မာတိကာသို့ ခုန်သွားရန်

အောင်ဆန်းစုကြည်

ဝီကီပီးဒီးယား မှ
(အောင်ဆန်းစုကြည်၊ ဒေါ် မှ ပြန်ညွှန်းထားသည်)

အောင်ဆန်းစုကြည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
တာဝန်သက်တမ်း
၆ ဧပြီ ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁
သမ္မတဦးထင်ကျော်
ဦးမြင့်ဆွေ (ယာယီ)
ဦးဝင်းမြင့်
ယခင်လူဦးသိန်းစိန် (ဝန်ကြီးချုပ် အဖြစ်)
ဆက်ခံသူမင်းအောင်လှိုင် (စစ်ကောင်စီ ဥက္ကဋ္ဌ အဖြစ်)
၂၀ ဦးမြောက် နိုင်ငံခြားရေး ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁
သမ္မတဦးထင်ကျော်
ဦးမြင့်ဆွေ (ယာယီ)
ဦးဝင်းမြင့်
ယခင်လူဦးဝဏ္ဏမောင်လွင်
ဆက်ခံသူဦးဝဏ္ဏမောင်လွင်
သမ္မတရုံး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁
သမ္မတဦးထင်ကျော်
ဦးမြင့်ဆွေ (ယာယီ)
ဦးဝင်းမြင့်
ယခင်လူဦးသိန်းညွန့်
ဦးစိုးမောင်
ဦးစိုးသိန်း
ဦးအောင်မင်း
ဦးလှထွန်း
ပညာရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ – ၅ ဧပြီ ၂၀၁၆
သမ္မတဦးထင်ကျော်
ယခင်လူဒေါ်ခင်စန်းရီ
ဆက်ခံသူ​ဒေါက်တာမျိုးသိမ်းကြီး
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ – ၅ ဧပြီ ၂၀၁၆
သမ္မတဦးထင်ကျော်
ယခင်လူဦးခင်မောင်စိုး (လျှပ်စစ်စွမ်းအား)
ဦးဇေယျာအောင် (စွမ်းအင်)
ဆက်ခံသူဦးဖေဇင်ထွန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၈ နိုဝင်ဘာ ၂၀၁၁
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး
တာဝန်သက်တမ်း
၂၇ စက်တင်ဘာ ၁၉၈၈ – ၁၈ နိုဝင်ဘာ ၂၀၁၁
ယခင်လူရာထူးစတင်
ဆက်ခံသူရာထူးဖျက်သိမ်း
အတိုက်အခံခေါင်းဆောင်
တာဝန်သက်တမ်း
၂ မေ ၂၀၁၂ – ၂၉ ဇန်နဝါရီ ၂၀၁၆
သမ္မတဦးသိန်းစိန်
ယခင်လူစိုင်းလှကျော်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ကော့မှူးမြို့နယ်
တာဝန်သက်တမ်း
၂ မေ ၂၀၁၂ – ၃၀ မတ် ၂၀၁၆
ယခင်လူဦးစိုးတင့်
အနိုင်ရမဲ အရေအတွက်၄၆,၇၃၀ (၇၁.၃၈%)[]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1945-06-19) ၁၉ ဇွန်၊ ၁၉၄၅ (အသက် ၇၉)
ရန်ကုန်မြို့ဗြိတိသျှဘားမား
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)မိုက်ကယ် အဲရစ်
၁ ဇန်နဝါရီ ၁၉၇၂ - ၂၇ မတ် ၁၉၉၉ (မိုက်ကယ်အဲရစ် ကွယ်လွန်ချိန်ထိ)
သွေးသားတော်စပ်သူဗိုလ်ချုပ်အောင်ဆန်း (ဖခင်)
ဒေါ်ခင်ကြည် (မိခင်)
သားသမီးမြင့်ဆန်းအောင်
ထိန်လင်း
နေထိုင်ရာခြံအမှတ် (၅၄)၊ တက္ကသိုလ်ရိပ်သာလမ်း
မိခင်ကျောင်းဒေလီတက္ကသိုလ်
စိန့်ဟျူးကောလိပ် (အောက်စဖို့ဒ်)
လန်ဒန်တက္ကသိုလ်
ဆုတံဆိပ်များသိုးရော်ဖ် ရဖ်တို ဆု
စက်ခါရော့ဗ်ဆု
နိုဘဲလ် ငြိမ်းချမ်းရေးဆု
ဂျဝါဟာလာနေရူးဆု
International Simón Bolívar Prize
အိုလွတ်ဖ် ပါလ်မယ် ဆု
Bhagwan Mahavir World Peace
ကွန်ဂရက် ရွှေတံဆိပ်ဆု
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
လက်မှတ်
ဝက်ဘ်ဆိုဒ်ပါတီဝက်ဘ်ဆိုဒ်


ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံသား အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ၁၉၉၁ ခုနှစ်၏ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဖြစ်သည့်အပြင်၊ သံတမန် နှင့် အမျိုးသမီးစာရေးဆရာ တစ်ဦးလည်း ဖြစ်သည်။ သူမသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လည်း ဖြစ်သည်။[] ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်အာဏာအား သိမ်းပိုက်ပြီးနောက် သူမအား တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည့်အပြင် ပို့ကုန်သွင်းကုန်ဆိုင်ရာ ဥပဒေ၊ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်မှု အက်ဥပဒေတို့ဖြင့် တရားစွဲဆိုထားသည်။ []

သူမသည် ပြီးခဲ့သည့် နှစ် ၂၁ အတွင်း ၁၅ နှစ်ကျော်ကြာ နေအိမ် အကျယ်ချုပ် ကျခံခဲ့ရသူ ဖြစ်သည်။ ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်ခွင့် ရှိခဲ့သော်လည်း စစ်အစိုးရမှ ထိုရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့ပေ။ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ကိုယ်စားလှယ်အမတ်ဖြစ်လာသည်။[]

သူမသည် ၁၉၉၀ ခုနှစ်တွင် ရွပ်ဖ်တိုဆု နှင့် လွတ်လပ်စွာစဉ်းစားတွေးခေါ်မှုအတွက် ပေးအပ်သော စက်ခါရော့ဗ်ဆု တို့ကို ချီးမြှင့်ခြင်းခံခဲ့ရပြီး၊ ဖိနှိပ်ချုပ်ချယ်သည့် စစ်အစိုးရ လက်အောက်တွင် အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာ တိုက်ပွဲဝင်မှုကြောင့် ၁၉၉၁ ခုနှစ်၌ နိုဘဲလ် ငြိမ်းချမ်းရေးဆုကိုလည်း ရရှိခဲ့သူဖြစ်သည်။ ကမ္ဘာကျော် ဖော့ဘ်စ် (Forbes)မဂ္ဂဇင်းမှ ရွေးချယ်သည့် ကမ္ဘာ့ဩဇာအရှိဆုံးအမျိုးသမီးများ ၁၀၀ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား နံပါတ် ၁၉ တွင် ဖော်ပြခံခဲ့ရဘူးသည်။[]

အမည်

အောင်ဆန်းစုကြည်ဆိုသည့် အမည်သည် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း အမည်မှ ဆင်းသက်လာသည့် "အောင်ဆန်း"၊ ဖခင်ဘက်မှ အဖွားဖြစ်သူ ဒေါ်စုအမည်မှ "စု" နှင့် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်အမည်မှ "ကြည်"တို့ဖြစ်သည်။[] အမည်အား မြန်မာနိုင်ငံသားများမှ ဒေါ်ဟု တပ်ဆင်၍ ဒေါ်အောင်ဆန်းစုကြည်ဟု ခေါ်ဆိုလေ့ရှိပြီး၊ [] ဒေါ်စု၊ အမေစု ဟုလည်း အများအားဖြင့် ခေါ်ဆိုလေ့ရှိသည်။[][] အန်တီစု နှင့် ဒေါက်တာစုကြည်၊ အင်္ဂလိပ်ဘာသာအဖြစ် "Ms. Suu Kyi" သို့ "Mrs. Suu Kyi"ဟုလည်း နိုင်ငံတကာ မီဒီယာများတွင် သုံးနှုံးကြသူများရှိသည်။[၁၀][၁၁]

ငယ်စဉ်ဘဝ

မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်တို့မှ ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ‌သူမ နှစ်နှစ်သမီးအရွယ်၌ ဖခင်ဖြစ်သူမှာ ဗြိတိသျှတို့ထံမှ မြန်မာ့လွတ်လပ်ရေးကိုရယူနိုင်ရန် ကြိုးပမ်းနေချိန် ၁၉၄၇ ခုနှစ် လွတ်လပ်ရေးမရခင်၌ပင် ပြိုင်ဘက်များ၏လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ သူမသည် မိသားစုနှင့်အတူ၊ မွေးချင်းများ ဖြစ်သော အကိုကြီးအောင်ဆန်းဦး၊ အကိုလတ်အောင်ဆန်းလင်းတို့နှင့် အတူ ရန်ကုန်မြို့ရှိ အမှတ်၂၅၊ တာဝါလိန်းလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းပြတိုက်လမ်း)နေအိမ်တွင် နေထိုင်ခဲ့ကြသည်။ သူမသည် တတိယမြောက်သမီးဖြစ်ပြီး ညီမဖြစ်သူမှာ မွေးပြီး ၅ ရက်အကြာ၌ ကွယ်လွန်ခဲ့သည်။ ထိုနေအိမ်၌ပင် အကိုဖြစ်သူ အောင်ဆန်းလင်း(ရှစ်နှစ်အရွယ်) သည်လည်း အလှရေကန်၌ ရေနစ်သေဆုံးခဲ့သည်။

ထိုဖြစ်ရပ် ဖြစ်ပွားပြီးနောက်ပိုင်း ထိုနေအိမ်မှ ဗဟန်းမြို့နယ် အမှတ် ၅၄၊ တက္ကသိုလ် ရိပ်သာလမ်းရှိနေအိမ်သို့ မိသားစု ပြောင်းရွေ့နေထိုင်ခဲ့ကြသည်။ သူမသည် ၁၉၄၉ ခုနှစ်တွင် စိန့်ဖရန်စစ်ကွန်ဗင့်ကျောင်း၌ အခြေခံပညာစတင် သင်ကြားခဲ့သည်။ [၁၂] ဘာသာစကား လွယ်ကူစွာသင်ယူနိုင်သူ ဖြစ်သည်။ ပညာရေးကို ၁၉၅၇ မှ ၁၉၆၀ ခုနှစ်အထိ ရန်ကုန်မြို့ အင်္ဂလိပ်မက်သဒစ်ကွန်ဗင့်ကျောင်း(အထက - ၁ ဒဂုံ)၌ ဆက်လက် တက်ရောက်ခဲ့သည်။[၁၃]

မိခင်ဖြစ်သူ ဒေါ်ခင်ကြည်မှာ မြန်မာအစိုးရသစ်အဖွဲ့တွင် ထင်ရှားသူတစ်ဦးဖြစ်ပြီး၊ ဝန်ကြီးချုပ်ဦးနုဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့သည် ဒေါ်ခင်ကြည်အား ၁၉၆၀ ပြည့်နှစ် မေလ ၁၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ မိခင်ဖြစ်သူ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် မိခင်နှင့်အတူ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ လိုက်ပါနေထိုင်ခဲ့သည်။

အိန္ဒိယနိုင်ငံရှိ ယေရှု နှင့် မေရီ ကွန်ဘင့်ကျောင်းတွင် ပညာဆက်လက်သင်ယူခဲ့ပြီး ဂျပန်ပန်းအလှပြင်နည်း၊ အနုပညာ နှင့် မြင်းစီးသင်ခြင်းတို့ကိုလည်း တတ်မြောက်ခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းများ၊ အထူးသဖြင့် နိုင်ငံတကာ သံအမတ်များ၏ သားသမီးများနှင့် အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ပဏ္ဍစ်နေရူး၏ မြေး၊ အင်ဒီရာဂန္ဒီ၏ သားဖြစ်သူ ဆန်ဂျေးတို နှင့်လည်း ရင်းနှီးတွေ့ဆုံလေ့ရှိခဲ့သည်။ အဆင့်အမြင့်ဆုံး အိန္ဒိယအရာရှိကြီးများအတွက် သတ်မှတ်ထားသော အိမ်မျိုးဖြစ်သည့် နံပါတ် (၂၄) အက္ကဘာလမ်း ရှိ နေအိမ်တွင်လည်း စန္ဒရား ဆက်လက်သင်ယူခဲ့သည်။ ထိုနေအိမ်ကို အိန္ဒိယအစိုးရမှ ဒေါ်ခင်ကြည်ကို အထူးလေးစားသောအားဖြင့် နေထိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ပညာရေး

သူမသည် ၁၉၆၂ မှ ၁၉၆၃တွင် အိန္ဒိယနိုင်ငံ ဒေလီတက္ကသိုလ် လေဒီရှယ်ရီရမ်ကောလိပ်နိုင်ငံရေးသိပ္ပံဘာသာရပ်ကို ဆည်းပူးခဲ့သည်။ ၁၉၆၄ မှ ၁၉၆၇တွင် အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်စိန့်ဟျူးကောလိပ် ဒဿနဗေဒ၊ နိုင်ငံရေးသိပ္ပံနှင့် စီးပွားရေးပညာရပ်များကို လေ့လာဆည်းပူးခဲ့ပြီး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၈ခုနှစ်တွင် လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာန၊ နိုင်ငံရေးသိပ္ပံဌာန၌ သုတေသနလက်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေချိန် မိုက်ကယ်အဲရစ်အား တွေ့ဆုံခဲ့သည်။ အဆိုတော် ဘိလပ်ပြန်သန်း ဟုလူသိများသော ဒေါ်သန်းအေးသည် မိဘများ၏ မိတ်ဆွေလည်းဖြစ်ပြီး၊ အောင်ဆန်းစုကြည်နှင့် ကျောင်းသူဘဝ တစ်လျောက်လုံးတွင် ချစ်ခင်ရင်းနှီးသူတစ်ဦးလည်းဖြစ်သည်။

သုတေသနပညာရှင် ဘဝ

၁၉၇၂ ခုနှစ်တွင် မုလမင်မြို့၌ မိုက်ကယ်အဲရစ် နှင့် အောင်ဆန်းစုကြည်အားတွေ့ရစဉ်

ဘွဲ့ရပြီးနောက် ‘စု’ သည် လပိုင်းမျှ စာသင်ပို့ချခြင်းနှင့် သမိုင်းဆရာ ဟျူး တင်ကာ (Hugh Tinker) နှင့်အတူ သုတေသနလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်ပြီးသောအခါ နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသည့် ဒေါ်သန်းအေးနှင့်အတူ နေထိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နယူးယောက်မြို့တွင် ဆက်လက်ပညာဆည်းပူးရန်ရောက်ရှိခဲ့သော်လည်း၊ ကုလသမဂ္ဂ၌ ဘဏ္ဍာရပ်ဆိုင်ရာ စစ်ဆေးခြင်းလုပ်ငန်းကို သုံးနှစ်ကြာအောင် အမှုထမ်းခဲ့သည်။ လက်မထပ်ခင် ၈ လအတွင်း နယူးယောက်မှ ချစ်သူရှိသည့်နေရာ တိဗက်သို့ ပေးစာပေါင်း ၁၈၇ ခုတွင်လည်း၊ အကယ်၍ မိုက်ကယ် နှင့် လက်ထပ်ခဲ့လျှင်၊ မိမိသည် မြန်မာနိုင်ငံသို့ အလေးထားမှု လျှော့နည်းသွားနိုင်သည်ဟု မိသားစု နှင့် မြန်မာနိုင်ငံသားများမှ အထင်မှားခြင်းကို စိုးရိမ်မိကြောင်း အသိပေးခဲ့သည်။ မြန်မာပြည်သားများမှ သူ့ကိုလိုအပ်လာပါကလည်း၊ မိုက်ကယ်မှ သူ့အား အကူအညီဝိုင်းဝန်းပေးရန် တောင်းဆိုခဲ့သည်။ ဗြိတိန်နိုင်ငံသားအား လက်ထပ်ထားခြင်းကြောင့်၊ ဗြိတိန်နိုင်ငံသား လျှောက်ထားခွင့်ရှိသော်လည်း ဗြိတိန်နိုင်ငံသားခံယူခြင်းမရှိခဲ့ပေ။ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်မှာ အိန္ဒိယနိုင်ငံ သံအမတ်ဖြစ်ခြင်းကြောင့်၊ သူမသည် သံတမန်အရာရှိများ ကိုင်ဆောင်သော နိုင်ငံကူးလက်မှတ်ကို ထိုအချိန်တွင် အသုံးပြုခဲ့သည်။

၁ ဇန်နဝါရီလ ၁၉၇၂ ခုနှစ်တွင် ဘူတန်နိုင်ငံတွင် မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယန၏ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာသမိုင်းအကြောင်း သုတေသီ ဒေါက်တာမိုက်ကယ်အဲရစ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ထိမ်းမြားလက်ထပ်ခဲ့သည်။ လက်ထပ်ပြီး တစ်နှစ်အကြာတွင် သားဦးဖြစ်သူ မောင်မြင့်ဆန်းအောင်ကို လန်ဒန်၌ ဖွားမြင်ခဲ့ပြီးနောက်၊ ၁၉၇၂ မှ ၁၉၇၃ အထိ ဘူတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရုံးနှင့် ကုလသမဂ္ဂများဆိုင်ရာ အကြံပေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၅ မှ ၁၉၇၇ ခုနှစ်အထိ အောက်စဖို့ဒ်တက္ကသိုလ် ဘော့ဒလီယန် စာကြည့်တိုက်၌ မြန်မာစာနှင့် ပေပရပိုက် ကစ်တလောက် ပြုစုသူပညာရှင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၇ စက်တင်ဘာ ၂၄ တွင် ဒုတိယသားဖြစ်သူ မောင်ထိန်လင်းကို ဖွားမြင်ခဲ့သည်။

၁၉၈၅ မှ ၁၉၈၆၊ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် အရှေ့တောင်အာရှဆိုင်ရာ လေ့လာရေးဌာနတွင် သုတေသနပညာရှင်အဖြစ် သွားရောက်သုတေသနပြုခဲ့သည်။ ထို့နောက် ၁၉၈၇ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဆင်းမလင်းမြို့ရှိ အထူးလေ့လာရေး အိန္ဒိယသိပ္ပံဌာနတွင် သုတေသီအဖြစ် လုပ်ကိုင်ခဲ့သည်။

နိုင်ငံရေး

အောင်ဆန်းစုကြည်၏ ပထမဦးဆုံး ပြည်သူလူထုသို့ ရွှေတိဂုံရင်ပြင်ပေါ်တွင် မိန့်ခွန်းပြောကြားနေစဉ်

၁၉၈၈ ခုနှစ် မတ်လကုန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်မှာ လေဖြတ်ရောဂါ ခံစားနေရသဖြင့်၊ မိခင်အားပြုစုရန်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထိုအချိန်တွင်လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာနတွင် ပါရဂူဘွဲ့အတွက် "၁၉၂၀-၁၉၄၅ အတွင်း ထုတ်ဝေခဲ့သော စာနယ်ဇင်းများသည် မြန်မာ့လွတ်လပ်ရေးကို အထောက်အကူပြုခဲ့ပုံ" အမည်ရှိ ဘွဲ့လွန်စာတမ်းကိုတင်သွင်းနိုင်ရန် ပြုစုနေချိန်လည်းဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် လန်ဒန်တက္ကသိုလ်မှ ဒေါ်အောင်ဆန်းစုကြည်အား ထိုပါရဂူဘွဲ့ယူရန်အတွက် ထိုက်တန်သူအဖြစ် သတ်မှတ်ခဲ့သည်။

မိခင်အား ဆေးရုံတွင် ၃ လခန့်ကုသပြီးနောက်၊ ကျန်းမာရေးပိုမိုကောင်းမွန်လာပုံမရှိသည့်နောက်ဆုံး နေအိမ်တွင် ဆက်လက်ပြုစုခဲ့သည်။ အင်္ဂလန်မှ ကျန်ရစ်ခဲ့သည့် ခင်ပွန်း နှင့် ကလေးနှစ်ယောက်သည်လည်း မိခင်နှင့် တွေ့ဆုံရန် နွေရာသီကျောင်းပိတ်ရက် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သည်။ ဇူလိုင်လ ၂၃ ရက်နေ့တွင် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်နေဝင်းသည် ရာထူးမှ အနားယူခဲ့ရာမှ လူထုအုံကြွမှုကြီးဖြစ်ပေါ်ခဲ့ပြီး ပြင်းထန်စွာ နှိမ်နင်း အရေးယူခဲ့သည်။ စစ်အာဏာရှင်အသစ် တစ်ဖွဲ့တက်လာသည်။ များမကြာမီ စု၏ နေအိမ်သည်လည်း နိုင်ငံရေးသမားများ ဝင်ထွက်သွားလာ စုဝေးရာ နေရာတစ်ခုဖြစ်လာခဲ့သည်။ စက်တင်ဘာ ၁၈၊ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်မှလက်နက်ဖြင့် အကြမ်းဖက် ဖြိုခွင်းပစ်လိုက်ပြီးနောက် စစ်တပ်မှ အာဏာသိမ်းပိုက်ကာ နဝတခေါ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၁၉၈၈ စက်တင်ဘာလ ၁၄ ရက်တွင် ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ ပြည်သူတရပ်လုံးသို့ ပန်ကြားချက်စာတစောင် ထုတ်ပြန်ကြေညာသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၁၉၈၈ခုနှစ် စက်တင်ဘာ ၂၇ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အခြားသော နိုင်ငံရေး ပုဂ္ဂိုလ်များ ၁၁ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်မှ အထွေထွေအတွင်းရေးမှူးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ စက်တင်ဘာ ၃၀ရက်နေ့တွင် ပါတီအား ရွေးကောက်ပွဲကော်မရှင်သို့ တရားဝင်ဖြစ်စေရန် မှတ်ပုံတင်ခဲ့ပြီးနောက်၊ အောက်တိုဘာ ၃ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၃) ဖြင့် နိုင်ငံရေးပါတီအဖြစ် အတည်ပြုကြေညာခဲ့သည်။ ၁၉၈၈ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မိခင် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်သည် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

၁၉၈၉ ဖေဖော်ဝါရီ ၉ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြင်ဆင် ဖွဲ့စည်း၍ ဦးအောင်ကြီးနှင့်အတူ အခြားဗဟိုဦးစီး အဖွဲ့ဝင် ၁၃ ဦးနုတ်ထွက်ကြောင်း ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခဲ့သည်။ ဇူလိုင်လ ၂၀ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား န၀တ အစိုးရက နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပုဒ်မ ၁၀(ခ) အရ နေအိမ်တွင် တားဆီးမိန့်ထုတ်ပြန်၍ တားဆီးလိုက်သည်။ ဒီဇင်ဘာ ၂၂၊ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေစဉ် အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာသည်။ သို့သော် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအား ကိုယ်စားပြု၍ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ယှဉ်ပြိုင်ရန် အဆိုပြုထားခြင်းခံရသူ ဦးလဘန်ဂရောင်မှ ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ရန်ကုန်တိုင်း ရွေးချယ်တင်မြောက်ပွဲကျင်းပရေး ကော်မရှင်မှ လက်ခံစစ်ဆေး၍ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (င) ဖြင့် ငြိစွန်းသည်ဟုဆိုကာ အမည်စာရင်း တင်သွင်းလွှာကို ပယ်ချခဲ့သဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ချေ။

ပထမဦးဆုံး လူထုအစည်းအဝေး မိန့်ခွန်း

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ၁၉၈၈ ရွှေတိဂုံရင်ပြင် လူထုအစည်းအဝေးပွဲ

၂၆ ဩဂုတ်လ ၁၉၈၈ ခုနှစ်၊ ရွှေတီဂုံစေတီတော် အနောက်ဘက်မုဒ်တွင် လူပေါင်း တသိန်းကျော် တက်ရောက်သည့် လူထုအစည်းအဝေးပွဲကြီးတွင် ပထမဦးဆုံး ပြည်သူများသို့မိန့်ခွန်းပြောကြားခဲ့သည်။ ထိုအစည်းအဝေးပွဲတွင် စုသည် ပါတီစုံအထွေထွေဒီမိုကရေစီ ရွေးကောက်ပွဲကြီကျင်းပပေးရန် နိုင်ငံအာဏာပိုင်များအား အဆိုပြုခဲ့ပြီး၊ ဖခင်သည် ဗိုလ်ချုပ်အောင်ဆန်းဖြစ်သောကြောင့်၊ သမီးဖြစ်သူမှာ ယခုဖြစ်ပျက်နေသော နိုင်ငံရေးအခြေအနေများကို ခေါင်းရှောင်ရန် မသင့်တော်ဟု ပြောဆိုခဲ့သည်။

နိုင်ငံရေးယုံကြည်မှု

မြတ်ဗုဒ္ဓတရားတော် အဆုံးအမများ၊ မဟတ္တမဂန္ဒီ၏ အကြမ်းမဖက် လှုပ်ရှားမှု အယူအဆများအတိုင်း အောင်ဆန်းစုကြည်သည် ဒီမိုကရေစီရေး လှုပ်ရှားမှု ဆောင်ရွက်နိုင်ရန် နိုင်ငံရေး လောကသို့ ဝင်ရောက်ခဲ့ပြီး၊ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီကို တိုက်ပွဲဝင်သူအဖြစ် ကမ္ဘာတွင် ထင်ပေါ်ကျော်ကြားသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ခဲ့ရာတွင် ပါဝင်ခဲ့ပြီးနောက်၊ ၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် နေအိမ်အကျယ်ချူပ် စတင်ကျခံခဲ့ရသည်။ သူ့အား တိုင်းပြည်ကို စွန့်ခွာ၍ မိသားစုရှိရာ ယူနိုက်တက် ကင်းဒမ်း သို့ပြန်ပါက၊ နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း၊ မြန်မာပြည်သို့ ပြန်လည်နေထိုင်ခွင့် မရမည်ကို စိုးရိမ်သဖြင့် ငြင်းပယ်ခဲ့သည်။ သူမ၏ နာမည်ကျော်မိန့်ခွန်းဖြစ်သည့် ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး ၏ အစတွင် "ကြောက်ရွံ့ခြင်းကသာလျှင် ဖောက်ပြန်ပျက်စီးစေတတ်ခြင်းကို ဖြစ်စေသည်မဟုတ်၊ အာဏာကို လက်လွှတ်ရန်ကြောက်နေခြင်းက အာဏာရှိသူများကို ပျက်စီးစေသည်။ အာဏာစက်ဒဏ်၏ စက်ဆုတ်ရွံမုန်းဖွယ်က အုပ်ချုပ်ခြင်းခံရသူများကို ကြောက်ရွံ့စေသည်"

၂၀၁၀ ခုနှစ် နိုဝင်ဘာလ တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံး အကြိမ် အဖြစ် ပြည်သူများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် တွေ့ဆုံဟောပြောစဉ်

အထိန်းသိမ်းခံရခြင်း နှင့် လွတ်မြောက်ခြင်း

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှားမှုများကြောင့်၊ လွန်ခဲ့သည့် ၂၁ နှစ်အတွင်း၌ ၁၅ နှစ်အထိ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။ [၁၄] ထိုအချိန်အတွင်း သူမ၏ ပါတီအဖွဲ့ဝင်များ နှင့် တွေ့ဆုံခြင်း၊ အစည်းအဝေးတက်ရောက်ခြင်း၊ ပြင်ပနှင့် ဆက်သွယ်ခြင်းများ နှင့် နိုင်ငံတကာမှ လာရောက်တွေ့ဆုံခြင်းများကို ပိတ်ပင်ထားပြီး၊ နေအိမ်အကျယ်ချုပ်ကာလအတွင်း ခင်ပွန်းမှ ပေးပို့သည့် အတတ်ပညာ၊ ဗဟုသုတ စာပေများ၊ နိုင်ငံရေး နှင့် အထုပ္ပတ္တိစာပေများကို လေ့လာဖတ်ရှုခဲ့သည်။[၁၅] ထို့နောက် စန္ဒရားတီးခြင်း၊ တရားထိုင်ခြင်းဖြင့် အကျယ်ချုပ်ကျချိန်ကို အသုံးပြုခဲ့ပြီး၊ ရံဖန်ရံခါ စစ်အစိုးရမှ နိုင်ငံတကာမှ သံအမတ်များကို တွေ့ဆုံခွင့်ပေးလေ့ရှိပြီး၊ သူမ၏ မိသားစု ဆရာဝန်နှင့်လည်း တွေ့ခွင့်ပြုသည်။ [၁၆]

နေအိမ်အကျယ်ချုပ်ကာလအတွင်း စစ်အစိုးရထံမှ စားနပ်ရိက္ခာနှင့် အခြားထောက်ပံ့မှုများကို လုံးဝ လက်မခံခဲ့ပေ၊ သို့သော် ဒေါ်စုတွင် ပိုက်ဆံအနည်းငယ်သာ ရှိသောကြောင့် ကိုယ်ပိုင် ပရိဘောဂများကို ရောင်းချ၍ ငွေကြေးအသုံးပြုခဲ့ရသည်။ အစားအသောက်မလုံလောက်သော အချိန်များလည်း ရှိခဲ့ပြီး၊ ဆံပင်များကျွတ်၍ အိပ်ရာမှပင်မထနိုင်ဘဲ အင်အားချို့တဲ့ခဲ့သည့် အချိန်များလည်းရှိခဲ့သည်။ သို့သော် သူသည် ထိုကိစ္စများကို အများသို့အရေးတယူ ပြောပြလေ့မရှိပေ။ ရေဒီယိုသည်လည်း အကျယ်ချုပ်ကျချိန်ကာလအတွင်း သူမအား ပြင်ပလောက နှင့် ချိတ်ဆက်ပေးနိုင်ခဲ့သည်၊ "ဘီဘီစီ ကြောင့် ကမ္ဘာ နှင့် မြန်မာပြည်၏ ဒီမိုကရေစီ လှုပ်ရှားမှုများ၊ ကျွန်မ၏ မြန်မာနိုင်ငံပြည်သူများနှင့်လည်း လုံးဝထိတွေ့မှု မဆုံးရှုံးခဲ့ပါဘူး"ဟု ပြောကြားခဲ့ဖူးသည်။[၁၇] ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတွင်းမှ ထွက်ခွာမည်ဆိုပါက အချုပ်အနှောင်မှ လွတ်မြောက်ခွင့်ပေးမည်ဟု စစ်အစိုးရမှ ကမ်းလှမ်းခဲ့သော်လည်း ဒေါ်စုမှ ငြင်းပယ်ခဲ့သည်။

၁၉၈၉ မှ ၁၉၉၅ ပထမအကြိမ်

၁၉၈၉ခုနှစ် ဇူလိုင်လ ၂၀ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား န၀တ အစိုးရမှ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပုဒ်မ ၁၀(ခ) အရ နေအိမ်တွင် တားဆီးမိန့်ထုတ်ပြန်၍ နေအိမ်အကျယ်ချုပ်ချမှတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေစဉ် အတွင်း ဒီဇင်ဘာလ ၂၂ရက်နေ့၌ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သည်။ သို့သော် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအား ကိုယ်စားပြု၍ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ယှဉ်ပြိုင်ရန် အဆိုပြုထားခြင်းခံရသူ ဦးလဘန်ဂရောင်မှ ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ရန်ကုန်တိုင်း ရွေးချယ်တင်မြောက်ပွဲကျင်းပရေး ကော်မရှင်မှ လက်ခံစစ်ဆေး၍ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (င) ဖြင့် ငြိစွန်းသည်ဟုဆိုကာ အမည်စာရင်း တင်သွင်းလွှာကို ပယ်ချခဲ့သဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ချေ။ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲတွင် ကိုယ်တိုင်မပါဝင်နိုင်ခဲ့သော်လည်း၊ ၁၉၉၀ခုနှစ် မတ်လ ၂၇ရက်နေ့တွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် မဲဆန္ဒနယ် ၄၄၇ နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၃၉၂ နယ်၌ အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ အဖွဲ့ချုပ်သည် တနိုင်ငံလုံးတွင် မဲဆန္ဒနယ် ၄၈၅ နေရာ၌ ၃၉၂ နေရာ အနိုင်ရရှိသောကြောင့် ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သည်။

ပုံမှန်အစဉ်အလာအရ သူမသည် ဝန်ကြီးချုပ် ရာထူးကို ဆက်ခံရမည် ဖြစ်သည်။ စစ်အစိုးရသည် ရွေးကောက်ပွဲရလဒ်များအား အတည်မပြုဘဲ အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတကာ၏ ရှုတ်ချခြင်းကို ခံခဲ့ရသည်။ နေအိမ်အကျယ်ချုပ်ကျနေချိန်အတွင်း၊ ၁၉၉၀ ပြည့်နှစ်တွင် ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ ကော်မတီ နှင့် တိုးတက်ဖွံ့ဖြိုးရေးကော်မတီမှ စက်ခါရော့ဗ်ဆုကိုအပ်နှင်းခဲသည်။၊၁၉၉၁ ခုနှစ်တွင် နိုဘဲလ် ငြိမ်းချမ်းရေးဆုကြီးကို ရရှိခဲ့သော်လည်း၊ နေအိမ်အကျယ်ချုပ်ကျနေခြင်းကြောင့် လူကိုယ်တိုင် ရယူနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ၊ ခင်ပွန်းသည် နှင့် သားနှစ်ဦးဖြစ်သည့် အလက်ဇန္ဒားနှင့် ကင်မ်တို့က ကိုယ်စားတက်ရောက်ယူခဲ့ကြသည်။ နိုဘဲလ် ငြိမ်းချမ်းရေးဆု၏ ဆုငွေဒေါ်လာ ၁.၃ သန်း၏ ငွေကြေးအားလုံးကို မြန်မာပြည် ကျန်းမာရေးနှင့် ပညာရေးများအတွက် ဒေါ်အောင်ဆန်းစုကြည်မှ ရန်ပုံငွေအဖြစ်ထူထောင်ခဲ့သည်။[၁၈]

ပထမ လွတ်မြောက်ချိန်

၁၉၉၅ ခုနှစ် ဇူလိုင်တွင် နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့ပြီး သူ၏မိသားစုရှိရာ အင်္ဂလန်သို့ပြန်ခဲ့ပါက နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ရတော့မည် မဟုတ်ကြောင်း သတိပေးခြင်းခံရသည်။ ၁၉၉၇ ခုနှစ်၌ ဆီးကြိတ်ကင်ဆာဖြင့် စတင်နာမကျန်းဖြစ်ခဲ့ပြီး၊ ကုသမရသည့် အဆင့်သို့ရောက်ရှိခဲ့သည့် သူမ၏ ခင်ပွန်းသည် ဗြိတိသျှလူမျိုး မိုက်ကယ်အဲရစ်အား၊ လုံလောက်သည့် ဆေးကုသမှု မြန်မာနိုင်ငံမှ မထောက်ပံ့ပေးနိုင်ဟုဆိုကာ မြန်မာစစ်အစိုးရမှ ပြည်ဝင်ခွင့်ဗီဇာ မပေးခဲ့ချေ။ နိုင်ငံတကာ အထင်ကရ ပုဂ္ဂိုလ်များ နှင့် အဖွဲ့အစည်းများထဲမှ၊ အမေရိကန်နိုင်ငံ အပါအဝင်၊ ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူး ကိုဖီအာနန် နှင့် ပုပ်ရဟန်းမင်းကြီး ဂျုန်ပေါလ် တို့မှ ပြည်ဝင်ခွင့်ဗီဇာချပေးရန် စစ်အစိုးရအားတောင်းဆိုခဲ့ကြသော်လည်း စစ်အစိုးရမှ လစ်လျူပြုခဲ့သည်။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်နေသည့် အချိန်ဖြစ်သောကြောင့် ခင်ပွန်းရှိရာ အင်္ဂလန်သို့ သွားရောက်တွေ့ဆုံနိုင်သော်လည်း၊ စစ်အစိုးရမှ သူ့အား မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် မရရှိမည်ကို စိုးရိမ်သဖြင့် မသွားရောက်ခဲ့ချေ။[၁၉]

ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်သည် သူ၏ ၅၃နှစ်မြောက်မွေးနေ့ဖြစ်သည့် ၁၉၉၉ခုနှစ် မတ်လ ၂၇ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ၁၉၈၉ခုနှစ် ပထမနေအိမ်အကျယ်ချုပ်ကျခံရချိန်မှစ၍ မိုက်ကယ်သည် ဒေါ်စု နှင့် ၅ ကြိမ်သာ တွေ့ခွင့်ရရှိခဲ့ပြီး၊ နောက်ဆုံးတွေ့ခွင့်ရသည့်အချိန်မှာ ၁၉၉၅ ခုနှစ်ကုန် ခရစ္စမတ်ပွဲတော် ကာလတွင်ဖြစ်သည်။[၂၀] အင်္ဂလန်တွင် ကျန်ရစ်ခဲ့သည့် ကလေးများနှင့်လည်း ဝေးကွာခဲ့ရသည်။

၁၉၉၈ ခုနှစ်တွင် သတင်းထောက် Maurizio Giuliano သည် အောင်ဆန်းစုကြည်အား ဓာတ်ပုံရိုက်ပြီးချိန်တွင်၊ အခွန်အကောက်ဌာနမှုများ၏ စစ်ဆေးခြင်းကို ခံရပြီးနောက် သူ၏ မှတ်တမ်းတင် ဗီဒီယို အခွေများ၊ အသံတိပ်ခွေများ နှင့် မှတ်သားထားသည့် စာတမ်းများအား သိမ်းဆည်းခြင်း ခံခဲ့ရသည်။[၂၁]

၂၀၀၀ မှ ၂၀၀၂ ဒုတိယအကြိမ်

သူ့အား သူမ၏ပါတီကို ထောက်ခံအားပေးသူများနှင့်လည်း အကြိမ်ပေါင်းများစွာ တွေ့ဆုံခွင့်ကို ပိတ်ပင်တားမြစ်ခဲ့ပြီး ၂၀၀၀ ခုနှစ် စက်တင်ဘာလတွင် နောက်တစ်ကြိမ် နေအိမ်အကျယ်ချုပ်ခြင်း ခံရသည်။ ၂၀၀၂ ခုနှစ် မေလ ၆ရက်နေ့တွင် ကုလသမဂ္ဂ၏ လျှို့ဝှက် ယုံကြည်မှုညှိနှိုင်းခြင်းများ အရ၊ နိုင်ငံတော် အစိုးရမှ သူမအား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ လွတ်လပ်စွာ သွားလာနိုင်ခွင့်ပေးလိုက်ခြင်းမှာ "ကျွန်တော်တို့ တစ်ဦး နှင့် တစ်ဦး ယုံကြည်နိုင်လို့ပါ" ဟု အစိုးရ ပြောခွင့်ဆိုခွင့်ရှိသူမှ ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှ "နိုင်ငံအတွက် အရုဏ်ဦး အသစ်တစ်ခု ပေါ်ပေါက်လာပြီ”"ဟု ဆိုခဲ့သည်။

၂၀၀၃ မှ ၂၀၁၀ တတိယအကြိမ်

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ သူမ၏ အဖွဲ့ဝင်ယာဉ်တန်းများသည် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်သို့ စည်းရုံးရေးခရီးစဉ်မောင်းနှင်လာရာ ကျီရွာအနီးတွင် စစ်အစိုးရ၏ ကျောထောက်နောက်ခံ အဖွဲ့ဖြစ်သည့် ကြံ့ခိုင်ဖွံဖြိုးရေး နှင့် စွမ်းအားရှင်များက အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပြီးနောက်၊ သူမအားထောက်ခံသည့် အဖွဲ့ဝင်များ သေကြေပျောက်ဆုံးမှုစာရင်းမှာ တရားဝင်မရှိသော်လည်း ၈၀ ကျော်သည်ဟု ပြည်တွင်းနေထိုင်သူများမှ ခန့်မှန်းကြသည်။"အဲဒီ့အရေးအခင်းညက ကျွန်တော့်တပည့်တွေကို သူ့ကို ကယ်တင်ဖို့ လွှတ်လိုက်ပြီးတော့၊ အနီးမှာရှိတဲ့ စစ်တပ်ဌာနမှာ ကယ်တင်ထားခဲ့ရတယ်"ဟုလည်း ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်မှ နေအိမ်အကျယ်ချုပ်လွတ်မြောက်လာပြီးချိန် ၂၀၁၂ တွင် ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာသို့လည်း ထွက်ဆိုခဲ့သည်။ သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးမှ ယင်းပြောဆိုချက်ကို ပြန်လည်ငြင်းဆိုခဲ့သည်။[၂၂]

အောင်ဆန်းစုကြည်သည် သူမစီးနင်းလာသည့် ကား၏ ကားမောင်းသူ ကိုကျော်စိုးလင်း အကူအညီဖြင့် ထိုဖြစ်စဉ်နေရာမှ လွတ်မြောက်ခဲ့သော်လည်း၊ ရေဦး သို့ အရောက်တွင် အဖမ်းခံခဲ့ရသည်။ သူမကို ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင် ထိန်းသိမ်းထားခဲ့သည်။ ထိုဖြစ်ရပ်ကို ဒီပဲယင်းအရေးအခင်း လုပ်ကြံမှု ဟူ၍ လူအသိအများသည်။ သူ ၂၀၀၃ ခုနှစ် စက်တင်ဘာလတွင် သားအိမ်ထုတ်ခြင်းခွဲစိတ်မှုပြုလုပ်ပြီးနောက် ရန်ကုန်၌နေအိမ်အကျယ်ချုပ် ပြန်လည်ချထားခြင်းခံရသည်။

၂၀၀၄ ခုနှစ် မတ်လတွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရာဇာလီအီစမေးလ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ နောက်တစ်နှစ်တွင် အီစမေးလ်သည် ရာထူးမှအနားယူခဲ့သည်။ မြန်မာနိုင်ငံအတွင်းသို့ အကြိမ်များစွာ ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းခံရသည်မှာလည်း အနားယူရခြင်း၏ အကြောင်းရင်း တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ၂၀၀၄ ခုနှစ်မေ ၂၈ ရက်တွင် ကုလသမဂ္ဂ၏ ကြောင်းကျိုးမဲ့ထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းအဖွဲ့မှ သဘောထားမှတ်ချက် (၂၀၀၄ ခုနှစ် မှတ်ချက် အမှတ် ၉) ထုတ်ပြန်ရာ သူမ၏ လွတ်လပ်မှုဆုံးရှုံးခြင်းမှာ ကြောင်းကျိုးမဲ့အရေးယူခြင်း မြောက်ပြီး ကုလသမဂ္ဂ လူ့အခွင့်ရေးပဋိညာဉ်စာချုပ် ၁၉၄၈ နှင့် ဆန့်ကျင်လျက်ရှိပြီး မြန်မာအာဏာပိုင်များမှ ဒေါ်အောင်ဆန်းစုကြည်အားဆက်လက် ထိန်းသိမ်းခြင်း မပြုလုပ်ရန်ပန်ကြားခဲ့သည်။ သို့သော် အာဏာပိုင်များက ဤပန်ကြားချက်ကို မသိကျိုးကျွန် ပြုခဲ့သည်။

သက်တမ်းတိုး ပထမအကြိမ်

၂၀၀၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ထားခြင်းကို တစ်နှစ်ထပ်မံ တိုးမြှင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အတည်ပြုခဲ့သည်။ အနောက်တိုင်းနိုင်ငံများနှင့် ကုလသမဂ္ဂတို့မှ အဆိုပါ တိုးမြှင့်မှုကို သဘောမတူကြောင်းပြသခဲ့သည်။ ၂၀၀၆ ခုနှစ် မေလတွင် ကုလသမဂ္ဂ နိုင်ငံရေးရာဌာနမှ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ အီဗရာဟင် ဂန်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခဲ့လေသည်။ ၎င်းတွေ့ဆုံမှုသည် ၂၀၀၄ ခုနှစ်မှ စတင်၍ နိုင်ငံခြားသား အရာရှိ တစ်ဦးနှင့် ပထမဆုံးသော တွေ့ဆုံမှုဖြစ်သည်။

သက်တမ်းတိုး ဒုတိယအကြိမ်

ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်ချထားခြင်းကို ၂၀၀၆ ခုနှစ် မေလ ၂၇ ရက်တွင် အဆုံးသတ်စေမည် ဖြစ်သော်လည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ကိုဖီအာနန်မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ တိုက်ရိုက်လျှောက်ထားချက်ကို ပယ်ချပြီး မြန်မာအစိုးရမှ နောက်ထပ်တစ်နှစ် ထပ်မံတိုးမြှင့်ခဲ့သည်။ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ၁၉၇၅ ခုနှစ် နိုင်ငံတော်ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၁၀(ခ) အရ ရုံးမတင်ပဲ လူတစ်ယောက်အား ငါးနှစ် အထိချုပ်နှောင်ထားနိုင်သည့် ပုဒ်မဖြင့် ဆက်လက်ထိမ်းသိမ်း ထားခဲ့သည်။

၂၀၀၆ ခုနှစ် ဇွန် ၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြင်းထန်သည့် ဝမ်းလျှောရောဂါနှင့် အားလျော့ပြီး ဆေးရုံတင်ထားခြင်း ခံရကြောင်း အဝေးရောက် ညွန့်ပေါင်းအစိုးရ၏ ကုလသမဂ္ဂ ကိုယ်စားလှယ်မှ သတင်းပေးပို့ခဲ့သည်။ ၎င်းကြေညာချက်ကို မြန်မာနိုင်ငံ၏ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီမှ ငြင်းပယ်ခဲ့သည်။ ၂၀၀၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ် ဂန်ဘာရီသည် လူ့အခွင့်အရေးကို ကျယ်ပြန့်စွာ လိုက်နာစေလိုသဖြင့် မြန်မာနိုင်ငံသို့ လေးရက်ကြာခရီးဆန့်ခဲ့ရာမှ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခဲ့သည်။ ဂန်ဘာရီ၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးကောင်းမွန်သည်ကို တွေ့ရှိရပြီး သူမ၏ဆန္ဒမှာ မိသားစုဆရာဝန်နှင့် ပိုမို၍ ပုံမှန်ပြသလိုကြောင်း ပြောကြားခဲ့သည်။

၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာနိုင်ငံခေါင်းဆောင်များသို့ အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး၊ စစ်အစိုးရသည် ထောင်သား ၂၈၃၁ ယောက်ကို လွှတ်ပေးခဲ့ရာတွင်၊ နိုင်ငံရေး အကျဉ်းသား ၄၀ ပါဝင်သည်။၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နိုဘဲလ်လ်ဆုကြေးငွေများကို အခွန်ပေးဆောင်ခြင်းမရှိဘဲ ပြည်ပတွင် အသုံးပြုခဲ့သည်ဟူ၍ အစိုးရပိုင် မြန်မာ့အလင်း သတင်းစာမှ စွပ်စွဲလိုက်သည်။ ထိုစွပ်စွဲမှုသည် အမေရိကန်နိုင်ငံမှ ထောက်ပံ့ကျင်းပနေသည့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာလုံခြုံရေးကို အန္တရာယ်ပေးနိုင်သော နိုင်ငံဖြစ်နေသည် ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးချိန်တွင်ဖြစ်သည်။

သက်တမ်းတိုး တတိယအကြိမ်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ၂၀၀၇ စစ်အစိုးရအား ဆန့်ကျင်ဆန္ဒပြမှု

၂၀၀၇ ခုနှစ် မေလ ၂၅ ရက်နေ့တွင် စုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်းကို ၅ နှစ်ဆက်တိုက် ချုပ်နှောင်နိုင်ရန် ထပ်မံ၍ သက်တမ်း တစ်နှစ်တိုးခဲ့သည်။ ၁၉ ရက် ဩဂုတ်လ ၂၀၀၇ ခုနှစ်တွင် လောင်စာဆီဈေးများတက်ခဲ့ပြီးနောက်၊ စစ်အစိုးရမှ ခြေမှုန်းမည်ဟု အမိန့်ထုတ်ပြန်ခဲ့သော်လည်း ဘုန်းကြီးများမှ နေ့စဉ်ဆက်တိုက် ဆန္ဒပြခဲ့ကြသည်။[၂၃]

၂၂ ရက် စက်တင်ဘာလ ၂၀၀၇ ခုနှစ်တွင်၊ ဒေါ်အောင်ဆန်းစုကြည်မှာ အကျယ်ချုပ်ကျနေခဲ့သော်လည်း၊ သူ၏ နေအိမ်တံခါးဝမှ လူ့အခွင့်အရေးများအတွက် ဆန္ဒပြနေသည့် ဘုန်းကြီးများကို ဂါရဝပြုခဲ့သည်။[၂၄] ထိုရက်များနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင် (၂၀၀၃ ခုနှစ်တွင်လည်း ထိုထောင်တွင် ထိမ်းသိမ်းခံရသည်)သို့ လွှဲပြောင်းခဲ့သည်ဟု သတင်းများထွက်ခဲ့သည်။[၂၅][၂၆][၂၇][၂၈] ၃၀ ရက် စက်တင်ဘာ ၂၀၀၇ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အနီးတွင် ကုလသမဂ္ဂ၏ သတင်းအချက်အလက်များ ပေးပို့နိုင်သူနှင့် တစ်နာရီကြာ တွေ့ဆုံခဲ့ပြီး၊ ၂ ရက် အောက်တိုဘာလတွင် ကုလသမဂ္ဂမှ အီဘရာဟင် ဂမ်ဘာရီ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုနောက်ပိုင်း နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက်ရှိနေကြောင်း အတည်ပြုနိုင်ခဲ့သည်။[၂၉][၃၀]၎င်းခရီးစဉ်တွင် ဂန်ဘာရီသည် နေပြည်တော်ရှိ သန်းရွှေအပါအဝင်၊ ဗိုလ်မှူးကြီးများ နှင့် တွေ့ဆုံခဲ့သည်။ နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနမှ ဒေါ်စုသည် ဂန်ဘာရီနှင့် နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့သည် ဟုဖော်ပြခဲ့သည်။ သူမအား ထပ်မံ အကျဉ်းချခံလိုက်ရသည့် အချိန်မှစ၍ ၄ နှစ်အတောအတွင်းတွင် ပထမဦးဆုံးသော နိုင်ငံပိုင် ရုပ်သံဌာနများတွင် တွေ့မြင်ရခြင်းဖြစ်သည်။

၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင်၊ ဒေါ်စုသည် အကျဉ်းထောင်တွင် နေရသော ကာလသည် ၁၂ နှစ်ပြည့်ပြီဖြစ်ပြီး၊ နိုင်ငံတကာမှ မြန်မာ့အရေးလှုပ်ရှားကြသော အဖွဲ့အစည်းများမှ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြားသော နိုင်ငံရေးအကျဉ်းသား လွှတ်မြောက်ပေးရန် မြို့ကြီး ၁၂ ခုတွင် ဆန္ဒပြခဲ့ကြသည်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဒေါ်စု နှင့် စကားပြောဆိုနိုင်ရန် ကြားခံဆက်သွယ်ရေး ပုဂ္ဂိလ်အဖြစ် ဝန်ကြီးအောင်ကြည် ကိုခန့်ခဲ့ပြီး၊ သူသည် စစ်အစိုးရ၏ အာဏာအုပ်စိုးထားသည့် လူကြီးပိုင်းများထဲမှဖြစ်ပြီး၊ စစ်အစိုးရ၏ ရာထူးနံပါတ်စဉ်တွင် အမည်လျာခံထားရသူလည်းဖြစ်သည်။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒေါ်စုကြည်သည် ၃ နှစ် အတွင်း ပထမဦးဆုံး သူမ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ပိုင်းများ နှင့် အစိုးရ ဝန်ကြီးများအကြား တွေ့ဆုံခွင့်ရရှိခဲ့သည်။ ကုလသမဂ္ဂအထူးအကြံပေးပုဂ္ဂိုလ် အီဘရာဟင် ဂမ်ဘာရီ ဒုတိယအကြိမ် ခရီးအဆုံးနောက်၊ နာရီပိုင်းအကြာတွင် အာဏာပိုင်အစိုးရတို့သည် တီဗီ နှင့် ရေဒီယိုများတွင် ထိုတွေ့ဆုံခဲ့မှုကို တရားဝင် ထုတ်ဖော်ကြေညာခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ဖိတ်ကြားမှုများသည် မှန်ကန်သည်ဟု ထုတ်ဖော်ပြောဆိုသည်။

သက်တမ်းတိုး စတုတ္ထအကြိမ်

၂၀၀၈ ခုနှစ် မေလ တွင် နအဖက နေအိမ်အကျယ်ချုပ်သက်တမ်းကို ၁ နှစ်ထပ်တိုးခဲ့သည်။ ၂၀၀၈ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့မှစ၍ ဂန်ဘာရီသည် မြန်မာနိုင်ငံသို့ ၆ရက်ကြာခရီးသွားရောက်ခဲ့သည်။ သူသည် မြန်မာနိုင်ငံရှိ နိုင်ငံရေးအစုအဖွဲ့အားလုံး နှင့် တွေ့ဆုံနိုင်ရန် ကြိုးပမ်းမည်ဟု ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် တွေ့ဆုံခွင့်မရရှိခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ ဆိုင်ကလုန်းနာဂစ်ကြောင့် ဒေါ်စု၏နေအိမ်ခေါင်မိုးမှာ ပျက်ဆီးခဲ့ပြီး၊ လျှပ်စစ်မီးပျက်သွားခဲ့ပြီးနောက် လျှပ်စစ်မီးစက်မထောက်ပံ့ထားခြင်းကြောင့် အမှောင်ထဲတွင် ဖယောင်းတိုင်ဖြင့် နေထိုင်ခဲ့ရသည်။ [၃၁]

မဖိတ်ခေါ်သော ဧည့်သည်ကြောင့် ၁၈ လ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဒေါ်အောင်ဆန်းစုကြည်အိမ် ဝင်ရောက်သူ ဖြစ်ရပ်များ
၂၀၀၉ ခုနှစ်တွင် အမေရီကန် အောက်လွှတ်တော်အမတ် ဂျင်မ်းဝဘ် (Jim Webb) မှ ဒေါ်အောင်ဆန်းစုကြည်ထံ အလည်အပါတ်ရောက်ခဲ့သည်။ ဂျွန်ရက်တောအား လွတ်မြောက်စေရန် လာရောက်ဆွေးနွေးခြင်းဖြစ်ပြီး၊ ထိုဖြစ်ရပ်ကြောင့် အောင်ဆန်းစုကြည်မှာ အလုပ်ကြမ်းဖြင့် ထောင်ဒဏ် ၃ နှစ်ကျခံရခြင်းဖြစ်သည်။

၂၀၀၉ ခုနှစ် မေလ ၃ရက်တွင် အင်ယားကန်ကို ဖြတ်ကူးကာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ မဖိတ်ခေါ်ဘဲ ရောက်ရှိလာခဲ့ပြီးနောက်၊ ၃ ရက်မြောက်နေ့ နေအိမ်မှပြန်အထွက်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။[၃၂] ၂ ရက်ကြာနေထိုင်သည်ဟုဆိုသည့် အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော (မော်မန်(ခေါ်) လက်တာဒေးစိန့်ယေရှုခရစ်အသင်းတော်ဂိုဏ်းဝင်) [၃၃][၃၄] အား ဖမ်းဆီးမိသည်ကို အကြောင်းပြကာ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ကန့်သတ်ချက်များကို ချိုးဖောက်သည်ဟု စွပ်စွဲပြီး အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားသည်။ မေလ ၁၈ ရက်နေ့တွင် ရက်ချိန်းထပ်ပြီး အင်းစိန်ထောင် အထူးသီးသန့်အိမ်၌ ထိန်းသိမ်းထားခြင်းခံရသည်။ ဂျွန် ဝီလျံ ယက်ထော ကြောင့် ဒေါ်အောင်ဆန်းစုကြည် ထပ်မံ နေအိမ်အကျယ်ချုပ် ဆယ့်ရှစ်လ ချမှတ်ခံခဲ့ရသည်။

ထိုဖြစ်စဉ် နှစ်နှစ်မတိုင်မီတွင် ၎င်းကြိုးစားမှုမျိုး ရက်ထောမှ ပြုလုပ်ခဲ့ဘူးသော်လည်း၊ အကြောင်းမဲ့ ပြန်လှည့်လာခဲ့ရသည်။[၃၅] တရားရုံးစစ်ဆေးရာတွင် သူသည် ဒေါ်အောင်ဆန်းစုကြည်အား မသမာသူများ လုပ်ကြံမည်ကို အကြားအမြင်ရ၍ လာရောက်အသိပေးရန်ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။[၃၆] မေလ ၁၃ ရက်နေ့တွင် ဒေါ်စုအား နေအိမ်အကျယ်ချုပ်ကျခံထားရသည့် နေအိမ်ဝင်းအတွင်းသို့ မောပန်းစွာရောက်ရှိလာသည့် ဧည့်သည် ပြန်ထွက်မခွာမီ နှစ်ရက်တိုင်အောင် နေထိုင်ခွင့်ပြုထားခြင်းတို့ကြောင့် ဖမ်းဆီးခြင်းပြုသည်။ ဒေါ်စုအား အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားခဲ့ပြီး၊ ထိုဝင်ရောက်မှုကြောင့် နေအိမ်အကျယ်ချုပ် ၅ နှစ်ကျခံရနိုင်ဖွယ်ရှိခဲ့သည်။[၃၇] ဒေါ်စုနှင့် ၎င်း၏အိမ်တွင် နေထိုင်သူ နှစ်ယောက်အား မေလ ၁၈ ရက်တွင် ခုံရုံးစစ်ဆေးခဲ့ပြီး၊ ဆန္ဒပြသူတချို့ ရုံးပြင်ပတွင်ရှိနေခဲ့သည်။[၃၈][၃၉] တရားရုံးတွင် စစ်ဆေးမှုကို သံအမတ်များနှင့် သတင်းထောက်များ တက်ရောက်ခွင့်မပြုခဲ့ပေ၊ သို့သော် တစ်ကြိမ်တွင် ရုရှား၊ ထိုင်း နှင့် စင်္ကာပူ သံအမတ်များ နှင့် သတင်းထောက်တချို့ကို ဒေါ်စုနှင့် တွေ့ဆုံခွင့်ပေးခဲ့သည်။[၄၀] တရားစွဲဆိုမှုတွင် မျက်မြင်သက်သေ ၂၂ ယောက် ခေါ်ယူ စစ်ဆေးရန် စီစဉ်ခဲ့သည်။[၄၁] နိုင်ငံတော်အား အသရေပျက်မှုနှင့်လည်း ဂျွန်ရက်တောအား အမှုတွင် တရားစွဲထားသည်။[၄၂] ပြန်လည်ခုခံတင်ပြရာတွင် အပြစ်ကင်းသူအဖြစ် ဒေါ်စုမှ လျှောက်ထားခဲ့သည်။ တရားခံဘက်မှ တရားဝင်အရ သက်သေ ၁၄ ယောက်ခေါ်ယူခွင့်ရှိခဲ့သော်လည်း၊ သက်သေ ၄ ဦးအနက် ၁ ဦးသာ ခွင့်ပြုခဲ့သည်။ တရားရုံးမှ NLD အဖွဲ့ဝင်များဖြစ်သည့် ဦးတင်ဦး နှင့် ဦးဝင်းတင်တို့ကို၊ တရားခံ၏ သက်သေများအဖြစ် အသုံးပြုခွင့်မပေးခဲ့ပေ။[၄၃] အတည်မဖြစ်သည့် သတင်းတစ်ခုတွင်၊ စစ်အစိုးရသည် ဒေါ်စုအား မြို့တော်၏ အပြင်ဘက် စစ်တပ်စခန်းတစ်ခုတွင် ဖမ်းဆီးထောင်ချရန် စီစဉ်ခဲ့သည်။[၄၄] သီးခြား စစ်ဆေးမှုတစ်ခုတွင် ရက်ထောမှ ဒေါ်စုအိမ်သို့ ရေကူးသွားရခြင်းမှာ ဒေါ်စု၏ အသက်အန္တရာယ် ကျရောက်နိုင်ခြင်းကို သိရှိ‌သောကြောင့် သွားရောက်အသိပေးခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။[၄၅] The national police chief later confirmed that Yettaw was the "main culprit" in the case filed against Suu Kyi.[၄၆] အိမ်တွင်အတူနေသူများ ပြောပြချက်အရ၊ ဒေါ်စုသည် သူမ၏ ၆၄ နှစ်မြောက် မွေးနေ့ကို ထောင်ထဲတွင် ဒန်ပေါက် နှင့် ချောကလပ်ကိတ်ကို သူမ၏ အစောင့်များနှင့် ဝေမျှစားသုံးခဲ့သည်။[၄၇]

ဒေါ်စုအား ဖမ်းဆီးမှုနှင့် ဆက်တိုက်တရားရုံးတွင် စစ်ဆေးမှုများကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ,[၄၈] အနောက်နိုင်ငံမှ အစိုးရများ၊[၄၉] တောင်အဖရိက၊[၅၀] ဂျပန်[၅၁] နှင့် မြန်မာနိုင်ငံအဖွဲ့ဝင်ထားသည့် အရှေ့တောင်အာရှ နိုင်ငံများအသင်းတို့မှ ရှုံ့ချခဲ့ကြသည်။[၅၂]

စစ်အစိုးရမှ ထိုထုတ်ပြန်ချက်ကို သဘာဝမကျဟုဆိုကာ တုံ့ပြန်ခဲ့ပြီး [၅၃]၊ ထိုင်းအစိုးရအား ပြည်တွင်းရေး စွက်ဖက်သည်ဟု စွပ်စွဲခဲ့သည်။ မြန်မာစစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဉာဏ်ဝင်းမှ မြန်မာ့အလင်း သတင်းစာတွင် ထိုဖြစ်ရပ်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းနှင့် ပြင်ပရှိ အစိုးရကို ဆန့်ကျင်နေသည့် အဖွဲ့စည်းများမှ မြန်မာပြည်တွင် ကောင်းမွန်သော အပြောင်းအလဲများကို မလိုလားဘဲ၊ နိုင်ငံတကာ ဖိအားပေးရန် လုပ်ဆောင်ခြင်းသက်သက်ဖြစ်သည် ဟုဆိုခဲ့သည်။[၄၂][၅၄] ဘန်ကီမွန်းသည်လည်း နိုင်ငံတကာ လှုပ်ရှားမှုများရောင်ပြန်ဟပ်စေရန်[၅၅] မြန်မာပြည်သို့ သွားရောက်ကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း၊ သန်းရွှေမှ သူ၏ တောင်းဆိုမှုအားလုံးကို ငြင်းပယ်ခဲ့သည်။[၅၆] ၁၁ ရက် ဩဂုတ်လ ၂၀၀၉ ခုနှစ်တွင် ဒေါ်စုအား တရားရုံးမှ အလုပ်ကြမ်းဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။ ထိုချမှတ်ခဲ့ပြီးနောက် ဗိုလ်မှူးချုပ်သန်းရွှေမှ ၁၈ လအထိ လျှော့ပေါ့ပေးခဲ့ပြီး၊ အနေအထိုင်ကောင်းမွန်ပါက ပို၍ လျှော့ပေါ့မည်ဟုလည်း ဆိုခဲ့သည်။[၅၇] ထိုလ ၁၄ ရက်တွင် အမေရိကန် အောက်လွှတ်တော်အမတ် ဂျင်မ်းဝဘ်မှ မြန်မာနိုင်ငံသို့ အလည်အပါတ်ရောက်ရှိလာခဲ့ပြီး ဗိုလ်မှူးချုပ်ကြီး သန်းရွှေ၊ ထို့နောက် ဒေါ်စုနှင့်လည်း တွေဆုံခဲ့သည်။ ထိုလည်ပါတ်မှုတွင် ဝဘ်မှ ရက်ထော လွတ်မြောက်ရန်နှင့် မြန်မာပြည်မှ ထွက်ခွာခွင့်ကို ညှိနှိုင်းနိုင်ခဲ့သည်။ တရားစီရင်ပြီးနောက်ပိုင်း ဒေါ်စု၏ ရှေ့နေများမှ ဆက်လက် အယူခံတင်သွင်းရန် စီစဉ်ခဲ့ကြသည်။ ၁၈ ရက် ဩဂုတ်လတွင် အမေရိကန် သမ္မတ ဘာရက် အိုဘားမားမှ မြန်မာစစ်အစိုးရမှ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပြင်၊ ဒေါ်အောင်ဆန်းစုကြည်ကိုပါ လွှတ်ပေးရန် တောင်းဆိုခဲ့သည်။[၅၈][၅၉]

In her appeal, Aung San Suu Kyi had argued that the conviction was unwarranted. However, her appeal against the August sentence was rejected by a Burmese court on 2 October 2009. Although the court accepted the argument that the 1974 constitution, under which she had been charged, was null and void, it also said the provisions of the 1975 security law, under which she has been kept under house arrest, remained in force. The verdict effectively meant that she would be unable to participate in the elections scheduled to take place in 2010 – the first in Burma in two decades. Her lawyer stated that her legal team would pursue a new appeal within 60 days.

[၆၀]

ရက်တော၏အလည်အပတ်ခရီးနှင့်လုပ်ကြံချက်များသည် မြန်မာအစိုးရ၏ ကြိုးပမ်းမှုဖြစ်သည်ဟု ပြည်သူများက သံသယရှိကြသည်။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံသားများသည် ဒေါ်အောင်ဆန်းစုကြည်ကို စာနာသနားကြပြီး၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုလုပ်ကြံ စွဲဆိုထားချက်သည် ၂၀၁၀ တွင် ပြုလုပ်မည့်ရွေးကောက်ပွဲများကို ကျော်လွန်ရန်အတွက် သူမအားထိန်းသိမ်းထားခြင်းကို ရှည်ကြာအောင် နည်းပရိယာယ် သုံးထားခြင်းဖြစ်သည်ဟု ပြောဆို ကြသည်။

၂၀၁၀ မေလ ၂၆ ရက်နေ့တွင် နေအိမ် အကျယ်ချုပ်ကို ရုပ်သိမ်း လိုက်ကြောင်း ရဲအရာရှိ ၂ ဦးမှဖတ်ပြခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ချခံထားသည့် ဥပဒေဖြစ်သည့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ အန္တရာယ်မှ ကာကွယ်သည့်ဥပဒေအား ရဲမှူးချုပ် မြင့်သိန်းမှ ဖတ်ပြခဲ့ပြီး၊ နေအိမ်အကျယ်ချုပ် ကာလသည် လေးနှစ်ခွဲသာ ရှိခဲ့သောကြောင့် ထပ်မံ ၆ လ သက်တမ်းတိုးနိုင်ကြောင်း ပြောဆိုခဲ့သည်။

အထိန်းသိမ်းခံရသည့် ကာလဇယား

ထိန်းသိမ်းသည့်နေ့ လွတ်မြောက်ရမည့်နေ့ လွတ်မြောက်ခဲ့သည့်နေ့ ထိန်းသိမ်းသည့် ဥပဒေ ပုဒ်မ ကာလချိန်
၂၀ ဇူလိုင် ၁၉၈၉ ၂၀ ဇူလိုင် ၁၉၉၂ ၁၀ ဇူလိုင် ၁၉၉၅[] လူတစ်ယောက်အား တရားရုံးသို့ ခေါ်ယူစစ်ဆေးရန်မလိုဘဲ စစ်အုပ်ချုပ်ရေးအမိန့် ဥပဒေအရ ၃ နှစ်တိတိ ထိမ်းသိမ်းနိုင်သည့် အချက်အောက်တွင် ဒေါ်အောင်ဆန်းစုကြည်အား စတင် နေအိမ်အကျယ်ချုပ် ချခဲ့သည်။ စစ်အစိုးရမှ ထပ်မံ၍ ၃ နှစ်သက်တမ်းတိုးခဲ့သည်။ ၆ နှစ်
၂၃ စက်တင်ဘာ ၂၀၀၀[၁၄] ၀၆ မေလ ၂၀၀၂[၁၄] ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ မန္တလေးသို့ ရထားဖြင့် သွားရောက်ရန်ကြိုးစားခဲ့သည်။ စစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချမှတ်ပြန်သည်။ ၁ နှစ် နှင့် ၆လ
၃၀ မေလ ၂၀၀၃[၆၁] ၃၀ မေလ ၂၀၀၈ ဒီပဲယင်း အရေးအခင်း ဖြစ်ပြီးနောက် အင်းစိန်ထောင်တွင် အချိန် ၃ လအထိ လျှို့ဝှက် ဖမ်းစီးချုပ်နှောင်ခဲ့သည်။ ၎င်းနောက် နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲခဲ့သည်။ ၅ နှစ်
၂၇ မေလ ၂၀၀၈ ၂၆ မေလ ၂၀၀၉ နိုင်ငံတကာ ဥပေဒ၊ မြန်မာနိုင်ငံ ဥပဒေ နှင့် မကိုက်ညီသည့် နေအိမ်အကျယ်ချုပ်အား ထပ်မံ ၁ နှစ်တိုးချဲ့ခဲ့သည်[၆၂] ၁ နှစ်
၁၈ မေလ ၂၀၀၉ ၁၃ နိုဝင်ဘာ ၂၀၁၀[၆၃] မဖိတ်ဘဲ ရောက်ရှိလာသည့် ဂျွန်ယက်တောအား လက်ခံထားမှုကြောင့် နေအိမ်အကျယ်ချုပ်အား ၁ နှစ်ခွဲ ထပ်မံတိုးမြှင့်ခဲ့သည်။ ၆လ
၁ ဖေဖော်ဝါရီလ ၂၀၂၁ ၂၀၂၁ မြန်မာနိုင်ငံအာဏာသိမ်းခံရခြင်း ၁၃၉၅

ရက် (လက်ရှိအချိန်ထိ)

[၆၄]

၂၀၁၀ ရွေးကောက်ပွဲ နှင့် ပြန်လည်လွတ်မြောက်ခြင်း

အာဏာပိုင်တွေဟာ ကိုယ်အလိုမကျတဲ့ ရွေးကောက်ပွဲရလဒ်ဆိုရင် လျစ်လျူရှုလိုက်၊ လိုချင်တဲ့ ရလဒ် ဖြစ်လာနိုးနိုးနဲ့ အသစ်ပြန်လုပ်လိုက် လုပ်နေရင် တိုင်းပြည်အနာဂတ်ကို ကလေးကစားရာ ရောက်မယ်။ — ဒေါ်အောင်ဆန်းစုကြည်၏ ၁၉၉၈ခုနှစ်က စကားတစ်ခွန်း[၆၅]

စစ်အစိုးရသည် ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း တိုက်ခိုက်ခဲ့ပြီး၊ ပြည်သူများ အရေးပေါ်ကူညီမှု လိုအပ်နေချိန်အတွင်း စီစဉ်ထားခဲ့သည့် ရွေးကောက်ပွဲကို မရပ်ဆိုင်းပဲ၊ ၂၀၁၀ တွင် ဆက်လက်ကျင်းပခဲသည်။ ထိုရွေးကောက်ပွဲကို နိုင်ငံတကာ အဆင့် အတန်းနှင့် ကိုက်ညီခြင်းမရှိခြင်း၊ တရား မျှတမှုမရှိဟု ပြောဆိုခဲ့သူများတွင် ဥရောပ သမဂ္ဂ၊ ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ကယ်ဗင်ရဒ် တို့ပါဝင်ခဲ့သည်။ အိန္ဒိယ နိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန်သမ္မတ အိုဘားမားမှ အိန္ဒိယအစိုးရ အနေနှင့် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး အခြေအနေများနှင့်ပတ်သက်ပြီး ထုတ်ဖော် ပြောဆိုမှုမရှိခဲ့ခြင်းကို ပြစ်တင်ဝေဖန်ခဲ့သည်။ အာဆီယံနိုင်ငံများမှ ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိအပေါ် တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိခဲ့သော်လည်း၊ ဖိလစ်ပိုင် နိုင်ငံ သမ္မတ Benigno Aquino မှ ရွေးကောက်ပွဲသို့ မဲလာပေးသူ နည်းနေခြင်းသည် ဒေါ် အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မပေးခဲ့ခြင်းကြောင့်ဖြစ်ပြီး သူ့ကို ပြန်လွှတ်ပေးဖို့ရန် တောင်းဆိုခဲ့သည်။ တရုတ် နိုင်ငံ မီဒီယာများတွင် ထိုရွေးကောက်ပွဲသတင်းကို ကျယ်ကျယ် ပြန့်ပြန့်ဖော်ပြခဲ့သော်လည်း ဝေဖန်မှုများမရှိခဲ့ချေ။[၆၆]

ရွေးကောက်ပွဲ ဥပဒေသစ်တွင် နိုင်ငံရေးပါတီများနှင့် ချိတ်နွယ်ထားကာ ထောင်ဒဏ်ကျခံနေရသူများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိဟု ဆိုခဲ့ခြင်းကြောင့် နိုင်ငံရေး အကျဉ်းသား၂၀၀၀ ကျော်သည်လည်း ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ပေ၊ ဒေါ်စုသည်လည်း အကျဉ်းသားအဖြစ် ပါဝင်နိုင်သည် (နေအိမ်အကျယ်ချုပ်အား ထောင်ဒဏ်ကျခံသူအဖြစ် သတ်မှတ်ခြင်း မသက်မှတ်ခြင်းအပေါ် မူတည်မည်)။[၆၇][၆၈]

ရွေးကောက်ပွဲ ကျင်းပပြီး ၁၀ ရက်မြောက်တွင် စစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခွင့်ပေးခဲ့သည်။

၂ဝ၁၂ ဧပြီ ကြားဖြတ်ရွေးကောက်ပွဲ

၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် လစ်လပ်နေသော လွှတ်တော်အမတ်နေရာအသီးသီးအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ (စုစုပေါင်း ၄၃ ဦး) အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံကြရသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ဒေါ်အောင်ဆန်းဆုကြည်သည် ပြည်သူ့လွှတ်တော်တွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ကြားဖြတ်ရွေးကာက်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကော့မှူးမဲဆန္ဒနယ်တွင် ထပ်မံယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသည်လည်း ရွေးကောက်ပွဲ တစ်ခုလုံးအတိုင်းအတာဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် သမ္မတ မဖြစ်နိုင်သောကြောင့် ဦးထင်ကျော်ကို နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းကာ ဒေါ်အောင်ဆန်းစုကြည်သည နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အစိုးရ အင်္ဂါစဉ်အရ နိုင်ငံတော် သမ္မတပြီးနောက် နိုင်ငံတော်၏ ဒုတိယအကြီးအကဲ နေရာတွင် တည်ရှိသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည် ယခင်ယှဉ်ပြိုင်ခဲ့သည့် ကော့မှူးမဲဆန္ဒနယ်တွင် ထပ်မံယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည့်သူ့လွှတ်တော်၌ ၂၅၈ နေရာ၊ အမျိုးသားလွှတ်တော်၌ ၁၃၈ နေရာ နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၏ လွတ်တော်များ၌ ၅၀၁ နေရာအထိ တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည်။ ပြည်ထောင်စုလွှတ်တော်(အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်း) တွင် ရွေးကောက်ခံကိုယ်စားလှယ်စုစုပေါင်း၏ ၈၃.၂ ရာခိုင်နှုန်းအထိအနိုင်ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည် အစိုးရဖွဲ့ခွင့်ရှိအမတ်ဦးရေ ၃၂၂ ဦးထက် သာလွန်သော အမတ်ဦးရေ ရရှိသည့်အတွက် ဒုတိယအကြိမ် အစိုးရဖွဲ့စည်းခွင့်ရရှိမည်ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခံရခြင်း

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း

သို့သော် ရွေးကောက်ခံ အမတ် အသစ်များအတည်ပြမည့်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ နိုင်ငံတော် အာဏာကို မတရားသိမ်းယူခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ခံ အမတ်များ၊ ပါတီခေါင်းဆောင်များ ဖမ်းခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံခြားမှဆက်သွယ်ရေးကိရိယာများ (ICOM စကားပြောစက် ၁၀ လုံးနှင့် Jumber တစ်လုံး) ကို တရားမဝင်တင်သွင်းသည်ဟု တရားစွဲ၍ရမန်ယူခဲ့သည်။ ထိုအမှု၏ပြစ်ဒဏ်သည် ထောင်ဒဏ် ၃ နှစ် အပြင် ဒဏ်ကြေးပါပေးဆောင်ရမည်ဖြစ်သည်။[၆၉] ထို့အပြင် ဦးဖြိုးမင်းသိန်းနှင့် ဦးမောင်ဝိတ်တို့ထံမှ လာဘ်ငွေရယူခဲ့သည်ဟူ၍လည်း ထပ်မံစွပ်စွဲခဲ့သည်။ တရားရုံးချိန်းများတွင် ရှေ့နေနှင့်လည်း ပေးမတွေ့ခဲ့ပေ။နောက်ပိုင်းမှ ရှေ့နေများနှင့်တွေ့ခွင့်ရခဲ့သည်။ ဦးဖြိုးမင်းသိန်းထံမှ လာဘ်ငွေယူသည်ဆိုသော စစ်ကောင်စီ၏ စွပ်စွဲချက်နှင့် စပ်လျဉ်းပြီး  ဦးဖြိုးမင်းသိန်းက  စစ်ကောင်စီ၏ စွပ်စွဲချက်သည် ခိုင်မာကြောင်း တရားခွင်အတွင်းထွက်ဆိုခဲ့သည်။[၇၀] [၇၁] [၇၂]

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ကမူ  လာဘ်ပေး လာဘ်ယူမှုမဟုတ်ဟု တရားခွင်တွင် ငြင်းဆိုသွားကာ  ဒေါ်အောင်ဆန်းစုကြည်၏ ပရဟိတ အတွက် အမှန်တကယ် လှူဒါန်းခြင်း ဖြစ်ကြောင်း ထွက်ဆိုသွားသည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက မီဒီယာများမှတဆင့်ပြောကြားထားကြသည်။ [၇၃] [၇၄]

အာဏာသိမ်းပြီးနောက်  တရားရုံးတွင်  စွပ်စွဲထားသောအမှုများဖြစ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ အမှု၂ခု၊ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) စသည့် [၇၅]  ၁၀မှုကျော်ထဲမှ သူမ အထိန်းသိမ်းခံထားရချိန် NLD ပါတီက ၂၀၂၁ ဖေဖော်ဝါရီ ၇ရက်နေ့နှင့် ၁၃ရက်နေ့တွင် ထုတ်ပြန်သည့် စာနှစ်စောင်အတွက် တာဝန်ရှိသည်ဟုဆိုပြီး ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂နှစ်၊မဲဆွယ်ယာဉ်တန်းအား ထွက်ပြီးလက်ပြနှုတ်ဆက်ခြင်းက  ကိုဗစ်ကန့်သတ်စည်းမျဉ်းများ ဖောက်ဖျက်သည်ဟုဆိုကာ သဘာဝဘေးဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ်  ၂နှစ်  စုစုပေါင်း ထောင်ဒဏ် ၄နှစ်အား ၂၀၂၁ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့တွင် နေပြည်တော်အထူးတရားရုံးက ချမှတ်ခဲ့သည်။[၇၆]

ထိုသို့ ချမှတ်သည့်နေမှာပင် စစ်ကောင်စီက တရားရုံး၏ ချမှတ်ပြစ်ဒဏ် ထောင်ဒဏ်လေးနှစ်အနက် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ထောင်ဒဏ် နှစ်နှစ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကာ၊ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၄၁၊ ပုဒ်မခွဲ ၁ အရ ကျခံရန်ကျန်ရှိသည့် ထောင်ဒဏ် နှစ်နှစ်ကို လက်ရှိ ထိန်းသိမ်းထားသည့် နေရာမှာပင် ကျခံစေရန် အမိန့်ထုတ်ပြန်ခဲ့သည်။ [၇၇]

၂၀၂၁ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နှင့် ဒီဇင်ဘာလ ၁၇ ရက် ရုံးထုတ်ကြားနာစစ်ဆေးမှုများကစပြီး အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်ကို  ထောင်ဝတ်စုံဖြစ်သော အဖြူရောင်အင်္ကျီလက်စက၊ အညိုရောင်ထဘီကို ဝတ်ဆင်စေခဲ့သည်။စစ်အစိုးရခေတ်မှာတောင် ထောင်ဝတ်စုံမဝတ်ခဲ့ရဘဲ ယခုမှ ဝတ်ခဲ့ရသည်ဟု ဘီဘီစီသတင်းက ဖော်ပြသည်။ [၇၈] [၇၉]

ယင်းနောက် ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ တို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် (၄)နှစ် ထပ်မံချမှတ်ခဲ့ပြန်သည်။[၈၀]

ထိုအမှုများမှာ  နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်အတွင်း ပါတီစည်းရုံးရေးပြုလုပ်မှုက  လူစုလူဝေးဖြစ်စေသည်ဆိုပြီး ပြင်ပပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဦးညီညီ(ခ) ဦးထွန်းမြင့်အောင်၏ တိုင်ကြားချက်အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲထားသည့် အမှုအပေါ် ထောင်ဒဏ်နှစ်နှစ်၊ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်နေအိမ်အတွင်းရှိ အနီးကပ်လုံခြုံရေးအဖွဲ့ထံမှ Icom စကားပြောစက်ခြောက်လုံး၊ ဂိတ်ကင်းမှ Icom စကားပြောစက်သုံးလုံး၊ ကိုယ်ရေးအရာရှိအဆောင်မှ Icom စကားပြောစက်တစ်လုံးနှင့် Jumber တစ်စုံတို့အား တွေ့ရှိခဲ့သည့်အပေါ် ယင်းဆက်သွယ်ရေးပစ္စည်းများအား ခွင့်ပြုချက်မရှိဘဲ တင်သွင်းအသုံးပြုခဲ့သည်ဟုဆိုပြီး ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် ထောင်ဒဏ် နှစ်နှစ်၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ဖြင့် ထောင်ဒဏ်တစ်နှစ်၊ ဆက်သွယ်ရေးအမှု၂ခုအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်များအား တစ်ပေါင်းတည်းကျခံရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည့်အတွက် ပေါင်းစည်းထောင်ဒဏ် (၂)နှစ်ဖြင့် အမှု (၃)မှုအတွက် စုစုပေါင်း ထောင်ဒဏ်(၄)နှစ် ဖြစ်သည်။

ဆက်၍ နေပြည်တော် အထူးတရားရုံးက ၂၀၂၂ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံမှ ရွှေနှင့်ဒေါ်လာငွေများ ယူခဲ့သည်ဆိုပြီး  အဂတိမှု စွပ်စွဲချက်ဖြင့် ထောင်ဒဏ် ၅ နှစ် ထပ်မံ ချမှတ်ခဲ့သည်။ [၈၁]

ဒေါ်အောင်ဆန်းစုကြည်က ဦးဖြိုးမင်းသိန်းနှင့် ဆက်စပ်ပြီး စွဲဆိုခံထားရသည့် အဂတိမှုနှင့်ပတ်သတ်ပြီး တရားခွင်တွင် ဦးဖြိုးမင်းသိန်း၏ ပြောဆိုချက်များအပေါ် “အားလုံးက အဓိပ္ပါယ်မရှိဘူး” ဟုလည်း  မှတ်ချက်ပြုခဲ့သည်။[၈၂]

အထက်ပါ ချမှတ်ပြစ်ဒဏ်အား မကျေနပ်၍ ရှေ့နေများက အယူခံတင်သွင်းသည်ကိုပင် တရားရုံးချုပ်က လက်မခံဘဲ ပယ်ချခဲ့သည်။[၈၃]

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ၏ အာရှရေးရာဒါရိုက်တာ Phil Robertson ကဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးသည့် တရားရုံးသည် လွတ်လပ်သည့် တရားရုံး မဟုတ်၊  ကြားနာစစ်ဆေးမှုများအား လျှို့ဝှက်ပြီး လုပ်ခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများကိုလည်း ကြားနာစစ်ဆေးမှုများ ထုတ်မပြောရန် တားမြစ်ခဲ့ပြီး၊ တင်သွင်းခဲ့သည့် သက်သေအထောက်အထားများမှာလည်း ယုံကြည်လောက်စရာ မရှိဟု မှတ်ချက်ပြုခဲ့သည်။[၈၄]

၂၀၂၂ခုနှစ် ဇွန်လ ၂၂ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက နေပြည်တော်အချုပ်ထောင်သို့ ရွှေ့ပြောင်းခဲ့သည်။[၈၅]နေအိမ်အတူနေသူများမပါဘဲ သူမကို တစ်ဦးတည်းထားရှိခဲ့သည်။[၈၆] နိုင်ငံတကာအပါအဝင် အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြား ရေးဝန်ကြီး Prak Sakhonnတို့က ဒေါ်အောင်ဆန်းစုကြည်၏  အသက်အရွယ်နှင့် ကျန်းမာရေးကိုထောက်ဆပြီး နေပြည်တော် အကျဉ်းထောင်ထဲမထားဖို့   တောင်းဆိုမှုကိုလည်း စစ်ကောင်စီက  လက်မခံပယ်ချခဲ့သည်ကို တွေ့ရသည်။[၈၇] [၈၈] [၈၉]

ယင်းနောက် ၂၀၂၂ခုနှစ် ဩဂုတ်လ ၁၅ရက်နေ့တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်ပြီးရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ်နေရာငှားရမ်းမှု၊ နေပြည်တော်ရှိ လရောင်တော စီမံကိန်းမြေနေရာငှားရမ်းမှု၊ လက်တွေ့စိုက်ခင်းနေရာငှားရမ်းမှုနှင့် စီမံကိန်းအတွင်း “L” ပုံစံအဆောက်အအုံတို့နှင့် ပတ်သက်ပြီး အဂတိလိုက်စားမှုဖြင့် စွပ်စွဲကာ တရားစွဲဆိုမှု ၄ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ချခံစေရန်  နေပြည်တော်ထောင်တွင်းတရားရုံးက ချမှတ်ခဲ့ပြန်သည်။ [၉၀]

ယင်းတရားစွဲဆိုမှု ၄ မှုတွင် အမှုတမှုလျှင် ထောင်ဒဏ် ၃ နှစ်စီချမှတ်သော်လည်း နေပြည်တော်ရှိ လရောင်တောစီမံကိန်းနှင့် ပတ်သက် သည့် အမှု ၃ မှုအတွက် ထောင်ဒဏ်အား တပေါင်းတည်းကျခံစေသည့်အတွက် စုစုပေါင်း ၃ နှစ်သာကျခံရမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ ဖောင်ဒေးရှင်းရုံးချုပ်နှင့် ပတ်သက်သည့်တမှုအတွက် ထောင်ဒဏ် ၃ နှစ်နှင့်ပေါင်းပါက စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ဖြစ်သည်ဟု မီဒီယာများက ဖော်ပြကြသည်။[၉၁] [၉၂]

သူမနှင့်အတူ လရောင်တောမြေနေရာကိစ္စတွင် ပူးတွဲတရားစွဲဆိုခံရသည့် NLD အစိုးရ လက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် နေပြည်တော် စည်ပင်သာယာ ရေးကော်မတီဝင် ဦးမင်းသူတို့လည်း ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချမှတ်ခံခဲ့ရသည်ကို တွေ့ရသည်။[၉၃] [၉၄]

၂၀၂၂ စက်တင်ဘာလ ၂ရက်နေ့တွင် နေပြည်တော်အကျဉ်းထောင်အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အပေါ် မလျော်ဩဇာသုံးသည်ဆိုသောရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀ (က) စွပ်စွဲချက်ဖြင့် အလုပ်နှင့် ထောင်ဒဏ်(၃) နှစ် ထပ်မံချမှတ်ခဲ့ပြန်သည်။သူမနှင့်အတူ အမှုတွဲထဲပါသည့်  သမ္မတ ဦးဝင်းမြင့် နှင့် ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ တို့လည်း အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စီ ကျခံစေရန်   အမိန့်ချမှတ်ခံခဲ့ရသည်။ [၉၅] [၉၆] [၉၇] [၉၈]

၂၀၂၂ စက်တင်ဘာလ ၂၉ ရက် တွင် နေပြည်တော်အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေဖြင့် နောက်ထပ် ထောင်၃နှစ်ချမှတ်ခဲ့ပြန်သည်။အလုပ်ကြမ်းမပါ ထောင်ဒဏ်သက်သက်ဖြစ်ကာ သူမနှင့်အတူ ပူးတွဲတရားစွဲဆိုခံထားရသည့်  စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ် ၊ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နှင့်  ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့လည်း ထောင်ဒဏ် ၃နှစ်စီ ချမှတ်ခံခဲ့ရသည်။ ထိုအမှုကို မူလက ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက စစ်ဆေးခဲ့သော်လည်း နောက်ပိုင်း နေပြည်တော်တရားရုံးသို့ ပြောင်းစစ်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့သော အမှုဖြစ်သည်။[၉၉] [၁၀၀]

၂၀၂၂ အောက်တိုဘာ ၁၂ရက်တွင် နေပြည်တော်အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည် အပေါ်  အဂတိစွပ်စွဲချက်ဖြင့် နောက်ထပ်ထောင် ၃နှစ်ချမှတ်ခဲ့ပြန်သည်။[၁၀၁] [၁၀၂] ထိုအမှုက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ မောင်ဝိတ်နှင့် စပ်လျဉ်းပြီး  မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင်  တရားလိုလုပ်တရားစွဲဆိုထားသော အမှုအမှတ် ၃/၂၀၂၂ နှင့် ၄/၂၀၂၂ အမှုများဖြစ်သည်။[၁၀၃] မောင်ဝိတ်က ၎င်းအနေဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ငွေလှူခြင်းသာဖြစ်ကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်။[၁၀၄] အလားတူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ မောင်ဝိတ်၏ လှူဒါန်းငွေများ လွှဲပြောင်းခဲ့၍ အပြစ်မရှိကြောင်း သူမရှေ့နေများက လျှောက်လဲချက်ပေးခဲ့သည့် အမှုများဖြစ်သည်။[၁၀၅]

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ရက်တွင်  ကုလသမဂ္ဂလုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်ပြီး  ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ အချက်ပါသည့် မြန်မာ့အရေးဆုံးဖြတ်ချက်အား အတည်ပြုသည်။[၁၀၆]

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ရက်တွင် နေပြည်တော်အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား  နောက်ထပ်ထောင် ၇နှစ်ချမှတ်ခဲ့ပြန်သည်။ ထို ထောင် ၇နှစ်က NLD အစိုးရလက်ထက် သဘာဝကပ်ဘေးတုံ့ပြန်ဖို့ ရည်ရွယ်ပြီး အီတလီထုတ်ရဟတ်ယာဉ် တစ်စီး  ငှားရမ်း၊ ဝယ်ယူ၊ ပြင်ဆင်သုံးစွဲမှုတွင် လုပ်ထုံးလုပ်နည်းနှင့်မညီဟု ဆိုပြီး  စွပ်စွဲအမှုဖွင့်ခဲ့သောအဂတိအမှု(၅)မှုအတွက်ဖြစ်သည်။[၁၀၇]စစ်ကောင်စီ၏စွပ်စွဲချက်များအား ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသူ တို့က  ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးဝင်းမြင့်တို့မှနေ၍  သက်သေများအနေဖြင့် အပြစ်မရှိကြောင်း ထွက်ဆိုကြသည်။[၁၀၈] ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှု ၁၉ မှုဖြင့် တရားစွဲခဲ့ပြီး ကျခံထားရသည့်  ထောင်ဒဏ်အရေအတွက် စုစုပေါင်းမှာ ထောင်ဒဏ် ၃၃ နှစ် ဖြစ်သည်။ [၁၀၉]

၂၀၂၃ ဩဂုတ် ၁ရက်တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ်၊ ၄၈ / ၂၀၂၃ ဖြင့်  ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ဆိုင်ရာ တရားရုံးများက ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ်၊ ၃၅/၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ်၊ ၃၇/၂၀၂၁ ရာဇဝတ်မှုကြီးအမှတ်၊ ၇၁/၂၀၂၁ ၊ ရာဇဝတ်မှုကြီး အမှတ်၊ ၃၈/၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ်၊ ၄၅/၂၀၂၁ တို့၏ ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်း သက်သာခွင့်ပြုသည်။ [၁၁၀] [၁၁၁]

ဒေါ်အောင်ဆန်းစုကြည် နှင့် ဟယ်လာရီကလင်တန်တို့ ညစာစားပွဲအပြီးတွင် တွေ့ရစဉ်၊ နှစ် ၅၀ အတွင်း ပထမဦးဆုံး အမေရိကန်နိုင်ငံအကြီးအကဲတစ်ဦးမှ လည်ပါတ်ခြင်းဖြစ်သည်[၁၁၂]

နိုင်ငံများ

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် အမေရိကန် အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား ချုပ်ရက်သက်တမ်းတိုးတိုးခြင်း မြန်မာအစိုးရအား ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါရန် ဖိအားပေးလေသည်။

၂၀၀၅ ခုနှစ် ဇွန် ၁၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၀၅ ခုနှစ် ဇွန် ၁၉ ရက်နေ့တွင် ကျရောက်သော သူ၏နှစ် ၆၀ ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံအချို့ရှိ မြန်မာသံရုံးများရှေ့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ နိုင်ငံတကာမှလည်း ဆန္ဒပြမှုများကို အသိအမှတ် ပြုခဲ့ကြသည်။

၂၀၀၅ ခုနှစ် နိုဝင်ဘာနှောင်းပိုင်းတွင် အမေရိကန်အစိုးရသည် သံတမန်နည်းလမ်းဖြင့် ထပ်မံ၍ ဖိအားပေးပြန်သည်။ မြန်မာနိုင်ငံ၏ ယိုယွင်းလျက်ရှိသော အခြေအနေကို ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီတွင် နိုင်ငံစုံမှ အရေးယူခြင်းပြုလုပ်ရန်နှင့် လုံခြုံရေးကောင်စီ၏ တရားဝင်ဆွေးနွေးရန်ကဏ္ဍတွင် ထည့်သွင်းပေးပါရန် ပြင်းထန်စွာ တိုက်တွန်းလာသည်။ ဤလှုပ်ရှားမှုသည် ဒေါ်အောင်ဆန်းစုကြည်အားထပ်မံ၍ တစ်နှစ်တိတိ ချုပ်ရက်တိုးမြှင့်ရာမှ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် လုံခြုံရေးကောင်စီ၏ ဆွေးနွေးရေးလုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံအရေးကိစ္စကို ထည့်သွင်းရန်သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

အဖွဲ့အစည်းများ

ဒေါ်အောင်ဆန်းစုကြည်သည် စတင်ထိန်းသိမ်းခံရစဉ်မှစ၍ International IDEA နှင့် Article 19 တို့၏ ဂုဏ်ထူးဆောင် ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ထားခြင်းခံခဲ့ရပြီး ၎င်းအဖွဲ့ကြီးများ၏ ကူညီထောက်ပံ့မှုကို ရရှိခဲ့သည်။

ဘယ်ဂျီယံနိုင်ငံတွင် တည်ရှိသော ကက်သလစ်တက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Doctor Honoris Causa)ကို အပ်နှင်းခြင်းခံရသည်။[၁၁၃] နှစ်စဉ် ဇွန်လတွင် အမေရိကမှ မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့ (US Campaign for Burma) မှ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေး သည့်အနေနှင့် ‘ကိုယ့်ကိုယ်ကို ဖမ်းချုပ်ကြ’ ဟူသည့် ကြွေးကြော်သံဖြင့် ကမ္ဘာအနှံ့အိမ်များတွင် ၎င်းဧည့်ခံပွဲများ ပြုလုပ်ကျင်းပကြသည်။ ဤပါတီပွဲများတွင် စည်းရုံးလှုပ်ရှားသူများသည် တစ်ရက်တာ ၂၄ နာရီအတွင်း အိမ်တွင်း၌ နေကြပြီး မိတ်ဆွေများအား ဖိတ်ကြားပြီးလျှင် မြန်မာနိုင်ငံနှင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်းတို့ကို လေ့လာဆွေးနွေးကြသည်။[၁၁၄]

လူ့အခွင့်အရေးလှုပ်ရှားမှု ဗဟိုဌာန Human Rights Action Center နှင့် အမေရိကမှ မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့ (US Campaign for Burma) တို့၏ ပူးပေါင်းလှုပ်ရှားမှုဖြစ်သော လွတ်မြောက်ရေးတိုက်ပွဲလှုပ်ရှားမှုမှ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံသားများ၏ ကြိုးပမ်းတိုက်ပွဲဝင်မှုများကို ကမ္ဘာမှ မျက်ခြေမပြတ် သတိရနေစေရန် အားထုတ်ကြသည်။

သူမ ပညာသင်ခဲ့သော စိန့်ဟူးစ်ကောလိပ်၊ အောက်စဖို့တက္ကသိုလ် နှစ်စဉ်ကျင်းပလေ့ရှိသော ကပွဲအခမ်းအနားတွင် မြန်မာနိုင်ငံက ကဏ္ဍတစ်ခုကို ထည့်သွင်းလေ့ရှိသည်။[၁၁၅]

၂၄ နှစ်အတွင်း ကနဦး ပြည်ပခရီးစဉ်များ

ဒေါ်အောင်ဆန်းစုကြသည် ၂၄နှစ်အတွင်း နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသည့် အချိန်များတွင်၊ သူ လွတ်မြောက်လာပါက ပထမဦးဆုံးသွားလိုသည့် ခရီးစဉ်သည် နော်ဝေနိုင်ငံဖြစ်ကြောင်း အမြဲပြောဆိုခဲ့သော်လည်း၊ သူ၏ ပထမဦးဆုံးခရီးစဉ်သည် ထိုင်းနိုင်ငံသို့ဖြစ်ခဲ့သည်။

ထိုင်းနိုင်ငံ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲ

၂၄ နှစ်အတွင်း ပထမဦးဆုံး ပြည်ပခရီးအစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့သည်။ ထိုင်းနိုင်ငံသို့ လာရောက်မည်ကို ထိုင်းအစိုးရ နှင့် နိုင်ငံခြာရေးဝန်ကြီးဌာနသို့သတင်းမပေးခဲ့ဘဲ စီးပွားရေး နှီးနှောဖလှယ်ပွဲသို့ သာမန် တက်ရောက်လာသည့် ပုဂ္ဂိုလ်အဖြစ် ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှလည်း ထိုနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန် ရှိခဲ့သော်လည်း၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဟု သတင်းထွက်ခဲ့သည့်နောက်ပိုင်း၊ အကြောင်းပြချက် မရှိဘဲ မတက်ရောက်နိုင်ဟုဆိုကာ ထုတ်ပြန်ခဲ့သည်။ ဦးသိန်းစိန်သည် သွားရောက်ရန် အချိန်မပေးနိုင်ခဲ့ခြင်းကြောင့်ဟု ဆိုကာ၊ အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ဦးနေဇင်လတ်မှ နယူးယောက်တိုင်းမ် သို့ အီးမေးလ်ဖြစ် ပြောဆိုခဲ့သည်။[၁၁၆] ဒေါ်အောင်ဆန်းစုကြည် မယ်လစခန်းသို့လည်း သွားရောက်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများ၊ ဒုက္ခသည်များနှင့်လည်း တွေ့ဆုံခဲ့သည်။

ဥရောပ နှင့် နိုဘဲလ်ဆု

ဒေါ်အောင်ဆန်းစုကြည်မှ ဇွန်လ ၁၃ ရက်နေ့ ၂၀၁၂ ခုနှစ်တွင်၊ ဥရောပ ၅ နိုင်ငံကို သွားရောက်လည်ပါတ်ရန် ခရီးစဉ်စတင်ခဲ့သည်။

ဆွစ်ဇာလန် ခရီးစဉ်

ဂျီနီဗာမြို့တွင်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့သို့ ဥရောပ၏ ပထမဦးဆုံးခရီးစဉ် နိုင်ငံအဖြစ် ဇွန်လ ၁၄ ရက် ဗုဒ္ဓဟူးနေ့ ညနက်ပိုင်းတွင်စတင်ရောက်ရှိခဲ့သည်။ နောက်တနေ့၌ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် ဆွဇ်ဇာလန် နိုင်ငံမြို့တော် ဘာ့န်၌ နိုင်ငံခြားရေး ဝန်ကြီး Didier Burkhalter နှင့်တွေဆုံခဲ့သည်။[၁၁၇] အချိန်ကွာခြားမှုများနှင့် ခရီးဝေးပျံသန်းမှုများကြောင့် ပင်ပန်းနွမ်းနယ်နေသည့် ဒေါ်စုသည် ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးနှင့် အတူ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် အော့အံခဲ့ပြီး၊ သတင်းစာရှင်းလင်းပွဲ အစီအစဉ်အား ဖျက်သိမ်းခဲ့ရသည်။[၁၁၈] ဆွစ်သမ္မတ၏ ဖိတ်ကြားချက် တက်ရောက်သူများ ၈၀ နှင့်အတူ ဧည့်ကြိုပွဲသို့ ခဏတာ တက်ရောက်ခဲ့ပြီး၊ သူမအတွက် အထူးစီစဉ်ထားသည့် ညစာစားပွဲအား ခရီးပန်းမှုများကြောင့် ဖျက်သိမ်းခဲ့ရသည်။ သောကြာနေ့တွင် ပါလီမန်သို့ သွားရောက်ခဲ့ပြီးနောက် နော်ဝေးသို့ ခရီးဆက်တင်ခဲ့သည်။

နော်ဝေ ခရီးစဉ်

၁၉၉၁ ခုနှစ်တွင် ပေးအပ်ခဲ့သည့် နိုဘဲလ် ငြိမ်းချမ်းရေးဆု ဒီပလိုမာ လက်မှတ်အား တွေ့ရစဉ်[၁၁၉]

၁၉၉၁ ခုနှစ်တွင် နိုဘဲလ် ငြိမ်းချမ်းရေးဆုပေးအပ်ခဲ့ချိန်တွင် သားနှစ်ဦးနှင့် ခင်ပွန်းတို့မှ ဒေါ်စုကိုယ်စား လက်ခံရယူခဲ့ပြီးနောက်ပိုင်း၊ ၂၁ နှစ်ကြာခဲ့သည့်အချိန်မှသာ ပထဦးဆုံး သူကိုယ်တိုင် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုဆုပေးပွဲတွင် နော်ဝေနိုဘဲလ်ကော်မတီမှ အော်စလိုမြို့တော်ခန်းမတွင် ဒေါ်အောင်ဆန်းစုကြည်အား တိုက်ရိုက် လက်မှတ်ပေးအပ်နိုင်ခဲ့သည်။

၁၇ရက်နေ့တွင် နော်ဝေနိုင်ငံရှိ ရဖ်တို လူ့အခွင့်အရေး အဖွဲ့တည်ရှိသည့် ဘာဂန်မြို့တော်တွင် တွေ့ဆုံခဲ့သည်။ ၁၈ရက်နေ့တွင် အော်စလိုဖိုရမ်၌ ဒေါ်အောင်ဆန်းစုကြည်၊ နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoere နဲ့ U2 တေးဂီတအဖွဲ့ ခေါင်းဆောင် အဆိုတော် ဘိုနို တို့မှ အဓိက ဦးဆောင်ဆွေးနွေးကြသူများအဖြစ် ပါဝင်ခဲ့သည်။

အိုင်ယာလန် ခရီးစဉ်

၁၈ရက်နေ့တွင်ပင် အိုင်ယာလန်သို့ ခရီးဆက်တင်ခဲ့သည်။ ၂၀၀၉ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ကြီးမှ ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ခဲ့သည့် ယုံကြည်မှုဆိုင်ရာ သံတမန် ဆိုသည့်ဆုကြီးကို ယူတူးတေးဂီတ အဖွဲ့မှအဆိုတော် ဘိုနိုမှ ချီးမြှင့်ခဲ့သည်။ ထို့နေ့ ညနေတွင် ယူနိုက်တက်ကင်းဒမ်းသို့ ခရီးဆက်တင်ခဲ့သည်။

ယူနိုက်တက် ကင်းဒမ်း ခရီးစဉ်

၁၉ရက်နေ့ မနက်ပိုင်းတွင် လန်ဒန်စီးပွားရေး နှင့် နိုင်ငံရေးသိပ္ပံ တက္ကသိုလ်၌ တရားဥပဒေစိုးမိုးရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီးနောက်၊ ဘီဘီစီ မြန်မာပိုင်းဌာနနှင့် ဘီဘီစီ ကမ္ဘာတလွှား အသံလွှင့် ဌာန တည်ရှိရာ အသံလွှင့်ရုံးသစ် ကြီးဆီသို့ လည်ပါတ်ခဲ့သည်။ ထိုနေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်မြောက် မွေးနေ့ဖြစ်သောကြောင့် ရောက်ရှိခဲ့သည့် နေရာတိုင်းတွင် သူမအတွက် မွေးနေ့ပွဲများ ကျင်းပပေးခဲ့ကြသည်။ ထို့နေ့ ညနေပိုင်းတွင် သူမနေထိုင်ခဲ့ဘူးသည့် အောက်စ်ဖို့ဒ်၌ မိသားစုဝင်များနှင့်အတူ မွေးနေ့ပွဲ ကျင်းပခဲ့သည်။

၂၀ရက်နေ့တွင်၊ အောက်စဖို့ တက္ကသိုလ် St Hugh's College ၏ကျောင်းသူ ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ၁၉၉၃ခုနှစ်၌ ပေးအပ်ခဲ့သည့် ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့အား ရှယ်လ်ဒိုးနီးယန်း ဇာတ်ရုံ ဘွဲ့နှင်းသဘင် ခန်းမ၌ တက်ရောက်လက်ခံရယူခဲ့သည်။[၁၂၀]

၂၁ ရက်နေ့တွင် ဗြိတိန်ဝန်ကြီးချုပ်၏ အမှတ် ၁၀ ဒေါင်းနင်းလမ်း နေအိမ်၌ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း နှင့် တွေ့ဆုံကာ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ထို့နောက် ဗြိတိသျှပါလီမန် နှစ်ရပ်စလုံး၌ မိန့်ခွန်းပြောကြားရန် Westminster ပါလီမန် ခန်းမကြီးထဲ၌ ပုံမှန်အားဖြင့် နိုင်ငံခေါင်းဆောင်တွေကိုသာ မိန့်ခွန်းပြောကြားခွင့်ရှိသော်လည်း၊ နိုင်ငံတော် သမ္မတ မဟုတ်သေးသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဦးဆုံး အထူး ဂုဏ်ပြုသည့်အနေနှင့် ထိုခန်းမကြီး၌ မိန့်ခွန်းပြောကြားခွင့် ပေးခဲ့ခြင်းဖြစ်သည်။ ထိုဂုဏ်ထူးဆောင်ခန်းမကြီးတွင် မိန့်ခွန်းပြောခွင့်ရသူများတွင် ချားလ်စ်ဒီဂေါနဲလ်ဆန်မန်ဒဲလား၁၆ကြိမ်မြောက် ပုပ်ရဟန်းမင်းကြီး နှင့် ဘာရက် အိုဘားမားတို့ ဖြစ်ကြသည်။ ဒေါ်စုသည် ပထမဦးဆုံး အာရှနိုင်ငံသား နှင့်၊ ပြည်ပမှ ပထမဦးဆုံး အမျိုးသမီး၊ နိုင်ငံခေါင်းဆောင်မဟုတ်သေးသူတစ်ယောက်ကို ဤနေရာ၌ ဂုဏ်ပြုမိန့်ခွန်းပြောကြားခွင့်ပေးခြင်းဖြစ်သည်ဟု ဂျွန်ဘာကောင်း မှ အဖွင့်အမှာစကားပြောကြာခဲ့သည်။ ဇွန်လ ၂၂ရက်နေ့တွင် ဗြိတိန်ရောက် မြန်မာများနှင့်လည်း လန်ဒန်တွင် တွေ့ဆုံခဲ့သည်။

ပြင်သစ် ခရီးစဉ်

ပြင်သစ် သမ္မတ ဖိတ်ကြား ချက်အရ၊ ဗြိတိန်ခရီးစဉ်မှ ပြင်သစ် ပါရီမြို့သို့ ရထားဖြင့် ဇွန်လ်၂၆ရက် အင်္ဂါနေ့၌ ရောက်ရှိခဲ့သည်။ ထိုနေ့ညနေပိုင်းတွင် ပြင်သစ်သမ္မတနှင့် တွေ့ဆုံခဲ့သည်။ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်း၌ ၂ဝဝ၄ ခုနှစ်တွင် ပါရီမြို့မှ ပေးအပ်ခဲ့သည့် ဂုဏ်ထူးဆောင် မြို့သူ ဆုကို မြို့တော်ဝန် ဆီမှ လက်ခံ ရယူခဲ့သည်။ ၂၇ရက် မနက်ပိုင်းတွင် ဥရောပရောက် မြန်မာနိုင်ငံသားများနှင့်လည်း တွေ့ဆုံပြီး မေးခွန်းများ အမေးအဖြေပြုလုပ်ခဲ့သည်။ မိုနာလီဇာ ပန်းချီကား နှင့် အခြားအနုပညာလက်ရာများတည်ရှိရာ ပါရီပြတိုက်များသို့ သွားရောက်ကြည့်ရှုခဲ့သည်။ ၂၉ ရက်နေ့၌ ဥရောပခရီးစဉ် ပြီးဆုံးကာ မြန်မာနိုင်ငံသို့ ပြန်လည် ခရီးထွက်ခွာခဲ့သည်။ [၁၂၁]

မြန်မာဟု အသုံးပြုရန်

၂၉ ရက် ဇွန်လ ၂၀၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များတွင် မြန်မာနိုင်ငံကို အင်္ဂလိပ်ဘာသာစကားဖြင့် ဘားမား ဟု ခေါ်ဝေါ် သုံးနှုန်းခဲ့သည့်အပေါ် မြန်မာလို့သာ သုံးနှုန်း ပြောဆိုရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သတိပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှ အင်္ဂလိပ်လို မြန်မာလို့ မခေါ်ဆိုခြင်းသည် စကားလုံးကို ဆန့်ကျင်ကန့်ကွက်ခြင်းမဟုတ်ဘဲ စစ်အစိုးရမှ လူထု၏ဆန္ဒကို မရယူခဲ့ဘဲ ကိုယ့်သဘောနှင့်ကိုယ် အမည်ပြောင်းလည်းခဲ့ခြင်းကို မကြိုက်ခြင်းကြောင့် အသုံးမပြုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။[၁၂၂]

အမေရိကန်ပြည်ထောင်စု နှင့် ကွန်ဂရက်ရွှေတံဆိပ်

အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွင် အိမ်ဖြူတော်၌ သမ္မတအိုဘားမားနှင့်တွေ့ဆုံစဉ်

ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် သူမ၏အမေရိကန်နိုင်ငံခရီးစဉ်ကို စတင်လိုက်ပြီး ဝါရှင်တန်ဒီစီနယူးယောက်ဖို့ဝိန်းလူးဝစ်ဗီးလ်ဆန်ဖရန်စစ္စကိုနှင့် လော့စ်အိန်ဂျယ်လိစ်မြို့ကြီးများသို့ ရောက်ရှိခဲ့သည်။ ၂ဝဝ၈ ခုနှစ်၌ ချီးမြှင့်သော အမေရိကန်ပြည်ထောင်စု အမြင့်ဆုံးဆုဖြစ်သည့် ကွန်ဂရက်ရွှေတံဆိပ် ဆု၊ Atlantic Council မှပေးအပ်သည့် ကမ္ဘာ့နိုင်ငံသားဆု၊ Asia Society မှပေးအပ်သည့် Global Vission ဆု၊ ဆန်ဖရန်စစ္စကို တက္ကသိုလ်ကပေးအပ်သည့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့နှင့် National Endowment For Democracy (NED) မှ ၂ဝဝဝ ပြည့်နှစ်ကတည်းက ပေးအပ်ထားသည့် ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ဆယ်နှစ်ပြည့် ဂုဏ်ပြုရုပ်တုကို ကိုယ်တိုင်လက်ခံရယူခဲ့သည်။[၁၂၃] ထိုခရီးစဉ်တွင် အမေရိကန်သမ္မတ အိုဘားမားနှင့် အိမ်ဖြူတော်တွင်တွေ့ဆုံခြင်း၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုလည်း နယူးယောက်မြို့၌ တွေ့ဆုံခဲ့သည်[၁၂၄]။ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံခရီးစဉ်နှင့် တိုက်ဆိုင်နေခြင်း၊ သမ္မတဦးသိန်းစိန်၏ ကုလသမဂ္ဂမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးဂုဏ်ပြုစကားပြောကြားခြင်း၊ သမ္မတဦးသိန်းစိန်တည်းခိုရာသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်တွေ့ဆုံခြင်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်တွေ့ဆုံခြင်း၊ မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ ပိတ်ဆို့မှုများ ဖယ်ရှားခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကွန်ဂရက်ရွှေတံဆိပ်ဆု လက်ခံရယူပွဲတွင် မြန်မာအစိုးရဝန်ကြီး ဦးအောင်မင်းတက်ရောက်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံရောက် မြန်မာများ တွေ့ဆုံခြင်း၊ သမိုင်းဝင်မိန့်ခွန်းများပြောကြားခြင်း စသည့် အပြုသဘောဆောင်သော ဖြစ်ရပ်များနှင့် ပြည့်နှက်နေခဲ့သည်။[၁၂၅]

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ခရီးစဉ်တွင် မြန်မာ့ဒီမိုကရေစီအရေးတွင် ကူညီခဲ့ကြသူများကို ကျေးဇူးတင်ကြောင်း ကိုယ်တိုင်လာရောက်ပြောဆိုလိုခြင်း၊ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံလိုခြင်းတို့ကို ခရီးစဉ်၏ရည်ရွယ်ချက်အဖြစ် မိန့်ကြားပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်သည် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်တွင် အဆုံးသတ်ခဲ့သည်။ အောက်တိုဘာလ ၄ ရက်တွင် ကိုရီးယားလေကြောင်းလိုင်းဖြင့် မြန်မာပြည်သို့ပြန်ခဲ့ရာ၌ ည (၉:၅၅)နာရီတွင် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ အနုပညာရှင်များနှင့် ပြည်သူလူထုကြီးက ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ည ၁၁ နာရီခန့်တွင် နေအိမ်သို့ရောက်ရှိပြီး၊ အိမ်ရှေ့၌ စောင့်ဆိုင်းကြိုဆို၊ နှုတ်ဆက်နေကြသည့် ပြည်သူလူထုအား နှုတ်ဆက်စကား၊ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ပေါ်ပြူလာ မီဒီယာ

၂၀၁၂ ခုနှစ်ထုတ် Ms. မဂ္ဂဇင်း မျက်နှာဖုံးတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်

ရုပ်ရှင်

  • ရန်ကုန်အလွန်’(Beyond Rangoon)- ၁၉၉၅ ခုနှစ်တွင် ဂျွန်ဘော်မင်းရိုက်ကူးခဲ့သည့် ရုပ်ရှင်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အား သိသာစွာ ဖော်ထုတ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်အဖြစ် တေးဂီတပညာရှင် ဒေးဗစ်ဘိုင်း၏ ယခင်အိမ်ထောင်ဘက်ဖြစ်သူ အေဒယ်လုဒ်မှ သရုပ်ဆောင်ထားသည်။ ဆက်ဆိုဖုန်းပညာရှင် တေးရေးဆရာ ဝိန်းရှောတာသည် ၎င်း၏ သီချင်းတစ်ပုဒ်ကို ‘အောင်ဆန်းစုကြည်’ ဟု အမည်ပေးထားသည်။ ၎င်းနှင့် ဟာဘီဟင်ဘော့စ်တို့ နှစ်ဦး၏ ၁၉၉၇ ခုနှစ်ထုတ် ပလပ်စ်ဝမ်းအယ်လ်ဘမ်တွင် အဆိုပါသီချင်း ပါဝင် လူသိများခဲ့သည်။
  • ကြောက်ရွံ့မှုမရှိသော အမျိုးသမီး - အောင်ဆန်းစုကြည်- (Aung San Suu Kyi - Lady of No Fear)’၅၈ မိနစ်ကြာ ဒေါ်အောင်ဆန်းစုကြည်၏ ဖြစ်ရပ်မှန်များကို ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်ကား -Denmark 2010, 58 min.A Kamoli Films Production, by Anne Gyrithe Bonne
  • ‘သည်အမျိုးသမီး’(The Lady)- ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ခင်ပွန်းသည် မိုက်ကယ်အဲရစ်တို့၏ ဘဝဇာတ်ကြောင်းကို အခြေခံသည့် အချစ်ရုပ်ရှင်ဇာတ်ကားတစ်ခုကို ၂၀၁၀ ခုနှစ် အောက်တိုဘာလမှ ၂၀၁၁ ခုနှစ် ဇန်နဝါရီလအတွင်း ရိုက်ကူးခဲ့ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာအနှံ့တွင် ပြသခဲ့သည်။[၁၂၆] ဤဇာတ်ကားတွင် မလေးရှားနိုင်ငံသူ ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် မီရှဲလ်ယို့ဟ် (Michelle Yeoh) မှ ဒေါ်အောင်ဆန်းစုကြည်၊ အင်္ဂလန်နိုင်ငံသား ဒေးဗစ်သျူးလစ် (David Thewlis) မှ ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းသည် မိုက်ကယ် အဲရစ် အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။ [၁၂၇]

ဂီတ

  • ဆက်လျှောက်(Walk On)- ၂၀၀၁ ခုနှစ်တွင် အိုင်းရစ်ရော့ခ်တေးဂီတအဖွဲ့ယူတူးတွင် သီဆိုသူ ဘိုနို၏ လက်ရာဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အား ရည်မှန်း၍ စပ်ဆိုထားသည့် အခွေလည်း ထွက်ခဲ့သည်။ ၂၀၀၄ ခုနှစ်မှ အနုပညာရှင်စုံတို့မှ ‘ဝေါ့ခ်အွန်’ သီချင်းကို သရုပ်ဖော်ထားသည့် ‘ဟေဒယ်လေဒီ’ ဟူသည့် အခွေမှာ စစ်အစိုးရ၏ ပိတ်ပင်ခြင်း ခံခဲ့ရသည်။ ဇွန် ၁၉ ရက်နှင့် ၂၁ ရက်တို့တွင် လန်ဒန်နှင့် ဂလပ်စ်ဂေါအသီးသီးတို့၌ ကျင်းပခဲ့သော ဗာတီဂိုနယ်လှည့်ဖျော်ဖြေပွဲများတွင် ယူတူးအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်း၍ ‘ရမ်းနင်းတူစတန်းစတေးလ်’(Running to stand still) ဟူသော တင်ဆက်မှုကို ပြုလုပ်ခဲ့သည်။ အခြားအနုပညာ ရှင်များဖြစ်ကြသည့် ဘလက်ဟိုင်းပီးစ်၊ ကိုးပလေး၊ ဒါမီးယမ်းရိုက်စ် နှင့် အားအီးအမ်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အား လူသိရှင်ကြား ထောက်ခံအားပေး ခဲ့ကြသည်။
  • ‘မတီးခက်ရသေးသည့် စန္ဒယား’(Unplayed piano)- အောင်ဆန်းစုကြည်၏ နှစ် ၆၀ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ရိုက်စ်၏ လီစာဟဲန်ဂန်းနှင့် ပူးတွဲထုတ်လုပ်ခဲ့သည့် တေးသရုပ်ဖော် ဗီဒီယို ကို ယူကေ၌ ၂၀ ဇွန်လ ၂၀၀၅ နှင့် အိုင်ယာလန်၌ ၁၇ ဇွန်လ ၂၀၀၅ ခုနှစ်တွင် စတင်ရောင်းချခဲ့သည်။ ဒေမီယံ မြန်မာနိုင်ငံသို့ ၂၀၀၄ ခုနှစ်တွင် အလည်အပါတ်ရောက်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးသားခဲ့ပြီး၊ ရောင်းရသည့်အမြတ်စွန်းငွေကို မြန်မာနိုင်ငံအတွက် အသုံးချခဲ့သည်။[၁၂၈]
  • ၂၀၀၃ ခုနှစ်၏ ဥရောပ အမ်တီဗီ ဂီတဆု ချီးမြှင့်ပွဲတွင် သူ့အား ‘ဖရီးယော်မိုင်းဒ်’ ဟူသည့် ဆုကို ချီးမြှင့်ခဲ့သည်။
  • ၂၀၀၆ ခုနှစ်တွင် နယူးစတိတ်မင်း မဂ္ဂဇင်း၏ စုစည်းတင်ပြသည့် ‘ကျွန်ုပ်တို့ခေတ်၏ သူရဲကောင်း’ စာရင်းတွင် သူ့အား ထိပ်ဆုံးအမှတ် ၁ နေရာအဖြစ် ရွေးချယ်ခဲ့သည်။
၂၀၁၁ ပဲခူးခရီးစဉ်တွင် ထောက်ခံအားပေးသူများကို နှုတ်ဆက်နေစဉ်။

ကျန်းမာရေး

နေအိမ်အကျယ်ချုပ်ကျနေစဉ်ကာလအတွင်း မီးယပ်ရောဂါကြောင့် ၂၀၀၃ ခုနှစ် စက်တင်ဘာလတွင် အာရှတော်ဝင်ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။[၁၂၉] ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ခြေထောက် ခွဲစိတ်မှုနှင့် ၂၀၁၆ ခုနှစ် ဧပြီလတွင် မျက်စိခွဲစိတ်မှုများလည်း ပြုလုပ်ခဲ့ရသည်။[၁၃၀] ၂၀၁၂ ခုနှစ် ဇွန်လတွင် သူမ၏ ဆရာဝန်ဖြစ်သူ ဒေါက်တာ တင်မျိုးဝင်းက ဒေါ်အောင်ဆန်းစုကြည်တွင် ကြီးမားသော ကျန်းမာရေးပြဿနာများမရှိသော်လည်း ကိုယ်အလေးချိန် ၄၈ ကီလိုဂရမ် (၁၀၆ ပေါင်) သာရှိခြင်း၊ သွေးပေါင်ကျခြင်းများကြောင့် အလွယ်တကူ ကျန်းမာရေးချို့ယွင်းနိုင်ကြောင်း ဆိုခဲ့သည်။[၁၃၁] တမ်းပလိတ်:Clearleft

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထိန်းသိမ်းခံရပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ယိုယွင်းလာခဲ့သည်။[၁၃၂][၁၃၃] သို့သော်လည်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် အထူးအလေးထားကြောင်း ပြောဆိုခဲ့သည်။[၁၃၄] ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းကလည်း "ဒေါ်အောင်ဆန်းစုကြည်သည် စိတ်ရောကိုယ်ပါ ကျန်းမာလျက်ရှိသည်" ဟု ပြောဆိုခဲ့သည်။[၁၃၅]

၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် သူမ၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနေပြီး သွားကိုက်ခြင်းနှင့် အစာမစားနိုင်ခြင်းများ ခံစားရလျက်ရှိသည်။ သွားဆရာဝန်နှင့် ပြသရန် တောင်းဆိုမှုမှာလည်း ငြင်းဆိုခြင်းခံရသည်။ သူမ၏ သားဖြစ်သူက ဒေါ်အောင်ဆန်းစုကြည်အတွက် ဆေးကုသမှုပြုလုပ်ပေးရန် စစ်ကောင်စီအား တောင်းဆိုလျက်ရှိသည်။[၁၃၆][၁၃၇]

ရရှိခဲ့သည့် ဆုများ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အောင်ဆန်းစုကြည် ရရှိခဲ့သည့် ဆုများ

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာမှ အသိအမှတ် ဂုဏ်ပြုသည့် ဆုများရာကျော်ရှိသည်။ ရရှိသော ဆုများ၏ ငွေကြေးများကို မြန်မာပြည်သူများ၏ ပညာရေး နှင့် ကျန်းမာရေး(ကဏ္ဍ)အတွက် လှူဒါန်းလေ့ရှိသည်။ နိုဘဲလ်ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁.၃သန်းကိုလည်း မြန်မာပြည်သူများ၏ ပညာရေး နှင့် ကျန်းမာရေးအတွက် ရန်ပုံငွေမတည်နိုင်ရန် လှုဒါန်းခဲ့သူလည်းဖြစ်သည်။

စဉ် ခုနှစ် ရရှိခဲ့သည့် ဆု အမည် ပေးအပ်သည့် ဌာန နိုင်ငံ ဆုကြေး
၁၉၉၀ သိုးရော်ဖ် ရွပ်ဖ်တို ဆု ရဖ်တို လူ့အခွင့်အရေး ဖောင်ဒေးရှင်း  နော်ဝေ
၁၉၉၁ စက်ခါရော့ဗ်ဆု ဥရောပ ပါလီမန်  ပြင်သစ် ၅၀ ၀၀၀ ယူရို
၁၉၉၁ နိုဘဲလ် ငြိမ်းချမ်းရေးဆု နိုဘဲလ် ကော်မတီ  နော်ဝေ ၆ ၀၀၀ ၀၀၀ ဆွီဒင် ခရုံနာ
၁၉၉၆ Companion of the Order of Australia  ဩစတြေးလျ
၂၀၀၀ လွတ်ငြိမ်းချမ်းသာခွင့် သမ္မတ ဆု
၂၀၀၂ မဒန်ဂျိတ် ဆင့်ဂျ် ဆု (Madanjeet Singh Prize) ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှု (UNESCO)
၂၀၀၂ A Doctor of Laws honoris causa Memorial University of Newfoundland  ကနေဒါ
၂၀၀၄ ဂွမ်ဂျူး လူ့အခွင့်အရေးဆု (Gwangju Prize for Human Rights)  တောင်ကိုရီးယား
၂၀၀၇ Honorary Canadian citizenship  ကနေဒါ
၂၀၀၇ အိုလွတ်ဖ် ပါလ်မယ် ဆု (Olof Palme Prize) အိုလွတ်ဖ် ပါလ်မယ် မိသားစု နှင့် ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ထူထောင်မှု  ဆွီဒင် ၇၅ ၀၀၀ အမေရိကန် ဒေါ်လာ
၁၀ ၂၀၀၈ ကွန်ဂရက် ရွှေတံဆိပ်ဆု Congressional Gold Medal) [၁၃၈] United States Congress  အမေရိကန်

ထူထောင်ခဲ့သည့် ရန်ပုံငွေများ

  • အောင်ဆန်းစုကြည် ကမ္ဘာ့လွတ်မြောက်ရေး ရန်ပုံငွေ- အမည်ပေးထားသည့် ရန်ပုံငွေကို နော်ဝေအခြေစိုက် အစိုးရမဟုတ်သည့် Partnership For Change အဖွဲ့၊ နော်ဝေ မီဒီယာအဖွဲ့ကြီးတစ်ခုဖြစ်သည့် HippieMedia၊ နော်ဝေဝန်ကြီးချုပ်ဟောင်း မစ္စတာ ဘိုနဗစ်နှင့် နော်ဝေရောက် မြန်မာအသိုင်းအဝိုင်းတို့ ပါဝင်ထူထောင်ခဲ့ကြသည်။ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် အဖြစ်ပေးအပ်ခဲ့ပြီးနောက် ဒေါ်စုမှ လက်မှတ်ထိုး အတည်ပြုပေးခဲ့သည်။ ဇွန်လ ၁၆ ရက်နေ့၌ အော်စလိုမြို့တွင် ရန်ပုံငွေအမေရိကန် ဒေါ်လာ ၁ သန်းနှင့် စတင် မတည်ခဲ့သည်။[၁၃၉]
  • Prospect Burma- မြန်မာနိုင်ငံသားများနှင့် ပြည်ပရောက် ဒုက္ခသည်များ ပညာရေးဆက်လက်သင်ယူနိုင်ရန် ပညာသင်ငွေကြေးများ ထောက်ပံ့ပေးသည့် ရန်ပုံငွေအဖွဲ့ကြီးဖြစ်သည်။ ထိုရန်ပုံငွေတွင် ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သည့် ၁၉၉၁ နိုဘဲလ် ငြိမ်းချမ်းရေးဆု နှင့် အခြားဆုကြေးများမှ ငွေကြေးတချို့ပါဝင်ခဲ့သည်။ [၁၄၀]

ရေးသားခဲ့သည့် စာအုပ်များ

စာပေ

ဒေါ်အောင်ဆန်းစုကြည် ပါဝင် ရေးသားတည်းဖြတ်ခဲ့သည့် စာအုပ်များမှာ-

  • ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး
  • မျှော်လင့်ခြင်း၏ အသံများ
  • မြန်မာပြည်မှ ပေးစာများ
  • ဗမာ့ အောင်ဆန်း
  • အောင်ဆန်း/အာရှနိုင်ငံမှ ခေါင်းဆောင်များ
  • ဘူတန်သို့ သွားလည်ကြစို့
  • မြန်မာပြည်သို့ သွားလည်ကြစို့
  • နီပေါသို့ သွားလည်ကြစို့
  • မျက်နှာဖုံး နောက်ကွယ်ရှိ မြန်မာပြည်
  • မြန်မာနှင့် အိန္ဒိယ- ကိုလိုနီလက်အောက်ဘ၀များ၏ ရှုထောင့်များ
  • စစ်မှန်သော ခိုကိုးရာ ဆီသို့

မိန့်ခွန်းများ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဒေါ်အောင်ဆန်းစုကြည်၏ ရွှေဂုံတိုင် မိန့်ခွန်း


ကိုးကား

  1. "Myanmar election commission announces NLD wins overwhelmingly in by-elections"၊ 2 April 2012။ 2 April 2012 တွင် ပြန်စစ်ပြီး 
  2. 7 Day Daily Newspaper ဆောင်းပါး
  3. Myanmar military seizes power, detains elected leader Aung San Suu Kyi။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 February 2021 တွင် ပြန်စစ်ပြီး။
  4. ဒေါ်အောင်ဆန်းစုကြည် အနိုင်ရ၊ အန်အယ်လ်ဒီ အများစုနိုင်ရန် မျှော်လင့်။ 4 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 May 2012 တွင် ပြန်စစ်ပြီး။
  5. Forbes ၏ ဩဇာကြီးသူစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်[လင့်ခ်သေ]
  6. ၆.၀ ၆.၁ Aung San Suu Kyi – Biography. Nobel Prize Foundation.
  7. Myanmar Family Roles and Social Relationships။ Government of Myanmar။ 26 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 September 2007 တွင် ပြန်စစ်ပြီး။
  8. Min Lwin။ "Suu Kyi Protester Arrested"၊ The Irrawaddy၊ 28 May 2009။ 7 August 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 30 May 2009။ 
  9. "ဒေါ်အောင်ဆန်းစုကြည်ကို "အမေစု"ဟု အော်ဟစ် နှုတ်ဆက်" (in Burmese)၊ ဧရာဝတီ၊ 13 November 2010။ 7 August 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 15 November 2010။ 
  10. "City honours democracy campaigner"၊ BBC၊ 4 March 2009။ 7 July 2010 တွင် ပြန်စစ်ပြီး 
  11. Beech၊ Hannah။ "The Lady Walks Free Again"၊ Time (magazine)၊ 29 November 2010။ 16 June 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 28 April 2012။ 
  12. Stewart (1997), p. 31
  13. Stewart (1997), p. 32
  14. ၁၄.၀ ၁၄.၁ ၁၄.၂ Moe, Wait (3 August 2009). Suu Kyi Questions Burma’s Judiciary, Constitution Archived 18 January 2012 at the Wayback Machine.. The Irrawaddy.
  15. &feature=related Aung San Suu Kyi interview (video). YouTube.
  16. Buncombe, Andrew (5 July 2009). 5,000 days in captivity: The world's most famous political prisoner and a dismal landmark Archived 24 January 2012 at the Wayback Machine.. The Independent.
  17. Aung San Suu Kyi pays tribute to BBC on tour of UK
  18. A non-political educational charity dedicated to supporting the education of exiled Burmese students။ Prospect Burma။ 2014-02-09 တွင် ပြန်စစ်ပြီး။
  19. Suu Kyi rejects UK visit offer. BBC News. 26 March 1999.
  20. "Obituary: A courageous and patient man"၊ London: BBC News၊ 27 March 1999။ 4 July 2006 တွင် ပြန်စစ်ပြီး 
  21. Burma expels Italian reporter for "illegal reporting, TV Myanmar, Rangoon, 18 August 1998.
  22. Despite the lack of an official death toll for the Depayin Massacre, Burmese dissidents claim around 70 people perished in the attack.
  23. Yahoo News on Buddhist monk uprising. Associated Press. Archived 18 August 2013 at the Wayback Machine.
  24. Democracy icon Aung San Suu Kyi greets Myanmar monks. AFP. 22 September 2007 Archived 29 October 2013 at the Wayback Machine.
  25. Suu Kyi moved to Insein prison[လင့်ခ်သေ]. Reuters. 25 September 2007
  26. Inside Burma's Insein jail. BBC News Online. 14 May 2009
  27. Security tight amid speculation Suu Kyi jailed Archived 4 June 2009 at the Wayback Machine.. The Australian. 28 September 2007
  28. Burmese Junta silences the monks Archived 13 October 2007 at the Wayback Machine.. TIME. 28 September 2007
  29. UN envoy sees top Burma dissident, BBC News Online, 30 September 2007
  30. UN envoy holds key Burmese talks. BBC News Online. 2 October 2007
  31. UN plane lands in Myanmar with aid after cyclone
  32. McDonald, Mark (7 May 2009). U.S. Man Held After Swim to Burmese Nobel Peace Laureate’s Home. The New York Times.
  33. မော်မန်ဂိုဏ်း - ဝိကိပိဒိယ (in (မြန်မာ))။ My.wikipedia.org။ 2014-02-09 တွင် ပြန်စစ်ပြီး။
  34. Suu Kyi trespasser incidents - Wikipedia, the free encyclopedia။ En.wikipedia.org။ 2014-02-09 တွင် ပြန်စစ်ပြီး။
  35. James, Randy (20 May 2009). John Yettaw: Suu Kyi's Unwelcome Visitor Archived 23 May 2009 at the Wayback Machine.. TIME.
  36. The Times, 28 May 2009, Richard Lloyd Parr, "God asked me to warn her, swimmer John Yettaw tells Suu Kyi trial"
  37. Kennedy, Maev (14 May 2009). Lake swimmer could cost Suu Kyi her freedom. The Guardian.
  38. Burma opposition leader on trial, Financial Times, 19 May 2009
  39. Burma's Aung San Suu Kyi on trial, BBC News Online, 18 May 2009
  40. Suu Kyi 'composed' at Burma trial, BBC News Online, 20 May 2009
  41. Lawyers for Aung San Suu Kyi protest innocence as trial begins Archived 21 May 2009 at the Wayback Machine., The Times, 18 May 2009
  42. ၄၂.၀ ၄၂.၁ Myanmar Court Charges Suu Kyi, Wall Street Journal, 22 May 2009
  43. Court Rejects Two Suu Kyi Defense Witnesses။ Irrawaddy.org (9 June 2009)။ 10 August 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 June 2009 တွင် ပြန်စစ်ပြီး။
  44. Myanmar Aung San Suu Kuy to be put under detention — Asia News။ Asianews.it (14 February 2006)။ 10 June 2009 တွင် ပြန်စစ်ပြီး။
  45. Suu Kyi's witnesses 'rejected', BBC News Online, 28 May 2009
  46. Myanmar says American main culprit in Suu Kyi case. AP. 25 June 2009 Archived 3 July 2009 at the Wayback Machine.
  47. Aung San Suu Kyi celebrates 64th birthday with jail guards. The Guardian. 19 June 2009
  48. UN calls for release of Suu Kyi, The Age, 24 May 2009
  49. Western outcry over Suu Kyi case, BBC News Online, 18 May 2009
  50. SAfrica urges immediate Aung San Suu Kyi release Archived 1 October 2011 at the Wayback Machine., AFP at IC Publications, 22 May 2009
  51. Asian leaders call for release of Aung San Suu Kyi, Radio Australia, 15 May 2009
  52. Asian leaders condemn Burma trial, BBC News Online, 19 May 2009
  53. Myanmar protests ASEAN alternate chairman statement on Aung San Suu Kyi, Xinhua, 24 May 2009
  54. Burma lashes out at Thailand over Suu Kyi, Bangkok Post, 25 May 2009
  55. Free Burma's Political Prisoners Now! Archived 7 July 2009 at the Wayback Machine. Campaign.
  56. Horn, Robert (5 July 2009). Ban Ki-Moon Leaves Burma Disappointed Archived 6 July 2009 at the Wayback Machine.. TIME.
  57. Burma court finds Suu Kyi guilty. BBC News. 11 August 2009.
  58. Obama appeals to Myanmar junta to release Aung San Suu Kyi. The Times of India. 18 August 2009.
  59. Obama to appeal on Suu KyiThe Straits Times (10 November 2009)။ 30 September 2010 တွင် ပြန်စစ်ပြီး။
  60. Associated Press။ "Burmese court rejects appeal against Aung San Suu Kyi house arrest"၊ The Guardian၊ 2 October 2009။ 30 September 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 13 October 2010။ 
  61. Nakashima, Ellen (13 October 2003). Burma's Iron 'Aunty'. The Washington Post.
  62. UN: Suu Kyi detention 'illegal'. Al Jazeera. 16 May 2009
  63. "Burma releases pro-democracy leader Aung San Suu Kyi"၊ BBC News၊ 13 November 2010။ 14 November 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 14 November 2010။ 
  64. Daw Suu Watch - Detention - ALTSEAN Burma။ Altsean.org (2009-11-27)။ 19 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-02-09 တွင် ပြန်စစ်ပြီး။
  65. ဘိုဘို (၇ ဖေဖော်ဝါရီ ၂၀၂၁)။ လွှတ်တော်မတက်ဘဲ ထောင်ထဲဝင်ရတဲ့အမတ်များနဲ့ စင်ပြိုင်အစိုးရဘီဘီစီ။ ၄ မတ် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  66. ရွေးကောက်ပွဲကို နိုင်ငံတကာက ဝေဖန်
  67. "Burma law formally bars Aung San Suu Kyi from election"၊ BBC News၊ March 10, 2010။ 
  68. "Burma announces elections ? but not for Aung San Suu Kyi"၊ The Daily Telegraph၊ 4 January 2010။ 25 April 2010 တွင် ပြန်စစ်ပြီး။ Archived from the original on 9 January 2010။ 
  69. Aung San Suu Kyi, Win Myint to face charges as NLD calls for ‘unconditional’ release (in en-US) (2021-02-03)။
  70. ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲထားသည့် အဂတိမှု ခိုင်မာကြောင်း ဦးဖြိုးမင်းသိန်း တရားရုံးတွင် ထွက်ဆိုDVB (၁အောက်တိုဘာ၂၀၂၁)။ ၄မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  71. ဒေါ်လာနှင့် ရွှေချောင်းများ ပြင်ဆင်ပေးခဲ့ဟု ဦးဖြိုးမင်းသိန်း၏ ဇနီးဒေါ်ခင်မိမိကြွယ် သက်သေထွက်ဆိုDVB (၁၂ အောက်တိုဘာ ၂၀၂၁)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  72. ရွှေနှင့်ဒေါ်လာ အဂတိလိုက်စားမှု စွပ်စွဲချက် အဓိပ္ပာယ်မဲ့ဟု ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်DVB (၄ အောက်တိုဘာ၂၀၂၁)။ ၄ မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  73. ဒေါ်အောင်ဆန်းစုကြည်အား ပေးသည်မှာ အလှူငွေဟု ဦးမောင်ဝိတ် ထွက်ဆိုဧရာဝတီ (၃၁ မေ ၂၀၂၂)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  74. Key Myanmar Junta Witness Denies Paying Suu Kyi Bribe: Court SourceThe Irrawaddy (1 June 2022)။ 4 March 2023 တွင် ပြန်စစ်ပြီး။
  75. ဒေါ်အောင်ဆန်းစုကြည်အမှု တရားလိုတွေ စတင်စစ်ဆေးBBC Burmese (၁၄ ဇွန် ၂၀၂၁)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  76. ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချခြင်း- စစ်ဗိုလ်ချုပ်တို့ရဲ့ နည်းဟောင်းBBC Burmese (၈ ဒီဇင်ဘာ ၂၀၂၁)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  77. ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြစ်ဒဏ်တွေ တစ်ဝက်လျှော့ဖို့ စစ်ကောင်စီဥက္ကဋ္ဌ အမိန့်ထုတ်RFA Burmese (၆ ဒီဇင်ဘာ ၂၀၂၁)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  78. ဒေါ်အောင်ဆန်းစုကြည် ထောင်ဝတ်စုံနဲ့ တရားခွင်မှာ ရင်ဆိုင်ရBBC Burmese (၁၇ ဒီဇင်ဘာ ၂၀၂၁)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  79. ဒေါ်အောင်ဆန်းစုကြည် ထောင်ဝတ်စုံနဲ့ တရားခွင်မှာ ရင်ဆိုင်ရBBC Burmese (၁၇ ဒီဇင်ဘာ ၂၀၂၁)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  80. ဒေါ်အောင်ဆန်းစုကြည်အား ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေတို့ဖြင့် တရားစွဲထားသည့် အမှုသုံးမှုအတွက် ထောင်ဒဏ်လေးနှစ် ထပ်မံချမှတ်Eleven Media Group (၁၀ ဇန်နဝါရီ ၂၀၂၂)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  81. ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ထောင်ဒဏ် ၅ နှစ်ချမှတ်VOA Burmese (၂၇ ဧပြီ ၂၀၂၂)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  82. ဦးဖြိုးမင်းသိန်း ထွက်ဆိုချက် ဒေါ်အောင်ဆန်းစုကြည် ငြင်းဆိုဧရာဝတီ (၄ အောက်တိုဘာ ၂၀၂၁)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  83. အဂတိမှုထောင်ဒဏ် အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံ လျှောက်လဲခွင့်မပေးပဲ ပယ်ချVOA Burmese (၅ မေ ၂၀၂၂)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  84. ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့ ထောင်ချတဲ့ကိစ္စ တရားမမျှတလို့ ဝေဖန်နေကြRFA Burmese (၂၇ဧပြီ၂၀၂၂)။ ၄မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  85. ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး သီးခြား ထားရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြားEleven Media Group (၂၃ ဇွန် ၂၀၂၂)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  86. ဒေါ်အောင်ဆန်းစုကြည်ကို ထောင်တွင်းပြောင်းရွှေ့မှု - အရင်ဖမ်းဆီးခံရစဉ်တွေနဲ့ ကွာခြားချက်BBC Burmese (၂၃ ဇွန် ၂၀၂၂)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  87. ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာပြန်ပို့ရေး ကမ္ဘောဒီးယားတောင်းဆိုမှု စစ်ကောင်စီပယ်ချVOA Burmese (၂၇ ဇွန် ၂၀၂၂)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  88. နိုင်ငံတော် အတိုင်ပင်ခံကို စစ်ကောင်စီ အချုပ်ထောင်ပို့BBC Burmese (၂၃ ဇွန် ၂၀၂၂)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  89. ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှပြန်ရွှေ့ပေးမည် မဟုတ်ဟု စစ်ကောင်စီဆိုဧရာဝတီ (၁ ဇူလိုင် ၂၀၂၂)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  90. ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၆ နှစ်ထပ်ချဧရာဝတီ (၁၅ဩဂုတ်၂၀၂၂)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  91. ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်အမှု ၄ မှုအတွက် ထောင်ဒဏ် ၆ နှစ်ချမှတ်BBC Burmese (၁၅ဩဂုတ် ၂၀၂၂)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  92. အဂတိမှု ၄ မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၆ နှစ် ထပ်မံချမှတ်VOA Burmese (၁၅ဩဂုတ် ၂၀၂၂)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  93. နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ် ၆ နှစ် ထပ်မံချမှတ်DVB (၁၅ဩဂုတ် ၂၀၂၂)။ 15 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  94. နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၆ နှစ် ထပ်မံ ချမှတ်ခံရ၊ ထောင်ဒဏ် ၁၇ နှစ်ရှိပြီဖြစ်၊ အမှု ၉ မှု ကျန်ရှိနေသေးMizzima Burmese (၁၅ဩဂုတ် ၂၀၂၂)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  95. Myanmar’s Aung San Suu Kyi gets 3 years’ jail for election fraudAljazeera (2 Sep 2022)။ 4 March 2023 တွင် ပြန်စစ်ပြီး။
  96. Myanmar's Suu Kyi gets jail with hard labour for election fraudReuters (2 Sep 2022)။ 4 March 2023 တွင် ပြန်စစ်ပြီး။
  97. ဒေါ်အောင်ဆန်းစုကြည်အပေါ် နောက်ထပ် ထောင်ဒဏ်ချမှတ်မှု EU ရှုတ်ချVOA Burmese (၅ စက်တင်ဘာ၂၀၂၂)။ ၄ မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  98. ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲ အလုပ်လုပ်ရမှာလားဧရာဝတီ (၈ စက်တင်ဘာ ၂၀၂၂)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  99. Myanmar court jails Suu Kyi, Australian economist for 3 years - sourceReuters (29 Sep 2022)။ 4 March 2023 တွင် ပြန်စစ်ပြီး။
  100. ဒေါ်အောင်ဆန်းစုကြည်၊ ရှောင်တာနယ်နဲ့ အစိုးရ လျှို့ဝှက်ချက်အက်BBC Burmese (၂၃ ဇွန် ၂၀၂၁)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  101. ဒေါ်အောင်ဆန်းစုကြည် ထောင်သုံးနှစ် ထပ်ချခံရ၊ စုစုပေါင်း ၂၆ နှစ်အထိ ရှိလာRFA Burmese (၁၂ အောက်တိုဘာ ၂၀၂၂)။ ၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  102. Myanmar court jails Suu Kyi for three years for graft - sourceReuters (12 October 2022)။ 4 March 2023 တွင် ပြန်စစ်ပြီး။
  103. မော်ကွန်းတင်ပြီးမိတ္တူ။ 12 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 October 2022 တွင် ပြန်စစ်ပြီး။
  104. မောင်ဝိတ်ထံမှ လာဘ်ယူသည်ဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၃ နှစ် ထပ်ချဧရာဝတီ (၁၂အောက်တိုဘာ၂၀၂၂)။ ၄မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  105. ဦးမောင်ဝိတ်ငွေလှူမှုနှင့်ပတ်သက်သည့်အမှုများ အမိန့်ချမည်၊ အပြစ်မရှိကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ထွက်ဆိုDVB Burmese (၄ အောက်တိုဘာ၂၀၂၂)။ ၄မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  106. ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့အပါအဝင် မြန်မာ့အရေးဆုံးဖြတ်ချက် လုံခြုံရေးကောင်စီ အတည်ပြုRFA Burmese (၂၁ ဒီဇင်ဘာ၂၀၂၂)။ ၄မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  107. ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ထောင် ၇ နှစ်ထပ်ချ စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်အထိရှိလာBBC Burmese (၃၀ ဒီဇင်ဘာ၂၀၂၂)။ ၄မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  108. ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို ရဟတ်ယာဉ်အမှုစွဲချက် မမှန်ကန်ကြောင်း ဒုသမ္မတဦးဟင်နရီဗန်ထီးယူ ထွက်ဆိုVOA Burmese (၁၉ ဒီဇင်ဘာ၂၀၂၂)။ ၄မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  109. ဒေါ်အောင်ဆန်းစုကြည် ထောင်ခုနစ်နှစ် ထပ်ချခံရ၊ စုစုပေါင်း ၃၃ နှစ်ထိကျခံရဖို့ရှိRFA Burmese (၃၀ ဒီဇင်ဘာ၂၀၂၂)။ ၄မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  110. ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်MOI Myanmar (၁ဩဂုတ် ၂၀၂၃)။ ၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  111. Myanmar Junta Pardons Aung San Suu Kyi in State Amnestybloomberg (1 August 2023)။ 1 August 2023 တွင် ပြန်စစ်ပြီး။
  112. Kim Ghattas (2011-12-02)။ BBC News - Hillary Clinton Burma visit: Suu Kyi hopeful on reforms။ Bbc.co.uk။ 2014-02-09 တွင် ပြန်စစ်ပြီး။
  113. Overzicht Eredoctoraten Vrije Universiteit Brussel (in Dutch)။ Vrije Universiteit Brussel။ 25 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 July 2006 တွင် ပြန်စစ်ပြီး။
  114. "Arrest Yourself"၊ US Campaign for Burma။ 4 July 2006 တွင် ပြန်စစ်ပြီး။ Archived from the original on 15 July 2006။ 
  115. "St. Hugh's Full Moon Ball"၊ The Burma Campaign UK။ 4 July 2006 တွင် ပြန်စစ်ပြီး။ Archived from the original on 23 August 2006။ 
  116. For example, no one from her office contacted the Thai Foreign Ministry, which normally coordinates such high-profile visits. “As far as I know, we have not been approached by her team,” Mr. Thani said a few hours before she was to land. U Nay Zin Latt, an adviser to Mr. Thein Sein, said the president could not make time to go.“He is extremely busy with his work, and taking great care of transitioning and transformation,” Mr. Nay Zin Latt said in an e-mail. Thai officials said the president’s visit had been rescheduled for next week.
  117. ဒေါ်အောင်ဆန်းစုကြည် ဂျီနီဗာ ရောက်ပြီ
  118. Aung San Suu Kyi cuts short news conference after vomiting
  119. MLA style: "Aung San Suu Kyi - Nobel Diploma". Nobelprize.org.13 Oct 2012 http://www.nobelprize.org/nobel_prizes/peace/laureates/1991/kyi-diploma.html.
  120. BBC Burmese - မြန်မာ့ရေးရာ - အောက်စဖို့ ဂုဏ်ထူးဆောင် ဘွဲ့ ဒေါ်စု လက်ခံရယူ။ Bbc.co.uk (1970-01-01)။ 2014-02-09 တွင် ပြန်စစ်ပြီး။
  121. BBC Burmese - နိုင်ငံတကာ - ဒေါ်အောင်ဆန်းစုကြည် ပါရီမြို့ကို ရောက်ပြီ။ Bbc.co.uk (1970-01-01)။ 2014-02-09 တွင် ပြန်စစ်ပြီး။
  122. Myanmar လို့ မခေါ်လို့ ဒေါ်အောင်ဆန်းစုကြည် ကို သတိပေး
  123. ဒီလှိုင်းဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၃၈)၊ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ် မှ
  124. အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။
  125. ဖို့ဝိန်း မြန်မာတွေနဲ့ ဒေါ်စုတွေ့
  126. The Lady (2011)။ IMDb.com။ 2015-11-10 တွင် ပြန်စစ်ပြီး။
  127. http://michelleyeoh.info/Movie/thelady.html
  128. Damien Rice - Unplayed Piano (Official Video)။ YouTube (2010-11-24)။ 2014-02-09 တွင် ပြန်စစ်ပြီး။
  129. Aung San Suu Kyi Recovering from Surgery in Rangoon – 2003-09-19။ Voice of America။ 31 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 December 2013 တွင် ပြန်စစ်ပြီး။
  130. Suu Kyi cancels trips after foot surgery – ANN။ Asianewsnet.net (23 December 2013)။ 23 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 December 2013 တွင် ပြန်စစ်ပြီး။
  131. Associated Press in Rangoon (15 June 2012)။ Aung San Suu Kyi doctor fears for her health after illness on Europe tourThe Guardian။ 31 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 December 2013 တွင် ပြန်စစ်ပြီး။
  132. "UN Myanmar envoy 'very concerned' about Aung San Suu Kyi's health" (in en)၊ Aljazeera၊ 2022-09-05။ 
  133. "Myanmar's Daw Aung San Suu Kyi Reportedly Suffering Health Problems in Prison" (in en)၊ The Irrawaddy၊ 2022-09-14။ 
  134. "Special attention given to Daw Aung San Suu Kyi's health and living situation: SAC spokesperson" (in en)၊ Eleven Media၊ 2022-07-03။ 
  135. Lamb၊ Kate။ "Thai foreign minister says he met with Aun San Suu Kyi" (in en)၊ Reuters၊ 2023-07-12။ 
  136. "Myanmar's Aung San Suu Kyi Unwell, Back in Prison" (in en)၊ The Irrawaddy၊ 2023-09-06။ 
  137. Ng၊ Kelly။ "Aung San Suu Kyi ill but denied urgent care, says son" (in en)၊ BBC News၊ 2023-09-06။ 
  138. Office of the Clerk of the U.S. House of Representatives - 404။ Clerk.house.gov။ 2014-02-09 တွင် ပြန်စစ်ပြီး။
  139. ဒေါ်အောင်ဆန်းစုကြည် နာမည်နှင့် ရန်ပုံငွေ အဖွဲ့တစ်ခု တည်ထောင်ခဲ့ (ဘီဘီစီ)
  140. How Prospect Burma Began။ Prospect Burma။ 9 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-02-09 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ