၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား

ဝီကီပီးဒီးယား မှ
၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
ဖွင့်ပွဲအခမ်းအနား
ပင်မမီးရှုးတိုင်ကို မြားဖြင့်ပစ်၍မီးထွန်းညှိစဉ်
အချိန်ညနေ၆:၀၀~၉:၃၀
နေ့ရက်၁၁ ဒီဇင်ဘာ ၂၀၁၃ (၂၀၁၃-၁၂-၁၁)
တည်နေရာဝဏ္ဏသိဒ္ဓိ အားကစားကွင်းနေပြည်တော်

၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းတွင် ကျင်းပခဲ့သည်။[၁][၂]

ဧည့်သည်တော်များ[ပြင်ဆင်ရန်]

ပြည်တွင်း[ပြင်ဆင်ရန်]

ပြည်ပ[ပြင်ဆင်ရန်]

  • လာအိုနိုင်ငံသမ္မတ ချူမူလီဆိုင်ဆုန်နှင့် ဇနီး လီယိုဆေချေဆိုင်ဆုန်
  • တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်များ
  • ဘရူနိုင်းနိုင်ငံအိမ်ရှေ့မင်းသား
  • ဝန်ကြီးများ
  • အာဆီယံနိုင်ငံများမှ အိုလံပစ်ကော်မတီဥက္ကဋ္ဌများ
  • နိုင်ငံတကာအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများ

ပွဲအတွင်းပါဝင်သူများ[ပြင်ဆင်ရန်]

အခမ်းအနားမှူး[ပြင်ဆင်ရန်]

  • ကိုဇော်မျိုးဦး
  • မချောစုစုကြည်
  • မအိမ့်ဖူးဖူးအောင်
  • မအေးအေးမြတ်

အစီအစဉ်တင်ဆက်သူ[ပြင်ဆင်ရန်]

  • ကိုဆွေဟိန်း
  • မစုယမင်း

အနုပညာရှင်များ[ပြင်ဆင်ရန်]

30em

အခမ်းအနားအစီအစဉ်များ[ပြင်ဆင်ရန်]

အခမ်းအနားကို အစီအစဉ် (၁၄)ခုဖြင့် တင်ဆက်ခဲ့သည်။

ပထမပိုင်း[ပြင်ဆင်ရန်]

  • အမှတ်စဉ်ရေတွက်၍ အခမ်းအနားစတင်ခြင်း
  • စောင်းတော်သိင်္ခါဆိုင်းမင်္ဂလာ အစီအစဉ်တင်ဆက်ခြင်း
  • အားကစားသမားများ နေရာယူခြင်း
  • နိုင်ငံတော်အလံ၊ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ-မြန်မာအလံ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအလံများ လွှင့်တင်ခြင်း
  • အားကစားဝန်ကြီးမှ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဆိုင်ရာများ ရှင်းလင်းတင်ပြခြင်း
  • ဒုတိယသမ္မတမှ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဖွင့်လှစ်ခြင်း
  • အားကစားအဓိဌာန် ရွတ်ဆိုခြင်း
  • မီးရှုးတိုင် လက်ဆင့်ကမ်း သယ်ဆောင်ခြင်း
  • ပင်မမီးရှုးတိုင်ကို မီးထွန်းညှိခြင်း
  • အားကစားသမားများ ပြန်လည်ထွက်ခွာခြင်း

ဒုတိယပိုင်း[ပြင်ဆင်ရန်]

  • ဖျော်ဖြေရေးအစီအစဉ်များ တင်ဆက်ခြင်း
  • သမ္မတကြီးနှင့်ဇနီးတို့ ပြန်လည်ထွက်ခွာခြင်း
  • တေးသံသာအစီအစဉ်ဖြင့် တင်ဆက်ခြင်း
  • ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ပြီးမြောက်ကြောင်း ကြေညာခြင်း

ဖွင့်ပွဲအခမ်းအနား[ပြင်ဆင်ရန်]

၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမစတင်မီ ညနေ၅နာရီအချိန်ခန့်က အစီအစဉ်တင်ဆက်သူများဖြစ်ကြသည့် ကိုဆွေဟိန်းနှင့် မစုယမင်းတို့က ပဋိသန္တာရစကားဖြင့် ဧည့်ခံဖျော်ဖြေကြသည်။ ထို့နောက်အနုပညာရှင်များ၏ တေးသံသာအစီအစဉ်ဖြင့် တင်ဆက်ခဲ့သည်။

စိမ်းလန်းသန့်စင်တို့ချစ်ခင်
  • မြန်မာပြည်သိန်းတန်
  • ဗညားဟန်
  • ဖိုးသောကြာ
  • စောမင်းနောင်
  • ပန်းအိဖြူ
  • ပန်းဆုပြည့်ကျော်
  • စိမ့်လဲ့လဲ့
  • စိမ့်နေခြည်
  • ကျော့ကေခိုင်
မိုးယံလွင့်ပျံ လက်ခုပ်သံ ဖြူဖြူကျော်သိန်း
ပန်းတိုင်သို့ ဇော်ဝင်းထွဋ်
ပြည်ထောင်စုကြီးတို့ရဲ့မြန်မာ နေနေ
ရောင်စုံဥယျာဉ် *ထူးအယ်လ်လင်း
  • ဆုန်သင်းပါရ်
နေ့သစ်များရဲ့မြန်မာပြည် *ဖြိုးကြီး
  • ယုဇန
ဂိုးသွင်းကောင်းတဲ့ကိုကို မေခလာ
အချိန်နှင့်အမျှ စောခူဆဲ

ထို့နောက် ညနေ၆နာရီခန့်အချိန်တွင် ပဏာမအစီအစဉ်ပြီးဆုံး၍ ပထမပိုင်းအစီအစဉ်ကို အခမ်းအနားမှူးများအဖြစ် ကိုဇော်မျိုးဦးနှင့် မချောစုစုကြည်တို့က ဆောင်ရွက်ခဲ့သည်။ ညနေ၆နာရီတွင် သမ္မတကြီးဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် စည်တော်ကြီးနှင့်အတူ မီးရှုးမီးပန်းများဖြင့် ပစ်ဖောက်ကြိုဆိုခဲ့သည်။ ထို့နောက်အခမ်းအနားအစီအစဉ်များကို ကြေညာခဲ့သည်။

ထို့နောက် ပထမဆုံးအစီအစဉ်ဖြစ်သည့် အမှတ်စဉ်ရေတွက်၍ အခမ်းအနားကို စတင်ခဲ့သည်။ ကျောင်းသား ၁၅၀၀ ၏ မီးပွင့်များဖြင့် အမှတ်စဉ် ၁၀ မှ ၁ အထိ ရေတွက်ခဲ့သည်။ ထို့နောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အထိမ်းအမှတ်တံဆိပ်နှင့် "မြန်မာ"စာတန်းကို မီးရှုးတိုင်များဖြင့် ပုံဖော်ခဲ့သည်။ ထိုစဉ် ကွင်းအပေါ်မှ မီးရှုးမီးပန်းများ ပစ်ဖောက်ခဲ့သည်။

အစီအစဉ် ၂ အဖြစ် စောင်းတော်သိင်္ခါဆိုင်းမင်္ဂလာအစီအစဉ်ကို တင်ဆက်ခဲ့သည်။ မြန်မာတို့၏ ထီးသုံးနန်းသုံးတော်ဝင်တူရိယာများဖြစ်ကြသည့် ပတ္တလား၊ စောင်း၊ ဆိုင်းတို့ဖြင့် သာယာနာပျော်ဖွယ် တီးခတ်ထားသော အစီအစဉ်ဖြစ်သည်။ ဤအစီအစဉ်တွင် ဆိုင်းဝိုင်း ၅ ခု၊စောင်း ၁၄ လတ်၊ ပတ္တလား ၇ ခုဖြင့် တင်ဆက်ခဲ့သည်။

အစီအစဉ် ၃ အရ အားကစားသမားများ နေရာယူခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအလံနှင့် ၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ-မြန်မာအလံ၊ One Community ကို ဖော်ဆောင်သော အရှေ့တောင်အာရှနိုင်ငံ (၁၁)နိုင်ငံများ၏ နိုင်ငံတော်အလံကိုင်တပ်ဖွဲ့၊ နိုင်ငံတော်ဘင်ခရာတပ်ဖွဲ့များ၏ ဦးဆောင်ချီတက်မှုနှင့်အတူ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ အရှေ့တီမော၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံ တို့မှ အားကစားအဖွဲ့အသီးသီးတို့ ကွင်းအတွင်းဝင်ရောက်လာကြသည်။

အစီအစဉ် ၄ အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို ဦးစွာလွှင့်တင်ကာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအလံနှင့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ-မြန်မာအလံများကို တစ်ပြိုင်နက် လွှင့်တင်ခဲ့သည်။

အစီအစဉ် ၅ အရ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့သည်။ မြန်မာနိုင်ငံကို ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား လက်ခံကျင်းပရန် ယုံကြည်ထောက်ခံအားပေးခဲ့ကြသည့် မိတ်ဆွေနိုင်ငံများကို အထူးကျေးဇူးတင်ကြောင်း၊ ဤပြိုင်ပွဲကို စိမ်းလန်းခြင်း၊ စစ်မှန်ခြင်း၊ ပွင့်လင်းခြင်း၊ နားလည်ခြင်း၊ နွေးထွေးခြင်း၊ သန့်ရှင်းခြင်းနှင့် အနှစ်သာရရှိရှိကျင်းပနိုင်ရန် "Green, Clean and Friendship" ဆောင်ပုဒ်ကို ချမှတ်၍ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်အာဆီယံဥက္ကဋ္ဌတာဝန်ရယူရမည်ဖြစ်၍ အာဆီယံနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်ရာတွင် အားကစားကဏ္ဍကိုပါ မြှင့်တင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အစီအစဉ် ၆ အရ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကိုယ်စား ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းမှ ၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးရာတွင် ယခုအားကစားပွဲတော်ကို ၄၄ နှစ်အကြာတွင် ပြန်လည်ကျင်းပခွင့်ရ၍ အစိုးရနှင့်ပြည်သူတစ်ရပ်လုံးကိုယ်စားကျေးဇူးတင်ပါကြောင်း၊ ယနေ့ခေတ်တွင် အားကစားသည် ထိရောက်ကောင်းမွန်သော သံတမန်လမ်းကြောင်းတစ်ခု ဖြစ်လာကြောင်း၊ မြန်မာပြည်၏ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ အခမ်းအနားကို တက်ရောက်လာကြသော နိုင်ငံအသီးသီးသီးမှ ဧည့်သည်တော်များ၊ ပြိုင်ပွဲကိုတရားမျှတစွာကျင်းပပေးမည့် technical director များနှင့်၊ ဒိုင်၊ ဂျူရီများ၊ အားကစားသမားများ၊ တာဝန်ရှိသူများ၊ အနုပညာရှင် အတတ်ပညာရှင်များ၊ မီဒီယာများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် "၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ယခုအချိန်မှစ၍ ဖွင့်လှစ်ကြောင်းကြေညာလိုက်သည်။" ဟုပြောကြားကာ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို တရားဝင်ဖွင့်လှစ်ပေးခဲ့သည်။ ထိုအချိန်တွင် မီးရှုးမီးပန်းများဖြင့် ပစ်ဖောက်ခဲ့သည်။

အစီအစဉ် ၇ အရ အားကစားအဓိဌာန် ရွတ်ဆိုခြင်းဖြစ်သည်။ ဝူရှုးအားကစားသမား မစန္ဒီဦးမှ အားကစားသမားများကိုယ်စား၊ ဒိုင်လူကြီး ဦးကြည်စိုးမိုးမှ ဒိုင်လူကြီးများနှင့် ပြိုင်ပွဲကြီးကြပ်သူများကိုယ်စား ရွတ်ဆိုခဲ့သည်။

အစီအစဉ် ၈ သည် မီးထွန်းညှိတိုင် လက်ဆင့်ကမ်းသယ်ယူခြင်း ဖြစ်သည်။ ရန်ကုန်မြို့ သုဝဏ္ဏအမျိုးသားအားကစားရုံ-၁ ရှေ့မှ စတင်၍ မီးထွန်းညှိတိုင်သယ်ဆောင်လာပြီး ဖွင့်ပွဲကျင်းပရာ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းထိ သယ်ဆောင်မည်ဖြစ်သည်။ ကွင်းအတွင်း နောက်ဆုံးလက်ဆင့်ကမ်းသယ်ဆောင်သူများမှာ

အမည် အားကစားနည်း ရွှေတံဆိပ်
ဦးသန့်စင် ပြေးခုန်ပစ်
ဒေါ်ဂျနီဖာတင်လေး ပြေးခုန်ပစ် ၁၅
ဦးတင်အောင်(ဂိုး) ဘောလုံး ၁၇
ဒေါ်သန်းသန်း ပြေးခုန်ပစ် ၁၉
ဒေါ်ခင်ခင်ထွေး ပြေးခုန်ပစ် ၂၈
ဦးမြင့်အောင် ကျွမ်းဘား
ဦးစောဆာလောလ ပြေးခုန်ပစ်
ဦးအေးမြင့်ကြူ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲပိတ်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်လေ့ကျင့်ရေးကော်မတီ ဥက္ကဋ္ဌ၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး

အစီအစဉ် ၉ အရ မြားပစ်အားကစားသမား မောင်ဝေလင်းထွန်းမှ ပင်မမီးရှုးတိုင်ကို မြားဖြင့်ပစ်၍မီးထွန်းညှိခဲ့ရာ ရောင်စုံမီးပန်းများ ပစ်ဖောက်ဂုဏ်ပြုခဲ့သည်။

အစီအစဉ် ၁၀ အရ အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီး ပထမပိုင်းအစီအစဉ် ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်း အစီအစဉ်များအတွက် အခမ်းအနားမှူးများအဖြစ် မအေးအေးမြတ်နှင့် မအိမ့်ဖူးဖူးအောင်တို့က ဆောင်ရွက်ခဲ့သည်။

အစီအစဉ် ၁၁ တွင် ဖျော်ဖြေရေးအစီအစဉ် (၆) ခုဖြင့် တင်ဆက်ခဲ့သည်။

  • ပထမဆုံး "အမျိုးသားအမွေအနှစ်မဟာပုဂံ" ကို တင်ဆက်ခဲ့သည်။ ပထမပိုင်းတွင် အနော်ရထာမင်း၏ ဆောင်ရွက်မှုများကို visual effectများဖြင့် တင်ဆက်ပြီးဒုတိယပိုင်းတွင် ပုဂံခေတ်အကဖြင့် တင်ဆက်ခဲ့သည်။
  • ဆက်လက်ပြီး "ပွဲဦးအလင်္ကာအစီအစဉ်" ကို တင်ဆက်ခဲ့သည်။ ပွဲဦးအလင်္ကာအကသည် အင်းဝခေတ်တွင် အခြေတည်ပြီး ကုန်းဘောင်ခေတ်တွင် ထင်ရှားခဲ့ကာ မြန်မာအက၏ အခြေခံများဖြစ်သော ခေါင်း၊ ခါး၊ ခြေ၊ လက်တို့ကို အချိုးညီစွာအသုံးပြုပြီး မြိုင်ဆိုင်သွက်လက်သော တီးချက်များဖြင့် မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာအတိုင်း တင်ဆက်ထားခြင်းဖြစ်သည်။ ပထမပိုင်းတွင် မြေဝိုင်းအကတစ်မျိုးကို တင်ဆက်ကာ ဒုတိယပိုင်းတွင် အပျိုတော်ယိမ်းကို တင်ဆက်ထားသည်။
  • တတိယမြောက်အဖြစ် "ရွှေနိုင်ငံကကြိုနေမယ်" အစီအစဉ်ကို တင်ဆက်ခဲ့သည်။ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို လာရောက်ကြသည့် အားကစားသမားများကို ကြိုဆိုခြင်း၊ အရှေ့တောင်အာရှနိုင်ငံများ၏ ချစ်ကြည်မှုကို ဖော်ပြရန် တင်ဆက်ခြင်းဖြစ်သည်။ ထိုအစီအစဉ်တွင် အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံ၏ ရိုးရာအကများဖြင့် တင်ဆက်ခဲ့သည်။
  • စတုတ္ထမြောက်အဖြစ် "အနာဂတ်ကမ္ဘာမြေ"ကို တင်ဆက်ခဲ့သည်။ သက်ရှိ၊ သက်မဲ့များဖြင့် လှပနေသောကမ္ဘာမြေကြီးမှာ သတ္တဝါတို့၏လုပ်ဆောင်မှုများကြောင့် ယိုယွင်းလာနေသည်။ ထိုယိုယွင်းမှုများက သတ္တဝါတို့၏ နေထိုင်မှုကို ခြိမ်းခြောက်လာသည်။ ကမ္ဘာမြေကြီးကို မူလအတိုင်းကျန်းမာလာစေရန် အားလုံးလက်တွဲပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်းကို တိုက်တွန်းထားသည်။ ပထမဦးစွာ ပျော်ရွှင်စွာနေထိုင်နေကြသော လူတို့၏နေရာများမှာ ရာသီဥတုဖောက်ပြန်ပြီး ရေလွှမ်းမိုးမှုကို visual effectများဖြင့် တင်ဆက်ခဲ့သည်။ ထို့နောက် မေသက်ထားဆွေ၊ အန်နီရှိုင်း၊ အက်စတာထွေးနှင့် မင်းချစ်သက်တို့၏ သီဆိုမှုနှင့်အတူ လူသားများလက်တွဲ၍ ပြန်လည်ထူထောင်ရေးလုပ်ဆောင်ပုံတို့ကို တင်ဆက်ထားသည်။
  • ဆက်လက်ပြီး "မျိုးဆက်သစ်တို့အားမာန်"ကို တင်ဆက်ခဲ့သည်။ တိုင်းပြည်၏ အနာဂတ်လူငယ်များ၏ ရိုးသားရဲရင့်၍ ဖြတ်လတ်တက်ကြွသော အားမာန်ကို ဂုဏ်ပြုတင်ဆက်ထားခြင်းဖြစ်သည်။ ဤအစီအစဉ်တွင် ကျောင်းသူလေးများ၏ အကများဖြင့် တင်ဆက်ခဲ့သည်။
  • နောက်ဆုံးအနေဖြင့် "သွေးချင်းတို့ဌာနေမြန်မာပြည်"ကို တင်ဆက်ခဲ့သည်။ မြန်မာပြည်တွင်းရှိ အတူလက်တွဲနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးက ပြည်ထောင်စုကြီးအစဉ်တည်တံ့စေရန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကာ စည်းလုံးစွာနေထိုင်သွားပုံကို ပုံဖော်တင်ဆက်ထားသည်။ ပထမအစတွင် ကျောင်းသားကျောင်းသူလေးများက ကွင်းအတွင်း အဆင့်ဆင့်ပုံဖော်သွားသည်။ ကွင်းအတွင်းရှိ စတိတ်စင်အငယ်ပေါ်တွင် ကချင်မှ ရှမ်းအဆုံး တိုင်းရင်းသား ၈ မျိုးတို့၏ အကများဖြင့် တင်ဆက်ကာ နောက်ခံ LED ဘုတ်ပေါ်တွင် ၎င်းတို့၏ဒေသများမှ နေရာဒေသပုံများ တင်ဆက်ခဲ့သည်။ ထို့နောက် တေးသံရှင် နီနီခင်ဇော်မှ တေးသီချင်းသီဆိုခဲ့သည်။ သီချင်း တစ်ပိုဒ်အဆုံးတွင် ကွင်းလယ်ရှိ တင်ဆက်သူများက မြန်မာပြည်မြေပုံနှင့် "Green, Clean &Friendship" ကို ပုံဖော်ခဲ့ကြသည်။ ပုံဖော်မှုအပြီးတွင် ဖွင့်ပွဲအခမ်းအနားတွင် တင်ဆက်သူအားလုံး ကွင်းအတွင်းဝင်ရောက်လာကြသည်။ အစီအစဉ်ပြီးဆုံးချိန်တွင် မီးရှုးမီးပန်းများပစ်ဖောက်ခဲ့သည်။

အစီအစဉ် ၁၂ အရ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ ပြန်လည်ထွက်ခွာခဲ့သည်။

အစီအစဉ် ၁၃ တွင် တေးသံသာအစီအစဉ် တင်ဆက်ခဲ့သည်။

ဂိုး စိုင်းစိုင်းခမ်းလှိုင်၊ သီရိဆွေ
ရွှေရောင်လက်ခုပ်သံ ဇော်ပိုင်၊ ရေဗက္ကာဝင်း
မြန်မာပြည်သား မေခလာ
Win the Day နီနီခင်ဇော်

အစီအစဉ် ၁၄ အရ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာခဲ့သည်။[၃][၄][၅]

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]