မြင့်အောင်၊ သူရ (ဒုတိယဗိုလ်ချုပ်ကြီး)

ဝီကီပီးဒီးယား မှ

ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် မွန်ပြည်နယ် သထုံဇာတိ ဖြစ်သည်။ စစ်တက္ကသိုလ် အပတ်စဉ် (၁၈) ဆင်းဖြစ်ပြီး ၁၉၈၃-၁၉၈၄ ခုနှစ် ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် မဲသေဝါတိုက်ပွဲတွင် “သူရ”ဘွဲ့ကို ရရှိခဲ့သည်။ ဘားအံမြို့အခြေစိုက် တပ်မ ၂၂ ၏ တပ်မမှူး၊ မွန်ပြည်နယ် မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဧရာ၀တီတိုင်း ပုသိမ်မြို့အခြေစိုက် အနောက် တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး စသည့် တာဝန်များကို အဆင့်ဆင့် ယူခဲ့ပြီး စစ်ရေးချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။


ကိုးကား[ပြင်ဆင်ရန်]