ပို့ဆောင်ရေးဝန်ကြီးဌာန
ပို့ဆောင်ရေးဝန်ကြီးဌာနတံဆိပ် | |
| အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
| ဖွဲ့စည်းခြင်း | ၁၀ ဧပြီ ၂၀၂၆ |
| ယခင်အဖွဲ့အစည်း | ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန(၂၀၁၆-၂၀၂၆) |
| ဖျက်သိမ်းခြင်း | ၂၀၁၆ (ပထမအကြိမ်) |
| ဌာနချုပ် | နေပြည်တော် |
| 19°46′40″N 96°08′08″E / 19.7777527°N 96.1355135°E | |
| ဝန်ကြီးများ | မြထွန်းဦး၊ ပြည်ထောင်စုဝန်ကြီး |
| ဒုတိယဝန်ကြီးများ | အောင်မြိုင်၊ ဒုတိယဝန်ကြီး ထွန်းလူ၊ ဒုတိယဝန်ကြီး |
| မိခင်အဖွဲ့အစည်း | ပြည်ထောင်စုအစိုးရအဖွဲ့ |
| ဌာနခွဲများ | ပို့ဆောင်ရေး ဦးစီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း မြန်မာအမျိုးသားလေကြောင်း မြန်မာ့သင်္ဘောကျင်းလုပ်ငန်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် |
| ဝက်ဘ်ဆိုက် | mot.gov.mm |
ပို့ဆောင်ရေးဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Transport) သည် မင်းအောင်လှိုင်အစိုးရလက်ထက်တွင် ပြန်လည်ပေါ်ပေါက်လာသော ဝန်ကြီးဌာန တစ်ခုဖြစ်သည်။
လက်ရှိတွင် ဦးမြထွန်းဦးက ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားပြီး၊ ဒုတိယဝန်ကြီးများမှာ ဦးအောင်မြိုင်နှင့် ဦးထွန်းလူ ဖြစ်သည်.
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော်လက်ထက်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
၂၀၂၆ ခုနှစ်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကို ခွဲထုတ်၍ "ပို့ဆောင်ရေးဝန်ကြီးဌာန" နှင့် "ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန" တိုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ယခင် ပို့ဆောင်ရေးဝန်ကြီးဌာနတွင် ဦးစီးဌာန (၅) ခု၊ စီးပွားရေးအဖွဲ့ အစည်း (၅) ခု၊ တက္ကသိုလ် (၁) ခု နှင့် ကျောင်း (၁) ကျောင်း ဖြင့် စုစုပေါင်းဌာန (၁၂) ခု ပါဝင်ဖွဲ့စည်းထားသည်။ ၎င်းတို့မှာ-
- ပို့ဆောင်ရေး ဦးစီးဌာန
- လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန
- ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန
- မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန
- ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန
- မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်
- ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး
- မြန်မာ့လေကြောင်း
- မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း
- မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
- မြန်မာ့ဆိပ်ကမ်း အာဏာပိုင်
- မြန်မာ့သင်္ဘောကျင်းလုပ်ငန်း တို့ဖြစ်သည်။
၂၀၂၆ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ဦးမင်းအောင်လှိုင်အစိုးရသည် ပို့ဆောင်ရေးဝန်ကြီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၆) သဘောတူခွင့်ပြုချက်အရ အမိန့်ကြော်ငြာစာအမှတ် (၂၀၄/၂၀၂၆) ဖြင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် မှစ၍ ဝန်ကြီးရုံးနှင့် ဌာန၊ အဖွဲ့အစည်း (၁၄) ခုဖြင့် ဆက်လက် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[၁]
| စဉ် | ဌာန၊ အဖွဲ့အစည်းအမည် |
|---|---|
| ၁ | ဝန်ကြီးရုံး (ပို့ဆောင်ရေးဝန်ကြီးဌာန) |
| ၂ | ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန |
| ၃ | ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန |
| ၄ | ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန |
| ၅ | လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန |
| ၆ | ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန |
| ၇ | မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန |
| ၈ | မြန်မာ့ဆိပ်ကမ်းအာဏာပိုင် |
| ၉ | မြန်မာ့မီးရထား |
| ၁၀ | ပြည်တွင်းရေကြောင်းပို့ဆောင်ရေး |
| ၁၁ | မြန်မာအမျိုးသားလေကြောင်း |
| ၁၂ | မြန်မာ့သင်္ဘောကျင်းလုပ်ငန်း |
| ၁၃ | မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် |
| ၁၄ | မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် |
| ၁၅ | ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း |
သမိုင်းကြောင်း
[ပြင်ဆင်ရန်]- မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်တွင် ရေကြောင်းနှင့်မြို့ ပြလေကြောင်းဝန်ကြီးဌာနနှင့် သယ်ယူပို့ ဆောင်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနများဖွဲ့ စည်းခဲ့သည်။
- ၁၉၆၁ ခုနှစ်တွင် အဆိုပါဝန်ကြီးဌာန(၂)ဌာနကို ပေါင်းစည်း၍ သယ်ယူပို့ ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ် ပြောင်းလဲခဲ့ပြီး ဌာန(၁၁)ခုပါဝင်ခဲ့သည်။
- ၁၉၇၂ ခုနှစ်တွင်ပို့ ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနအဖြစ်ပြောင်းလဲဖွဲ့ စည်းခဲ့သည်။ ဌာန(၁၇)ခုပါဝင်ခဲ့သည်။
- ၁၉၉၂ ခုနှစ်တွင် ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန နှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဟူ၍ ဌာန (၃) ခု အဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။
- ပို့ ဆောင်ရေးဝန်ကြီးဌာန စတင်ဖွဲ့ စည်းချိန်တွင် ဦးစီးဌာန (၄) ခု၊ စီးပွားရေးအဖွဲ့အစည်း (၅) ခု နှင့် ကျောင်း (၁) ကျောင်း ဖြင့် စုစုပေါင်းဌာန (၁၀) ခု ပါဝင်ဖွဲ့ စည်းထားသည်။
- ဩဂုတ်လ ၂ဝရက် ၁၉၉၉ခုနှစ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန အား ပို့ ဆောင်ရေး ဝန်ကြီးဌာနသို့ ဖြည့်စွက်ခဲ့သည်။
- ဩဂုတ်လ ၁ ရက် ၂၀၀၂ခုနှစ်တွင် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် အား စတင်ဖွင့်လှစ် ခဲ့သည်။
- ပို့ဆောင်ရေးဝန်ကြီးဌာနတွင် လက်ရှိ ဦးစီးဌာန (၅) ခု၊ စီးပွားရေးအဖွဲ့ အစည်း (၅) ခု၊ တက္ကသိုလ် (၁) ခု နှင့် ကျောင်း (၁) ကျောင်း ဖြင့် စုစုပေါင်းဌာန (၁၂) ခု ပါဝင်ဖွဲ့စည်းထားသည်။
ဌာနများ
[ပြင်ဆင်ရန်]မူဝါဒများ
[ပြင်ဆင်ရန်]နိုင်ငံတော်အနေဖြင့် ခေတ်မီဖွံ့ ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် တည်ဆောက်ရာတွင် ချမှတ်ထားသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၁၂) ရပ်အနက် နိုင်ငံတော်၏ စီးပွားရေး မြှင့်တင်ရန် စီးပွားရေးဦးတည်ချက် (၄)ရပ်အား အကောင်အထည်ဖော်ရာတွင် အဓိကကျသည့် ပို့ဆောင်ရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး အောက်ပါမူဝါဒများ ချမှတ်ဆောင်ရွက်လျက် ရှိသည်-
- နိုင်ငံတော်၏ စီးပွားရေးခိုင်မာတောင့်တင်းပြီး ခေတ်မီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံအဖြစ် တည်ဆောက်ရာတွင် ပို့ ဆောင်ရေးစွမ်းအားစုများအပြည့်အဝအသုံးချနိုင်ရေး နှင့်အဆိုပါပို့ ဆောင်ရေးစွမ်းအားစုများဖွံ့ ဖြိုးတိုးတက် လာစေရေး ဆောင်ရွက်ရန်၊
- အခြားစီးပွားရေးကဏ္ဍများ၏ တိုးချဲ့ထုတ်လုပ်မှုနှင့် လူမှုရေးလိုအပ်ချက်အပေါ်အပြည့်အဝ ပံ့ပိုးနိုင်စေရေး ပို့ဆောင်ရေးကဏ္ဍ လိုအပ်ချက်များအား ဖြည့်တင်းခြင်း၊ တိုးချဲ့ ခြင်း၊ မွမ်းမံ ပြင်ဆင်ခြင်းများ ဆောင်ရွက်ရန်၊
- ပြည်တွင်းပြည်ပ သယ်ယူပို့ ဆောင်ရေး လုပ်ငန်းများ လုံခြုံချောမွေ့ စေရေးအပြင် နယ်စပ်ဒေသနှင့် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်သောတိုင်းရင်းသားလူမျိုးစုများဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်းများ နှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်းများတွင် အထောက်အကူပြုဆောင်ရွက်ပေးရန်၊
- နိုင်ငံတော်အတွင်းရှိ သဘာဝသယံဇာတ မြစ်ချောင်းများအား ဆယ့်နှစ်ရာသီ စွမ်းအားပြည့် အသုံးပြုနိုင်ရေး ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်၊
- ရေကြောင်းနှင့် လေကြောင်းပို့ ဆောင်ရေးကဏ္ဍများ အဆင့်မီ ဖွံ့ ဖြိုးတိုးတက်ရန် အခြေခံအဆောက်အအုံများ တိုးချဲ့တည်ဆောက်ရာတွင် လေထုနှင့်ရေထု ညစ်ညမ်းမှု ထိန်းသိမ်းကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာသတ်မှတ်ပြဋ္ဌာန်းချက်များနှင့် လိုက်လျောညီထွေမှု အရှိဆုံး ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်၊
- ပို့ ဆောင်ရေးကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေး အဓိကကျသည့် စီမံခန့် ခွဲမှုဆိုင်ရာ အရည်အသွေး ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ ဖြိုးတိုးတက်ရေး၊ တိုးတက်ပြောင်းလဲလာသည့် နည်းပညာများအား နားလည်တတ်ကျွမ်းသည့် ပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး လေ့ကျင့်သင်ကြားပေးရန်၊
- ပို့ ဆောင်ရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအဖွဲ့ အစည်းများမှ ထုတ်ပြန် ထားသည့် ဥပဒေများ၊ အက်ဥပဒေများ၊ နည်းဥပဒေများ၊ ပြဋ္ဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများအား လေးစားလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊
- ပြည်တွင်းပြည်ပရေကြောင်းပို့ဆောင်ရေး၊ လေကြောင်းပို့ ဆောင်ရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ပို့ ဆောင်ရေးကဏ္ဍအား multi-modal transport အဖြစ်ပုံဖော်ဆောင်ရွက်ရာတွင် အစိတ်အပိုင်းတစ်ရပ်အဖြစ်ဆောင်ရွက်ရန်၊
- ပြည်တွင်း၌၎င်း၊ ဒေသအတွင်း၌၎င်း၊ ကမ္ဘာ့မိသားစုအတွင်း၌၎င်း Transport Network တည်ဆောက်ရာတွင် အဆင်သင့် ဖြစ်စေရေး လိုအပ်သည့်အစီအမံများ ချမှတ်ပြီးအပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊
မဟာဗျူဟာများ
[ပြင်ဆင်ရန်]- လေဆိပ်၊ ဆိပ်ကမ်း ဝန်ဆောင်မှု လုပ်ငန်းများ နိုင်နင်းစွာ ကိုင်တွယ်ဆောင်ရွက်ခြင်း။
- တစ်ဆင့်ပို့ကုန်(Transit Cargo)၊ တဆင့်လွှဲပြောင်းကုန်(Trans-shipment Cargo) များ ပို့ဆောင်ပေးခြင်းဖြင့် ဆိပ်ကမ်းလုပ်ငန်း စွမ်းရည်မြှင့်တင်ခြင်း။
- ရေယာဉ်၊ လေယာဉ်များအားလုံး ကြံ့ခိုင်ရေး၊ အန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရရေး ကြီးကြပ်ကွပ်ကဲခြင်း။
- ရေကြောင်း လေကြောင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခြင်း။
- လုပ်ငန်းများတိုးချဲ့ရာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အလေးပေးဆောင်ရွက်ခြင်း။
- နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးကို အထူးအလေးထား စီမံဆောင်ရွက်ခြင်း။
- သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ခြင်း။
အကြီးအမှူးများ
[ပြင်ဆင်ရန်]ပြည်ထောင်စုဝန်ကြီးများ
[ပြင်ဆင်ရန်]| ဦးမင်းအောင်လှိုင်အစိုးရ | ||||||
|---|---|---|---|---|---|---|
| စဉ် | အမည် | တာဝန်စတင် | တာဝန်ပြီးဆုံး | ရက်ပေါင်း | ဒုတိယဝန်ကြီး | သမ္မတ |
| ၁။ | ဦးမြထွန်းဦး | ၁၀ ဧပြီ ၂၀၂၆[၂] | ယနေ့အထိ | ၁၄၇ ရက် | ဦးအောင်မြိုင် | ဦးမင်းအောင်လှိုင် |
| ဦးထွန်းလူ | ||||||
ဒုတိယဝန်ကြီးများ
[ပြင်ဆင်ရန်]| ဦးမင်းအောင်လှိုင်အစိုးရ | |||||
|---|---|---|---|---|---|
| စဉ် | အမည် | တာဝန်စတင် | တာဝန်ပြီးဆုံး | ရက်ပေါင်း | ဝန်ကြီး |
| ၁။ | ဦးအောင်မြိုင် | ၁၀ ဧပြီ ၂၀၂၆[၃] | ယနေ့အထိ | ၁၄၇ ရက် | ဦးမြထွန်းဦး |
| ၂။ | ဦးထွန်းလူ | ၁၀ ဧပြီ ၂၀၂၆[၃] | ယနေ့အထိ | ၁၄၇ ရက် | ဦးမြထွန်းဦး |
ဆက်သွယ်ရန်
[ပြင်ဆင်ရန်]ပို့ဆောင်ရေးဝန်ကြီးဌာန[၄]
- ရုံးအမှတ် (၅)၊ နေပြည်တော်
- ဖုန်း +၉၅-၆၇-၄၁၁၀၃၉ (ရုံးအဖွဲ့မှူး), +၉၅-၆၇-၄၁၁၀၄ဝ (ဝန်ကြီးရုံး)
- ဖက်(စ်) +၉၅-၆၇-၄၁၁၀၃၈
- Email – minotran@mptmail.net.mm
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပို့ဆောင်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာအမှတ် (၂၀၄/၂၀၂၆)။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့ထုတ် မြန်မာနိုင်င့တော်ပြန်တမ်းစာစောင်၊ (၂၉ ဇွန် ၂၀၂၆)။ ၂ စက်တင်ဘာ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-11 တွင် ပြန်စစ်ပြီး။
- 1 2 ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-11 တွင် ပြန်စစ်ပြီး။
- ↑ http://www.mot.gov.mm/ 17 January 2013 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .