မာတိကာသို့ ခုန်သွားရန်

စွမ်းအင် ဝန်ကြီးဌာန

ဝီကီပီးဒီးယား မှ
(စွမ်းအင်ဝန်ကြီးဌာန မှ ပြန်ညွှန်းထားသည်)
စွမ်းအင်ဝန်ကြီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
Ministry of Energy
ဝန်ကြီးဌာနတံဆိပ်
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်
  • ၁ ဇန်နဝါရီ ၁၉၆၃
  • ၂ ​မေ ၂၀၂၂ (ပြန်လည်ဖွဲ့စည်း)
ယခင်အဖွဲ့အစည်းပြည်သူ့ရေနံလုပ်ငန်း
အစားထိုးခြင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (၂၀၁၆ - ၂၀၂၂)
အဖွဲ့အစည်းအမျိုးအစားဝန်ကြီးဌာန
ဌာနချုပ်ရုံးအမှတ် ၆၊ နေပြည်တော်
ဝန်ကြီးများဦးကိုကိုလွင်
ဌာနခွဲများဝန်ကြီးရုံး
စွမ်းအင်စီမံရေးဦးစီးဌာန
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း
ဝက်ဘ်ဆိုက်energy.gov.mm

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် စွမ်းအင်နှင့် ပတ်သက်၍ စွမ်းအင် ဝန်ကြီးဌာနထားရှိသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ကိုလိုနီခေတ်အတွင်းနှင့် မြန်မာနိုင်ငံလွတ်လပ်‌ရေးရပြီးသည်မှ ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်‌နေ့အထိ၊ ‌ရေနံထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းအားလုံးကို ဘီအိုစီကုမ္ပဏီမှ ဆောင်ရွက်ခဲ့သည်။ ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်‌နေ့တွင် မြန်မာနိုင်ငံအစိုးရမှ ပြည်သူ့ရေနံလုပ်ငန်း အမည်ဖြင့် သတ္တုတွင်း ဝန်ကြီးဌာန ကြီးကြပ်မှု အောက်တွင် ဆောင်ရွက်ခဲ့ပြီး၊ ၁၉၇၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာ့ရေနံကော်ပိုရေးရှင်းအဖြစ် အမည်ပြင်ဆင်ပြောင်းလဲခဲ့သည်။ မြန်မာ့ရေနံကော်ပိုရေးရှင်းသည် ရေနံရှာဖွေခြင်း၊ တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်းနှင့်ရေနံထွက်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ရာမှ ၁၉၇၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်ကျင်းပခဲ့သော နိုင်ငံတော်ကောင်စီ၏ (၂၆) ကြိမ်မြောက်အစည်းအဝေးမှ သဘောတူဆုံးဖြတ်ချက်အရ ရေနံချက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် ရေနံချက် စက်ရုံများနှင့် ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို ၁၉၇၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အမှတ်(၂)စက်မှု ဝန်ကြီးဌာန ကြီးကြပ်မှုအောက်သို့ လွှဲပြောင်းပေးခဲ့ပြီး၊ ၁၉၇၇ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ မြန်မာ‌့ရေနံ‌ကော်ပို‌ရေးရှင်းကိုပါ အမှတ်(၂)စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်သို့ လွှဲပြောင်းပေးခဲ့သဖြင့် အောက်ပါအဖွဲ့အစည်း(၃)ခုဖြင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

  • မြန်မာ့ရေနံကော်ပိုရေးရှင်း
  • ရေနံဓာတု‌ဗေဒနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကော်ပို‌ရေးရှင်း
  • ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချ‌ရေးကော်ပို‌ရေးရှင်း []

၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် စွမ်းအင် ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၂၀၂၂ခုနှစ် မေလတွင် နစကအိမ်စောင့်အစိုးရမှ လျှပ်စစ်စွမ်းအားနှင့် စွမ်းအင် ဝန်ကြီးဌာနများအဖြစ် ပြန်လည်ခွဲထုတ်ခဲ့သည်။[]

တာဝန်ထမ်းဆောင်ခဲ့သောဝန်ကြီးများ(၂၀၁၀-လက်ရှိကာလ)

[ပြင်ဆင်ရန်]
စဉ် အမည် ကာလ
မှ ထိ
ဦးသန်းဌေး ၂၀ မတ် ၂၀၁၁ ၂၅ ဇူလိုင် ၂၀၁၃
ဦးဇေယျာအောင် ၁၄ ဩဂုတ် ၂၀၁၅ ၃၀ မတ် ၂၀၁၆
ဒေါ်အောင်ဆန်းစုကြည် ၃၀ မတ် ၂၀၁၆ ၆ ဧပြီ ၂၀၁၆
ဦးဖေဇင်ထွန်း ၇ ဧပြီ ၂၀၁၆ ၁ ဩဂုတ် ၂၀၁၇
ဦးဝင်းခိုင် ၂ ဩဂုတ် ၂၀၁၇ ၁ ‌ဖေဖော်ဝါရီ ၂၀၂၁
ဦးအောင်သန်းဦး ၂ မေ ၂၀၂၂ ၅ ဩဂုတ် ၂၀၂၂
ဦးသောင်းဟန် ၂ မေ ၂၀၂၂ ၅ ဩဂုတ် ၂၀၂၂
ဦးမျိုးမြင့်ဦး ၅ ဩဂုတ် ၂၀၂၂ ၂ ဩဂုတ် ၂၀၂၃
ဦးကိုကိုလွင် ၃ ဩဂုတ် ၂၀၂၃ ယနေ့ထိ []

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

၁၉၈၅ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာနကို အောက်ပါအဖွဲ့အစည်းများဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

  1. ဝန်ကြီးရုံး (အသစ်ဖွဲ့စည်းခြင်း)
  2. စွမ်းအင်စီမံရေး ဦးစီးဌာန (အသစ်ဖွဲ့စည်းခြင်း)
  3. မြန်မာ့ရေနံ ကော်ပိုရေးရှင်း
  4. ရေနံဓာတုဗေဒနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကော်ပိုရေးရှင်း
  5. ရေနံထွက်ပစ္စည်း ဖြန့်ဖြူးရောင်းချ‌ရေး ကော်ပို‌ရေးရှင်း
  6. လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း၊

၁၉၈၉ ခုနှစ်၊ မတ်လ ၃၁ ရက်စွဲပါ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ အမိန့် ကြော်ငြာစာအမှတ်(၂/၈၉)အရ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏အမည်များကို ပြောင်းလဲခေါ်ဝေါ်ရန် သတ်မှတ်သဖြင့် စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှု အောက်ရှိကော်ပိုရေးရှင်း ၄ ခု၏အမည်များကို အောက်ပါအတိုင်း ပြင်ဆင်ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

  1. ဝန်ကြီးရုံး
  2. စွမ်းအင်စီမံရေး ဦးစီးဌာန
  3. မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း
  4. မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
  5. မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း
  6. မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း

မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းသည် ၁၉၆ရ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းသွားခဲ့သည်။

ယခုလက်ရှိ စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှာ

  • ဝန်ကြီးရုံး
  • စွမ်းအင်စီမံရေး ဦးစီးဌာန
  • မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း
  • မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
  • မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း တို့ဖြစ်သည်။

ဝန်ကြီးရုံး

[ပြင်ဆင်ရန်]

စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးရုံးကို ၁၉၈ရ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် အရာထမ်း(၈)ဦး၊ အမှုထမ်း(၄၀)ဦး၊ စုစုပေါင်း(၄၈)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး၊ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ ရက်နေ့တွင် အရာထမ်း(၁၆)ဦး၊ အမှုထမ်း(၁၉)ဦး၊ စုစုပေါင်း(၃၅)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ဝန်ကြီးရုံး၏ အဓိကလုပ်ငန်းတာဝန်များမှာ စွမ်းအင်ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများအား ကြီးကြပ်ကွပ်ကဲခြင်း၊ လိုအပ်သည်များကို စီမံခန့်ခွဲခြင်း နှင့် အထက်ဌာန/ အဖွဲ့အစည်းများနှင့် အခြားဝန်ကြီးဌာန/အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ဖြစ်သည်။ ဝန်ကြီးရုံး ရုံးအဖွဲ့ကို အောက်ဖော်ပြပါအတိုင်း ဖွဲ့စည်းထားရှိသည်။[]

  • အဖွဲ့ခွဲ(၁)
  • အဖွဲ့ခွဲ(၂)
  • အဖွဲ့ခွဲ(၃)
  • သတင်းအချက်အလက်နှင့်နည်းပညာဌာန

စွမ်းအင်စီမံရေး ဦးစီးဌာန

[ပြင်ဆင်ရန်]

စွမ်းအင်ဝန်ကြီးဌာန၏ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြုဌာန တစ်ခုဖြစ်ပြီး၊ ဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒနှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့အစည်းများနှင့် စေ့စပ်ဆွေးနွေးညှိနှိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို တာဝန်ခံဆောင်ရွက်သည်။ စွမ်းအင်စီမံရေးဦးစီးဌာနတွင် အောက်ဖော်ပြပါ ဌာနခွဲ(၃)ခု ပါဝင်သည်။[]

  • စီးပွားရေးစီမံရေးဌာနခွဲ
  • ထုတ်လုပ်မှုစီမံရေးဌာနခွဲ
  • အထွေထွေစီမံရေးဌာနခွဲ

ကိုးကား

[ပြင်ဆင်ရန်]
  1. ဝန်ကြီးဌာန အကြောင်း။ 26 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 Oct 2014 တွင် ပြန်စစ်ပြီး။
  2. "ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း"။ 
  3. တာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးများစွမ်းအင်ဝန်ကြီးဌာန။ ၁၄ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ဝန်ကြီးရုံး။ 26 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 Oct 2014 တွင် ပြန်စစ်ပြီး။
  5. စွမ်းအင်စီမံရေး ဦးစီးဌာန။ 26 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 Oct 2014 တွင် ပြန်စစ်ပြီး။

ပြင်ပအဆက်အသွယ်

[ပြင်ဆင်ရန်]