ခင်စန်းရီ
ခင်စန်းရီ | |
|---|---|
![]() | |
| ပညာရေး ဝန်ကြီးဌာန နှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့၏ ဝန်ကြီး | |
| တာဝန်သက်တမ်း ဖေဖော်ဝါရီ ၂၀၁၄၊ ဒီဇင်ဘာ ၂၀၁၅ – ၃၀၊ မတ်လ ၂၀၁၆ | |
| လက်ထောက် | ဇော်မင်းအောင်နှင့် သန့်ရှင်း၊ အောင်ကျော်မြတ်နှင့် ဘရွှေ |
| ယခင်လူ | မြအေး၊ ဒေါက်တာကိုကိုဦး |
| ဆက်ခံသူ | ဒေါ်အောင်ဆန်းစုကြည် |
| အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုဝန်ကြီး | |
| တာဝန်သက်တမ်း ဧပြီ ၂၀၁၂ – ဖေဖော်ဝါရီ ၂၀၁၄ | |
| ကိုယ်ရေး အချက်အလက်များ | |
| လူမျိုး | မြန်မာ |
| မိခင်ကျောင်း | ရန်ကုန် စီးပွားရေး တက္ကသိုလ် University of Göttingen |
| အလုပ်အကိုင် | စီးပွားရေး ပညာရှင် |
ဒေါက်တာ ခင်စန်းရီ သည် မြန်မာနိုင်ငံသား စီးပွားရေးပညာရှင်တစ်ဦး ဖြစ်သည်။ သူမသည် ပညာရေး ဝန်ကြီးဌာန နှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့၏ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
နိုင်ငံရေးဘဝ
[ပြင်ဆင်ရန်]၂၀၁၄ ဖေဖော်ဝါရီ နှင့် ၂၀၁၅ ဒီဇင်ဘာတို့တွင် သမ္မတ ဦးသိန်းစိန်မှ ဒေါ်ခင်စန်းရီအား ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ရာ သူမသည် ဝန်ကြီးအဖြစ် ခန့်အပ်ခံရသော ဒုတိယမြောက် အမျိုးသမီး ဖြစ်လာခဲ့သည်။[၁]
၂၀၁၃ ဒီဇင်ဘာနှင့် ၂၀၁၅ ဒီဇင်ဘာလတို့တွင် ပညာရေး ဝန်ကြီး ဦးမြအေးနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဒေါက်တာဦးကိုကိုဦးတို့ ကွယ်လွန်ခဲ့ပြီးနောက် သူမသည် ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။[၂][၃]
ဒေါ်ခင်စန်းရီသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ရန်ကုန် စီးပွားရေး တက္ကသိုလ်တွင် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၄][၅] ၂၀၁၂ ခုနှစ် ဧပြီလတွင် သူမသည် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ဝန်ကြီးဖြစ်သူ ဒေါက်တာကံဇော် လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။[၁]
ဒေါ်ခင်စန်းရီသည် ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ စီးပွားရေးဘွဲ့နှင့် မဟာဘွဲ့များ ရရှိခဲ့သည်။[၁] ၁၉၉၆ ခုနှစ်တွင် ဂျာမနီနိုင်ငံ University of Göttingen မှ ပါရဂူဘွဲ့ ရရှိခဲ့သည်။[၆][၇]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 Yen Snaing။ "Burma’s Government to Appoint a Second Woman Minister"၊ The Irrawaddy၊ 11 February 2014။ 23 July 2015 တွင် ပြန်စစ်ပြီး။
- ↑ Wa Lone; Thomas Kean။ "Johns Hopkins shuts down Yangon University project"၊ Myanmar Times၊ 23 February 2015။ 23 July 2015 တွင် ပြန်စစ်ပြီး။
- ↑ နှစ် ၁၀၀ မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးဝန်ကြီး ၄ ဦးသာရှိသည်း။
- ↑ He Dr Khin San Yee။ Women's Forum။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 July 2015 တွင် ပြန်စစ်ပြီး။
- ↑ Nan Tin Htwe။ "UN highlights policy at HDR 2011 launch"၊ Myanmar Times၊ 28 November 2011။ 23 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။
- ↑ "Khin San Yee"၊ DAAD၊ 21 October 2014။ 23 July 2015 တွင် ပြန်စစ်ပြီး။
- ↑ "ဗဟိုအစိုးရအဖွဲ့တွင် အမျိုးသမီး ဝန်ကြီးတဦး ထပ်မံခန့်အပ်"။
