အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန

ဝီကီပီးဒီးယား မှ

အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ကို အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။

ယခင် အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ လက်အောက်ရှိ ဦးစီးဌာနများမှာ

  1. ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန
  2. ရေအားလျှပ်စစ် စီမံရေး ဦးစီးဌာန
  3. ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်း
  4. စီမံကိန်းနှင့် ဓာတ်အားထုတ်လုပ်မှု စီမံရေးဌာနခွဲ တို့ဖြစ်သည်။

အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁၅)ရုံကို မောင်းနှင်၍ လျှပ်စစ်ဓာတ်အား ၁၄၄၁မဂ္ဂါဝပ်ထုတ်လုပ်ပေးခဲ့သည်။

စဉ် ဓာတ်အားပေးစက်ရုံအမည် စက်တပ်ဆင်အားမဂ္ဂါဝပ် ပြီးစီးသောခုနှစ်
၁။ ဘီလူးချောင်း(၂) ၁၆၈ ၁၉၇၄
၂။ ကင်းတား ၅၆ ၁၉၈၅
၃။ ဆည်တော်ကြီး ၂၅ ၁၉၈၉
၄။ ဘီးလူးချောင်း(၁) ၂၈ ၁၉၉၂
၅။ ဇော်ဂျီ(၁) ၁၈ ၁၉၉၅
၆။ ဇော်ဂျီ(၂) ၁၂ ၁၉၉၈
၇။ ဇောင်းတူ ၂၀ ၂၀၀၀
၈။ သဖန်းဆိပ် ၃၀ ၂၀၀၂
၉။ မုန်း ၇၅ ၂၀၀၄
၁၀။ ပေါင်းလောင်း ၂၈၀ ၂၀၀၅
၁၁။ ရဲနွယ် ၂၅ ၂၀၀၇
၁၂။ ခပေါင်း ၃၀ ၂၀၀၈
၁၃။ တီကျစ်(ကျောက်မီးသွေး) ၁၂၀ ၂၀၀၅
၁၄။ ကျိုင်းတောင်း ၅၄ ၂၀၀၉
၁၅။ ရွှေလီ(၁) ၅၀၀ ၂၀၀၉
စုစုပေါင်း ၁၄၄၁