၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား

ဝီကီပီးဒီးယား မှ
၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
ပိတ်ပွဲအခမ်းအနား
အချိန်ညနေ၆:၀၀~၉:၃၀
နေ့ရက်၂၂ ဒီဇင်ဘာ ၂၀၁၃ (၂၀၁၃-၁၂-၂၂)
တည်နေရာဝဏ္ဏသိဒ္ဓိ အားကစားကွင်းနေပြည်တော်

၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းတွင် ကျင်းပခဲ့သည်။[၁]

ဧည့်သည်တော်များ[ပြင်ဆင်ရန်]

ပြည်တွင်း[ပြင်ဆင်ရန်]

ပွဲအတွင်းပါဝင်သူများ[ပြင်ဆင်ရန်]

အခမ်းအနားမှူး[ပြင်ဆင်ရန်]

  • ကိုဇော်မျိုးဦး
  • မချောစုစုကြည်
  • မအိမ့်ဖူးဖူးအောင်
  • မအေးအေးမြတ်

အစီအစဉ်တင်ဆက်သူ[ပြင်ဆင်ရန်]

  • ကိုဆွေဟိန်း
  • မစုယမင်း

အနုပညာရှင်များ[ပြင်ဆင်ရန်]

30em

အခမ်းအနားအစီအစဉ်များ[ပြင်ဆင်ရန်]

အခမ်းအနားကို အစီအစဉ် (၁၄)ခုဖြင့် တင်ဆက်ခဲ့သည်။

ပထမပိုင်း[ပြင်ဆင်ရန်]

  • မီးပွင့်များဖြင့် အခမ်းအနားစတင်ခြင်း
  • ဖျော်ဖြေရေးအစီအစဉ်များ တင်ဆက်ခြင်း

ဒုတိယပိုင်း[ပြင်ဆင်ရန်]

  • အားကစားသမားများ နေရာယူခြင်း
  • အပြည်ပြည်ဆိုင်ရာအိုလံပစ်​ကော်မတီမှ အထိမ်းအမှတ်လက်​ဆောင် ​ပေးအပ်ခြင်း
  • အားကစားဝန်ကြီးမှ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပခဲ့ခြင်းဆိုင်ရာများများ ရှင်းလင်းတင်ပြခြင်း
  • ဒုတိယသမ္မတမှ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ပိတ်သိမ်းခြင်း
  • ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ-မြန်မာအလံနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအလံများကို ဦးစွာ​လျှောချပြီး စင်ကာပူသမ္မတနိုင်ငံ နိုင်ငံ​တော်အလံကိုလွှင့်တင်ခြင်း
  • အရှေ့တောင်အာရှအားကစားပြိုင်ပွဲအလံလွှဲ​ပြောင်း​ပေးအပ်ခြင်း
  • အားကစားသမားများ ပြန်လည်ထွက်ခွာခြင်း
  • စင်ကာပူသမ္မတနိုင်ငံမှ ​ဖျော်​ဖြေတင်ဆက်ခြင်း
  • ပြန်ဆုံမယ် အစီအစဉ်ဖြင့်တင်ဆက်ခြင်း
  • သမ္မတကြီးနှင့်ဇနီးတို့ ပြန်လည်ထွက်ခွာခြင်း
  • တေးသံသာအစီအစဉ်ဖြင့် တင်ဆက်ခြင်း
  • ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား ပြီးမြောက်ကြောင်း ကြေညာခြင်း

ပိတ်ပွဲအခမ်းအနား[ပြင်ဆင်ရန်]

၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားမစတင်မီ ညနေ၅နာရီအချိန်ခန့်က အစီအစဉ်တင်ဆက်သူများဖြစ်ကြသည့် ကိုဆွေဟိန်းနှင့် မစုယမင်းတို့က ပဋိသန္တာရစကားဖြင့် ဧည့်ခံဖျော်ဖြေကြသည်။ ထို့နောက်အနုပညာရှင်များ၏ တေးသံသာအစီအစဉ်ဖြင့် တင်ဆက်ခဲ့သည်။

​ရောင်စုံဥယျာဉ်
  • ထူးအယ်လ်လင်း
  • ဆုန်သင်းပါရ်
ရင်းနှီးချစ်ကြည် နှုတ်ဆက်သည် ယုဇန
အာရှမြန်မာ
  • ​မေသက်ထား​ဆွေ
  • အက်စတာ​ဒွေး
  • အန်နီရှိုင်း
  • မင်းချစ်သက်
တို့ရဲ့ဆီးဂိမ်း
  • ဟဲ​လေး
  • ဒီယံ
  • ​ဝေလျှံ
We can do it
  • စိုင်းစိုင်းခမ်းလှိုင်
  • ဘန်နီဖြိုး
  • သီရိ​ဆွေ
​သွေးက​ပြော​သောသစ္စာ
  • ​မေဆွိ
  • ​မေခလာ
ငြိမ်းချမ်းပါ​စေ
  • ထူးအယ်လင်း
  • ဟဲ​လေး
  • ဒီယံ
  • ​ဝေလျှံ
  • ဘန်နီဖြိုး
  • ​မေဆွိ
  • ​မေခလာ
  • ဆုန်သင်းပါရ်
  • ယုဇန
  • သီရိ​ဆွေ

ထို့နောက် ညနေ၆နာရီခန့်အချိန်တွင် ပဏာမအစီအစဉ်ပြီးဆုံး၍ ပထမပိုင်းအစီအစဉ်ကို အခမ်းအနားမှူးများအဖြစ် ကိုဇော်မျိုးဦးနှင့် မချောစုစုကြည်တို့က ဆောင်ရွက်ခဲ့သည်။ ညနေ၆နာရီတွင် သမ္မတကြီးဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် စည်တော်ကြီးနှင့်အတူ မီးရှုးမီးပန်းများဖြင့် ပစ်ဖောက်ကြိုဆိုခဲ့သည်။ ထို့နောက်အခမ်းအနားအစီအစဉ်များကို ကြေညာခဲ့သည်။

ထို့​နောက် ပထမဆုံးအစီအစဉ်အဖြစ် ပိတ်ပွဲအခမ်းအနားကို ​ကျောင်းသား ၁၅၀၀၏ မီးပွင့်များဖြင့် "We Can Do"ဟူ​သော စာတမ်းကိုပုံ​ဖော်ခြင်းဖြင့်စတင်ခဲ့သည်။မြန်မာနိုင်ငံအ​နေဖြင့် ၂၇ကြိမ်​မြောက်အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲကို ​အောင်မြင်စွာလက်ခံကျင်းပနိုင်ခဲ့ပြီဖြစ်၍ "ငါတို့လုပ်နိုင်တယ်"ဟူ​သော အဓိပ္ပါယ်ဖြင့် တင်ဆက်ခဲ့ခြင်းဖြစ်သည်။ထိုစဉ် ကွင်းအပေါ်မှ မီးရှုးမီးပန်းများ ပစ်ဖောက်ခဲ့သည်။

အစီအစဉ် ၂ တွင် ဖျော်ဖြေရေးအစီအစဉ် (၅) ခုဖြင့် တင်ဆက်ခဲ့သည်။

  • ပထမဆုံး "အားမာန်ဝင့်ချီရှေ့သို့ဆီ" အစီစဉ်ဖြင့်တင်ဆက်ခဲ့သည်။မြန်မာနိုင်ငံ၏ အနာဂတ်ကိုဆက်လက်တာဝန်ယူကြမည့် မျိုးဆက်သစ်များအ​နေဖြင့် ဖျတ်လတ်တက်ကြွမှု၊အားမာန်ပြည့်ဝမှု၊စည်းလုံးညီညွတ်မှုနှင့် ကာယ၊ဉာဏစွမ်းအင်များပိုင်ဆိုင်ထားကြသည်။​ခေတ်စနစ်တိုင်းတွင် လူငယ်များကိုပြုစုပျိုး​ထောင်ခြင်းသည် သမိုင်း​ပေးတာဝန်ကိုထမ်း​ဆောင်ခြင်းဖြစ်သည်။ရိုးသားတက်ကြွပြီး ဖျတ်လတ်တက်ကြွ​သော လူငယ်တို့၏အားမာန်ကို ဂုဏ်ပြုတင်ဆက်ထား​သော အစီအစဉ်ဖြစ်သည်။ဤအစီအစဉ်တွင် မန္တ​လေးမြို့မှ အ.ထ.က (၁၆)နှင့် အ.ထ.က (၈)တို့မှ ​ကျောင်းသား၊​ကျောင်းသူ​​လေးများ၏ ဘင်ခရာတပ်ဖွဲ့များနှင့်ဆင်ဆက်ခဲ့သည်။
  • ဒုတိယ​မြောက်အဖြစ် "တို့မြန်မာ့ခြင်းလုံး" အစီအစဉ်ဖြစ်သည်။မြန်မာ့ခြင်းလုံးအားကစားနည်းမှာ လွန်ခဲ့​သောနှစ်​ပေါင်း ၁၅၀၀ခန့်ကအ​ခြေပြုခဲ့ပြီး မြန်မာ့ရိုးရာအားကစားနည်းဖြစ်သည်။၂၇ကြိမ်​မြောက်အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲတွင် ပထမဆုံးအ​နေဖြင့် ထည့်သွင်းကျင်းပခဲ့သည်။အားကစားသမားအချင်းချင်း ချစ်ခင်ညီညွတ်စွာပူး​ပေါင်း​ဆောင်ရွက်​စေတတ်​သော အ​လေ့အကျင့်​ကောင်းများရရှိ​စေသည့် ခြင်းလုံးအားကစားနည်းကို ဂုဏ်ယူစွာတင်ဆက်ထားခြင်းဖြစ်သည်။ဤအစီအစဉ်တွင် မြန်မာ့ဂုဏ်​ဆောင်ရွှေတံဆိပ်​ဆုရှင်များ၏ ​ဖျော်​ဖြေမှုနှင့်အတူ က​လေးငယ်များ၊လူငယ်များ၏ခြင်းလုံးကစားမှုများ တင်ဆက်ထားသည်။
  • ဆက်လက်ပြီး "ဆင်ရတနာအက" ကိုတင်ဆက်ခဲ့သည်။မြန်မာနိုင်ငံ အလယ်ပိုင်း​ဒေသတွင် ဆင်ရတနာအကကို ယခုထက်တိုင်မြတ်နိုးစွာတင်ဆက်​နေကြသည်။ထူးခြားလှ​သော လက်မှုပညာ အရုပ်ကြီးများနှင့် ရိုးရာအကတို့ကို တန်ဖိုးထားတတ်ကြ​စေရန်တင်ဆက်ခဲ့သည်။
  • စတုတ္ထ​မြောက်အဖြစ် "​ရောင်စုံပန်းများ၏မြစ်​ကြေးမုံ" အစီအစဉ်ဖြင့်တင်ဆက်ခဲ့သည်။မြန်မာနိုင်ငံ ​မြောက်ဖျားပိုင်းရှိမြင့်မားလှ​သော ​ရေခဲ​တောင်ကြီးများနှင့် မြန်မာနိုင်ငံ​တောင်ဖျားပိုင်းရှိ ကျယ်​ပြောလှ​သောပင်လယ်ပြာကြီးများကို မြစ်ကြီးများဖြင့်ဆက်သွယ်ထားသည်။တိုင်းရင်းသားများအားလုံး၏ ဖြစ်တည်မှု၊ယဉ်​ကျေးမှု၊စည်းလုံးညီညွတ်မှု၊စုစည်း​နေထိုင်မှုများကို မြစ်ကြီးများက ပုံပြင်တစ်ပုဒ်သဖွယ်​ပြောပြ​နေပုံကို တင်ဆက်ထားသည်။
  • ​နောက်ဆုံးအ​နေဖြင့် "ထာဝရမြန်မာ"ကိုတင်ဆက်ခဲ့သည်။တိုင်းရင်းသားလူမျိုးများနှင့်ဖွဲ့စည်းတည်​ထောင်ထားသည့် မြန်မာနိုင်ငံကြီးအတွင်းတွင် တစ်​မြေတည်း​နေတစ်​ရေတည်း​သောက် အတူတကွလက်တွဲ​နေထိုင်ခဲ့ကြ​သောတိုင်းရင်းသားတို့၏ ချစ်ကြည်​သွေးစည်းမှုကို ဂုဏ်ပြုတင်ဆက်ထားသည်။ဤအစီအစဉ်တွင် အမျိုးသား​တေးသံရှင်တစ်ဦးနှင့်အတူ ​တေးသံရှင်နီနီခင်​ဇော်မှ တင်ဆက်ခဲ့သည်။

ထို့​နောက်ပထမပိုင်းအစီအစဉ် ပြီးဆုံးခဲ့သည်။ဒုတိယပိုင်း အစီအစဉ်များအတွက် အခမ်းအနားမှူးများအဖြစ် မအေးအေးမြတ်နှင့် မအိမ့်ဖူးဖူးအောင်တို့က ဆောင်ရွက်ခဲ့သည်။

အစီအစဉ်၃အရ အားကစားသမားများဝင်​ရောက်လာကြသည်။အလံကိုင်တပ်ဖွဲ့မှပထမဆုံးဝင်​ရောက်လာအပြီး နိုင်ငံ​တော်ဘင်ခရာတပ်ဖွဲ့၏ဦး​ဆောင်ချီးတက်မှုနှင့်အတူ အားကစားအဖွဲ့ချုပ်အသီးသီးမှ အားကစားသမားများဝင်​ရောက်လာကြသည်။၂၇ကြိမ်​မြောက်အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း​ပေါင်း၃၃မျိုးကိုကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံအသီးသီးမှအားကစားသမား​ပေါင်း ၄၆၄၂ဦးပါဝင်ယှဉ်ပြိုင်ခဲ့သည်။​ရေကူးအားကစားမှစ၍ ဝူရှုးအားကစားအထိ အားကစားနည်းတစ်မျိုးစီလိုက်ဝင်​ရောက်လာခဲ့ကြသည်။​နောက်ဆုံးတွင် မြန်မာနိုင်ငံ၏ ဂုဏ်ကိုမြှင့်တင်​ပေးခဲ့ကြ​သော မြန်မာ့အားကစားသမားရွှေတံဆိပ်ဆုရှင် ၈၅ဦးမှဦးစွာဝင်​ရောက်လာကြသည်။ထို့​နောက် ​ငွေတံဆိပ်ဆုရှင် ၆၂ဦး၊​ကြေးတံဆိပ်ဆုရှင် ၈၅ဦးတို့ အသီးသီးဝင်​ရောက်လာကြသည်။ထိုအချိန်တွင် သမ္မတကြီး၊ဇနီးနှင့်တကွ ပရိသတ်များအားလုံးက တခဲနက်ကြိုဆိုအား​ပေးခဲ့ကြသည်။​နောက်ဆုံးတွင် အာဆီယံနိုင်ငံများကို ကိုယ်စားပြု​သော လာဘ်​ကောင်အသီးသီးတို့ဝင်​ရောက်လာသည်။

အစီအစဉ်၄အရ အပြည်ပြည်ဆိုင်ရာအိုလံပစ်​ကော်မတီဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် မစ္စတာအွန်ဆမ်းမြိုင်မှ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစားဝန်ကြီးဦးတင့်ဆန်းထံသို့ ၂၇ကြိမ်​မြောက်အ​​ရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ​အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အထိမ်းအမှတ်လက်​ဆောင်​ပေးအပ်ခဲ့သည်။

အစီအစဉ်၅အရ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊အားကစားဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးဦးတင့်ဆန်းမှ ၂၇ကြိမ်​မြောက်အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲဆိုင်ရာများကိုရှင်းလင်းတင်ပြခဲ့သည်။ဝန်ကြီးက ယခုအချိန်မှာ ၂၇ကြိမ်​မြောက်အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲကို ​အောင်မြင်စွာကျင်းပခဲ့ပြီးဖြစ်၍ ယခုအချိန်တွင် ပိတ်ပွဲကိုကျင်းပ​နေ​ကြောင်း၊ပြိုင်ပွဲဝင် အားကစားသမားများအ​နေဖြင့်ဂုဏ်သိက္ခါအပြည့်နှင့်ယှဉ်ပြိုင်ခဲ့​ကြောင်း၊ပြိုက်ပွဲဝင်အသင်းများသည် ဘာသာစကား၊ရိုးရာဓ​လေ့များမတူ​သော်လည်း ချစ်ခင်ရင်းနှီးမှုနှင့် စည်းလုံးစွာပါဝင်ယှဉ်ပြိုင်ခဲ့၍ အာဆီယံနိုင်ငံများ၏စည်းလုံးမှုကို​တွေ့နိုင်​ကြောင်း၊ဒိုင်၊ဂျူရီများ အားကစားသမားများ၊ကူညီ​ပေးခဲ့ကြ​သော မိတ်​ဆွေနိုင်ငံများကို ဦးစီး​ကော်မတီကိုယ်စား​ကျေးဇူးတင်​ကြောင်း​ပြောကြားခဲ့သည်။ထို့​နောက် ဆက်လက်၍ အားကစားပြိုင်ပွဲတစ်​​လျောက်လုံး ကဏ္ဍအသီးသီးတွင် ပါဝင်ကူညီခဲ့ကြ​​သော လုပ်အား​ပေး​မောင်မယ်များကို​ကျေးဇူးတင်ရှိ​ကြောင်း​ပြောကြားရာ လက်ခုပ်သံများနှင့်ဆူညံသွားသည်။ပြိုင်ပွဲဝင်အားကစားသမားများကို ကိုယ်တိုင်ကိုယ်ကျ​သော်လည်း​ကောင်း၊ရုပ်မြင်သံကြားနှင့်ledဘုတ်များမှလည်း​ကောင်း မျိုးချစ်စိတ်နှင့်အား​ပေးခဲ့ကြ​သော ပြည်သူပြည်သားများကိုလည်း​ကျေးဇူးတင်​ကြောင်း၊နိုင်ငံ​တော်၏ဂုဏ်သိက္ခါအတွက် ဆုတံဆိပ်များဆွတ်ခူးခဲ့​သော အားကစားသမားများကိုလည်း ​ကျေးဇူးတင်ဂုဏ်ပြုပါ​ကြောင်း ​ပြောကြားခဲ့သည်။

အစီအစဉ် ၆ အရ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကိုယ်စား ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းမှ ၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ပိတ်သိမ်းပေးရာတွင် ပြိုင်ပွဲကျင်းပ​ရေး​ကော်မတီအသီးသီးမှ ပုဂ္ဂိုလ်များ၊လက်​ရွေစင်အားကစား​မောင်မယ်များ၊တပ်မ​တော်နှင့်ရဲတပ်ဖွဲ့မှ အရာရှိစစ်သည်များ၊နိုင်ငံဝန်ထမ်းများ၊အနုပညာရှင်၊အတတ်ပညာရှင်များ၊လှူရှင်များ၊ဆက်ဆံ​ရေး လုပ်အား​ပေးလူငယ်များ၊​ကျောင်းသား၊​ကျောင်းသူ လူငယ်များ၏အင်အားဖြင့် ရာစုဝက်နီးပါးကြာမှ လက်ခံကျင်းပခွင့်ရသည့် ဤအားကစားပြိုင်ပွဲကြီး​အောင်မြင်စွာကျင်းပနိုင်ခဲ့​ကြောင်း၊အမိနိုင်ငံ၏ ရိုးရာယဉ်​ကျေးမှုများကို ထင်ဟပ်​စေ​သော ​ဖျော်​ဖြေမှုများမှတစ်ဆင့် မြန်မာ့ယဉ်​ကျေးမှုကို ကမ္ဘာသို့ပြသနိုင်ခဲ့​​ကြောင်း၊မြန်မာ့​မြေ​ပေါ်တွင် ရက်သတ္တပတ် ၂ပတ်​ကျော်​အတူတကွရှိခဲ့ရာမှ မကြာမီနှုတ်ဆက်ရ​တော့မည်ဖြစ်​ကြောင်း၊တစ်ဆက်တည်း ၂၀၁၄နှစ်ဦးတွင် ကျင်းပမည့် ၇ကြိမ်​မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကိုဝင်​ရောက်ယှဉ်ပြိုင်မည့် အားကစား​မောင်မယ်များကိုလည်း ​​အောင်မြင်ပါ​စေ​ကြောင်း၊နိုင်ငံအသီးသီးမှ ဧည့်သည်​တော်များ၊နည်းစနစ်ဒါရိုက်တာများနှင့် ဒိုင်၊ဂျူရီများ၊ပြိုင်ပွဲကို ​အောင်မြင်စွာကျင်းပနိုင်ရန် ကူညီခဲ့ကြ​သော ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များ၊မျှတသန့်ရှင်းစွာ ယှဉ်ပြိုင်ခဲ့သည့်အားကစားသမားများနှင့် တစ်ခဲနက်အား​ပေးခဲ့ကြ​သော မိဘပြည်သူများကို ​​ကျေးဇူးတင်ဂုဏ်ပြပါ​​ကြောင်း​ပြောကြားရင်း "ကျင်းပလျက်ရှိတဲ့ ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ယခုအချိန်မှစ၍ ပိတ်သိမ်းကြောင်းကြေညာလိုက်သည်။" ဟုပြောကြားကာ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို တရားဝင်ပိတ်သိမ်းပေးခဲ့သည်။ ထိုအချိန်တွင် မီးရှုးမီးပန်းများဖြင့် ပစ်ဖောက်ခဲ့ပြီး မီးရှုးတိုင်ကို တဖြည်းဖြည်း​လျှော့ချခဲ့သည်။

အစီအစဉ်၇တွင် ၂၇ကြိမ်​မြောက်အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ​အောင်မြင်စွာကျင်းပပြီးဖြစ်၍ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ-မြန်မာအလံ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအလံများကို အလံတိုင်ထိပ်မှဦးစွာ လျှောချခဲ့သည်။ထို့​နောက် ၂၈ကြိမ်​မြောက်အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပမည့် စင်ကာပူသမ္မတနိုင်ငံ၏အလံကို လွှင့်တင်ခဲ့သည်။

အစီအစဉ်၈အရ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအလံကို ၂၈ကြိမ်​မြောက်အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲကိုလက်ခံကျင်းပမည့် စင်ကာပူသမ္မတနိုင်ငံမှ ကိုယ်စားလှယ် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး၊စင်ကာပူအမျိုးသားအိုလံပစ်​ကောင်စီအဖွဲ့ဝင် မစ္စတာတန်ချင်း​ကြောင် အားမြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊အားကစားဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှလွှဲ​ပြောင်း​ပေးအပ်ခဲ့သည်။

အစီအစဉ်၉တွင် အားကစားသမားများပြန်လည်ထွက်ခွာခဲ့သည်။

အစီအစဉ်၁၀အရ ၂၈ကြိမ်​မြောက်အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ အိမ်ရှင်နိုင်ငံဖြစ်​သော စင်ကာပူသမ္မတနိုင်ငံမှ​ဖျော်​ဖြေတငိဆက်ခဲ့သည်။

အစီအစဉ်၁၁အရ "ပြန်ဆုံမယ်"အစီအစဉ်ဖြင့်​ဖျော်​ဖြေတင်ဆက်ခဲ့သည်။၂၇ကြိမ်​မြောက်အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲကိုလာ​ရောက်ခဲ့ကြ​သော ဧည့်သည်​တော်များအ​နေဖြင့် မြန်မာနိုင်ငံကိုအမှတ်ရ​နေ​စေရန် တင်ဆက်ထားသည်။ဤအစီအစဉ်တွင် ​တေးသံရှင် ရာဇာငယ်နှင့် နီနီခင်​​ဇော်တို့မှ သီဆိုခဲ့ကြသည်။​နောက်ခံ LEDဘုတ်တွင် ဖွင့်ပွဲအခမ်းအနားနှင့် ၂၇ကြိမ်​မြောက်အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ ကျင်းပခဲ့ပုံများကိုတင်ဆက်ထားသည်။ကွင်းအလယ်တွင် ​ကျောင်းသား၊​ကျောင်းသူ​လေးများက ပုံ​ဖော်ခြင်း၊​အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲဝင်နိုင်ငံများ​၏ အလံများကိုင်​​မြောက်ခြင်းများဖြင့် တင်ဆက်ခဲ့ပြီးအဆုံးပိုင်းတွင် ဖွင့်ပွဲ၊ပိတ်ပွဲတွင် တင်​ဆက်ခဲ့သူများကွင်းအတွင်းဝင်​ရောက်လာကြပြီး အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲအမှတ်တံဆိပ်ကို ပုံ​ဖော်ခဲ့ကြသည်။​နောက်ဆုံးတွင် ​နောက်ခံLEDဘုတ်တွင် "See You in Singapore"ဟူ​သောစာတမ်း​နှင့်အတူ မြန်မာနိုင်ငံ၏ ၂၇ကြိမ်​မြောက်အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲကျင်းပ​ရေးဆိုင်ရာများ ပြီးဆုံးခဲ့သည်။

အစီအစဉ် ၁၂ အရ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ ပြန်လည်ထွက်ခွာခဲ့သည်။

အစီအစဉ် ၁၃ တွင် တေးသံသာအစီအစဉ် တင်ဆက်ခဲ့သည်။

Win the Day နီနီခင်​ဇော်
ခြိမ့်သဲနွှဲ​ပျော် ဆီးဂိမ်းပွဲ​တော် ​ခေမီကို
မရိုး​သောမြနန္ဒါ ချစ်​သောလက်တီး ရာဇာငယ်၊နီနီခင်​ဇော်၊​ခေမီကို၊မေသက်ထား​ဆွေ၊အက်စတာ​ဒွေး၊အန်နီရှိုင်း၊မင်းချစ်သက်

အစီအစဉ် ၁၄ အရ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာခဲ့သည်။[၂]

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]