အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
 မြန်မာအစိုးရအဖွဲ့အစည်း
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန
MOLES.svg
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဌာနချုပ် နေပြည်တော်
19°50′18″N 96°07′13″E / 19.838351°N 96.1203718°E / 19.838351; 96.1203718
ဝက်ဘ်ဆိုက် mol.gov.mm

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် အလုပ်သမားနှင့် ပတ်သက်၍ အလုပ်သမား ဝန်ကြီးဌာန ထားရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ယခင်အလုပ်သမား ဝန်ကြီးဌာန၏ လက်အောက်ရှိ ဦးစီးဌာနများမှာ

  1. အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
  2. အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန
  3. လူမှုဖူလုံရေးအဖွဲ့
  4. ဗဟိုပြည်တွင်း ကုန်တင်/ချ ကြီးကြပ်မှုကော်မတီ
  5. ဗဟိုဝါဏိဇ္ဇ ပဋိပက္ခကော်မတီရုံး တို့ဖြစ်သည်။
အလုပ်သမားဝန်ကြီးဌာန၏ဖွဲ့စည်းပုံ

ရည်မှန်းချက်တာဝန်များ[ပြင်ဆင်ရန်]

  • လုပ်ငန်းခွင်အေးချမ်းသာယာရေး
  • အလုပ်အကိုင်နေရာချထားရေး(ပြည်တွင်း/ပြည်ပ)
  • လုပ်သားများလုပ်ငန်းခွင်ကျွမ်းကျင်မှုလေ့ကျင့်ရေး
  • အလုပ်သမားရေးရာ သုတေသနနှင့်စာရင်းဇယားများစုဆောင်းပြုစုရေး
  • အလုပ်သမားဥပဒေပါအကျိုးခံစားခွင့်များ အတွက် စည်းကြပ်ဆောင်ရွက်ရေး
  • လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး
  • လူမှုဖူလုံးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး
  • ပြည်တွင်းကုန်စည်စီးဆင်းမှုသွက်လက်မြန်ဆန်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ရေး
  • အပြည်ပြည်ဆိုင်ရာ နှင့် ဒေသဆိုင်ရာ အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး

ဦးတည်ချက်များ[ပြင်ဆင်ရန်]

  1. အလုပ်သမားရပိုင်ခွင့်များ ဆောင်ကြဉ်းပေးရေး
  2. လူမှုအခွင့်အရေးများ ဆောင်ကြဉ်းပေးရေး
  3. ကုန်ထုတ်စွမ်းအား တိုးတက်ရေး
  4. အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာကိစ္စရပ်များဆောင်ရွက်ရေး

မြန်မာနိုင်ငံသည် ရှေးအခါကလယ်ယာ စိုက်ပျိုးရေးကိုသာ အဓိက ထား၍ လုပ်ကိုင်လာခဲ့ကြသည့်အလျောက် ယခုခေတ် ခေါ်ဝေါ်နေ ကြသည့် အလုပ်သမား လူတန်းစားဟူ၍ အတိအကျ မရှိသေးပဲ များသောအားဖြင့် လယ်သမားများသာ ရှိခဲ့ကြသည်။ သို့ရာတွင် ဗြိတိသျှများ မြန်မာနိုင်ငံကို သိမ်းပိုက် အုပ်စိုးလာခဲ့သည့်နောက်တွင် လယ်ယာစိုက်ပျိုးရေးသာမက နိုင်ငံခြားသားများ တည်ထောင်သော စက်မှုလက်မှုလုပ်ငန်းများလည်း ပေါ်ပေါက်လာခဲ့ပေသည်။

ထိုအချိန်မှစ၍ လယ်ယာစိုက်ပျိုးရေးသာမက စက်မှုလက်မှု လုပ်ငန်းများကိုလည်း တိုးတက်လုပ်ကိုင် လာခဲ့ကြသည်။ သို့ ဖြစ်ရကား လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက် ရှိကြ သောသူများကို တောင်သူလယ်သမား များဟူ၍လည်း ကောင်း၊ စက်မှုလက်မှု လုပ်ငန်းများကို လုပ်ကိုင်နေကြသူများ ကို အလုပ်သမားများဟူ၍လည်းကောင်း သီးခြား ခေါ်ဆိုလာ ကြလေသည်။

မြန်မာနိုင်ငံ၏ ဓနအင်အားသည် လယ်သမားများနည်းတူ အလုပ်သမားထု အင်အားပေါ်တွင်လည်း အခြေတည်သည် ဖြစ် ရကား အလုပ်သမားလူတန်းစားတို့၏ စီးပွားရေး၊ ပညာရေး၊ ဖူလုံရေးများကို နိုင်ငံအစိုးရက တာဝန်ခံဆောင်ရွက်သင့်သော် လည်း ထိုစဉ်က နိုင်ငံခြားဓနရှင် အစိုးရအနေဖြင့် ထိရောက်စွာ မဆောင်ရွက်နိုင်ခဲ့ပေ။ အလုပ်သမားများအတွက် အကျိုးပြု နိုင်သော ၁၉၁၁ ခုနှစ် အိန္ဒိယစက်ရုံဥပဒေ တစ်ခုကိုသာ ထိုစဉ်အခါက ပြဋ္ဌာန်းခဲ့လေသည်။ ထိုအက်ဥပဒေအရ မြန်မာ နိုင်ငံစက်ရုံများကို အလုပ်သမားများ၏ အကျိုးအတွက် စစ် ဆေးရေးအရာရှိတစ်ဦးကို ၁၉၁၂ ခုနှစ်လောက်တွင် ခန့်ထား၍ အကောင်အထည် စတင်ဖော်ခဲ့လေသည်။ နယ်ရှိ ခရိုင်ရာဇဝတ် တရားသူကြီး အသီးသီးတို့သည် ရာထူးအလိုက် ယင်းတို့၏ ခရိုင်များအတွက် စစ်ဆေးရေးအရာရှိအဖြစ် တာဝန်ယူ ဆောင် ရွက်ရသည်။ ထိုနောက် နှစ်အနည်းငယ်အတွင်းတွင် ထိုဥပဒေ ပိုမို အကျိုးသက်ရောက်စေရန်အတွက် ရန်ကုန်မြို့တွင် စစ်ဆေး ရေးအရာရှိချုပ်တစ်ဦးကို ထပ်မံခန့်ထားကာ နယ်မြို့ကြီးများ အချို့တွင်လည်း စစ်ဆေးရေးအရာရှိများကို ခန့်ထားဆောင်ရွက် စေခဲ့သည်။ ထိုအက်ဥပဒေ၏ အဓိက ရည်ရွယ်ချက်မှာ စက်ရုံ များရှိ အလုပ်သမားများ၏ ကျန်းမာရေးကို အထူးဂရုစိုက် ကာကွယ် ဆောင်ရွက်ပေးရေးပင် ဖြစ်သည်။

၁၉၁၁ ခုနှစ် အိန္ဒိယစက်ရုံဥပဒေသည် အလုပ်သမားများ အတွက် ထိရောက်မှု မရှိသောကြောင့် ၁၉၂ဝ ပြည့်နှစ် နောက် ပိုင်းတွင် ရေနံမြေ အလုပ်သမားအင်အားစုဟူ၍ စတင် ပေါ် ပေါက်ခဲ့သည်။ ထိုအလုပ်သမား အင်အားစု၏ စတင်လှုပ်ရှားမှု ကြောင့် နိုင်ငံအစိုးရအနေနှင့် အလုပ်သမားအရေးကို လျစ်လျူရှု မထားနိုင်သည့် အတွက် ၁၉၂၅ ခုနှစ်တွင် အလုပ်သမားစာရင်း စစ်တမ်း ဌာနခွဲတစ်ခု ဖွင့်လှစ်၍ စုံစမ်းစစ်ဆေးရေး အရာရှိ တစ်ဦးအား ခန့်ထားကာ စစ်တမ်းဌာနခွဲကို ကြီးကြပ်အုပ်ချုပ် ဆောင်ရွက်စေခဲ့သည်။ သို့သော် လုပ်ငန်းများ တဖြည်းဖြည်း များပြားလာသောကြောင့် စုံစမ်းရေးအရာရှိအစား စာရင်းစစ် တမ်း ညွှန်ကြားရေးဝန်နှင့် အလုပ်သမားမင်းကြီးရုံးဟူ၍ ပေါ် ပေါက်လာသည်။ ထိုရုံး၏ လုပ်ငန်းနှင့် တာဝန်ဝတ်တရား များမှာ အရေးကြီးသော လူသုံးကုန်ပစ္စည်းနှုန်းများ ကောက်ယူ ခြင်း၊ အလုပ်သမား လူတန်းစားတို့၏ စားဝတ်နေရေး အသုံး စရိတ်၊ ဆနှုန်းစာရင်းပြုလုပ်၍ အပတ်စဉ် ကြေညာခြင်း၊ ၁၉၂၃ ခုနှစ် အလုပ်သမားလျော်ကြေး အက်ဥပဒေ၊ ၁၉၂၆ ခုနှစ် ဝါဏိဇ္ဇပဋိပက္ခ အက်ဥပဒေများအရ စီမံအုပ်ချုပ်ရသည်။ ယင်းညွှန်ကြားရေးဝန်နှင့် အလုပ်သမားမင်းကြီးရုံးသည် ၁၉၃၁ ခုနှစ်တွင် ပြည်ထဲရေးဌာန လက်အောက်ခံဖြစ်ခဲ့၍ ဒုတိယ ကမ္ဘာစစ် ဖြစ်ပေါ်စတွင် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှု လက်မှုဌာန လက်အောက်ခံ ဖြစ်ခဲ့သည်။

ယင်းသို့ ထိုနှစ်ဌာန လက်အောက်ခံအဖြစ် အလုပ်သမား များအတွက် ဆောင်ရွက်ပေးခဲ့သော်လည်း များစွာသော အလုပ် သမားတို့၏ အကျိုးအတွက် ထိရောက်မှု မရှိခဲ့ချေ။ ထိုကြောင့် အလုပ်သမားများ ထပ်မံ စည်းလုံး၍ ဓနရှင်များ၏ အင်အားကို တွန်းလှန်ခဲ့ရင်း ၁၉၄၁ ခုနှစ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမားများ အစည်းအရုံးကြီးကို တည်ထောင်နိုင်ခဲ့လေသည်။ အစည်းအရုံးဝင်များသည် အလုပ်သမားရေးရာများ ကောင်းမွန် လာအောင် ဆောင်ရွက်ကြသည့်ပြင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင်လည်း အဓိကနေရာမှ ပါဝင်ဆောင်ရွက်ခဲ့လေ သည်။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံကို ဂျပန်တို့ သိမ်းပိုက်ထားချိန်၌ အလုပ်သမားရေးရာ ကိစ္စရပ်များကို ကူးသန်းရောင်းဝယ်ရေး၊ အလုပ်သမားနှင့် စက်မှုလက်မှုဝန်ကြီး ဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ထိုနောက် ပူးပေါင်း ဆောင်ရွက်ရေးနှင့် အထွေထွေ ဝန်ကြီးဌာနမှ တစ်ဖန် တာဝန် ယူ ဆောင်ရွက်ခဲ့ပြန်သည်။ ဝန်ကြီးဌာနအနေဖြင့် အလုပ်သမား ရေးရာ ကိစ္စအရပ်ရပ်နှင့် ရန်သူပိုင်ပစ္စည်းများ ထိန်းသိမ်း ကြီးကြပ်ခြင်း၊ ဂျပန်များနှင့် မြန်မာများ လက်တွဲ ပူးပေါင်း ဆောင်ရွက်ရေးတို့အပြင် ယိုးဒယား- မြန်မာ မီးရထား လမ်း ဖောက်လုပ်ရေးအတွက် လိုအပ်သော ဝန်ထမ်းအဖွဲ့အင်အား ရရှိ စေရန်တို့အတွက် မူချမှတ်ပေးရလေသည်။

ဒုတိယကမ္ဘာစစ်ပြီးဆုံး၍ မြန်မာ့လွတ်လပ်ရေးကို ရရှိအောင် မနားမနေ ကြိုးပမ်းနေချိန်တွင် အလုပ်သမား လူတန်းစားများ သည်လည်း တပ်ဦးမှနေ၍ ပါဝင် ဆောင်ရွက်ခဲ့ကြသည်။ ထိုကြောင့် ၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်း ဆိုရန်တိုဗီလာ အဆောက်အအုံ (ယခုစာပေဗိမာန်)၌ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ကြီးမှူးကျင်းပသည့် စီးပွား တိုးတက်ရေးနှင့် နှစ်နှစ်စီမံကိန်းတွင် အလုပ်သမားရေးရာများ နှင့်တကွ အလုပ်လက်မဲ့ ပပျောက်ရေးပြဿနာစသည်များကို ထည့်သွင်းဆွေးနွေး အတည်ပြုခဲ့ကြသည်။ ထိုပြင် ပြည်ထောင် စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌လည်း အလုပ်သမားရေးရာများကို ကာကွယ် စောင့်ရှောက် သတ်မှတ် ထားသည်။

လွတ်လပ်ရေးရပြီးနောက် အလုပ်သမားရေးရာ ကိစ္စရပ်များ ကို လမ်းပန်းဆက်သွယ်ရေးနှင့် ပြည်သူ့လုပ်ငန်းဌာနမှ ဆက်လက် ဆောင်ရွက်ခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၁ဝ ရက်နေ့တွင် လမ်းပန်း ဆက်သွယ်ရေးနှင့် ပြည်သူ့လုပ်ငန်း ဝန်ကြီးဌာနကို ပြည်သူ့လုပ်ငန်းနှင့် အလုပ်သမားဝန်ကြီးဌာန နှင့် သယ်ယူ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဌာနဟူ၍ ဝန်ကြီးဌာန နှစ်ခုအဖြစ် ဖွဲ့စည်းခဲ့သည်တွင် အလုပ် သမားရေးရာ ကိစ္စရပ်များကို ပြည်သူ့လုပ်ငန်းနှင့် အလုပ်သမား ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ခဲ့လေသည်။ ၁၉၅ဝ ပြည့် နှစ် ဇန္နဝါရီလ ၂ ရက်နေ့မှစ၍ အလုပ်သမားရေးရာ ကိစ္စရပ် များကို လုပ်ငန်းရပ်ချင်း နီးစပ်သည့် ဝန်ကြီးဌာနအမျိုးမျိုးနှင့် ပူးပေါင်း၍ ဆောင်ရွက်လာခဲ့ရာ ၁၉၅၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင်မှ အလုပ်သမားဝန်ကြီးဌာနဟူ၍ ဖြစ်ပေါ်လာလေ သည်။ ယင်းသို့ ဖြစ်ပေါ်လာသော်လည်း သီးခြားဝန်ကြီးနှင့် အတွင်းဝင်တို့ မရှိပဲ ကုန်သွယ်မှု တိုးတက်ရေးဝန်ကြီးနှင့် ထို ဌာနအတွင်းဝန်တို့၏ ကြီးကြပ်မှုအောက်တွင် တည်ရှိခဲ့ရလေ သည်။ ၁၉၅၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှစ၍ သီးခြား အလုပ်သမားဝန်ကြီးတစ်ဦးနှင့် အတွင်းဝန်တို့အား ခန့်ထားခဲ့ လေသည်။ ထိုနောက် အလုပ်သမားဝန်ကြီးတစ်ဦးအနေဖြင့် အလုပ်သမားရေးရာ ကိစ္စအရပ်ရပ်တို့ကို လုပ်ကိုင်ဆောင်ရွက် ခဲ့ရာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် အိမ်စောင့်အစိုးရ လက်ထက် ၁၉၅၈ ခုနှစ်တွင် ဝန်ကြီးဦးရေကို လျှော့ချခန့်ထား တာဝန်ယူစေသည့်အတွက် လုပ်ငန်းရပ်ချင်း နီးစပ်သည့်ဝန်ကြီး ဌာနများကို ပူးပေါင်းရာ၌ အလုပ်သမားဝန်ကြီးဌာနကို အခြား ဝန်ကြီးဌာနများနှင့် ပူးတွဲလုပ်ကိုင် ဆောင်ရွက်စေခဲ့ပြန်သည်။ ပထစ အစိုးရ တက်လာသောအချိန် ၁၉၆ဝ ပြည့်နှစ်၌ လည်း အလုပ်သမားဝန်ကြီးဌာနကို သတ္တုတွင်းနှင့်စက်မှုလက်မှုဝန်ကြီး ဌာနများနှင့်ပေါင်း၍ လုပ်ကိုင် ဆောင်ရွက်ခဲ့သည်။ တော်လှန် ရေးအစိုးရလက်ထက်တွင် လက်ဦး၌ အလုပ်သမားဝန်ကြီး ဌာနကို နိုင်ငံခြားရေးဌာန၊ ပြည်သူ့လုပ်ငန်းဌာနနှင့် ပြန်လည် ထူထောင်ရေးဌာနတို့နှင့် ပူးပေါင်းကာ နိုင်ငံခြားရေးဌာန တာဝန်ခံက တာဝန်ယူ လုပ်ကိုင်ဆောင်ရွက်ခဲ့သော်လည်း နောင်အခါ အလုပ်သမားဌာနကို ဌာနတာဝန်ခံတစ်ဦးက သီးခြားအုပ်ချုပ်ခဲ့သည်။ ယခုအခါ အလုပ်သမားဝန်ကြီးဌာနဟု သီးခြားထားရှိကာ အလုပ်သမား ဝန်ကြီးဌာန လုပ်သားရေးရာ ကိစ္စရပ်များကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှာ -

  1. အလုပ်သမား ညွန်ကြားရေးဝန်ရုံး (၁၉၄၆ ခုနှစ်)
  2. အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဌာန (၁၉၅၁ခုနှစ်)
  3. ပြည်ထောင်စု အာမခံစနစ်အဖွဲ့(၁၉၅၁ ခုနှစ်)
  4. ဆိပ်ကမ်း အလုပ်သမားဘုတ်အဖွဲ့ (၁၉၅၂ ခုနှစ်)
  5. ပင်လယ်ကူးသဘေ‡ာ ကုန်တင်ကုန်ချအဖွဲ့ (၁၉၅၅ ခုနှစ်)
  6. လူမှုဖူလုံရေးအဖွဲ့ (၁၉၅၅ ခုနှစ်)
  7. ရေနံချောင်း ရေနံမြေ ပြန်လည်ထူထောင်ရေးအဖွဲ့ (၁၉၅၅ ခုနှစ်)
  8. သင်္ဘောသားများ၏ အလုပ်အကိုင် ကြီးကြပ်အုပ်ချုပ်ရေး အဖွဲ့ (၁၉၅၆ ခုနှစ်)တို့ ဖြစ်ကြသည်။

ထိုဌာန များအပြင် ဌာနခွဲများလည်းရှိသေးရာ ထိုဌာနခွဲများ၏ များစွာသော လုပ်ငန်းရပ်များအနက် အချို့သော လုပ်ငန်းများမှာ -

  1. အလုပ်သမားရေရာနှင့် သက်ဆိုင်သည့် အက်ဥပဒေများပြဋ္ဌာန်းခြင်း၊
  2. အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ်ကြီးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ၊
  3. ကိုလံဘိုစီမံကိန်းနှင့် ကုလသမဂ္ဂကျွမ်းကျင်မှု အကူအညီ ပေးရေး အစီအစဉ်များအရ နိုင်ငံခြားတိုင်း နိုင်ငံများသို့ အလုပ်သမားရေးရာကို လေ့လာဆည်းပူးရန် ပညာတော်သင်များစေလွှတ်ခြင်း ကိစ္စရပ်များ၊
  4. ၁၉၄၉ ခုနှစ် အနည်းဆုံး အခကြေးငွေ အက်ဥပဒေနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ၊
  5. အလုပ်သမား ဆက်သွယ်ရေးဌာနများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ
  6. အလုပ်သမား စောင့်ရှောက်ရေးဌာနများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ စသည်တို့ ဖြစ်ကြသည်။

အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ အလုပ်သမား ညွှန်ကြားရေးဝန်ရုံး၊ စက်ရုံအလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးမင်းကြီးရုံး၊ လူမှုဖူလုံရေးအဖွဲ့၊ ပင်လယ်ကူး သင်္ဘော ကြီး ကုန်တင်ကုန်ချအဖွဲ့၊ ဆိပ်ကမ်း အလုပ်သမားဘုတ်အဖွဲ့ စသည်တို့မှာ လုပ်ငန်းရပ်ချင်း ဆက်စပ်လျက် ရှိကြသော်လည်း ပူးပေါင်း ဆောင်ရွက်မှု ရှိသင့်သလောက် မရှိခဲ့သဖြင့် လုပ်ငန်း တွင်ကျယ်မှု အောင်မြင်မှု မရရှိခဲ့ကြရုံမက အချို့ ကိစ္စများတွင် တစ်ရုံးနှင့်တစ်ရုံး လုပ်ငန်းအရ သဘောကွဲလွဲမှုများ ရှိခဲ့ကြ သည်။ ထိုသို့ သဘောကွဲလွဲမှုများ ပပျောက်၍ လုပ်ငန်း တွင်ကျယ်စွာ ဆောင်ရွက်နိုင်စေခြင်း အလို့ငှါ အလုပ်သမား ရေးရာ ညွှန်ကြားရေး ဝန်ချုပ်ရုံးဟူ၍ ဖွင့်လှစ်ခဲ့ပြီးလျှင် အလုပ်သမားရေးရာ ညွှန်ကြားရေးဝန်ချုပ်တစ်ဦးကိုလည်း ခန့်ထားခဲ့လေသည်။ သို့ဖြင့် အလုပ်သမားများအတွက် အကျိုး တင်းပြည့်ကျပ်ပြည့် ခံစားနိုင်အောင် အလုပ်သမားရေးရာ ကိစ္စအဝဝကို တိကျပြတ်သားစွာ လုပ်ကိုင်ဆောင်ရွက်လျက် ရှိလေသည်။[၁]

အဓိကတာဝန်ကြီး(၄)ရပ်[ပြင်ဆင်ရန်]

  1. အလုပ်သမားရပိုင်ခွင့်များ ဆောင်ကြဉ်းပေးရေး၊
  2. လူမှုအခွင့်အရေးများ ဆောင်ကြဉ်းပေးရေး၊
  3. ကုန်ထုတ်စွမ်းအား တိုးတက်ရေး၊
  4. အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာကိစ္စရပ်များဆောင်ရွက်ရေး၊

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)