်းတင်ပြီးမိတ္တူ 25 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 November 2022 တွင် ပြန်စစ်ပြီး။
  4. ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့သစ် စစ်ကောင်စီ ခန့်အပ် DVB Burmese
  5. မော်ကွန်းတင်ပြီးမိတ္တူ 25 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 November 2022 တွင် ပြန်စစ်ပြီး။
  6. ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း (၂၀၁၀) UEC Myanmar 3 December 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 November 2022 တွင် ပြန်စစ်ပြီး။
  7. ရွေးကောက်ပွဲကော်မရှင် အသစ်ဖွဲ့စည်းရေး လွှတ်တော်မှာ အဆိုတင် RFA Burmese
  8. ဖွဲ့စည်းပုံ ခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို အတည်ပြု BBC Burmese
  9. ဖွဲ့စည်းပုံခုံရုံး ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များ နုတ်ထွက် VOA
  10. မေးစရာတွေ ဗလပွနဲ့ ဦးသိန်းစိုး အစီရင်ခံစာ ဧရာဝတီ
  11. NLD ကို ဖျက်သိမ်းသင့်မသင့် စဉ်းစားမည် (နစက UEC ဥက္ကဋ္ဌ ဦးသိန်းစိုး) VOA
  12. US Slaps Sanctions on More Myanmar Junta Members, Ruling Body The Irrawaddy English
  13. ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအမှုနဲ့ စွဲချက်တင်ခံရ RFA Burmese
  14. ပြည်နယ်နှင့်တိုင်း ရွေးကော်အဖွဲ့ဝင်ဟောင်းများကို ပြစ်ဒဏ်များချနေ ဧရာဝတီ
  15. ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်ဩဇာလွှမ်းမိုးခြင်းစွဲချက်ဖြင့် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့အား တရားစွဲထားသည့်အမှုအတွက် တရားလိုဖြစ်သူ ရွေးကောက်ပွဲကော်မရှင်ညွှန်ကြာရေးမှူးကို စတင်စစ်ဆေး Eleven
  16. ပီအာစနစ် အကောင်အထည်ပေါ်ရေး စစ်ကောင်စီ ကြိုးပမ်းနေ RFA Burmese
  17. နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အတည်ပြုလက်မှတ်ရေးထိုး MOI
  18. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း Ministry of Information။ 2 August 2025 တွင် ပြန်စစ်ပြီး။